AT မြန်မာနိုင်ငံဟာ ပဋိပက္ခတွေ၊ အာဏာရှင် အုပ်စိုးမှုတွေ၊ လူမျိုးစုအခြေပြု နိုင်ငံရေးတွေနဲ့ ရုန်းကန်ခဲ့ရတာ ဆယ်စုနှစ်ပေါင်းများစွာကနေ ရာစုနှစ်နားကပ်လာနေလို့ တိုင်းပြည်အခြေအနေဟာ သူများနိုင်ငံတွေနောက်ကို အတော်နောက်ကျနေရတာ လူတိုင်းအသိပါ။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ရက်နောက် နစက အာဏာရယူပြီး နောက်ပိုင်းမှာတော့ နိုင်ငံဟာ အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေထဲကို ထပ်မံ သက်ဆင်းရပြန်ပါတယ်။ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို ဖြိုခွဲခံရပြီးနောက်မှာတော့ လက်နက်ကိုင် တော်လှန်မှုဆီကို ကူးပြောင်းသွားပါတယ်။ တော်လှန်ရေးဆိုတဲ့ အချိန်ကြာမြင့်လာတာနဲ့အမျှ အစွန်းရောက်မှုဆိုတဲ့ နောက်ထပ် အန္တရာယ်တခုနဲ့ ရင်ဆိုင်နေရပြန်ပါတယ်။ မြန်မာနိုင်ငံမှာ အစွန်းရောက်မှုအကြောင်း ပြောမယ်ဆိုရင် အဖွဲ့အစည်းတခု ဒါမှမဟုတ် ဝါဒတခုမှာပဲ ကန့်သတ်ထားလို့ မရနိုင်ပါဘူး။ အစွန်းရောက်မှုဟာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဘာသာရေး အသိုင်းအဝိုင်းနဲ့ လက်နက်ကိုင်အုပ်စုတွေထဲမှာ တည်ရှိနေတာကို တွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံက အစွန်းရောက်မှုမှာ လူမျိုးရေး…
Read MoreCategory: သုံးသပ်ချက်
ပန်းကလေးတွေရဲ့ အနာဂတ်
AT မြန်မာနိုင်ငံမှာ နှစ်စဉ် မေလ နောက်ဆုံးသီတင်းပတ်ဟာ အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားတွေအတွက် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ဖြစ်ပြီး ဇွန်လဆန်းမှာတော့ အခြေခံပညာ စာသင်ကျောင်းတွေ စတင် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ နစက ထိန်းချုပ်ဒေသတွေမှာ ကျောင်းအပ်လက်ခံနေသလို အတိုက်အခံ NUG အသိအမှတ်ပြုကျောင်းတွေမှာလည်း ကျောင်းအပ်လက်ခံနေတာကို တွေ့ရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသအချို့မှာတော့ တိုင်းရင်းသားအဖွဲ့တွေ စီမံခန့်ခွဲနေတဲ့ ကျောင်းတွေ ဖွင့်လှစ်နေတာကို တွေ့ရပါတယ်။ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးအတွက် အစိုးရ၊ ကျောင်းသား၊ မိဘ၊ ဆရာ အားလုံး ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားဖို့ဆိုတဲ့ ဆောင်ပုဒ်ကို အမှန်တကယ် ဖော်ဆောင်နိုင်ပါပြီလား။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ စီမံ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အနာဂတ်ကရော ဘယ်လိုတွေ ဖြစ်မှာပါလဲ။ ကျဆင်းနေဆဲ ကျောင်းနေအရွယ်ကလေး ကျောင်းတက်ရောက်နိုင်မှုပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅…
Read Moreဖော်ထုတ်ခဲ့သည်- ပါကစ္စတန်နိုင်ငံမှ ကျောထောက်နောက်ခံပြုထားသော အကြမ်းဖက်ဝါဒနှင့် ၎င်း၏နောင်တမရသော ဝန်ခံခြင်းများ
ဆယ်စုနှစ်များစွာကြာလာသည်နှင့်အမျှ စာအုပ်များ၊ နိုင်ငံရေးဝန်ခံချက်များနှင့် စစ်ရေးထုတ်ပြန်ချက်များမှ အထောက်အထားများ တိုးပွားလာကာ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုများတွင် ပါကစ္စတန်၏ နက်နဲပြီး စဉ်ဆက်မပြတ်ပါဝင်ပတ်သက်နေမှုကို ဖြစ်ပေါ်စေခဲ့သည်။ ၎င်း၏စစ်တပ်နှင့် ထောက်လှမ်းရေး အေဂျင်စီများ ဦးဆောင်သည့် ပါကစ္စတန်နိုင်ငံသည် အထူးသဖြင့် အိန္ဒိယကို ဆန့်ကျင်သည့် မဟာဗျူဟာ ပန်းတိုင်များကို အကောင်အထည်ဖော်ရန် အစွန်းရောက်အုပ်စုများကို စနစ်တကျ ပြုစုပျိုးထောင်ပေးခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ၊ ပါကစ္စတန်၏ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက တိုက်ရိုက်ဝန်ခံ ချက်များသည် ဤဆက်စပ်မှုကို ဖော်ထုတ်ခဲ့ကြသည်။ ဤသုတေသနမှတ်စုသည် ထင်ရှားသောစာအုပ်များနှင့် ဝန်ခံချက်များမှ အရေးကြီးသော အထောက်အထားများကို စုစည်းထားပြီး ပါကစ္စတန်နိုင်ငံမှ ကျောထောက်နောက်ခံပြုထားသော အကြမ်းဖက်ဝါဒကို ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်သုံးသပ်ထားသည်။ ဝန်ခံခြင်းနှင့် ထုတ်ဖော်ချက်များ- ပါကစ္စတန်ခေါင်းဆောင်မှု၏ကိုယ်တိုင်ဝန်ခံမှုများ နိုင်ငံရေးခေါင်းဆောင်မှု…
Read Moreမီးစာတဖက် ရေမှုတ်တဖက်နဲ့ အိမ်နီးချင်း
AT မြန်မာပြည်တွင်း ပဋိပက္ခမှာ တရုတ်ရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ MNDAA ကိုးကန့်တပ်တွေ လားရှိုးမြို့ကနေ ဆုတ်ခွာပေးလိုက်ရပါတယ်။ တရုတ်နိုင်ငံဟာ အခြားနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်တာ မလုပ်ဘူးလို့ တရုတ်အစိုးရက အစဉ်အမြဲ ပြောကြားလေ့ရှိပေမယ့် မြန်မာပြည်တွင်း အင်အားစုတွေနဲ့ ပြည်သူတွေကတော့ အဲ့ဒီလို မမြင်ကြပါဘူး။ ကိုးကန့်တပ်တွေကို လားရှိုးကနေ ဆုတ်ခွာစေခဲ့တာဟာ တရုတ်အစိုးရအနေနဲ့ နစကကို အတိအလင်း ထောက်ခံလိုက်တာလို့ ပြောဆိုမှုတွေလည်း ရှိနေတာပါ။ ၁၀၂၇ စစ်ဆင်ရေး တရုတ် ခွင့်ပြုခဲ့သလား ၁၀၂၇ လို့ခေါ်တဲ့ စစ်ဆင်ရေးတရပ်ကို ၂၀၂၃ ခုနှစ် အောက်တိုလာလအတွင်း မြောက်ပိုင်းညီနောင် ၃ဖွဲ့က စတင်ခဲ့ပြီးနောက် နစကနဲ့ တော်လှန်ရေးအဖွဲ့တွေကြား အင်အားချိန်ခွင်လျှာ အတန်ငယ် ပြောင်းလဲလာပါတယ်။ မြောက်ပိုင်းအဖွဲ့တွေဟာ စစ်ဆင်ရေးအတွင်း လောက်ကိုင်မြို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက…
Read Moreတပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်
ဖေဖော်ဝါရီ ၁၇ – ၂၀၂၅ SN (VOM) ဒီတပတ် ပြည်တွင်းရွှေဈေးကွက်မှာတော့ အခေါက်ရွှေဈေး ဆက်တိုက်ဆိုသလို မြင့်တက်လာကို တွေ့ရပါတယ်။ အမေရိကန်ဒေါ်လာဈေးကတော့ ၄၅၀၀ ဝန်းကျင်နဲ့ ဒီတပတ်မှာ ဈေးငြိမ်နေပါတယ်။ စက်သုံးဆီ ဈေးကွက်မှာတော့ ဆီဈေးနှုန်းတွေက အရင်တပတ် ရည်ညွှန်းဈေးအတိုင်း မပြောင်းလဲဘဲ ရှိနေပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စိမ်းတချို့ ဈေးပြန်တက်နေပြီး တခြားကုန်စည် အများစုကတော့ အမြင့်ဈေးအတိုင်း ရှိနေဆဲဖြစ်ပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း ပြည်တွင်းက ပြင်ပရွှေဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့တပတ် ဖေဖော်ဝါရီ ၅ ရက်နေ့၊ ညနေပိုင်းကစလို့ အတက်ဘက်ကို ရောက်ရှိလာခဲ့တာပါ။ အဲဒီနောက်ပိုင်း တောက်လျှောက် မြင့်တက်လာခဲ့တာမှာ ဒီတပတ် ဖေဖော်ဝါရီ ၁၄ ရက်နေ့၊ ညနေပိုင်းမှာတော့ အမြင့်ဆုံးဈေး ခြောက်ဆယ့်ခုနစ်သိန်း နှစ်သောင်းဝန်းကျင်အထိ ရောက်ရှိခဲ့တာကို တွေ့ရပါတယ်။ တပတ်တာအတွင်း အနိမ့်ဆုံးဈေးကတော့ ဖေဖော်ဝါရီ ၁၀ ရက်နေ့၊…
Read Moreရှမ်း/မြောက် ၊ လက်နက်ကိုင်ပဋိပက္ခနဲ့ မြန်မာ့နိုင်ငံရေး ဝိရောဓိများ
အောက်တိုဘာ ၁၂ – ၂ဝ၂၄ KKO(VOM) MNDAA က ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းက သီပေါကို ဆက်လက်တိုက်ခိုက်နေမှုဟာ သူတို့ရဲ့ နယ်မြေချဲ့ထွင်ခြင်းနဲ့ ရှမ်းမြောက်ဒေသရဲ့နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းချုပ်ခွင့်ရဖို့ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။ နစက က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်းခံရတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နဲ့ မြောက်ပိုင်း မဟာမိတ် ညီနောင်ပူးပေါင်းတပ်ဖွဲ့ တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ခဲ့တဲ့ ယခုနှစ်၊ဇွန်လ ၂၅ ရက်နေ့ကစလို့ သီပေါမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ စစ်ရေး အခြေအနေတင်းမာလာခဲ့ပြီးလက်ရှိအချိန်အထိ မြို့ပြင်ဘက်နဲ့ မြို့ထဲ နေရာတချို့မှာ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။ “ဟိုတလောတုန်းက တရုတ်က “ဝ”ပြည်ဘက်ကိုပေးပို့ထားတဲ့စာက လူမှုကွန်ရက်ပေါ်မှာ ပေါက်ကြားလာတာရှိတယ်။အဲဒီကိစ္စနဲ့ပတ် သက်ပြီး သီပေါကို MNDAA က ဆက်တိုက်နေတဲ့သဘောရှိတယ်။ ရှမ်းမြောက်ကိစ္စမှာ တရုတ်က နစကဘက်လိုက်တယ်၊ ဘက်လိုက်တယ်ဆိုပြီး ရှမ်းမြောက် တိုင်းရင်းသားလက်နက်ကိုင်…
Read Moreတင်းမာမှုတွေကြားက အရှေ့အလယ်ပိုင်းအရေး စိုးရိမ်ပူပန်မှုများ
ဩဂုတ်-၁၃-၂၀၂၄ မျိုးဆက်(VOM) “အစ္စရေးကို အီရန်က ဘယ်အချိန်မှာ ဘယ်လိုပုံစုံနဲ့ လက်တုံ့ပြန်မလဲဆိုတာ အဖြေထက် မေးခွန်းတွေက ပိုများတယ် ” လို့ အရှေ့အလယ်ပိုင်း စစ်ရေးနဲ့ နိုင်ငံရေး အကဲခတ်တွေက ဆိုပါတယ်။ ဒါပေမယ့် အမေရိကန်ကတော့ တင်းမာမှုတွေမြင့်တက်နေတဲ့ အရှေ့အလယ်ပိုင်းဒေသကို လေယာဉ်တင်သင်္ဘော စေလွှတ်ထားတဲ့အပြင် ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘော ယူအက်စ်အက်စ် ဂျော်ဂျီယာကိုပါ ထပ်မံ စေလွှတ်လိုက်ပြန်ပါတယ်။ ဟားမတ်စ်တွေနဲ့ စစ်တိုက်နေရတဲ့ အစ္စရေးအတွက် အီရန်နဲ့တင်းမာမှုက တပူပေါ်နှစ်ပူဆင့်ဖြစ်ပြီး လက်တုံ့ပြန်နိုင်ခြေအတွက် အမြင့်ဆုံး တပ်လှန့်ထားပါတယ်။ အမေရိကန်ကတော့ မဟာမိတ် အစ္စရေးကို အီရန်နဲ့ မဟာမိတ်စစ်သွေးကြွအဖွဲ့တွေက အချိန်မရွေး လက်တုံ့ပြန်လာနိုင်ခြေအပေါ် ကာကွယ်ပေးမယ်လို့ ကတိခံထားပါတယ်။ အရှေ့အလယ်ပိုင်းမှာ ဂါဇာစစ်ပွဲအပြင် အီရန်မှာ ဟားမတ်စ်ခေါင်းဆောင် ဟာနီယာ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာထိပ်တန်းတပ်မှူးတို့ မရှေးမနှောင်းမှာပဲ လုပ်ကြံခံရပြီးနောက်မှာအစပြုခဲ့တဲ့ တင်းမာမှုတွေက ဒေသတွင်းမှာ…
Read Moreပြည်တွင်းစစ်နဲ့ ပြန်လည်ထူထောင်ရေး
မြန်မာ့အရေးလေ့လာသူတဦး လက်ရှိပြည်တွင်းစစ်မှာဘယ်နေရာ လက်လွှတ်လိုက်ရတယ်၊ ဘယ်နေရာက တပ်စခန်းကိုတိုက်လိုက်ပြီ၊ ဘယ်မြို့ကို သိမ်း လိုက်ပြီဆိုပေမယ့် အစိုးရဆိုတော့ ခဏကြာရင်ပြန်သိမ်းမှာလေ ၊ပြန်လည်သိမ်းနေ တာကို မြင်နေကြားနေရတာ ။ အိမ်နီးချင်းကြီးကလည်း အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်ကို အပျက်ခံပြီးပြည်နယ်တွေ ခွဲထွက်တာ၊ လွတ်လပ်ရေးကြေညာတာကို အလိုအလျှောက် ဆန့်ကျင်ရမှာမို့ လက်ရှိမြောက်ပိုင်းလက်နက်ကိုင်တွေလည်း မမဆောင်း ပြောသလို ဖြစ်နေဦးမှာ။ မြို့တွေ၊ရွာတွေကို ဦးတည်တိုက် လိုက်တဲ့အတွက် မြို့ပျက်ရွာပျက်တာက ရလဒ် လိုဖြစ်လာတယ်။ အိုးမဲ့အိမ်မဲ့ စစ်ရှောင်တွေ တိုးလာမယ်။ ပြည်တွင်းစစ်၊ဒေသဆိုင်ရာစစ်ကြောင့် လူငယ်တွေလည်း ထိုင်းဖက်ကို နည်းမျိုးစုံနဲ့ ဝင်သွားရတယ်။ “ခင်ဗျားတို့နိုင်ငံမှာ ဖြစ်နေတာ ပြည်တွင်းစစ်ရဲ့ ဘေးထွက်ဆိုးကျိုးကို ခံစားရမှာ လူတိုင်းပါ” လို့ ထိုင်းမိတ်ဆွေ၊အိမ်နီးချင်း နိုင်ငံက ပညာရှင် တချို့ရဲ့မှတ်ချက်ကြောင့် ကြိုက်သည်ဖြစ်စေ မ ကြိုက်သည်ဖြစ်စေ သူတို့အမြင်ကို ရေးချင်လာတယ်။ ပြည်သူတွေက မိအေး၂ခါနာဖြစ်ရကြောင်းကို…
Read Moreနွေအပူထဲ သောက်သုံးရေအတွက် အခက်ပွေရတဲ့ စစ်ဘေးရှောင်တွေ
မေ-၅-၂၀၂၄ SN (VOM) မြန်မာနိုင်ငံက အပူပိုင်းဒေသတွေနဲ့ မိုးနည်းရပ်ဝန်းဒေသတချို့မှာ မိုးရာသီကာလ ကျော်လွန်တာနဲ့ ရေတွင်း၊ ရေကန်တွေ ခန်းခြောက်ပြီး ရေရှားပါးတာက နှစ်စဉ်ကြုံတွေ့ရတဲ့ ပြသနာပါ။ ရေရှားပါးပြတ်လပ်တဲ့ အချိန်ရောက်တိုင်း ဌာနဆိုင်ရာတွေ၊ လူမှု အဖွဲ့အစည်းတွေရဲ့ ရေပေးဝေရေး အစီအစဉ်တွေ၊ သောက်သုံးရေ လှူဒါန်းမှုတွေနဲ့ ဖြတ်သန်းနေရတာပါ။ ဒါပေမယ့် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးတဲ့နောက်မှာတော့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေက ပြည်သူတွေဟာ ရေရှားပါးပြတ်လပ်မှုရဲ့ ဒဏ်ကို ပိုပြီး ဆိုးဆိုးရွားရွား ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတိုင်းလိုလိုက ဒေသခံတွေဟာ စစ်ကြောင့် ပူပန်ရတဲ့အပြင် ရေရှားတဲ့ဒဏ်ကိုပါ ခံစားနေရကြရတာပါ။ နိုင်ငံရေး အပြောင်းအလဲမဖြစ်ခင် နှစ်တွေမှာ နွေရာသီကာလ ရေအခက်အခဲကြုံတဲ့အချိန် အိမ်တိုင်ရာရောက် ရေဖြန့်ဝေပေး မှုတွေ၊ အလှူရှင်တွေ အလွန်ကို ပေါများခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ရေရှားပါးရာ ဒေသတွေက…
Read Moreလျှပ်စစ်မီးနဲ့ နွေအပူ
ရန်ကုန်၊ ဧပြီ-၂၄-၂၀၂၄SN (VOM)မြန်မာနိုင်ငံတဝန်းမှာ ရာသီဥတုပူပြင်းလာသလို လျှပ်စစ်မီးပျက်ချိန်တွေလည်း ပိုတိုးလာတဲ့အတွက် ပြည်သူလူထုအနေနဲ့ လူမှုဒုက္ခတွေကို အကြီးအကျယ် ရင်ဆိုင်နေကြရပါတယ်။ဒီရက်ပိုင်းအတွင်းမှာပဲ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိတဲ့ မြို့ကြီးတွေအပါအဝင် နိုင်ငံတဝန်းမှာ လျှပ်စစ်မီးပြတ်တောက်မှု အခြေအနေ အလွန်ကို ဆိုးရွားလာနေတာ ဖြစ်ပါတယ်။ ၄ နာရီခြား မီးပေး၊ မီးဖြတ်စနစ်နဲ့ အလှည့်ကျ မီးပေးနေတာဖြစ်ပေမယ့် မီးလာရမယ့်အချိန်မှာ အချိန်ပြည့် မီးမပေးနိုင်တာက အစဉ်အလာတခုလို ဖြစ်နေပါပြီ။အလှည့်ကျမီးပေးစနစ်လို့ ဆိုပေမယ့် မီးပြတ်တောက်ချိန် များနေတာကြောင့် နေအိမ် တော်တော် များများမှာ ဘက်ထရီနဲ့ အင်ဗာတာနဲ့ ဆိုလာပြားတွေကို အသုံးပြုကြရပါတယ်။ တချို့က အိမ်သုံး မီးစက်တွေကို ဝယ်ယူအသုံးပြုကြပါတယ်။ ဝပ်တထောင်ကနေ သုံးထောင်အထိ အသုံးပြုနိုင်တဲ့ ဓာတ်ဆီသုံး မီးစက်တွေကို အများဆုံးအသုံးပြုကြတာပါ။ ဓာတ်ဆီသုံးမီးစက်တွေကလည်း တနာရီကို ပျမ်းမျှ စက်သုံးဆီ တလီတာလောက် ကုန်ကျတာကြောင့် လက်ရှိ မြင့်တက်နေတဲ့ဆီဈေးနဲ့…
Read More