ဇူလိုင် ၃၀၊ ၂၀၁၉ VOM နိုင်ငံတဝှမ်း၊ ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ စုစုပေါင်း ၈၁ ဦးရှိပြီလို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီလကနေ ဇူလိုင် ၂၉ ရက်နေ့အထိ နိုင်ငံတဝှမ်း၊ ရာသီတုပ်ကွေး H1N1 ကြောင့် သေတဲ့သူ ၈၁ ဦးထဲမှာ အများစုက ရန်ကုန်တိုင်းက ဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ရန်ကုန်တိုင်းဟာ လူဦးရေအထူထပ်ဆုံး ဖြစ်တာကြောင့် ရောဂါကူးစက်ခံရသူ အများဆုံးဖြစ်ပြီး သေဆုံးသူအရေအတွက် ၆၂ ဦးအထိရှိနေပါတယ်။ ပဲခူးတိုင်းမှာ ၅ဦး၊ ဧရာဝတီတိုင်းမှာ ၅ ဦး၊ မွန်ပြည်နယ်မှာ ၃ ဦးနဲ့ စစ်ကိုင်းတိုင်းမှာ ၂ ဦး H1N1 ကြောင့် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်က…
Read MoreCategory: ကျန်းမာရေး
ပဲခူးပြည်သူ့ဆေးရုံမှာ H1N1 လူနာတစ်ဦး စတင်တွေ့ရှိ
ပဲခူး၊ ဇူလိုင် ၂၅- ၂၀၁၉ မိုးယံ(VOM) ပဲခူးပြည်သူ့ဆေးရုံကြီးမှာ H1N1 ရောဂါ လူနာတစ်ဦးစတင်တွေ့ရှိတဲ့အတွက် အထူးကြပ်မတ်ကုသပေးနေတယ်လို့ ဇူလိုင် ၂၄ ရက် နေ့လည် ၁ နာရီက ကျင်းပတဲ့ ရာသီတုပ်ကွေးရောဂါ ကုသရေးလုပ်ငန်းများနဲ့ ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေးကနေ သိရပါတယ်။ “လူနာက ကျောက်တံခါးမြို့နယ် မြို့ချောင်းအုပ်စု ထန်းတပင်ကျေးရွာက အသက်၂၆ နှစ်ရှိ အမျိုးသားတစ်ဦး ပါ။ လူနာကို စနစ်တကျကုနေတယ်၊ ရိုးရိုးလူနာတွေနဲ့ မထားဘဲ သီးသန့်အခန်းနဲ့ထားပြီး စောင့်ရှောက်နေတယ်။ အထူးကုဆရာဝန်ကြီးတွေ၊ သူနာပြုတွေ အဖွဲ့လိုက် ကုသနေပြီးတော့ လက်ရှိကတော့ စိုးရိမ်နေရပါတယ်။” လို့ ပဲခူးပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ပြောပါတယ်။ H1N1 ရောဂါဟာ ချောင်းဆိုး၊ နှာချေရာကနေ လေထဲက ကူးစက်နိုင်တဲ့အတွက် ရောဂါမကူးစက်အောင် ချောင်းဆိုးရင် လက်ကိုင်ပုဝါအသုံးပြုဖို့၊ သူတပါးက…
Read Moreပဲခူးတိုင်း အနောက်ခြမ်းမှာ H1N1 လူနာတစ်ဦးသေဆုံး
မိုးညို၊ ဇူလိုင် ၂၄ – ၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင် မိုးညိုမြို့နယ် ထိန်တောကျေးရွာက အမျိုးသမီးတစ်ဦးဟာ H1N1 ရောဂါနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဇူလိုင် ၂၂ ရက် ညနေပိုင်းက သေဆုံးသွားတယ်လို့ မိုးညိုမြို့နယ် ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။ အသက် ၄၇ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ ဖျားနာတဲ့လက္ခဏာကို ၁၀ ရက်ကြာ ခံစားနေရလို့ ဇူလိုင် ၂၀ ရက်ညနေပိုင်းမှာတော့ မိုးညိုမြို့နယ် ပြည်သူ့ဆေးရုံကို လာရောက်ပြသခဲ့ရာ H1N1 သံသယရှိတဲ့အတွက် သာယာဝတီခရိုင်ပြည်သူ့ဆေးရုံကို လွှဲပြောင်းကုသစေခဲ့ပြီး အဲဒီကတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေရင်း သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ “ ဆေးရုံကိုသွားပြတော့ အဆုတ်ပွပြီး H1N1 လက္ခဏာတွေ့တယ်၊ စိုးရိမ်ရကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ချက်ချင်း ပြသဖို့လိုအပ်ကြောင်း ညွှန်ကြားလို့…
Read Moreပဲခူးတိုင်းမှာ H1N1 သံသယလူနာ ရှစ်ဦးရှိပြီး တစ်ဦးသေဆုံး
ပဲခူး၊ ဇူလိုင် ၄ -၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်းမှာ H1N1 သံသယလူနာ ရှစ်ဦးအထိ ရှိလာပြီး တစ်ဦးသေဆုံးသွားပြီလို့ ပဲခူးတိုင်း ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ “ပဲခူးတိုင်းအတွင်း ဆေးရုံ၊ ဆေးခန်းတွေမှာ H1N1 သံသယလူနာ ရှစ်ဦးရှိပါတယ်။ ရောဂါပိုးတွေ့ထားတာကတော့ ခြောက်ဦးပါ။ ပြည်ဆေးရုံကြီးမှာ နှစ်ဦး၊ သူတို့က အခြေအနေကောင်းပါတယ်။ ကျန်လေးဦးက ပဲခူးတိုင်းကနေ တခြားမှာ ကုနေတဲ့သူတွေပါ။ ဆက်သွယ်ချိတ်ဆက်လို့ရတဲ့ ကွန်ယက်တွေကနေ ထုတ်ပြန်ပေးလို့ သိရတာပါ။ အဲဒီလေးဦးထဲက တစ်ဦးသေဆုံးသွားပါပြီ။”လို့ ပဲခူးတိုင်း ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းလှိုင်က ပြောပါတယ်။ အဲဒီခြောက်ဦးဟာ ပဲခူးတိုင်းမှာနေထိုင်သူတွေဖြစ်ပြီး ပဲခူးမြို့နယ်မှာ တစ်ဦး၊ ဝေါမြို့နယ်မှာ တစ်ဦး၊ အုတ်ဖိုမြို့နယ်မှာ တစ်ဦး၊ ပြည်မြို့နယ်မှာ နှစ်ဦး၊ ရန်ကုန်မှာ ကုသနေတာ တစ်ဦးရှိ အသီးသီးကုသမှုခံယူနေရာမှာ ရန်ကုန်မြို့…
Read Moreပြည် ကုတင် ၅၀၀ ဆေးရုံကြီးမှာ သွေးလိုအပ်မှုတွေရှိနေ
ပြည်၊ ဇူလိုင် ၃ – ၂၀၁၉ လမင်း (VOM) ပဲခူးတိုင်း ပြည်မြို့မှာရှိတဲ့ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးမှာ လာရောက်ကုသနေတဲ့ လူနာတွေအတွက် သွေးလိုအပ်မှုတွေ ရှိနေတယ်လို့ အဲဒီဆေးရုံကြီးက သိရပါတယ်။ “ပုံမှန် တာဝန်ကျတဲ့အတိုင်း ခွဲလို့၊ စိတ်လို့ လိုတဲ့လူနာတွေအပြင် နေ့စဉ်နေ့တိုင်း ဘယ်လိုမှတားဆီးလို့မရနိုင်တဲ့ ကားမှောက်၊ ဆိုင်ကယ်တိုက်တာ အဲ့လိုမတော်တဆမှုမျိုးစုံနဲ့ တော်တော်များများ ရောက်လာတာကြောင့် တနေ့ကို သုံးစွဲတဲ့သွေးပမာဏတွေ အများဆုံးသုံးစွဲနေရတာကြောင့် လိုအပ်နေတာ။” လို့ အဲဒီဆေးရုံရဲ့ ရောဂါဗေဒ ဆရာဝန်ကြီး ဒေါက်တာအောင်ငြိမ်းဝင်းက ရှင်းပြပါတယ်။ ပြည်ကုတင် ၅၀၀ ဆေးရုံကြီးကို စတည်ဆောက်စဉ်က ကုတင် ၂၀၀ ဆံ့ကနေ ၂၀၁၅ ခုနှစ်မှာ ကုတင် ၅၀၀ ဆံ့အဖြစ် တိုးမြှင့်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကတည်းက သွေးလိုအပ်မှုတွေ ရှိခဲ့ရာကနေ…
Read Moreဇီးကုန်း ပြည်သူ့ဆေးရုံမှာ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်တဲ့ အဘိတ်ဆေး လိုအပ်နေ
ဇီးကုန်း၊ ဇွန် ၂၈ – ၂၀၁၉ မိုးယံ (VOM) ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံမှာ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ဖို့ ခြင်လောက်လန်းသေနိုင်မယ့် အဘိတ်ဆေးတွေ လိုအပ်နေတယ်လို့ အဲဒီဆေးရုံက သိရပါတယ်။ “ပြီးခဲ့တဲ့နှစ်က တိုင်းကျန်းမာရေးဦးစီးဌာနက ခြင်လောက်လန်းသေတဲ့ အဘိတ်ဆေး ၄၅ ပုံးပေးတယ်။ ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေ ရွာတွေအထိဆင်းပြီး ခတ်ပေးနိုင်တယ်။ အခုနှစ်တော့ ၉ ပုံးပဲ ပေးတယ်။ တစ်မြို့လုံးအတိုင်းအတာနဲ့ဆို ဘယ်လိုမှ မလောက်ငှဘူး။”လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦးက ပြောပါတယ်။ ပဲခူးတိုင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များဆုံးမြို့နယ်ထဲမှာ ဇီးကုန်းမြို့နယ်လည်း အပါအဝင်ဖြစ်ပြီး ဒီနှစ်မှာတော့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေတဲ့ကလေး ၅ ဦးရှိပြီလို့ သိရပါတယ်။ ဒါပေမယ့် အသေအပျောက် တော့မရှိသေးဘူးလို့ သိရပါတယ်။ ဇီးကုန်းမြို့နယ်မှာ ၂၀၁၇ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေး…
Read Moreမန္တလေးမှာ H1N1ရောဂါကူးစက်မှုမရှိပေမယ့် ကာကွယ်ဆေးတွေ ပစ္စည်းပြတ်
မန္တလေး၊ဇွန် ၂၆-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့ပေါ်က ဆေးဆိုင်အချို့မှာ H1N1ရာသီပေါ်တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေးဝါးတွေ လူဝယ်မှုများပြားလာတာကြောင့် ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ H1N1ရောဂါပိုးရှိသူ မန္တလေးတိုင်းမှာ မတွေ့ရှိသေးပေမယ့်လည်း အခုလအတွင်း ရန်ကုန်တိုင်းနဲ့ စစ်ကိုင်းမှာ အဲ့ဒီရောဂါနဲ့ သေဆုံးသူတွေရှိလာတဲ့ သတင်းတွေထွက်ပြီးနောက်ပိုင်း မန္တလေးမြို့ပေါ်က ဆေးဆိုင်အချို့မှာ ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ” ကာကွယ်ဆေးက နှစ်မျိုးရှိတယ်၊ နယ်သာလန်ထုတ်နဲ့ ပြင်သစ်ထုတ်ဆိုပြီး ရှိတယ်။ လတ်တလော လေး၊ ငါးရက်အတွင်းမှာ ပစ္စည်းနှစ်မျိုးစလုံး ပြတ်သွားတာပေါ့။ ဆိုင်မှာ အလုံးပေါင်း ၈၀၀ လောက်ထားတယ်၊ အကုန်ကုန်နေပါတယ်။” လို့ ISO ဆေးဆိုင်ပိုင်ရှင် ဦးဝင်းမောင်ဌေးက ပြောပါတယ်။ ရာသီပေါ်တုပ်ကွေးရောဂါ H1N1 ကာကွယ်ဆေးတွေဖြစ်တဲ့ နယ်သာလန်နိုင်ငံထုတ် H1N1 ကာကွယ်ဆေးတစ်ဗူးကို အရင်က ၁၄၈၀၀ ကျပ်၊ ပြင်သစ်နိုင်ငံထုတ် H1N1…
Read Moreမလေးရှားမှာ လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်း လေးရာကျော် ပိတ်ထားရ
ကွာလာလမ်ပူ၊ ဇွန်-၂၅-၂၀၁၉ မျိုးဆက် (VOM) မလေးရှားနိုင်ငံ ဂျိုဟောပြည်နယ်မှာ ကျောင်းသား၊ ကျောင်းသူ ၇၅ ဦး အသက်ရှူခက်ခဲခြင်းနဲ့ အော့အန်တာတွေ ဖြစ်ပွားပြီးနောက် ပြည်နယ်အတွင်းရှိ စာသင်ကျောင်း ၄၀၀ ကျော်ကို အာဏာပိုင်တွေက ပိတ်လိုက်ပါတယ်။ ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ လေထုညစ်ညမ်းမှုကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေစဉ်မှာ ပါဆာဂူဒန် စက်မှုဇုန်ဒေသရှိ စာသင်ကျောင်းတွေကို ဇွန် ၂၇ ရက်အထိ ပိတ်ထားမှာ ဖြစ်ပါတယ်။ မတ်လအတွင်းကလည်း မြစ်အတွင်းကို ဓါတုဗေဒစွန့်ပစ်ပစ္စည်းတွေ တရားမ၀င်စွန့်ပစ်ခဲ့လို့ ကလေးငယ်အများစုအပါအ၀င် လူလေးထောင်ခန့် ဖျားနာမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဖြစ်စဉ်နဲ့ လက်ရှိဖြစ်ပွားနေတဲ့ ဖြစ်စဉ်ဟာ ဆက်နွယ်မှုမရှိဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ ယာယီပိတ်ထားဖို့ အမိန့်ထုတ်ပြန်ခဲ့တဲ့ စာသင်ကျောင်းတွေထဲမှာ ပုဂ္ဂလိက မူကြိုကျောင်း ၃၀၀ နဲ့ မူလတန်း၊…
Read Moreကံမမြို့နယ်မှာ ယင်ကောင်တွေများနေလို့  မူကြိုနဲ့ KG တန်းတွေ ပိတ်ထားရ
ကံမ၊ ဇွန် ၂၂ -၂၀၁၉ ဂျန်ကိုးလ် (VON) မကွေးတိုင်း ကံမမြို့နယ်က ထန်းဖြူကျေးရွာမှာ ယင်ကောင်တွေ အဆမတန်များပြားနေလို့ မူကြိုတန်းနဲ့ KG တန်းကို ပိတ်ထားရတယ်လို့ ထန်းဖြူအခြေခံပညာမူလတန်းကျောင်းကသိရပါတယ်။ အဲဒီလို ယင်ကောင်တွေများလာရတာဟာ အနားမှာရှိတဲ့ မွေးမြူရေးကြက်ခြံတွေကြောင့်လို့ ဒေသခံတွေက စွပ်စွဲနေကြပြီး ဒေသခံ ဒေါ်တင်ဌေးကတော့ “အရင်က သာမန်လောက်ပါပဲ။ အခုတော့ကြက်ခြံက ကြက်ချေးတွေနဲ့ အနံ့တွေကြောင့်လို့ ထင်ပါတယ်။ မနက်စာတောင် မစားဖြစ်တာကြာပြီ။ သစ်ပင်တွေမှာကအစ မည်းနေတာပဲ။ သူတို့စီးပွားရေး မနာလိုလို့ မဟုတ်ဘူး၊ သူတို့ကတောင် သိန်ငါးဆယ်၊ ခြောက်ဆယ်လျော်နိုင်လို့လား၊ တိုင်ချင်ရာတိုင်တဲ့။ ကျမရွာက ရွာသိမ်ရွာငယ်လေးပါ မြင်တဲ့အတိုင်းပါပဲ။”လို့ ပြောပါတယ်။ ဒါ့အပြင် ထန်းဖြူကျေးရွာ မူလတန်းကျောင်း တာဝန်ခံ ကျောင်းအုပ်ဒေါ်အိအိမျိုးကလည်း “ပြီးခဲ့တဲ့ အပတ်ကတည်းက မူကြိုကလေးငါးဦးနဲ့ ကေဂျီတန်းကို ပိတ်ပေးထားရတယ်။ အရမ်းငယ်တော့ ရောဂါဖြစ်မှာ…
Read Moreပြည်မြို့မှာ H1N1 Positive ရောဂါပိုးရှိသူတွေ့
ပြည်၊ ဇွန် – ၂၂ -၂၀၁၉ လမင်း (VOM) ပဲခူးတိုင်း ပြည်မြို့မှာ H1N1 Positive ရောဂါပိုး သံသယရှိသူများ တွေ့ရှိကြောင်း ပြည် ကုတင် ၅၀၀ ဆံ့ ဆေးရုံကြီးက သိရပါတယ်။ “လူနာတစ်ယောက် ဗိုက်အောင့်လို့ဆိုပြီး လာတက်တယ်။ သူကခွဲစိတ်ဆောင်ဘက်မှာ တက်တာ။ ခွဲစိတ်ဆောင်က ဆရာဝန်က ကြည့်ပြီးတော့ ချောင်းဆိုးတာနဲ့ လည်ချောင်းနာတာတွေရှိတယ်ဆိုပြီး သမားတော်ပြတယ်။ ဒီနေ့မနက်မှာ RDT နဲ့စစ်လိုက်တဲ့အခါ Positive တွေ့တယ်။ ” လို့ ပြည်မြို့ ကုတင် ၅၀၀ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်မေသွင်က မနေ့က ဟြေပါတယ် ။ လူနာဟာ အသက် ၇၂ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ပြည်မြို့ ရွာဘဲရပ်ကွက်နေသူ ဖြစ်ပါတယ်။ သူမဟာ ဇွန် ၂၀…
Read More