ရန်ကုန် ဖေဖော်ဝါရီ ၅-၂၀၁၉ TGH(VOM) နည်းစနစ်မကျတဲ့ နည်းလမ်းတွေနဲ့ အမာရွတ်ပေါ်မှာတက်တူးထိုးခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးက အသည်းရောင်အသားဝါ ၊ ဘီပိုး ၊ စီပိုး ရောဂါပိုးတွေကူးစက်နိုင်တာကြောင့် အထူးဂရုစိုက်ဖို့လိုအပ်တယ်လို့ အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးကပြောပါတယ်။ “သေချာ ပရော်ဖက်ရှင်နယ်ဖြစ်တဲ့လူမှထိုးမယ်။ စနစ်ကျတဲ့ နည်းလမ်းကိုသုံးမယ်။ တကယ့်တက်တူးဆေး ကိုမှန်မှန်ကန်ကန်သုံးမယ်ဆိုရင်တော့ ကောင်းတယ်။ ဒါပေမယ့် မြန်မာပြည်မှာကတော့ ဘုရားပွဲမှာလည်း ထိုးနေတာပဲ။ ပြောရမယ်ဆိုရင် နိုင်ငံခြားမှာသွားထိုးမယ်ဆိုရင် တက်တူးကလိုင်စင်ရဖို့ လိုတယ်။ လိုင်စင်ရှိဖို့လိုတယ်။ ဘာလို့လိုင်စင်ရှိဖို့လိုလဲဆိုတော့ ဘယ်လိုဆေးကိုသုံးမှာလဲ။ ထိုးတဲ့သူက အတွေ့အကြုံရှိလား ၊အဲဒါမျိုးတွေပေါ်မှာ ကြပ်မတ်ဖို့လိုင်စင်လုပ်တာ။ ဒီမှာက ဘုရားပွဲမှာ ထောင်ဂဏန်းနဲ့ရတယ်။ နောက်ပြီးခုဆို သင်္ဘောဆေးနဲ့ထိုးလို့ရနေတယ်။ ပိုတောင်လှသေးတယ်။ တက်တူးဆေးထက်စိုသေးတယ်။ ဒါပေမယ့်ပြန်ဖျက်ချင်ရင် ဖျက်လို့မရဘူး။ ဒါမြန်မာပြည်မှာပဲရှိတယ်။ ပြောချင်တာက အနည်းဆုံးတော့ပိုးသတ်ထားရမယ်။ ပိုးသတ်မထားဘူးဆိုရင် ပိုးဝင်နိုင်တယ်၊ နောက်တစ် ခါအပ်ကိုသေချာမလုပ်ပဲ ပြန်သုံးတာလည်း ရောဂါပိုးကူးနိုင်တယ်။ ကူးရမယ်လို့မဆိုလိုဘူး။ ဒါပေမယ့် မြန်မာနိုင်ငံက…
Read MoreCategory: ကျန်းမာရေး
ကလေးမြို့မှာ ပထမဆုံးအကြိမ်အဖြစ် ရင်ချင်းဆက်အမွှာပူးမွေးဖွား
ကလေး – ဖေဖော်ဝါရီ ၁- ၂၀၁၉ မိန်းကလေးရင်ခြင်းဆက် အမွှာ နှစ်ဦးကို ကလေးမြို့ ပြည်သူ့ဆေးရုံက အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တယ်လို့ ကလေးမြို့ ပြည်သူ့ဆေးရုံကနေ သိရပါတယ်။ အောင်မင်္ဂလာရပ်ကွက် နယ်မြေ(၃) တွင်နေထိုင်တဲ့ ဦးကျော်ဇေယျရဲ့ဇနီး ဒေါ်သီတာဝင်း အသက်(၂၈) နှစ်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက ကလေးမြို့ ပြည်သူ့ဆေးရုံမှာ ၈ပေါင်နဲ့ ၈အောင်စ ရှိတဲ့ ရင်ခြင်းဆက် အမွှာမိန်းကလေး တွေကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ကလေး အထူးကုဆရာဝန်ကြီးဒေါက်တာနုနုထွေး က “အခုက စောင့်ကြည့်နေတယ်။ ကျန်းမာရေးကောင်းတယ်ဆိုရင် မန္တလေးဆေးရုံ ကို လွှဲပြောင်းပြီး ခွဲစိတ်မှုတွေ ဆက်လုပ်သွားမှာပါ”လို့ ပြောပါတယ်။ ကလေးမြို့ပြည်သူ့ဆေးရုံကနေ ရင်ချင်းဆက်အမွှာ ကို ပထမဦးဆုံးအကြိမ် ခွဲစိတ် မွေးဖွားနိုင်ခဲ့တာ ဖြစ်ပြီး မြန်မာတစ်နိုင်လုံးမှာတော့ ရင်ခြင်းဆက် အမွှာ၇ မွှာ ကို…
Read Moreဂျပန်နိုင်ငံမှာ ၁၉၉၉ ခုနှစ်နောက်ပိုင်း တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ဒုတိယအမြင့်ဆုံးအဆင့်သို့ ရောက်ရှိ
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီ-၂၉-၂၀၁၉ ဇီဝညို ၁၉၉၉ ခုနှစ်ကတည်းက စတင်ပြီး လေ့လာဆန်းစစ်မှုများ ပြုလုပ်နေခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ တတိယပတ် တစ်ပတ်အတွင်းမှာ ဂျပန်နိုင်ငံက ဆေးရုံ၊ ဆေးခန်းတစ်ခုချင်းဆီကို လာရောက်ပြသခဲ့ကြတဲ့ တုပ်ကွေးလူနာဦးရေဟာ ဒုတိယအမြင့်ဆုံးကိန်းဂဏန်းအဆင့်ကို ရောက်ရှိနေကြောင်း ဂျပန်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတ၀ှမ်းက ဆေးရုံ၊ ဆေးခန်းစုစုပေါင်း ငါးထောင်ကို ပုံမှန်စောင့်ကြည့်ခဲ့ရာမှာ တုပ်ကွေးလူနာ ပျမ်းမျှဦးရေဟာ ယခင်ရက်သတ္တပတ်မှာ ရှိခဲ့တဲ့ ပျမ်းမျှလူနာ (၁၅ ဒသမ ၃၇) ကနေ (၅၃ ဒသမ ၉၁) အထိ တစ်ပတ်အတွင်း မြင့်မားလာခဲ့ပြီးတော့ ဒီကိန်းဂဏန်းပမာဏဟာ ၂၀၁၈ ခုနှစ်က စံချိန်တင်တုပ်ကွေးလူနာဦးရေ (၅၄.၃၃) နောက်မှာ ဒုတိယလိုက်ခဲ့တာဖြစ်ကြောင်း ၀န်ကြီးဌာနက ကြေညာခဲ့ပါတယ်။ တစ်ပတ်တာကာလအတွင်း နိုင်ငံတ၀ှမ်း စုစုပေါင်းတုပ်ကွေးလူနာဦးရေ (၂ ဒသမ ၁၃)သန်း ရှိခဲ့ပြီးတော့…
Read Moreလေးနှစ်အသုံးပြုနိုင်ပြီး တခြားပစ္စည်းတွေထက် ငါးဆဈေးချိုတဲ့လက်မောင်းတွင်းထည့်သားဆက်ခြားပစ္စည်း ဈေးကွက်အတွင်းစတင်
ရန်ကုန် ဇန်နဝါရီ ၂၁-၂၀၁၉ TGH (VOM) လက်ရှိဈေးကွက်မှာရှိနေတဲ့ တခြားသောလက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းတွေထက် ကုန်ကျစရိတ်ငါးဆ သက်သာနိုင်မယ့် လက်မောင်းတွင်းထည့်သားဆက်ခြားပစ္စည်းထုတ်ကုန်သစ်ကို DKT International(Myanmar)က လေဒီယာ Implanex II အမည်နဲ့ပြည်တွင်း ဈေးကွက်အတွင်းမှာရှိ အမျိုးသမီးတွေထံကို မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ DKT International(Myanmar)ရဲ့ Head of Tranining ဖြစ်သူ ဒေါက်တာဖြိုးသီဟက ” ဒီပစ္စည်းက မြန်မာနိုင်ငံမှာရှိတဲ့ တခြားသားဆက်ခြားနည်းလမ်းတွေနဲ့ပတ်သက်တဲ့ အတွေးအဆတွေကိုပြောင်းလဲသွားမှာပါ။ နောက်ပြီးဒါက ၉၉ရာခိုင်နူန်း ထိရောက်မှုရှိပါတယ်။ လူတန်းစား အလွှာအသီးသီးမှာရှိတဲ့အမျိုးသမီးတိုင်းအတွက်ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်”လို့ဆိုပါတယ်။ လက်မောင်းတွင်းထည့်သားဆက်ခြား ပစ္စည်းတွေနဲ့ပတ်သက်ပြီးသတိထားစရာကိစ္စလည်းရှိတယ်လို့ဆိုပါတယ်။ လူတိုင်းနဲ့သင့်တော်မှု ရှိနိုင် မရှိနိုင်ကို သေချာမသိရှိနိုင်တဲ့အတွက် ပစ္စည်းမထည့်သွင်းမီ ကျွမ်းကျင်ဆရာဝန်တွေရဲ့ ညွှန်ကြားချက်ခံယူဖို့လိုကြောင်း၊ ကျန်မာရေးစစ်ဆေးမှုတွေပြုလုပ်သင့်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် သားဆက်ခြားပစ္စည်းထည့်သွင်းတဲ့ ဆောင်ရွက်ပုံအဆင့်ဆင့်ကိုလည်း ခွင့်ပြုချက်ရရှိထားတဲ့ ကျန်းမာရေးဆေးရုံ၊ဆေးခန်းမှာသာ ပြုလုပ်ရမှာဖြစ်ပါတယ်။ အဆိုပါ ထုတ်ကုန်အသစ်ဟာဆိုရင် အချိန်ကာလအားဖြင့် ၄ နှစ်အထိအသုံးပြုနိုင်မှာဖြစ်သလို မြန်မာကျပ်ငွေ…
Read Moreအသက် ငါးနှစ်အောက် ကလေးငယ်တွေအတွက် ခေတ်သစ်ဖောင်ဒေရှင်းမှ ကျန်းမာရေးစောင့်ရှောက်ပေးမည်
ရန်ကုန် ဇန်နဝါရီ ၁၈- ၂၀၁၉ သင်းသဒ္ဒါ(VOM) အသက်၅နှစ်အောက် ကလေးငယ်တွေအတွက် အဆိုတော် လင်းလင်း နဲ့ ချစ်သုဝေတို့ရဲ့သမီး ငယ်လေးတွေဖြစ်တဲ့ ခေတ် နဲ့ သစ် တို့ရဲ့ ခေတ်သစ် ဖောင်ဒေးရှင်းကနေ ကျန်းမာရေး စောင့်ရှောက်မှုပေးသွားမှာဖြစ်ပါတယ်။ ခေတ်သစ် လူမှုကူညီရေး ဖောင်ဒေးရှင်းမှာ အလုပ်အမှုဆောင် ချစ်သုဝေက ”ညီမတို့နိုင်ငံမှာ ကလေးတွေအတွက် ကျန်းမာရေး ဖောင်ဒေးရှင်း ဆိုတာရှားပါတယ် ၊ အဲ့ဒါကြောင့် အသက်(၅) နှစ်အောက်ကလေးတွေ ရဲ့ ကျန်းမာရေးကို အဓိကထားစောင့်ရှောက်သွားမှာပါ ၊ လတ်တလောအနေနဲ့ဆို နှလုံးအပေါက်ပါတဲ့ ကလေးငယ်လေးအတွက် လှူဒါန်းစောင့်ရှောက်တာတော့ရှိနေပါတယ် ၊ ဒီကလေးတွေ ရဲ့ ဒုက္ခ ၊မိသားစု ရဲ့ ဒုက္ခတွေကို တစ်ဖက်ကနေ ကူညီနိုင်တာမျိုးလည်းရှိပါတယ်”လို့ ဆိုပါတယ် ။ သူတို့ရဲ့ အမွှာသမီးငယ်လေးများဖြစ်တဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် …
Read Moreကွန်ဂိုမှာ အီဘိုလာရောဂါကြောင့် လူ ၂၀၀ ကျော်သေဆုံး၊ အခြားနိုင်ငံများသို့ ကူးစက်မှာကို စိုးရိမ်နေရ
ကင်ရှာဆာ၊ နိုဝင်ဘာ-၁၂ မျိုးဆက် (VOM) ကွန်ဂိုနိုင်ငံမှာ သြဂုတ်လကတည်းစတင်ဖြစ်ပွားခဲ့တဲ့ အီဘိုလာရောဂါကြောင့် လူ ၂၀၀ ကျော်သေဆုံး ခဲ့တယ်လို့ ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုသေဆုံးတာတွေအပြင် လူပေါင်း ၃၀၀ ကျော်ဟာလည်း အီဘိုလာရောဂါ ဖြစ်ပွားနေတာတွေ သို့မဟုတ် ဖြစ်ပွားနိုင်ခြေရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောဆိုလိုက်ပြီး ကွန်ဂိုနိုင်ငံသမိုင်းမှာတော့ အဆိုးရွားဆုံး ဘေးဒုက္ခဖြစ်တယ်လို့ ဆိုပါတယ်။ အီဘိုလာရောဂါဖြစ်ပွားမှုဟာ ကွန်ဂိုနိုင်ငံရှိ အခြားပြည်နယ်တွေအပြင် နယ်စပ်ချင်းထိစပ်နေတဲ့ အခြားနိုင်ငံတွေကို ကူးစက်ပျံ့နှံ့နိုင်တဲ့ အန္တရယ်မြင့်မားနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးပြောဆိုပါတယ်။ ကွန်ဂိုနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ယူဂန်ဒါနိုင်ငံမှာလည်း အီဘိုလာဗိုင်းရပ်ကူးစက်ခံရတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး ကာကွယ်ဆေးတွေအပြင် ရောဂါနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေကို အလေးထားလုပ်ဆောင်နေပါတယ်။ ဒါပေမယ့် လေးလတာကာလအတွင်း အီဘိုလာဗိုင်းရပ် ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်ကတော့ သိသိသာသာ တိုးတက်မှုရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုဝင်ဘာ…
Read More