ကင်ညာမှာ ရေးဘေးကြောင့် လူ ၁၇၀ ကျော်သေဆုံး

နိုင်ရိုဘီ၊ ဧပြီ-၃၀-၂၀၂၄ မျိုးဆက်(VOM) ကင်ညာနိုင်ငံမှာ ပြီးခဲ့တဲ့လကစပြီး မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၁၇၀ ကျော်ထိရှိလာကြောင်း အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ နိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှု အကျပ်အတည်းကို ဖြေရှင်းရေးအတွက် ကင်ညာသမ္မတ ဝီလျံရူတိုဟာ အစိုးရအဖွဲ့အထူးအစည်းအဝေး ခေါ်ယူကျင်းပသွားမှာဖြစ်ပါတယ်။ မြို့တော်နိုင်ရိုဘီမှ ၃၇ မိုင်အကွာမိုင်မာဟီရူ ဒေသအနီးမှာရှိတဲ့ ကျေးရွာတွေက ဒေသခံများတွေဟာ ညအချိန် အိပ်ပျှော်နေချိန်မှာ ရေကြီးရေလျှံမှုအတွင်းမျောပါသွားခဲ့ပြီး လူ ၅၀ သေဆုံးခဲ့ကြောင်း ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူအရေအတွက် တိုးလာမှာ ကိုတာဝန်ရှိသူတွေက စိုးရိမ်နေကြပြီး အပျက်အစီးများအောက်မှ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။ ကင်ညာမှာ ပြီးခဲ့သည့်လကလည်း ရေဘေးကြောင့်လူ ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။ ကင်ညာနိုင်ငံတဝန်းမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် စာသင်ကျောင်းတွေဖွင့်လှစ်မယ့် အစိုးရရဲ့ အစီအစဉ်နှောင့်နှေးဖွယ်ရှိနေကာ ရေဘေးကြောင့် လူပေါင်းတသိန်းသုံးသောင်းကျော် အိုးမဲ့အိမ်မဲ့…

Read More

မန္တလေး ကုန်စည်ဒိုင် ၃၀ – ၄-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး-၃၀ – ၄-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုးဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 145000/ 150000ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 145000/150000/ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 145000/ 150000ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 145000/ 150000ဂျုံ (ကလေး) – ၆၀ ပိဿာ – 125000/ 130000ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 125000/ 130000ဂျုံ (AUS) – ၁ ပိဿာ – 3300 (ygn)ဂျုံဖွဲ – ၁…

Read More

ရန်ကုန်အပါ မြို့ ၁၆ မြို့မှာ ပတ်စ်ပို့စာအုပ်လျှောက်ထားမှုကို လူတန်းစီစနစ်အစား အွန်လိုင်းရက်ချိန်း စနစ် ပြောင်းလဲမယ်

ရန်ကုန်၊ ဧပြီ ၃၀ – ၂၀၂၄GG (VOM)မြဝတီမြို့အပါ မြို့လေးမြို့မှလွဲပြီး ကျန်မြို့အားလုံးမှာ ပတ်စ်ပို့စာအုပ်လုပ်မယ့်သူတိုင်း မေလ ၂ ရက်နေ့ကစပြီး လူကိုယ်တိုင်စနစ်နဲ့ တုံကင်ရယူခြင်းအစား အွန်လိုင်းကနေ ရက်ချိန်းရယူတဲ့စနစ် Online Appointment System စနစ်ကို ပြောင်းလဲကျင့်သုံးမယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက အသိပေးလာတယ်လို့သိရပါတယ်။Online Appointment System စနစ်ကို ကျန်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်) ၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ ပဲခူး ၊ မြစ်ကြီးနား၊ မုံရွာ၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ စစ်တွေ၊ ဟားခါး၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ မကွေးမြို့တွေအားလုံးမှာ လုပ်ဆောင်နိုင်မှာဖြစ်ပြီး ကျန်တဲ့ မြဝတီ၊ ကော့သောင်း၊ တာချီလိတ်မြို့တွေကတော့လူကိုယ်တိုင်လာရောက်ဖို့လိုအပ်နေသေးတယ်လို့သိရပါတယ်။” ရန်ကုန်ကနေပြည်တော်အပါ ငါးမြို့က အွန်လိုင်းစနစ်နဲ့ အရင်ထဲကလုပ်နေရတာ၊ကျန်တဲ့မြို့ ၁၁ မြို့ကအခုမှထပ်တိုးလုပ်လို့ရမှာပေါ့။ အွန်လိုင်းကနေ ရက်ချိန်းယူလို့ရတာတကယ်အဆင်ပြေပါတယ်။အချိန်ကုန်သက်သာသလို ငွေကုန်လည်းသက်သာပါတယ်။ခုကာလခရီးတခုသွားရဖို့စရိတ်ကမလွယ်ဘူးလေ၊…

Read More

ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်ဖွင့်

ရန်ကုန် ၊ဧပြီ ၃၀ – ၂၀၂၄GG (VOM)ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တခုဖြစ်တဲ့ မြဝတီ- မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားကို ဒီနေ့ဧပြီလ ၃၀ ရက်နေ့မှာ ထိုင်းဘက်က ဖြတ်သန်းသွားလာခွင့်ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။အမှတ် ၂ ချစ်ကြည်ရေးတံတားကို တိုက်ပွဲကြောင့် ဧပြီလ ၂၀ ရက်နေ့မှာ ပိတ်လိုက်တာဖြစ်ကြောင်း၊ ပိတ်လိုက်ပြီး ဧပြီ ၂၁ ရက်မှာ တိုက်ပွဲတွေငြိမ်သွားခဲ့ပေမယ့် ပြန် ဖွင့်နိုင် ခြင်းမရှိဘဲ ၁၁ ရက်အကြာမှသာ ခုလိုပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။” ဒီနေ့ပဲ တံတား၂ပြန်ဖွင့်တယ်၊ကုန်ကားတွေ သွားလာနေကြပြီ၊ တံတား၂ပိတ်ချိန် မြဝတီ မှာ ဂက်စ်တွေ ပြတ်တောက်တဲ့ပြဿနာကြုံရတယ်။ကုန်သည်တွေလည်းကုန်စည်စီးဆင်းမှုပြတ်တောက်သွားတယ်။ထိုင်းကဝင်တဲ့ပစ္စည်းတွေဈေးတက်ကုန်တယ်။အခုတော့တံတားပုံမှန်အတိုင်းပြန်ဖွင့်လို့ကုန်သွယ်မှုစနေပါပြီ ” မြဝတီမြို့ခံတယောက်ကပြောပါတယ်။အမှတ် ၂ ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ်လိုက်တာကြောင့်ထိုင်းဘက်မှာ ပိတ်မိနေတဲ့ကုန်စည်ကားတွေ မြဝတီကို ဝင်ရောက်လာနေလို့ ကုန်သွယ်ရေးပြန်စတင်လည်ပတ်နေပြီလို့ဆိုပါတယ်။တံတား၂ ပြန်ဖွင့်ပေမယ့် အစိုးရဘဏ်နဲ့ပုဂ္ဂလိကဘဏ်တွေ ပြန်မဖွင့်သေးတာကြောင့် ငွေကြေးပေးချေမှုဆိုင်ရာကိစ္စရပ်တွေအတွက် ခက်ခဲနေသေးတယ်လို့သိရပါတယ်။” ဘဏ်တွေကတော့ခုထိဖွင့်တာမတွေ့ရသေးဘူး။ဘဏ်တွေမဖွင့်တော့ကုန်ဖိုးငွေချေရာမှာဒုက္ခရောက်တယ်။ကုန်စည်စီးဆင်းမှုမမြန်ဆန်ဘူးပေါ့ ” လို့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၃၀ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၉၇၀ ကျပ်ဝယ်ဈေး – ၃၉၁၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၈၀ ကျပ်ဝယ်ဈေး – ၂၈၃၀ ကျပ်-ယူရိုရောင်းဈေး – ၄၃၂၄ ကျပ်ဝယ်ဈေး – ၄၂၃၂ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၈.၁၁ ကျပ်ဝယ်ဈေး – ၁၀၅.၈၂ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၃၀ ကျပ်ဝယ်ဈေး – ၈၂၀ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၄၂ ကျပ်ဝယ်ဈေး – ၅၃၂ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၅၆ ကျပ်ဝယ်ဈေး – ၂၅.၀၂ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၇.၇၉ ကျပ်ဝယ်ဈေး – ၄၆.၇၈ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၉၀ ကျပ်ဝယ်ဈေး – ၂.၈၄ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၉၁၄ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၃၀ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၃၃၅ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၄၈၃၀၀၀၀ ကျပ်ဝယ်ဈေး ၄၇၉၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၄၆၃၀၀၀၀ ကျပ်ဝယ်ဈေး ၄၅၉၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဘာကီနာဖာဆိုမှာ စစ်တပ်က ပြည်သူ ၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း သတင်းရေးသားတဲ့ ဌာနတွေ ရပ်ဆိုင်းခံရ

အူဂါဒိုဂူ၊ ဧပြီ-၃၀-၂၀၂၄မျိုးဆက်(VOM)ဘာကီနာဖာဆိုစစ်တပ်က အရပ်သား ၂၂၃ ယောက်ကို သတ်ဖြတ်ခဲ့မှုနဲ့ပတ်သက်ပြီး သတင်းရေးသားဖော်ပြခဲ့တဲ့ ပြည်ပသတင်းဌာနတွေကို စစ်အာဏာပိုင်တွေက ပိတ်ပင်တားမြစ် ရပ်ဆိုင်းလိုက်ပါတယ်။ဖေဖော်ဝါရီလအတွင်းက ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဟာ လက်နက်ကိုင် အစ္စလာမ္မစ်သောင်းကျန်းသူတွေကို ကူညီနေတဲ့ ရွာသားတွေကို လက်တုံ့ပြန်ခြင်းဖြစ်တယ်လို့ ယုံကြည်ရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW )ကပြောပါတယ်။ောက်အာဖရိကရှိ အာဏာသိမ်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘာကီနာဖာဆိုရဲ့ စစ်အာဏာပိုင်တွေကတော့ ဒီလိုအဖြစ်မျိုး မရှိလဲခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။ HRW ကထုတ်ပြန်တဲ့ အစီရင်ခံစာကို သတင်းဖော်ပြခဲ့တဲ့ VOA နဲ့ BBC သတင်းဌာနတို့ကို အာဏာပိုင်တွေက ရပ်ဆိုင်းထားပြီးဖြစ်ပါတယ်။လက်ရှိမှာတော့ ပြင်သစ်ရုပ်သံ TV5Monde ရုပ်သံလိုင်းရဲ့ တင်ဆက်မှုတွေကို နှစ်ပတ်ကြာ ရပ်ဆိုင်းထားရမှာဖြစ်ပြီး ပြင်သစ်သတင်းစာ Le Monde နဲ့ Ouest-France၊ ဂျာမနီရဲ့ DW ၊ ဗြိတိန်သတင်းစာ Guardian နဲ့အာဖရိကသတင်းဌာနတွေဖြစ်တဲ့ APA နဲ့ Ecofin တို့ကို…

Read More

This Day in History

Voice of Myanmarဗီယက်နမ်စစ်ပွဲအတွင်း တောင်ဗီယက်နမ်မြို့တော် ဆိုင်ဂုံ(ဟိုချီမင်း)မြို့သည် ၁၉၇၅ ခုနှစ် ဧပြီ ၃၀ ရက်တွင် မြောက်ဗီယက်နမ် တပ်ဖွဲ့ဝင်များလက်အောက် ကျရောက်ခဲ့သည်။

Read More

ရွှေပြည်သာ မီးလောင်မှု နေအိမ် ၃၀ ကျော် ဆုံးရှုံး

ဧပြီ ၂၉ – ၂၀၂၄ SN (VOM) ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ဒီကနေ့ ဧပြီ ၂၉ ရက်၊ နေ့လယ် ၁၂ နာရီ၊ ၄ မိနစ်ဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် အလုံး ၃၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ အဲဒီဖြစ်စဉ်မှာ သွားရောက် ကူညီခဲ့တဲ့ ဝိပါက လူမှုကူညီရေးအသင်းဆီက သိရပါတယ်။ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ မဉ္ဇူလမ်းနဲ့ ဗေဒါလမ်းထောင့်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ် စုစုပေါင်း ၃၃ လုံး မီးလောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “အိမ်တွေက ဝါး၊ ထရံအိမ်လေးတွေ၊ ပြီးတော့ ရေနံဆီကလည်း သုတ်ထားသေးတယ်ဆိုတော့ ပိုဆိုးသွားတာပေါ့။ အိမ်ခြေလေးတွေကလည်း ကပ်ကပ်လေးတွေ။ တခြား သွပ်တွေဘာတွေ ကာထားတဲ့အိမ်တွေလည်း ရှိတယ်။ အဲဒီအိမ်တွေပါ မီးက…

Read More

တရုတ် နယ်စပ်ဘက်မှာ နေထိုင်ခွင့် သက်တမ်းကုန်သူတွေကို နေထိုင်ခွင့်ပေးရင် အိမ်ရှင်တွေကိုပါ အရေးယူမယ်

ဧပြီ ၂၉၊ ၂၀၂၄Shy V (VOM)တရုတ်နယ်စပ်ဘက်မှာ နေထိုင်ခွင့် သက်တမ်းကုန်လွန်‌နေတဲ့ မြန်မာနိုင်ငံသားတွေကို လက်ခံ နေထိုင်ခွင့် ပေးထားရင် တရုတ်အိမ်ရှင်တွေကိုပါ အရေးယူမှာ ‌ဖြစ်ကြောင်း တရုတ်ဘက် ရောက်နေတဲ့ မြန်မာ နိုင်ငံသားတွေဆီက သိရပါတယ်။“၅ လပိုင်း ၃၀ ရက်နေ့ ကျော်ရင် ကြက်ဖမ်း၊ ဝက်ဖမ်း ဖမ်းပို့မှာတဲ့။ ဒီ တရုတ်ဘက်မှာက အိမ်ရှင်တွေက နေထိုင်ခွင့် သက်တမ်းကုန်နေတဲ့ မြန်မာနိုင်ငံသားတွေကို ခေါ်နေတဲ့သူ၊ ရဲတွေ ပြန်ခိုင်းတဲ့ အချိန် မပြန်ခိုင်းသူ အိမ်ရှင်တွေကို တွေ့ရှိရင် ဖမ်းဆီးပြီး ထောင် ၅ လ ချမယ်။ အိမ်ရှင်တွေကိုရော အိမ်ငှားတွေကို တရုတ်ငွေ ယွမ် ၁ သောင်း (သိန်း ၅၀ ကျော်) ဒဏ်ငွေ ပေးဆောင်ရမယ့် အပြင် ၂ ယောက် စလုံး ထောင်ဒဏ်…

Read More
VOM News

FREE
VIEW