မုန်တိုင်းငယ်အရှိန်ကြောင့် မိုးကြီးရေလျှံမှုတွေ ထပ်ဖြစ်နိုင်ပြီး ရခိုင်ကမ်းရိုးတန်း သက်ရောက်မှုများနိုင်

ဩဂုတ် ၁၉ – ၂၀၂၅ SS (VOM) လက်ရှိ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်သက်ရောက်မှုကြောင့် တိုင်းနဲ့ ပြည်နယ်တချို့မှာ မိုးများပြီး ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ ဆက်လက် ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ မိုး/ဇလဌာနရဲ့ ဒီကနေ့ ဩဂုတ် ၁၉ ရက်၊ မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း – ဩရိဿပြည်နယ်တောင်ပိုင်း) ကမ်းခြေတို့မှာ မုန်တိုင်းငယ်တလုံး ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ အဆိုပါ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကို ဖြည်းညှင်းစွာ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ စစ်တွေမြို့ရဲ့ အနောက် – အနောက်တောင်ဘက် ရေမိုင် ၄၅၅…

Read More

ညောင်ရွှေမြို့နဲ့အင်းလေးမှာ ရေအတက်ကြမ်းလို့ နေအိမ်တွေ ရေကြီးနစ်မြုပ်နေပြန်

ဩဂုတ် ၁၄၊ ၂၀၂၅ GG (VOM) ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နဲ့ အင်လေးဒေသမှာ အင်းလေကန်ရေမြင့်တက်လာတာကြောင့် အင်လေးကန်အတွင်းနေအိမ်တွေမှာ ရေနစ်မြုပ်မှုတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။ ဩဂုတ် ၁၃ ရက်နေ့မှာ မိုးရွာသွန်းမှုများပြီး အင်းလေကန်ရေ မြင့်တက်လာတဲ့အတွက် ရေကြီးမှုစတင်​ဖြစ်ပွားနေတာဖြစ်ကြောင်း ၊ ရေတက်နူန်းက နာရီဝက်လောက်အတွင်းမှာပင် ၁၀ လက်မလောက်နီးပါးမြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။ ယခုရက်ပိုင်း မိုးသည်းထန်စွာထပ်မံရွာသွန်းပါက လက်ရှိရေဝင်ရောက်နေတဲ့ ရပ်ကွက်တွေ ကျေးရွာတွေမှာ အရေးပေါ်ကူညီရွှေ့ပြောင်းဖို့လိုအပ်လာမှာဖြစ်တယ်လို့သိရပါတယ်။ ” ကန်ကရေမြင့်လာတော့ ညောင်ရွှေမှာလည်းရေကြီးနေပြီ။အနိမ့်ပိုင်းနေရာတွေမှာ ရေကြီးနေတာပါ။အဲဒီဘက်တွေက အခုရေက ခါးလောက်တော့အနက်ရှိတယ်။အင်းလေကန်ထဲက အိမ်တွေကတော့ တချို့တထပ်အိမ်အသေးလေးတွေကတော့ ရေမြုပ်နေပြီ။အိမ်တိုင်းတော့မဟုတ်သေးဘူး။အခြေအနေကိုစောင့်ကြည့်နေကြတယ်။အခုရေအတိုင်းရပ်နေရင်တော့ စိုးရိမ်စရာမဟုတ်သေးဘူးပေါ့။ကျွန်တော်တို့က အင်လေးကန်ရေတက်ပြီးညောင်ရွှေမြို့ပေါ်ရေတက်ပြီဆိုရင်စိုးရိမ်ရေမှတ်ရောက်ပြီဘဲ။အခုထက်ရေ ထပ်ဆိုးလာမယ် ဥပမာ တပေလောက်ထပ်တိုးမယ်ဆိုရင်ကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ရပါပြီ။အခြေအနေစောင့်ကြည့်နေပါတယ်။” လို့ ညောင်ရွှေဒေသခံကပြောပါတယ်။ လက်ရှိမှာ မိုးရွာသွန်းမှုရပ်သွားတာကြောင့် ရေကြီးနေတဲ့ ညောင်ရွှေ့မြို့ပေါ်ဒေသခံတွေနဲ့ အင်းလေးကန်အတွင်းနေထိုင်သူအချို့က ရွှေ့ပြောင်းခြင်းတွေမလုပ်သေးဘဲ အခြေအနေကိုစောင့်ကြည့်နေကြသလို နယ်မြေခံ လူမှုကူညီရေးအသင်း တွေကလည်း အခြေအနေစောင့်ကြည့်နေပြီး ကူညီနိုင်ဖို့ပြင်ဆင်ထားတယ်လို့သိရပါတယ်။ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကတော့…

Read More

သံတောင်ကြီး မြေပြိုမှုမှာ သေဆုံး ၁၃ ယောက်ရှိလာပြီး ပျောက်ဆုံး ၁၁ ယောက်ထက်မနည်းရှိ၊ စားနပ် ရိက္ခာနဲ့ ပြန်လည်ထူထောင်ရေးအကူအညီလိုအပ်

ဩဂုတ် ၁၀ ၊ ၂၀၂၅ GG (VOM) ကရင်ပြည်နယ် ၊သံတောင်ကြီးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုအတွင်း သေဆုံးသူ ၁၃ ယောက်အထိရှိလာသလို ပျောက်ဆုံးသူ ၁၁ ယောက်ထက်မနည်းရှိပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မြေပြိုမှုကြောင့် သံတောင်ကြီးဒေသရှိ ထီးပူခီးအောက်ရွာမှာ တရွာလုံးနီးပါး မြေပြိုဒဏ်ခံစားခဲ့ရတဲ့အတွက် လက်ရှိမှာ ယာယီတဲထိုးပြီးနေထိုင်နေရကြောင်း ၊ ရွာနဲ့ သံတောင်ကြီးကိုသွားလာနိုင်တဲ့ လမ်းပိုင်းလည်း ပျက်စီးသွားတာကြောင့် ဆိုင်ကယ်​တောင် သွားလာလို့မရတော့လို့ စားနပ်ရိက္ခာအပြင် ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ နောက်ပြီး မဲဖြူတိုက်နယ်ရှိ ကျေးရွာတွေနဲ့ သံတောင်ကြီးမြို့ကိုသွားလာနိုင်တဲ့ လမ်းတံတားတွေပျက်စီးသွားတာကြောင့် ပြင်ဆင်နေပြီး အစရှိတဲ့ ကျေးရွာအချို့မှာလည်း လမ်းတွေမြေပြိုပြီးပျက်စီးမှုတွေရှိတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီး အကူအညီတွေလိုအပ်နေတာဖြစ်တယ်လို့သိရပါတယ်။ ” လမ်းတွေ ၊တံတားတွေ ပျက်စီးတာတော်တော်များတယ်။ ပြန်ပြင်ဖို့က အချိန်ပေးရမယ်။တလလောက်ကြာနိုင်တယ်။ မြေပြိုမှုကတော်တော်လေးကို ဆိုးဆိုးရွားရွားခံခဲ့ရတာပါ။ နောက်ထပ် ထပ်တိုးလာတဲ့ သေဆုံးနှစ်ယောက်က ပျောက်ဆုံးတဲ့အထဲကပါ။…

Read More

ကျောက်မဲမြို့နယ် နေရာတချို့မှာ ရေကြီးပြီး စိုက်ခင်း ဧကရာချီရေမြုပ်ကာ လူ မျောပါသေဆုံးမှုရှိ

ဩဂုတ် ၇၊ ၂၀၂၅ Shy V (VOM) ကျောက်မဲမြို့နယ် နေရာတချို့မှာ မိုးဆက်တိုက်ရွာလို့ ယမန်နေ့ ဩဂုတ်လ ၆ ရက်နေ့ကစ ဒီနေ့ မနက်ပိုင်းအထိ ရေကြီးပြီး စိုက်ခင်း ဧကရာချီရေမြုပ်ကာ လူ မျောပါသေဆုံးမှုရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နောင်ကွမ် ချောင်းထဲ လူတယောက် သေတယ်တဲ့။ ရွာလူကြီးက ပုံဝိုး စစ်ဘေးရှောင်ထဲက ဟုတ်မဟုတ် လူလိုက်စစ်နေတာ။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ ရေကာတာဆောက်ထားတဲ့ ချောင်း၊ မြောင်းဘေး တလျှောက်က အိမ်တွေ ရေဝင်၊ အုတ်တံတိုင်းပြိုတာတွေရှိတယ်လို့ သူက ပြောပါတယ်။ “ချောင်းနား တလျှောက်တွေ အကုန် ရေ တက်တယ်။ စိုက်ခင်းတွေ မြုပ်တယ်။ ပုံဝိုးရွာနဲ့ နောင်ကွမ်ရွာ၊ ဗူးခါးရွာ၊ နေရာအနှံ့ပဲ။ ရေမြုပ်တဲ့ စိုက်ခင်း အားလုံးဆို ဧက…

Read More

တောင်ငူရေကြီးမှု ဒိုးသောင်တံတား ကျွံကျ၊ ဘီးလင်းမှာလည်း ရေဝင်ရောက်မှု ဆိုးရွားစွာ ဖြစ်ပေါ်နေ

ဇူလိုင် ၃၀ – ၂၀၂၅ SS (VOM) ရေကြီးရေလျှံမှုကြောင့် ပဲခူးတိုင်း တောင်ငူမြို့နယ်နဲ့ ထန်းတပင်မြို့နယ်ကြား ဆက်သွယ်ထားတဲ့ မြတ်စောညီနောင် ဒိုးသောင်တံတား ကျွံကျသွားသလို မွန်ပြည်နယ် ဘီးလင်းမြို့မှာလည်း ရေဝင်ရောက်မှု ဆိုးရွားစွာ ဖြစ်ပေါ်နေတယ်လို့ ကူညီကယ်ဆယ်ရေး ‌လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။ မနေ့ ဇူလိုင် ၂၉ ရက်၊ မနက်အစောပိုင်းက ဒိုးသောင်တံတား ကျွံကျမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားလမ်းတွေလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။ “ဒီတံတားက တောင်ငူမြို့ကနေ ဇရပ်ကြီးကိုသွားတဲ့ လမ်းပေါ်မှာ ရှိတာ။ ရေကြီးတော့ တံတားက ဘေးနှစ်ဖက်က‌နေ နိမ့်ဝင်သွားတဲ့ သဘောပေါ့။ လက်ရှိ အခြေအနေအရတော့ သွားလာလို့ လုံးဝ မရတော့ဘူး။ လမ်းပန်း ဆက်သွယ်ရေးကတော့ ခက်ခဲသွားတာပေါ့။ လတ်တလော သွားရေးလာရေးအတွက် ဆိုရင်တော့ ထန်းတပင် – စစ်တောင်းဘက်ကနေ ပတ်ထွက်မှ အဆင်ပြေမယ်” လို့…

Read More

ထန်းတပင်နဲ့အုတ်တွင်းရေကြီးမှုမှာ လူလေးယောက်ရေစီးနဲ့မျောပါသေဆုံး

ဇူလိုင် ၂၉ ၊ ၂၀၂၅ GG (VOM) ပဲခူးတိုင်း ၊ အုတ်တွင်းမြို့နယ် နဲ့ ထန်းတပင်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုမှာ လူလေးယောက် ရေစီးနဲ့မျောပါပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ရေစီးနဲ့မျောပါသေဆုံးသူတွေက ထန်းတပင်မြို့နယ်မှ တယောက် ဖြစ်ပြီး အုတ်တွင်းမြို့နယ်ရှိ မြင်းစုရွာ ၊ ရှမ်းဝါးတီးရွာ နဲ့ ပေါင်းလောင်းတိန်ရွာတို့မှ သုံးယောက်ဖြစ်ကြောင်း သေဆုံးတဲ့အထဲမှာ အသက် ၁၇ နှစ်အရွယ်ကောင်လေးလည်းပါတယ်လို့သိရပါတယ်။ ” ရေစီးကတအားသန်တော့ ပါသွားတာ။ရှမ်းဝါးတီးကကောင်လေးဆိုနွားနဲ့ အတူရေဘေးရှောင်သွားတာကို နွားကလန့်ပြီးတော့ မျှောပါသွားတာ။ရေကခုထိလည်းတက်တုန်းပဲ ။” လို့ ဒေသခံကပြောပါတယ်။ လက်ရှိအချိန်ထိ စစ်တောင်းမြစ်ရေမြင့်တက်နေလို့ ထန်းတပင်မြို့နယ်နဲ့ အုတ်တွင်းမြို့နယ်မှာ ရေကြီးနစ်မြုပ်မှုဖြစ်ပွားနေဆဲဖြစ်ပြီး အချို့အနိမ့်ပိုင်းကျေးရွာတွေမှာဆိုရင် အိမ်တွေနစ်မြုပ်နေပြီဖြစ်ကာ ရေဘေးသင့်သူတွေအတွက် သောက်ရေသန့်နဲ့ ထမင်းဗူးတွေ လိုအပ်နေတယ်လို့သိရပါတယ်။ ရေကြီးနစ်မြုပ်မှုကြုံတွေ့နေရတဲ့ရွာတွေကတော့ ထန်းတပင်မှာဆိုရင် သောက်ရေခပ်ချောင်းနဲ့ စစ်တောင်းမြစ် ဆုံရာအနီးက ဒိုးသောင်ကျေးရွာ တောင်ဘက်ကမ်း/မြောက်ဘက်ကမ်း ၊…

Read More

ရှမ်းပြည်တောင်ပိုင်း ဒေသတချို့မှာ ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပေါ်နေ

ဇူလိုင် ၂၉ – ၂၀၂၅ SN (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း) က မြို့နယ်တချို့မှာ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဆက်လက် ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရပ်စောက်၊ အောင်ပန်း၊ ကလော၊ ရွှေညောင်၊ ညောင်ရွှေ၊ ပင်းတယ၊ ပင်လောင်း၊ ရွာငံ၊ တောင်ကြီး စတဲ့ နေရာတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာဖြစ်ပြီး တံတားနဲ့ နေအိမ်တွေ ပျက်စီးတာအပြင် လမ်းပေါ် ရေကျော်နေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ရပ်စောက်မြို့နယ်အတွင်းမှာ မနေ့ ဇူလိုင် ၂၈ ရက်နေ့၊ နေ့လယ် ၂ နာရီခွဲဝန်းကျင်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ စီးဆင်းမှုကြောင့် ဇော်ဂျီချောင်း ရေကြီးမှုဖြစ်ပွားကာ ရပ်စောက်မြို့၊ ဇော်ဂျီရပ်ကွက်နဲ့ ဥတ္တားရပ်ကွက်တို့မှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ရပ်စောက်မြို့၊…

Read More

ကရင်ပြည်နယ်ထဲက မြို့နယ်ငါးခုမှာ ရေကြီးနေ၊ ကယ်ဆယ်ရေးစခန်း ၄၀ နီးပါးဖွင့်လှစ်ထားရပြီး ရေဘေးသင့်သူ သောင်းချီရှိနေ

ဇူလိုင် ၂၉၊ ၂၀၂၅ GG (VOM) ကရင်ပြည်နယ်မှာ မိုးရွာသွန်းပြီး သံလွင် မြစ်ရေနဲ့ သောင်ရင်းမြစ်ရေ မြင့်တက်မှုကြောင့် ဘားအံမြို့နယ် နဲ့ မြဝတီမြို့နယ်မှာ စိုးရိမ်ရေမှတ်ထက် ရေ ၄ ပေမှ ၅ ပေခန်ကျော်လွန်နေတာကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေဖွင့်လှစ်ထားရတယ်လို့သိရပါတယ်။ ဒါအပြင် လှိုင်းဘွဲ့မြို့ ၊ ကမမောင်းမြို့ ၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာလည်း ရေကြီးရေလျှံ မှုတွေဖြစ်ပွားနေပြီး ရေထပ်တိုးနေလို့ ကယ်ဆယ်ရေးစခန်းတွေဖွင့်လှစ်ထားကာ ဒေသတွင်း သွားလာရေးခက်ခဲနေတယ်လို့သိရပါတယ်။ လက်ရှိ ဘားအံမြို့နယ်မှာဆိုရင် ကျေးရွာ ခုနှစ်ရွာက ဘုန်းတော်ကြီးကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်းခုနှစ်ခု နဲ့ ဘားမြို့ပေါ်မှာက ရေဘေးကယ်ဆယ်ရေးစခန်း ၁၆ ခု ဖွင့်လှစ် ထားရှိပြီး ရေဘေးသင့်သူ ၁၀၀၀၀ ကျော်အထိရှိနေ တယ်လို့သိရပါတယ်။ လှိုင်းဘွဲမြို့မှာဆိုရင် မြို့ပေါ်ရပ်ကွက်တွေမှာ ရေဘေးကယ်ဆယ်ရေးစခန်း သုံးခုဖွင့်လှစ်ထားပြီး ကျေးရွာငါးရွာမှာ ကယ်ဆယ်ရေးစခန်းငါးနေရာဖွင့်လှစ်ထားပြီး ရေဘေးသင့်သူ ၅၀၀၀ နီးပါးရှိတယ်လို့သိရပါတယ်။…

Read More

ပေါင်မြို့နယ်မှာ ရက်ပိုင်းအတွင်း လေဆင်နှာမောင်းတိုက်ခတ်မှု လေးကြိမ်ထက်မနည်း ဖြစ်ပွား

ဇူလိုင် ၂၈ – ၂၀၂၅ SS (VOM) မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း လေဆင်နှာမောင်းတိုက်ခတ်မှု လေးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်၊ မနက် ၄ နာရီ၊ ၄၅ မိနစ်ဝန်းကျင်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်က နေအိမ် ၅၈ လုံး၊ ပေါင်းရပ်ကွက်ရှိ နေအိမ် ၁၅၈ လုံးနဲ့ ကဒါရပ်ကွက်ရှိ နေအိမ် လေးလုံး၊ စုစုပေါင်း နေအိမ် ၂၂၀ အပြင် စာင်ကျောင်းနဲ့ သာသနိက အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့ကာ ဓါတ်တိုင်တွေ၊ အပင်တွေလည်း လဲပြိုခဲ့တယ်လို့ သိရပါတယ်။ “မိုးနိုင်းရပ်ကွက်၊ ၁၀၁ ဆူ အောင်တော်မူ ကျောင်းတိုက်အတွင်းက ဆရာလေးကျောင်းတွေ၊…

Read More

သထုံမြို့က မော်လမြိုင် – ရန်ကုန် ကားလမ်းမှာ ရေကြီးနေ

ဇူလိုင် ၂၆ – ၂၀၂၅ SS (VOM) မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒီကနေ့ ဇူလိုင် ၂၇ ရက်၊ မနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး ရန်ကုန် – မော်လမြိုင်ကားလမ်း ရေကျော်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက်ကော်ရပ်ကွက်၊ ဘုရားကြီးလမ်းနဲ့ မြို့မဈေးရှေ့၊ မော်လမြိုင် – ရန်ကုန် ကားလမ်းမကြီးပေါ်မှာ မိုးရွာသွန်းမှုကြောင့် ၂ ပေခန့် ရေကျော်နေတဲ့အပြင် အောက်ကျင်း ရပ်ကွက်ဘက်မှာလည်း ရေဝင်ရောက်မှု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ “မနက်ကတော့ ကားလမ်း ရေကျော်နေလို့ လမ်းယာယီ ပိတ်ထားလိုက်ရတယ်။ နောက်တော့ ဒီလမ်းအသုံးပြု သွားလာမယ့်သူ‌တွေ အခက်အခဲ မဖြစ်ရလေအောင်ဆိုပြီး မနက် ၁၀ နာရီလောက်ကျတော့ လမ်းပြန်ဖွင့်ပေးလိုက်တယ်။ ယာဉ်တွေကိုတော့ ဘေးနားကအိမ်တွေကို ရေရိုက်ခတ်မှု မဖြစ်အောင်…

Read More
VOM News

FREE
VIEW