နေပြည်တော် ဖေဖေါ်ဝါရီ ၆-၂၀၁၉ ဒီပ(နေပြည်တော် VOM) ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဦးအောင်ကြည်ညွှန့် တင်သွင်းခဲ့တဲ့ အဆိုပေါ်မှာတော့ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံမဲ၄၁၄မဲ ကန့်ကွက်မဲ၁၉၁မဲ ကြားနေမဲ၆မဲနဲ့ လွှတ်တော်က အဆိုကိုအတည်ပြုခဲ့ပါတယ်။ ဒီအပေါ်မှာတော့ ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ကိုယ့်ဘက်ကိုယ် လိုတာပဲပြောနေကြပြီးတော့ သင်လျော်တဲ့နည်းလမ်းနဲ့ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့သလို ဗိုလ်မှုးချုပ်မောင်မောင်က ဒီအဆိုကို သဘောမတူခဲ့လို့ ကန့်ကွက်မဲပေးခဲ့တယ် အဆိုက အတည်ပြုပြီးသွားတဲ့အတွက် ကော်မတီဖွဲ့ခဲ့ရင် ဘယ်လိုအချိုးအစားနဲ့ ပါဝင်ရမယ်ဆိုတာ ပြောဖို့စောသေးပါတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ် ။ #voiceofmyanmar#ဖွဲ့စည်းပုံပြင်ဆင်ရေး
Read MoreDay: February 6, 2019
Red Dot ကုမ္ပဏီအနေနဲ့ ဗဟိုဘဏ်မှာ လိုင်စင်တင်ထားတာမရှိ
ရန်ကုန် ဖေဖေါ်ဝါရီ၆-၂၀၁၉ TGH (VOM) အီလက်ထရွန်းနစ်ဖုန်းဘီလ်ဖြည့်သွင်းခြင်းဝန်ဆောင်မှုပေးတဲ့ Red Dot ကုမ္ပဏီအနေနဲ့ ဗဟိုဘဏ်မှာ လိုင်စင်လျှောက်ထားခဲ့တာမရှိသလို ခွင့်ပြုခဲ့တာလည်းမရှိတဲ့အတွက် သက်ဆိုင်မှုမရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောပါတယ်။ “သူတို့ ဘာအလုပ်လုပ်လဲ။ သူတို့နဲ့ ဆက်စပ်နေတဲ့ကုမ္ပဏီတွေက ဘာတွေလဲ။ ပင်နံပါတ်ထုတ်ပေးတာ ဘယ်သူတွေလဲ။ ကျွန်တော်တို့က ဒီဟာတွေပေါ်မှာ မဝေဖန်လိုပါဘူး။ စဉ်းစားကြည့်ပါ။ လက်ရှိ ဖြစ်ပွားနေတဲ့ Red dot ကိစ္စကတော့ ဗဟိုဘဏ်နဲ့ ဘာမှသက်ဆိုင်ခြင်းမရှိဘူး။ ဗဟိုဘဏ်ကလည်းခွင့်မပြုထားပါဘူး။ အဲဒီပင်နံပါတ်တွေက ဘယ်ကရလဲ။ သူတို့နဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေကိုမေးကြည့်ရင် သိမှာပါ”လို့ ဆိုပါတယ်။ ထို့အတူပဲ Red Dot နဲ့ပူးပေါင်းကာ ဖုန်းဘီလ်ဖြည့်သွင်းခြင်းဝန်ဆောင်မှုကို လုပ်ကိုင်နေတဲ့ ကိုယ်စားလှယ်တချို့ကလည်း စားသုံးသူရေးရာဦးစီးဌာနကိုတိုင်ကြားမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် လည်း စားသုံးသူကာကွယ်ရေးဥပဒေဟာ စားသုံးသူကိုပဲကာကွယ်ပေးတာဖြစ်ပြီး ကုန်စည် ဒါမှမဟုတ် ၀န်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုအတွက်မဟုတ်ဘဲ…
Read Moreပြည်ဝင်ဗီဇာနဲ့မကိုက်ညီပဲ လုပ်ငန်းလုပ်ကိုင်တဲ့နိုင်ငံခြားသားတွေကို ဗီဇာစည်းကမ်းဖောက်ဖျက်မှုအရ ပြည်နှင်ဒဏ်ပေးပြီး အမည်မည်းစာရင်းသွင်းမယ်
ရန်ကုန် ဖေဖော်ဝါရီ ၆-၂၀၁၉ TGH (VOM) ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၈ ခုနှစ်၈လအတွင်း တရားမဝင်အထောက်အထားမဲ့ နေထိုင်ခြင်း ၊ဗီဇာရက် လွန်နေခြင်း၊ လူခိုးသွင်းခြင်း အပါအ၀င် နိုင်ငံခြားသားတွေနဲ့ပတ်သက်တဲ့ ပြစ်မှု ၊ပြစ်ဒဏ်ပေါင်း ၅၀ ကျော်ရှိခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။ ဒီပြစ်မှုတွေထဲမှာ တရားမဝင်အထောက်အထားမဲ့နေထိုင်သူ ၊ လဝကအက်ဥပဒေ ၃(၁)/၁၃(၁)မှာ (၃၅)မှု၊ ဗီဇာစည်းကမ်း ဖောက်ဖျက်မှု၊ လဝက အက်ဥပဒေ ၄(၂)/၁၃(၁) မှာ (၁)မှု၊ ရောက်ရှိနေထိုင်ကြောင်း Form – C တိုင်ကြားရန်ပျက်ကွက်မှုင်း ၊ နမတ နည်းဥပဒေ ၁၄(၆)/နမတ အက်ဥပဒေ ၅(၁)မှာ (၁၀)မှုကို ၂၀၁၈ မေလကနေ ဒီဇင်ဘာလအတွင်းမှာ အရေးယူခဲ့တာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအ ဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ “တရားမဝင်အထောက်အထားမဲ့…
Read Moreကချင်ပြည်နယ်အစိုးရလုပ်တဲ့လုပ်ငန်းတွေမှာ သတ်မှတ်စည်းကမ်းနဲ့မညီတဲ့ လုပ်ငန်း ၂၁၃ ခု မှာ ကျပ်သန်း ၄သောင်းကျော်ဖိုးပမာဏရှိနေကြောင်း စာရင်းစစ်ချုပ်တွေ့ရှိ
မြစ်ကြီးနား ဖေဖေါ်ဝါရီ ၆-၂၀၁၉ မရမ်ဂျာထွယ်အောင် (VOM) သတ်မှတ်ထားတဲ့အချက် ၃ ချက်နဲ့ မညီတဲ့ ကိစ္စတွေကို မစစ်ဆေးနိုင်ခဲ့တာ ၂၁၃ ခုရှိပြီး တန်ဖိုးအားဖြင့် ကျပ်သန်း ၄သောင်းကျော်ရှိတယ်လို့ ကချင်ပြည်နယ်စာရင်းစစ်ချုပ်ကပြောပါတယ်။ တည်ဆောက်ရေး လုပ်ငန်းတွေကို စစ်ဆေးတဲ့အခါမှာ သက်ဆိုင်ရာတည်/ကော်ရဲ့ စီစစ်အတည်ပြုချက် ရထားပြီး လုပ်ငန်းတွေဖြစ်ရမယ်။ ရာနှုန်းပြည့်ပြီးနေရမယ် ။ စာချုပ်ထဲမှာပါတဲ့ ၂ ဦး နှစ်ဖက် တရားဝင်လွှဲပြောင်းအပ်နှံထားမှုဖြစ်ရမယ် ။ အဲ့ဒီလို့ပြည့်အဝ လုပ်ထားတဲ့ လုပ်ငန်းတွေကိုပဲ စာရင်းစစ်ရုံးက စစ်ခွင့်ရှိတယ်လို့ပြောပါတယ် ဒါကြောင့်စာရင်းစစ်ရုံးကအစီရင်ခံစာကို ဇန်နဝါရီလ၂၁ရက်နေ့က ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌကိုလိပ်မူပေးပို့ခဲ့တာပါ။ “အဲ့ဒီပိုပြီးနောက်ပိုင်းအပြောင်းအလဲတွေရှိသွားတယ် ဆလိုက်ရှိုးတွေကိုရှင်းပြတဲ့ခါမှာ ဘယ်လောက်ဘယ်လောက်တော့လျော့သွားပြီးဆိုပြီးတော့ပြောပါတယ်။ ၂၁၃ခုမှာဆိုရင်တော်တော်လျော့သွားပါပြီ၊။ဒါပေမဲ့မပြီးပြတ်သေးတာတွေ ကျန်သေးတယ် ။ ဥပမာအားဖြင့် အစိုးရအဖွဲ့ရုံးဘတ်ဂျတ်ကနေလုပ်တဲ့ဟာတွေဟာ ၁၄၂ခုဆိုပေမယ့် အခု၇၀လောက်ဘဲရှိတော့တယ်။ အချက်၃ချက်နဲ့မညီတာဘဲရှိတော့တာ အစီရင်ခံစာတွေကိုအချိန်မှီအောင်ပို့ရတာ စောင့်ဆိုင်းနေလို့မရဘူးလို့” ပြည်နယ်စာရင်းစစ်ချုပ် ဦးတင်လှိုင်က ဖေဖော်ဝါရီ လ၆ရက်နေ့မှာရှင်းပြခဲ့ပါတယ်။ တနိုင်းက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက…
Read Moreပြေးရင်းလွှားရင်း စစ်ဘေးရှောင်ကျောင်းသား ၈၀၀ ကျော် စာမေးပွဲဖြေဆို
စစ်တွေ၊ ဖေဖော်ဝါရီ ၆-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်းက နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေမှာ စာမေးပွဲဖြေဆိုသူကျောင်းသူကျောင်းသားဦးရေ ၈၅၉ ယောက်ရှိနေပါတယ်။ အဲဒီ စစ်ဘေးရှောင်ကျောင်းသူကျောင်းသား ၈၅၉ ယောက်တို့ဟာ လက်ရှိခိုလှုံနေကြတဲ့ ကျောက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တွေက စစ်ရှောင်စခန်းတွေရှိတဲ့ သက်ဆိုင်ရာအခြေခံပညာကျောင်းတွေမှာ ဖြေဆိုနေတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက ပြောပါတယ်။ “စစ်ဘေးရှောင်ကလေးငယ် တွေကို အခုသူတို့နေထိုင်နေကြတဲ့ စခန်းတွေမှာပဲ စာမေးပွဲစစ်ဆေးနေပါတယ်။ ကျောင်းသားဦးရေကတော့ ၈၆၂ ယောက်မှာ ဆယ်တန်းပြင်ပဖြေဆိုမယ့်ကျောင်းသား သုံးယောက်က ရွာကိုပြန်သွားပါပြီ။ လက်ရှိစာမေးပွဲဖြေဆိုနေတာက ၈၅၉ ယောက်ရှိပါတယ်။”လို့ လက်ထောက်ပညာရေးမှူး ဦးစိန်ထွန်းလှက ပြောပါတယ်။ ဒါ့အပြင် အဲဒီကျောင်းသာားတွေကို ပညာရေးဌာနကနေ ပညာသင်ကြားမှုအဆက်မပြတ်စေရေးအတွက် ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ပညာသင်ကြားခွင့်ပေးထားခဲ့ပြီး အခုစာမေးပွဲကိုလည်း သက်ဆိုင်ရာကျောင်းတွေက ပြုလုပ်တဲ့မေးခွန်းတွေနဲ့ပဲ ဖြေဆိုနေကြတာဖြစ်ပါတယ်။ “ဒီကျောင်းသားတွေက သူတို့ရဲ့ရွာတွေကိုပြန်သွားဖို့အခက်အခဲတွေရှိတယ်။ နောက်ပြီးတော့ မူလကျောင်းရဲ့ တွဲထားတဲ့ကျောင်းတွေကနေ မေးခွန်းယူဖို့အဆင်ပြေရင် ယူပြီးတော့…
Read Moreကုလလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ဂျပန်နိုင်ငံဝင်ရောက်ရေး မြောက်ကိုရီးယားကန့်ကွက်
ပြုံးယမ်း၊ ဖေဖော်ဝါရီ-၆ မျိုးဆက် (VOM) ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် ဂျပန်နိုင်ငံက ၀င်ရောက်မယ့် အရေးကို မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန်ကန့်ခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၅ ရက်ကထုတ်ပြန်ပါတယ်။ ဇန်န၀ါရီ ၂၉ ရက်က နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ ဂျပန်နိုင်ငံက လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် နေရာရယူရေးနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားက ကန့်ကွက်တယ်ဆိုတာကို ရှင်းလင်းတင်ပြခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဂျပန်နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ အတိတ်ကစစ်ရာဇ၀တ်မှုတွေအတွက် အပြစ်ကိုချေဖျက်တာမျိုး မရှိတဲ့ ဂျပန်နိုင်ငံကို လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်အဖြစ် ခွင့်မပြုသင့်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး ကင်ဆောင်က ပြောပါတယ်။ နိုင်ငံတကာ တရားမျှတမှုလုပ်ထုံးတွေနဲ့အတူ ဘက်မလိုက်အဖွဲ့နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကိုယ်စားပြုအခွင့်အရေးတွေကို အာမခံတဲ့ မျှတတဲ့ ဒီမိုကရေစီဝါဒနဲ့အညီ လုံခြုံရေးကောင်စီပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်သင့်တယ်လို့ ၎င်းကပြောပါတယ်။ လက်ရှိမှာတော့…
Read Moreတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကချင်ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေ တွေ့ဆုံ
မြစ်ကြီးနား ဖေဖေါ်ဝါရီ ၆-၂၀၁၉ မရမ်ဂျာထွယ်အောင် (VOM) ကချင်ပြည်နယ်ကိုရောက်နေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဟာ KBC, ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်, RC ရိုမန်ကက်သလစ်အသင်းတော်က ဘာသာရေးဆရာတွေနဲ့ ဖေဖော်ဝါရီလ ၅ရက်နေ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာရှိတဲ့ မလိခရိပ်သာမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်ခရီးစဉ်အနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဟာ KBC, RC ဘာသာရေးဆရာတွေနဲ့ ကချင်ပြည်နယ်မှာတွေ့ဆုံတာဟာ ပထမဆုံးအကြိမ်တွေ့ဆုံတာဖြစ်ပါတယ်။ တွေ့ဆုံတဲ့အထဲမှာ KBC ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှုး သိက္ခာတော်ရဆရာတော် ဦးတူးမိုင်ဦးဆောင်တဲ့အဖွဲ့မှာ ဆရာတော်လေးပါးနဲ့ RC ကက်သလစ်အသင်းတော်ကဆရာတော် လေးပါး တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ တွေ့ဆုံထဲ့အထဲမှာပါတဲ့ ကတ်သလစ်အသင်းတော်က ဖာသာနော်လတ်ကတော့ “ကျတော်တို့ကတ်သလစ်အသင်းတော်အနေနဲ့က ပထမဆုံးဆရာတော်အနေနဲ့ ပြောတာကတော့ မြစ်ဆုံရေကာတာကို ကျနော်တို့ ကတ်သလစ်သဘောထားအမြင်တွေကိုပြောပါတယ်။ လူထုသဘောထားကိုဆန့်ကျင်ပြီးဘာမှမလုပ်ဖို့ ဆွေးနွေးပါတယ်။ လူထုနဲ့အတူရပ်တည်သွားမယ်ဆိုတဲ့အကြောင်းပြောပါတယ်။ ဖာသာနော်ဒင်ကတော့ “မြစ်ဆုံရေကာတာကိုဆောက်မယ်ဆိုရင် ကျတော်တို့ကချင်ပြည်နယ်ပျောက်သွားမယ် မဆောက်သင့်တဲ့အကြောင်းပြောပါတယ် “ လို့ ဖာသာနော်လတ်က မီဒီယာတွေကို ပြောပါတယ်။ ဒီတွေဆုံပွဲမှာ…
Read Moreအချစ်ရေးကြောင့် တိုက်ပေါ်က ခုန်ချခဲ့တယ်ဆိုတာကို ဖြေရှင်းလိုက်တဲ့ ခြူးလေး
ရန်ကုန် ဖေဖော်ဝါရီ ၆-၂၀၁၉ သင်းသဒ္ဒါ (VOM) MRTV-4 ရုပ်သံဇာတ်လမ်းတွဲတဆင့် ပရိသတ်အားပေးမှု အခိုင်အမာရထားတဲ့ သရုပ်ဆောင် ခြူးလေးကတော့ အချစ်ရေးကြောင့် တိုက်ပေါ်ကခုန် ချခဲ့တယ်ဆိုတဲ့ အွန်လိုင်းမှာတက်နေတဲ့သတင်းနဲ့ ပတ်သက်ပြီးတော့ အမှန်တကယ်မဟုတ်ဘဲ ကောလဟာလလို့ဆိုပါတယ်။ ”အွန်လိုင်းမှာက ဟုတ်တာရော မဟုတ်တာတွေရော တက်နေတာပါ။ ခြူးလေးက အရမ်းဒေါသကြီးတဲ့လူတစ် ယောက်ပါ၊ ကောလဟလနဲ့ ကြုံရရင် စိတ်ကို လျော့ပြီးနေပါတယ်။ ဒေါသကြီးရင် အမှားပါတတ်တယ်။ တကယ်တမ်းကောလဟလဆိုတာ ဟုတ်တာရော မဟုတ်တာပါ တတ်တယ်။ ဟုတ်ရင်လည်း ပုံကြီးချဲ့တတ်တာမျိုး ၊မဟုတ်ရင်လည်း ဟုတ်သယောင် လုပ်တတ်တာမျိုး ဆိုတော့လေ အဲဒီမှာမှ ကိုယ်က ဒေါသရှေ့ထားလိုက်မယ်ဆိုရင် ကိုယ့်အမှားပါ ပါသွားပြီး ဖြေရှင်းတာမဖြစ်တော့ဘဲ ထပ်အဖွခံရတာမျိုး ဖြစ်သွားနိုင်တယ်လေ။ အဲဒါကြောင့် ဘယ်သူကိုမှ မထိခိုက်ဘဲ အကောင်းဆုံးဖြစ်စေနိုင်မယ့် နည်းလမ်းကိုပဲ စိတ်အေးအေးထားပြီး ဖြေရှင်း တယ်။ အနုပညာလောကထဲမှာ ကောလဟလ ဆိုတာ…
Read Moreစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှာ ဝန်ကြီးဌာန အသစ်တိုးချဲ့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်
မုံရွာ ဖေဖေါ်ဝါရီ ၆-၂၀၁၉ ဗျဂ္ဃ (VOM) ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဦးဆောင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှာ နောက်ထပ် ဝန်ကြီးဌာနအသစ်တစ်ခု တိုးချဲ့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ကြားမှာ အမျိုးမျိုးထင်ကြေးပေးပြောဆိုနေကြပေမယ့် ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို မီဒီယာတွေက မေးမြန်းရာမှာတော့ အတည်ပြု ပြောဆိုတာ မရှိသေးပါဘူး။ “ဆရာက စကားကျွံသွားမှာစိုးလို့ ဘာမှ မပြောချင်သေးဘူး။ အလုပ်နဲ့ သက်သေပြမယ်။”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ တိုင်းအစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၈ ခုရှိတဲ့အထဲက ဝန်ကြီး ဦးကမ်ဇာမုံကိုင်တွယ်နေတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်း၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ဆိုပြီး ဌာနတွေ အများကြီးရှိနေတာကြောင့် တာဝန်တွေများနေတဲ့အတွက် ဝန်ကြီးဌာနတိုးချဲ့ကာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုပြီး နောက်ထပ် အသစ်ဖွဲ့စည်းဖို့ ဆိုပြီး သတင်းထွက်ပေါ်နေတာပါ။ ဒါ့အပြင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ထဲက ကိုယ်စားလှယ်အချို့ကိုလည်း ရွေးချယ်ကာ နိုင်ငံတော်သမ္မတထံ…
Read Moreနျူလက်နက် စွန့်လွှတ်ရေးအတွက် ထရန့်-ကင်ဂျုံအန် ထိပ်သီးဆွေးနွေးပွဲ ဗီယက်နမ်မှာ ကျင်းပတော့မည်
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၆-၂၀၁၉ မျိုးဆက် (VOM) နျူကလီးယားစွန့်လွှတ်ရေးဆွေးနွေးဖို့အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ ဗီယက်နမ်နိုင်ငံ၌ ကျင်းပသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ဖေဖော်ဝါရီ ၅ ရက်က အမေရိကန်ကွန်ဂရက်မှာ နိုင်ငံတော်အခြေပြုမိန့်ခွန်းတစ်ရပ်ပြောကြားရာမှာ သမ္မတ ဒေါ်နယ်ထရန့်က အခုလို ကြေညာလိုက်တာဖြစ်ပြီး တွေ့ဆုံဆွေးနွေးမယ့် နေရာအသေးစိတ်ကိုတော့ ပြောဆိုခြင်းမရှိပေမယ့် ဟနွိုင်းနဲ့ ဒါနန်းမြို့တွေဖြစ်နိုင်ဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေ ပြန်လွှတ်ပေးခဲ့သလို နျူကလီးယားစပ်သပ်မှုတွေ ရပ်ဆိုင်းခဲ့ကြောင်းနဲ့ ၁၅ လတိုင်အောင် ဒုံးပျံပစ်လွှတ်တာတွေ မလုပ်ခဲ့ဘူးလို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ၎င်းတို့နှစ်ဦးရဲ့ ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲကို လွန်ခဲ့တဲ့နှစ် ဇွန်လအတွင်းက စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့ပြီး နျူကလီးယားစွန့်လွှတ်ရေးနဲ့ ပတ်သက်ပြီး ယေဘူယျဆန်တဲ့ သဘောတူညီချက်တွေသာ ရရှိခဲ့ပါတယ်။ ဒုတိယအကြိမ်…
Read More