Voice Of Myanmar ရဲ့ သတင်းစုံလင် မြန်ပြည်တခွင် ဇန်နဝါရီ ၂၄ ညနေခင်းအစီအစဉ်

ဇန်နဝါရီ၊ ၂၄- ၁- ၂၀၂၁ (VOM) – နေပြည်တော်မှာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ အစည်းအဝေးပြုလုပ် – အစိုးရအသစ်၊ သမ္မတနဲ့ UEC ကို ထောက်ခံပွဲ ရန်ကုန်မှာပြုလုပ် – နေပြည်တော်မှာ စိုက်မယ်ဆိုတဲ့ မောကွန်းကျောက်တိုင်ကိစ္စ ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်တာ မဟုတ်ကြောင်း ငြင်းဆို – မောင်တောမှာ လက်နက်ကိုင် အဖွဲ့ရဲ့ ဖမ်းဆီးရိုက်နှက်ခံရသူတစ်ဦး စစ်တွေဆေးရုံရောက် – စစ်ကိုင်းမှာ သစ်တင်လာတဲ့ ပရဟိတကားက ဆိုင်ကယ်ကိုတိုက်ပြီးထွက်ပြေး – ညောင်နှစ်ပင် မွေမြူရေးခြံမှာ ပိတ်လှောင်ခံရတဲ့ ရခိုင်စစ်ရှောင်အလုပ်သမား ၄ ဦးကို ပြန်ထုတ်နိုင်ပေမယ့် အမှုကိုရုပ်သိမ်း – KNU(N.D.A) ဒုဗိုလ်မှူးကြီး ငှားရမ်းနေထိုင်တဲ့ အိမ်ထဲက လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိ – ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ရန်ကုန်မှာ စာရင်းကောက် စတဲ့ သတင်းတွေကို တင်ဆက်ထားပါတယ်။…

Read More

ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ရန်ကုန်မှာ စာရင်းကောက်

ရန်ကုန်- ဇန်နဝါရီ ၂၄ – ၂၀၂၁ ယဉ်ပပထွန်း ( VOM) ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်က ရပ်ကွက်နေပြည်သူတွေအားလုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် စာရင်းတွေစကောက်ခံနေတယ် လို့သိရပါတယ် ။ စာရင်းကောက်ယူရာမှာ ပေးထားတဲ့ဖောင်စာရွက်ပေါ်မှာတော့ အိမ်ရှိလူအားလုံး ရဲ ့ အမည် မွေးသက္ကရာဇ် မှတ်ပုံတင်အမှတ် နေရပ်လိပ်စာ ဖုန်းနံပါတ်တွေအပြင် မိမိမှာရောဂါအခံ ဘာရောဂါအခံရှိတယ်ဆိုတဲ့ အရာတွေကိုပါဖြည့်ပေးရမှာဖြစ်ပါတယ် ။ ” ဒီနေ့ကစပြီး ရန်ကုန်တစ်တိုင်းလုံးကိုစာရင်းစယူကောက်ခံတာပါ ။ နိုင်ငံတော်က ထိုးဖို့အစီအစဉ်ဖြစ်ရင် အဆင်သင့်ဖြစ်အာင်လို့ကျွန်တော် တို့အားလုံးကိုညွှန်ကြားချက်ထုတ်တာပါ ။ အဲ့ထဲမှာက အုပ်စု ပြန်ခွဲအုံးမှာပါ ။ ကာကွယ်ဆေးထိုးဖို့အသက်အပိုင်းအခြား ပထမဦးစားပေးတွေ ဒုတိယဦးစားပေးတွေ အဲ့လိုမျိုးတွေကိုပြန်ခွဲသွားအုံးမှာပါ ” လို့ သင်္ဃန်းကျွန်း ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနဲ့အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဒေါက်တာကျော်စွာဦးက VOMကိုပြောပါတယ် ။ အိန္ဒိယနိင်ငံကနေ ၂၂ ရက်နေ့ညနေပိုင်းက ကိုဗစ်ကာကွယ်ဆေး ၁…

Read More

စစ်ကိုင်းမှာ သစ်တင်လာတဲ့ ပရဟိတကားက ဆိုင်ကယ်တိုက်ထွက်ပြေး

စစ်ကိုင်း ဇန်နဝါရီ ၂၄ -၂၀၂၁ မောင်တာရာ (VOM) စစ်ကိုင်းမြို့မှာ မေတ္တာရှင် အသင်းတံဆိပ်နဲ့ ပရဟိတကားက သစ်တင်လာတယ်လို့ သတင်းအရ ဒီနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းမြို့မရဲစခန်းက နယ်ထိန်းတပ်ဖွဲ့ဝင်တွေဟာ စစ်ကိုင်းမြို့ အိုးဘိုးရပ် အသင်္ခယာစောယွန်းရုပ်တု အဝိုင်းပတ်ကနေ တားဆီးစဉ် ရပ်တန့်မပေးပဲ မောင်းနှင်းသွားတဲ့ အတွက် စစ်ကိုင်းမြို့မရဲစခန်းက တာဝန်ရှိသူတွေ၊ စစ်ကိုင်းမြို့က ပရဟိတအသင်းတွေကအဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးစဉ် ကောင်းမှုတော်ဘုရားဘက်အရောက်တွင် လိုက်မမီ၍ ထွက်ပြေးလွတ်မြောက် သွားခဲ့ပါတယ်။ ”အိုးဘို အသင်္ခယာ အဝိုင်းပတ်မှာ တားတော့ တားတဲ့ ရဲပါ ဝင်တိုက်တာ ရဲက ရှောင်တာမြန်သွားလို့, ကျွန်တော်တို့လည်း စစ်ကိုင်းမြို့အဝင် COVID ဂိတ်ကို လှမ်းအကြောင်းကြားတော့ အဲကားက COVID ဂိတ် မရောက်ခင် လှည့်ပတ်ပြေးတာ၊ အကုန်လုံး လိုက်ရင်းနဲ့ ကောင်းမှုတော်ဘက်ကျ ပျောက်သွားတာ၊ ပြီးတော့…

Read More

KNU(N.D.A) ဒုဗိုလ်မှူးကြီး ငှားရမ်းနေထိုင်တဲ့ အိမ်ထဲက လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိ

ဇန်နဝါရီ ၂၄ ၊ ၂၀၂၁ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း ကောလင်းမြို့ မြောက်အင်းရပ်ကွက် အောင်သီရိရပ် အမှတ် ၂ လမ်းမှာ ငှားရမ်းနေထိုင်တဲ့ KNU (N.D.A) အဖွဲ့က ဒုဗိုလ်မှူးကြီး တစ်ယောက်ရဲ့ နေအိမ်ကို မူးယစ်ဆေးဝါးနဲ့ ရွှေသတ္ထုသတင်းအရ ကောလင်းမြို့မရဲစခန်းမှူး ဦးဆောင်တဲ့အဖွဲ့က မနေ့ ဇန်နဝါရီ ၂၃ ရက် နေ့ခင်းပိုင်းက ဝင်ရောက်ရှာဖွေ စစ်ဆေးတဲ့အခါ လက်နက်ခဲယမ်းတွေ သိမ်းဆီးရမိတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ” ဒသမ 38 ပစ္စတိုကျည် ၁၂ တောင့်၊ USA ပစ္စတိုသေနတ်အိတ် ၁ ခု ၊ ရွှေသတ္ထုမြေအိတ် ၃၃ အိတ်၊ ဒင်မှ ပြောင်းအရှည် ၂ ဒသမ ၃ ပေရှိ ဒူးလေး သေနတ် ၁ လက်၊ ဒင်မှ ပြောင်းအရှည်…

Read More

ရုရှားအတိုက်အခံခေါင်းဆောင် ပြန်လွှတ်ပေးရေးတောင်းဆိုသူ သုံးထောင်ကျော် အဖမ်းခံရ

မော်စကို၊ ဇန်နဝါရီ-၂၄-၂၀၂၁ မျိုးဆက် (VOM) ရုရှားအတိုက်အခံခေါင်းဆောင် နာဗာနီကိုပြန်လွှတ်ပေးဖို့ တောင်းဆိုဆန္ဒပြပွဲပြီးနောက် ဆန္ဒပြသူ ၃၀၀၀ ကျော်ကို ရုရှားအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ အတိုက်အခံခေါင်းဆောင် နာဗာနီဟာ ဇန်နဝါရီ ၁၇ ရက်မှာ ဂျာမနီနိုင်ငံကနေ မိခင်နိုင်ငံရုရှားသို့ ပြန်လာပြီးနောက် လေဆိပ်အရောက်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ ရုရှားအစိုးရကို ဝေဖန်လေ့ရှိသူနာဗာနီဟာ အာရုံကြောဆိုင်ရာထိခိုက်စေတဲ့ ဓါတုလက်နက်အသုံးပြုပြီး လွန်ခဲ့တဲ့သြဂုတ်လက အဆိပ်ခတ်ခံခဲ့ရပြီးနောက် ဂျာမနီမှာဆေးကုသမှုခံယူခဲ့ရပါတယ်။ သူ့ကို ပြန်လွှတ်ပေးရေးနဲ့ပတ်သက်ပြီး မော်စကိုမြို့လယ်မှာ လူလေးသောင်းဝန်းကျင်က ဇန်နဝါရီ ၂၃ ရက်မှာ စုဝေးခဲ့ကြပါတယ်။ ခွင့်ပြုချက်မရှိပဲ ဆန္ဒပြတယ်ဆိုပြီး လူစုခွဲကြဖို့ အာဏာပိုင်များက အမိန့်ထုတ်ခဲ့ကာ မလိုက်နာသူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ နာဗာနီရဲ့ဇနီးဖြစ်သူ ယူလီယာကိုလည်း အာဏာပိုင်တွေက ခေတ္တထိန်းသိမ်းခဲ့ပါတယ်။ မြို့ကြီးနဲ့မြို့ငယ် ၁၁၀ ကျော်မှာ လူပေါင်းသုံးထောင်ထက်မနည်းကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ လွတ်လပ်တဲ့ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ပြောပါတယ်။ Ref : NHK…

Read More

‌ညောင်နှစ်ပင် မွေးမြူရေးခြံမှာ ပိတ်လှောင်ခံခဲ့ရတဲ့ ရခိုင်စစ်ရှောင် အလုပ်သမား ၄ ဦးကို ပြန်ထုတ်နိုင်ပေမယ့် အမှုကိုရုပ်သိမ်းပေးဖို့မရှိ

ဇန်နဝါရီလ ၂၄-၂၀၂၁ သိင်္ဂီထွန်း(VOM) လှည်းကူးက ညောင်နှစ်ပင် ဘဲမွေးမြူရေးခြံထဲမှာ အလုပ်လုပ်ရင်း ပိတ်ထားခံရတဲ့ ရခိုင်စစ်ရှောင် အလုပ်သမား ၄ ဦးကို ပြန်လည်ခေါ်ထုတ်နိုင်ခဲ့ပြီဖြစ်တယ်လို့ အကူညီပေးသူတွေဆီကသိရပါတယ်။ မနေ့က ဇန်နဝါရီလ ၂၃ ရက်နေ့ ညပိုင်းမှာ ပြန်လည်ခေါ်ဆောင်လာခဲ့တာဖြစ်ကြောင်း၊ အလုပ်သမားတွေဟာ မွေးမြူရေးခြံမှာ ညအချိန်ထိ အချိန်ပိုခိုင်းစေခြင်းခံရမှုကြောင့် ကျန်းမာရေးပိုင်းလည်း ထိခိုက်တာမျိုးရှိတယ်လို့ ဆိုပါတယ်။ “ကျနော့်ကိုမြို့နယ်မှူးကဖုန်းဆက်လာတယ်။အဲ့မှာဘာပြောလဲဆိုတော့ အဲ့မှာရှိတဲ့ အလုပ်သမား ၄ ယောက်ကိုငါလူမှုရေးအတိုင်းအတာနဲ့ ပြောလိုက်တယ်။ သွားခေါ်ပါတဲ့ပြောတယ်။ အဲ့ဒီတော့ညနေလောက်မှာ သွားခေါ်ကြတယ်။ ခု စစ်ရှောင်စခန်းကိုရောက်ပါပြီ။ သူတို့ကပင်ပန်းတယ်၊ မတရား ဖိအားပေးခိုင်းတော့ ၁၉ ရက်နေ့က ဆေးရုံတက်ပြီး ဆေးကုရတယ်ကြားတယ်၊ ကျန်းမာရေးသိပ်မကောင်းဘူး”လို့ ဦးအေးလိူင်က ပြောပြပါတယ်။ အဲ့ဒီ ဘဲမွေးမြူရေးခြံကနေ အလုပ်သမား ၄ ဦးလုံးကို ခေါ်ထုတ်နိုင်ခဲ့ပေမယ့် ၊ အလုပ်ရှင်ကို အမှုဖွင့်ထားမှုကိုတော့ ရုပ်သိမ်းပေးမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး…

Read More

ထိုင်ဝမ်လေပိုင်နက်ထဲကို တရုတ်ဗုံးကြဲလေယာဉ်နဲ့ တိုက်လေယာဉ်အများအပြား ကျူးကျော်ဝင်ရောက်

တိုင်ပေ၊ ဇန်နဝါရီ-၂၄-၂၀၂၁ မျိုးဆက် (VOM) တရုတ်ဗုံးကြဲလေယာဉ် ရှစ်စင်းနဲ့ တိုက်လေယာဉ်လေးစင်းတို့ဟာ ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုန်ရဲ့ အနောက်တောင်ဘက်ထောင့်သို့ ဇန်နဝါရီ ၂၃ ရက်မှာ ဝင်ရောက်ခဲ့ပြီး ကျူးကျော်လာမှုကို စောင့်ကြည့်ဖို့ ဒုံးပျံတွေဖြန့်ကြက်ခဲ့ရတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားတဲ့ တရုတ်နိုင်ငံဟာ မကြာသေးမီကလည်း ထိုင်ဝမ်တောင်ပိုင်းနဲ့ တောင်တရုတ်ပင်လယ်ရှိ ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ပရာတက်ကျွန်းစုအကြားမှာ လေယာဉ်ပျံသန်းမှုတွေကို နေ့စဉ်နီးပါး လုပ်ဆောင်ခဲ့ပြီး ကင်းထောက်လေယာဉ် တစ်စင်းသို့မဟုတ် နှစ်စင်းသာ ပါဝင်လေ့ရှိပါတယ်။ ဒါပေမယ့် ယခုတစ်ကြိမ်မှာတော့ တရုတ်တိုက်လေယာဉ်အများအပြား ထိုင်ဝမ်လေပိုင်နက်အတွင်း ဝင်ရောက်ခဲ့တာဖြစ်ပြီး နျူကလီးယားဗုံးတင်ဆောင်နိုင်တဲ့ အိပ်ချ်-၆ကေ ဗုံးကြဲလေယာဉ်ရှစ်စင်းနဲ့ ဂျေ-၁၆ တိုက်လေယာဉ်လေးစင်း စုဖွဲ့ပျံသန်းမှုဟာ ပုံမှန်မဟုတ်ဘူးလို့ ထိုင်ဝမ်စစ်ဘက်ကပြောပါတယ်။ ထိုင်ဝမ်စစ်ဘက်ဟာ တရုတ်လေယာဉ်တွေ ထွက်ခွာသွားဖို့ သတိပေးချက်တွေထုတ်ပြန်ခဲ့ပြီးသူ တို့ကိုစောင့်ကြည့်ရန် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဖြန့်ကြက်ခဲ့ရကာ ဒီလိုလှုပ်ရှားမှုတွေအတွက် ဘယ်လိုတုံ့ပြန်သွားမယ်ဆိုတဲ့ စံသတ်မှတ်ချက်တွေကို သတိပေးပြောဆိုခဲ့ရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ထိုင်ဝမ်အပေါ်…

Read More

မဲရုံစောင့်ဆရာ၊ဆရာမတွေ တရားစွဲခံရတဲ့ကိစ္စ အခြေခံပညာဦးစီးဌာနက ကူညီပေးမယ်ဆိုပေမယ့် ထိရောက်တဲ့ကူညီမှု ခုချိန်ထိမရသေး

ဇန်နဝါရီ ၂၄-၂၀၂၁ သိင်္ဂီထွန်း(VOM) ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ရင်း တရားစွဲဆိုခံထားရတဲ့ ဆရာ ဆရာမတွေကို အခြေခံပညာဦးစီးဌာနက ဥပဒေကြောင်းအရ ကူညီပေးမယ်လို့ အမိန့်ထုတ်ထားပေမယ့် ထိရောက်တဲ့ကူညီမှုတော့ ခုချိန်ထိမရရှိသေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာများအဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူကပြောဆိုလိုက်ပါတယ်။ ဒါ့ကြောင့် တရားရင်ဆိုင် နေရတဲ့ ဆရာ ဆရာမတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာများအဖွဲ့ချုပ်နဲ့ ရှေ့နေများကွန်ယက်ကနေ ဥပဒေ ကြောင်းဆိုင်ရာတွေ၊ တရားရင်ဆိုင်မှုအတွက် သွားလာရေးစရိတ်ကုန်ကျမှုကို အကူအညီ ပေးနေရတယ်လို့ သိရပါတယ်။ “ကာယကံရှင်ဆီကို ထိရောက်တဲ့အကူအညီရောက်မလာဘူး။ စာရွက်ပေါ်ကနေ ကျနော်တို့က ကူညီပေးဖို့စီစဉ်ထားပါတယ်ဆိုတဲ့ အပေါ်စီးဆန်ဆန် အမိန့်စာပဲရှိတယ်။ ဘယ်နေရာဘယ်ဒေသမှာဖြစ်နေတယ်ဆိုတာသက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးတွေကောင်းကောင်းသိတယ်။ပျော်ဘွယ်ဆိုရုံးချိန်း ၅ ချိန်း ရှိပြီ၊ဆရာ ဆရာမတွေဆီလာမတွေ့ဘူးဗျ၊ပြောတာပဲ ရှိတယ်။အဲ့တော့တရားစွဲခွင့်ပြုလိုက်တာက သူတို့ကပြုလိုက်တာပဲ ပြီးတော့ကျမှ သူတို့ကဘာမှထိရောက်တဲ့အကူအညီမရောက်သေးတာပဲ”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာများအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးဇော်မျိုးလိူင်က ပြောပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာများအဖွဲ့ချုပ်အနေနဲ့ ချောင်းသာနဲ့ ပျော်ဘွယ်တို့က တရားရင်ဆိုင်နေရတဲ့…

Read More

နေပြည်တော်မှာစိုက်မယ်ဆိုတဲ့ မော်ကွန်းကျောက်တိုင်ကိစ္စ ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်တာမဟုတ်ကြောင်း ငြင်းဆို

ဇန်နဝါရီ၊၂၄၊၂၀၂၁ အေးချမ်းသူ(VOM) နေပြည်တော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရှေမှာ စိုက်ထူမယ့် တိုင်းပြုပြည်ပြုကျော က်တိုင်စိုက်ထူမယ့် ကိစွဟာ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်တာမဟုတ်ဘူးလို့ ပါတီဘက်က ငြင်းဆိုလိုက်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိဦးသိန်းထွန်းဦးက “နေပြည်တော်မှာ တိုင်းပြုပြည်ပြု မော်ကွန်းကျောက်တိုင်စိုက်ထူမဲ့ကိစွ သတင်းစကားတွေ ကြားရတယ် ဒါနဲ့ပါတ်သတ်ပြီး ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်တယ်ဆိုပြီး စွပ်စွဲလာတာရှိတယ် ကျနော်တို့ ပါတီအနေနဲ့ ဦးဆောင်တာမရှိပါဘူး” လို့ ပြောပါတယ်။ တိုင်းပြုပြည်ပြု မော်ကွန်းကျောက်စာတိုင်ကို ဇန်နဝါရီ ၂၈ရက်နေ့မှာ  အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ စိုက်ထူသွားဖို့ရှိတယ်လို့ YDPပါတီ တွဲဘက်အတွင်းရေးမှုး ဒေါ်မိုးမိုးခိုင်ကပြောပါတယ်။ “အစ်မတို့က ၂၈ရက်နေ့မှ Zerroမိုင်က စထွက်မှာ နေပြည်တော်မှာ အားလုံးပေါ့ လာပြီးဝန်းရံပေးကြမှာပါ” လို့ ဆိုထားပါတယ်။ YDPပါတီမ အတွင်းရေးမှုးမိုက်ကယ်ကျော်မြင့်ကတော့ တရားခံပြေးအမှုနဲ့ ရဲတပ်ဖွဲ့က လိုက်ဖမ်းနေပေမယ့် နေပြည်တော်က တိုင်းပြုပြည်ပြုမော်ကွန်း ကျောက်တိုင်စိုက်ထူပြီးမှသာ အဖမ်းခံမှာဖြစ်တယ်လို့ ပြောထားပါတယ်။ မိုက်ကယ်ကျော်မြင့်ကို ပြည်ခိုင်ဖြိုးပါတီကို ဝှက်ထားပေးတယ်လို့ သတင်းတွေထွက်နေတဲ့အပေါ် ပြည်ခိုင်ဖြိုးပါတီ…

Read More

ဖားကန့်မှာ ကိုဗစ်ကြောင့် တယောက်ထပ်သေ

ဖားကန့်-ဇန်နဝါရီ ၂၄-၂၀၂၁ ဇော်မိုးထက် (VOM) ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လုံးခင်းပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ အမျိုးသားတဦး ဇန်နဝါရီ ၂၄ရက် မနက် တနာရီလောက်က သေဆုံးသွားခဲ့တယ်လို့ လုံးခင်း ဆေးရုံက သိရပါတယ်။ “သေဆုံးသူဟာ လုံးခင်းကျေးရွာ ရပ်ကွက်(၄) က အသက်(၈၃)နှစ်အရွယ်အမျိုးသားတဦး ဖြစ်ပြီး ဇန်နဝါရီလ၂၂ရက်နေ့မနက်က အသက်ရှူကြပ်တဲ့ဝေဒနာခံစားရလို့ ဆေးရုံကို ဆေးကုသမှု လာရောက် ခံယူခဲ့တာလို့ လုံးခင်းဆေးရုံအုပ်ကြီး ဒေါက်တာကျော်မျိုးထွန်းက အတည်ပြုပြောပါတယ် “၂၂ရက်နေ့ကအသက် ရှူကြပ်လို့ ဆေးရုံရောက်လာတယ် ။ Swab ယူပြီး မြစ်ကြီးနားပို့ပြီးစစ်တာ Positive ထွက်တယ် ။ ညက တနာရီကျော်လောက်မှာ ဆုံးသွားတာ “လို့ လုံးခင်း တိုက်နယ် ဆေးရုံအုပ်ကြီးက ပြောပါတယ် ။ ဖားကန့်မြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးသူနှစ်ဦးရှိခဲ့ပြီ ဖြစ်ပါတယ် ။2020ခုနှစ် ဒီဇင်ဘာ ၂၅…

Read More
VOM News

FREE
VIEW