စက်တင်ဘာ ၁၁-၂၀၂၁ ထွန်းတောက်(VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့ရပ်ကွက်တိုင်းမှာ တနေ့လုပ်တနေ့စားအခြေခံလူတန်းစားတွေအများအပြားရှိနေပါတယ်။ အဲ့ဒီအခြေခံလူတန်းစားတွေအနေနဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းနဲ့ ကိုဗစ်ကာလမှာ အလုပ်လက်မဲ့အခြေအနေတွေကြောင့် စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ့လာကြတာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် အလံဖြူတွေထောင်ပြီး အကူအညီတောင်းခံစားသောက်ခဲ့ကြပေမယ့် တနေ့ထက်တနေ့ အလံဖြူထောင်တဲ့မိသားစုတွေများပြားလာတဲ့အတွက် အလှူရှင်တွေအနေနဲ့လည်း လှူဒါန်းမှုတွေလျော့နည်းလာတယ်လို့ သိရပါတယ်။ တချို့အလှူရှင်တွေမှာတော့ မုန့်ဟင်းခါး၊ ဆန်ပြုတ် စတာတွေကို တပိုင်တနိုင် ချက်ပြုတ်လှူဒါန်းမှုတွေရှိနေပြီး စားဝတ်နေရေးကျပ်တည်းနေသူတွေမှာ အဲ့ဒီအလှူရှင်တွေကိုပဲ အမှီပြုစားသောက်နေကြရတယ်လို့ ပြောဆိုကြပါတယ်။ အခုလိုအခြေအနေတွေဖြစ်နေတဲ့အပြင် ပြီးခဲ့တဲ့စက်တင်ဘာ (၇) ရက်နေ့က NUG ရဲ့ ကြေညာချက်ကြောင့် မုံရွာမြို့ပေါ်ရပ်ကွက်တွေက ပြည်သူတွေအပါအဝင် ကျေးလက်တောရွာကပြည်သူတွေကပါ စားနပ်ရိက္ခာဝယ်ယူစုဆောင်းမှုတွေ ရှိလာခဲ့ပါတယ်။ အခုလိုအချိန်မှာ စီးပွားရေးအဆင်ပြေနေသူတွေက ဝယ်ယူစုဆောင်းနိုင်ကြပေမယ့် စားဝတ်နေရေးကျပ်တည်းနေတဲ့ အခြေခံလူတန်းစားတွေအနေနဲ့ကတော့ ဝယ်ယူစုဆောင်းနိုင်ခြင်းမရှိဘူးလို့ ပြောဆိုကြပါတယ်။ လက်ရှိအချိန်မှာ အဲ့ဒီကြေညာချက်ထုတ်ပြီးကတည်းက မုံရွာမြို့နဲ့အနီးတဝိုက်မှာ နေ့စဉ်ဆိုသလို ပစ်ခတ်မှုတွေ၊ ပေါက်ကွဲမှုတွေရှိနေတဲ့အတွက် အလုပ်အကိုင်နဲ့သွားရေးလာရေးတွေပါ ပိုမိုခက်ခဲလာကြပါတယ်။ ဒါ့ကြောင့် အခြေခံလူတန်းစားတွေအနေနဲ့…
Read MoreMonth: September 2021
မင်းကင်းနယ်က လူ၄ယောက်ကို လက်နက်ကိုင်အဖွဲ့တခုကဖမ်းပြီး ပစ်သတ်ပေမယ့် တယောက်မသေဘဲလွတ်မြောက်လာ
စက်တင်ဘာ ၊ ၁၀ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့နယ် သင်တောကျေးရွာအုပ်စု ၊ ကမ်းပြည့်ကျေးရွာမှ ရောက်ရှိနေတဲ့ လမ်းတံတား တည်ဆောက်ရေး အထူး (၇) အဖွဲ့ကဆိုတဲ့ လမ်းလုပ်သားတွေကို ဩဂုတ်လ ၇ ရက် ည ၈ နာရီ အချိန်မှာ သေနတ်တွေကိုင်ဆောင်ထားတဲ့ လူအယောက် ၅၀ ကျော်က ဖမ်းဆီးခေါ်ဆောင်သွားပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်တခုဖြစ်ခဲ့တယ်လို့ မင်းကင်းနယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ မင်းကင်းမြို့နယ် ကမ်းပြည့်ရွာခံ တစ်ယောက်ပြောပြတာက “အောင်ဆန်းဦးရဲ့ အိမ်ကိုဝင်ရောက်လာခဲ့ပြီး အဲ့ဒီအိမ်မှာ တည်းခိုနေတဲ့ လမ်းတံတား တည်ဆောက်ရေး အထူး ၇ အဖွဲ့က လမ်းလုပ်သား ၃ ယောက်နဲ့ အိမ်ရှင် ကိုအောင်ဆန်းဦး အပါအဝင် လူ ၄ ယောက်ကို…
Read Moreနှစ်နိုင်ငံပြိုင်ဆိုင်မှုမှ ပဋိပက္ခဖြစ်မလာဖို့ ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့ ဆွေးနွေး
၀ါရှင်တန်၊ စက်တင်ဘာ-၁၀-၂၀၂၁ မျိုးဆက်(VOM) အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ ခုနှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာ ၉ ရက်မှာ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ကြပါတယ်။ သမ္မတနှစ်ဦးဟာ နှစ်နိုင်ငံဘုံအကျိုးစီးပွားအတွက် နယ်ပယ်ကဏ္ဍအသီးသီးနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။ ဒီဆွေးနွေးမှုဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား ယှဉ်ပြိုင်မှုတွေကို တာ၀န်ယူစီမံဖို့ အမေရိကန်ရဲ့ စဉ်ဆက်မပြတ်ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ အိမ်ဖြူတော်ကဆိုပါတယ်။ ယှဉ်ပြိုင်မှုတွေကတစ်ဆင့် ပဋိပက္ခတွေဖြစ်မလာဖို့ နှစ်နိုင်ငံစလုံးမှာ တာ၀န်ရှိတယ်လို့ သမ္မတနှစ်ဦးက ဆွေးနွေးခဲ့ကြကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။ ဒီလို တယ်လီဖုန်းဆက်သွယ်ဆွေးနွေးတာဟာ သမ္မတဂျိုးဘိုင်ဒင် အာဏာရပြီးနောက် ဒုတိယအကြိမ်မြောက် ဆွေးနွေးမှုလည်းဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးတွေဟာ ကုန်သွယ်ရေး၊ သူလျှိုကိစ္စနဲ့ ကပ်ရောဂါလိုမျိုး ပြဿနာတွေကြောင့် တင်းမာနေပါတယ်။ Ref: BBC Photo: Getty…
Read Moreဆန်တွေတင်လာတဲ့ကားတစ်စီး ဗုံးခွဲခံရပြီး ယာဉ်မောင်း အရပ်သားတစ်ဦး သေဆုံး
စက်တင်ဘာ ၁၀-၂၀၂၁ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် နမ့်တောင်းနဲ့ ကြူကုတ် (ပန်ဆိုင်း)ကြား လုံခန်ရွာအနီးမှာ ဆန်အိတ်တွေတင်လာတဲ့ကားတစ်စီး ဗုံးခွဲခံရပြီး ယာဉ်မောင်းဖြစ်သူ အရပ်သားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဆန်တင်တဲ့ တရုတ် တုံဖုန်းကားအသေးပါ။ ကားမောင်းတဲ့သူလည်း အဲ့ဒီကားထဲမှာ သေဆုံးနေတယ်။ စစ်ကားတော့ မဟုတ်ဘူး။ ကားတော့ လဲသွားတာ။ ဆန်တင်ထားတာ မြင်တယ်။ နမ့်တောင်းအဝင် လွယ်ဝိန်း၊ လုံခန် – လွယ်ဝိန်းအောက်က အကွေ့မှာ စစ်တပ်ရဲ့ ရိက္ခာတင်လာတဲ့ တုံဖုန်းကားကို နေ့ခင်း ၁ နာရီ ကျော်ခန့်မှာ လာဖောက်ခွဲပစ်လိုက်တာ၊ ကားသမားတော့ အဲ့ဒီနေရာမှာပဲ သေသွားပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ နမ့်တောင်းအကျော် ကြူကုတ် (ပန်ဆိုင်း)သွားတဲ့…
Read Moreဂျပန်နိုင်ငံမှာ အီတာ သန္ဓေပြောင်းဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်မှု စတင်တွေ့ရှိ
တိုကျို၊ စက်တင်ဘာ-၁၀-၂၀၂၁ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ အီတာသန္ဓေပြောင်းဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှု ၁၈ ခုကို တွေ့ရှိခဲ့တယ်လို့ ဂျပန်ကျန်းမာရေး၀န်ကြီးဌာနက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်လိုကပါတယ်။ ဒါဟာ နိုင်ငံအတွင်းမှာ အဲဒီ ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုကို ပထမဆုံးအကြိမ် အတည်ပြုလိုက်တာဖြစ်ပါတယ်။ အီတာဗိုင်းရပ်စ်မျိုးကွဲကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက ဗြိတိန်နိုင်ငံမှာ ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပြီး စောင့်ကြည့်လေ့လာရမယ့် ဗိုင်းရပ်စ်မျိုးကွဲအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားပါတယ်။ လက်ရှိကူးစက်ခံရသူတွေကတော့ ပြီးခဲ့တဲနှစ်ဒီဇင်ဘာကနေ စက်တင်ဘာ ၃ ရက်အတွင်း ဂျပန်နိုင်ငံကို ရောက်ရှိပြီးနောက် ကွာရန်တင်းစင်တာတွေမှာ ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိသူတွေဆီကနေ နမူနာတွေကို ရယူစမ်းသပ်ခဲ့ရာ အီတာသန္ဓေပြောင်းဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုခံရသူ ၁၈ ခုဦးကို တွေ့ရှိခဲ့ရတယ်လို့ ဂျပန်ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ လက်ရှိမှတော့ အီတာသန္ဓေပြောင်းဗိုင်းရပ်စ် မျိုးကွဲဟာ အမေရိကနနဲ့…
Read Moreဂန့်ဂေါ ကလေး ကားလမ်းဘက်က ရွာတချို့မှာ တိုက်ပွဲဖြစ်လို့ နှစ်ဖက်ကျဆုံးမှုရှိ
စက်တင်ဘာ ၊ ၁၀ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) မကွေးတိုင်း ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ဂန့်ဂေါ ကလေး ကားလမ်းဘက်ရွာတွေမှာ မနေ့ စက်တင်ဘာ ၉ ရက် ညနေပိုင်းက စစ်တပ်နဲ့ အရပ်သား လက်နက်ကိုင်တွေ ပစ်ခတ်မှုတွေကြောင့် သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ ဂန့်ဂေါမြောက်ပိုင်းမှာရှိတဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အဲ့ဒီ ၂ ဖက် ပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာတွေနဲ့ နီးကပ်စွာရှိတဲ့ တောင်ခင်ရန်းရွာခံ တစ်ယောက်က ” စစ်သားတွေက ကင်းလှည့်လာတယ် ၊ အဲ့ဒါကို ၉ ရက် ၉ လ 99 တိုက်ပွဲဆိုပြီး ရွာဘက်က ကလေးတွေက မိုင်းဖောက်ခွဲပြီး ပစ်ခတ်တာတွေ လုပ်တယ် ၊ အဲ့ဒီမှာ ၂ ဖက် ပစ်ခတ်မှုတွေ…
Read Moreတွံတေးနယ် ကံဘဲ့ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၉၊၂၀၂၁ KK(VOM) ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ကံဘဲ့ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ဒီကနေ့ မနက်၉နာရီက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” တွံတေးမြို့နယ် ကံဘဲ့ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ဒီကနေ့ မနက်ပိုင်းက ဦးစီးမှုး ဖုန်းဆက်ခေါ်လို့ သွားတဲ့အချိန် တွံတေး၊ဒလ၊ ကော့မှူးကန်ပတ်လမ်းဆုံမီးပွိုင့်အနီးမှာ အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့တယ်၊ လမ်းဆုံမှာ အပစ်ခံရတာ ကားပေါ်က ပစ်သွားတာ ဘယ်အဖွဲ့ကပစ်လဲ တော့မသိဘူး ပွဲချင်းပြီးသေတာ” လို့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။ သေဆုံးသူဟာ ကံဘဲ့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လှ၊ အသက် ၅၅နှစ် ဆိုသူဖြစ်ပြီး ဦးခေါင်း ယာဘက်နားထင် ကျည်ထိမှန်ခဲ့ပြီး သေဆုံးခဲ့ကာ ရုပ်အလောင်းကို တွံတေးဆေးရုံပို့ထားတယ်လို့ သိရပါတယ်။ လက်တလော အခင်းဖြစ်ပွားရာ ကံဘဲ့လမ်းဆုံနဲ့ကံဘဲ့ကျေးရွာအတွင်း စစ်တပ်နဲ့ရဲတွေက စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။…
Read Moreအာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာ့အရေးအားထုတ်မှု အပြည့်အဝထောက်ခံမယ်လို့ ဂျပန်ကတိပြု
တိုကျို၊ စက်တင်ဘာ-၉-၂၀၂၁ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာဖြစ်ပွာနေတဲ့ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof ရဲ့အားထုတ်မှုတွေကို ဂျပန်နိုင်ငံက အပြည့်အဝထောက်ခံတယ်လို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီး တိုရှီမစ်ဆုမိုတီဂီက စက်တင်ဘာ ၈ ရက်မှာကတိပြုပြောဆိုလိုက်ပါတယ်။ အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof ဟာမြန်မာနိုင်ငံကို ဖြစ်နိုင်သမျှ အစောဆုံးသွားရောက်ဖို့ဆန္ဒပြင်းပြနေတယ်လို့ မိုတီဂီနဲ့ မိနစ် ၃၀ ကြာ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးရာမှာ ပြောကြားခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာနက ဆိုပါတယ်။ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ နိုင်ငံရေးမှာပါ၀င်ပတ်သက်သူတွေအားလုံးနဲ့ တတ်နိုင်သမျှ တွေ့ဆုံဆွေးနွေးဖို့ အရေးကြီးကြောင်းနဲ့ သူ့ရဲ့ လုပ်ငန်းစဉ်တွေအောင်မြင်ဖို့ တတ်နိုင်တာအားလုံး ဂျပန်နိုင်ငံကကူညီသွားမယ်လို့ နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စက်တင်ဘာလလယ်ကစပြီး မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ချောချောမွေ့မွေ့ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးအနေနဲ့ လေးလကြာအပစ်အခတ်ရပ်စဲဖို့ကို အာဆီယံအထူးကိယ်စားလှယ်က တောင်းဆိုထားပါတယ်။ …
Read Moreလှိုင်မြို့နယ်မှာ ဧည့်စာရင်းစစ်ရင်း ဖမ်းဆီးခံရသူ ၁၀၀ကျော်ကို အကုန်ပြန်လွှတ်
ရန်ကုန်၊စက်တင်ဘာ ၉-၂၀၂၁ KK+CKC(VOM) ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၃ရပ်ကွက်မှာ မနေ့စက်တင်ဘာ ၈ရက်နေ့ ညပိုင်းက ဧည့်စာရင်းစစ်ဆေးပြီး ဖမ်းဆီးခဲ့တဲ့လူဦးရေ၁၀၀ကျော်ကို ဒီကနေ့ မနက်ပိုင်းကပဲ အကုန်ပြန်လွှတ်ပေးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေကနေ သိရပါတယ်။ ၁၃ရပ်ကွက်အတွင်း ဧည့်စာရင်းနဲ့ဖမ်းဆီးခံရသူ စုစုပေါင်း ၁၂၂ ယောက်ရှိပြီး လှိုင်မြို့နယ်မြို့မရဲစခန်းက ဒီကနေ့ မနက် ၁၀နာရီလောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ အသောကလမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ “ပိုက်ဆံမပေးရပါဘူး ဒီအတိုင်းပဲ ပြန်လွှတ်တာ၊ ဖုန်းတွေမှတ်ပုံတင်တွေလည်း အကုန်ပြန်ပေးတယ်၊ အကုန်ပြန်လွှတ်ပါပြီ”လို့ သူကပြောပါတယ်။ လှိုင်မြို့မရဲစခန်းက ပြန်လွတ်လာသူတွေဟာ မနေ့ညက လှိုင်မြို့နယ် ၁၃ရပ်ကွက် အသောကလမ်းနဲ့မဟာဆွေလမ်းမှာ ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပါတယ်။ ” ၁၂၀ကျော်ပါဗျ၊ ဟုတ်ကဲ့အကုန်လုံးပြန်လွတ်လာပြီလို့သိရပါတယ်။ ဖမ်းတာကတော့ ဧည့်စာရင်းမတိုင်လို့ရယ် ၊ ဧည့်စာရင်းတိုင်ထားတာ ရက်လွန်သွားလို့ရယ် ၊ အဲ့တာတွေကြောင့်ပါ ”…
Read Moreဖိလစ်ပိုင်သမ္မတ ဒူတာတေး ဒုသမ္မတနေရာအတွက် ရွေးကောက်ပွဲ၀င်မယ်
မနီလာ၊ စက်တင်ဘာ-၉-၂၀၂၁ မျိုးဆက် (VOM) ဖိလစ်ပိုင်နိုင်ငံရဲ့ လက်ရှိသမ္မတဒူတာတေးဟာ လာမယ့်နှစ်ရွေးကောက်ပွဲတွင် ဒုတိယသမ္မတနေရာက ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပါတီရဲ့ အမည်စာရင်းတင်သွင်းမှုကို စက်တင်ဘာ ၉ ရက်မှာ လက်ခံလိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဒူတာတေးဟာ သမ္မတသက်တမ်းနောက်တစ်ကြိမ် ထမ်းဆောင်ခွင့်မရှိတော့ပါဘူး။ ဒါပေမယ့် ဒုသမ္မတနေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်ဖို့ လုပ်ဆောင်တာဟာ နိုင်ငံ့အာဏာကို ဆက်လက်ထိန်းချုပ်ဖို့လို့ အတိုက်အခံတွေက စွပ်စွဲထားပါတယ်။ ဒါပေမာ့်သမ္မတဒူတာတေးကတော့ သူဟာ တိုင်းပြည်ကိုချစ်တဲ့စိတ်ကြောင့် ဒုတိယသမ္မတနေရာက ၀င်ရောက် အရွေးချယ်ခံခြင်းဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။ သမ္မတနေရာ ၀င်ရောက်ယှဉ်ပြိုင်မယ့် မိတ်ဖက်အဖြစ် နိုင်ငံရေး အတွေ့အကြုံနည်းသူကို ဒူတာတေးက ရွေးချယ်မယ်လို့ ထင်ကြေးတွေလည်း ထွက်ပေါ်နေပါတယ်။ သမ္မတဒူတာတေးဟာ နိုင်ငံအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေကို အကြီးအကျယ်လုပ်ဆောင်ခဲ့ပြီး သူ့ရဲ့သမ္မတသက်တမ်း ခြောက်လအတွင်းမှာလုပ်ခဲ့တဲ့ မူးယစ်စစ်ပွဲအတွင်း လူ ၇၀၀၀ ကျော်သေဆုံးခဲ့တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့…
Read More