VOMရဲ့ သိပ္ပံနဲ့ နည်းပညာ ကဏ္ဍ

မျိုးဆက်(VOM)

(၁)-ဥာဏ်ရည်တုနည်းပညာကြောင့် အလုပ်အကိုင်နေရာ သန်း ၃၀၀ ကျော်ဆုံးရှုံးဖွယ်ရှိ

တိုးတက်လာတဲ့ ဥာဏ်ရည်တုနည်းပညာကြောင့် ကမ္ဘာပေါ်မှာလူသားတွေလုပ်ကိုင်နေတဲ့ အချိန်ပြည့်အလုပ်ပေါင်း သန်း ၃၀၀ ကျော်ဆုံးရှုံးဖွယ်ရှိကြောင်း မကြာသေးမီက ထုတ်ပြန်တဲ့ ကျွမ်းကျင်သူတွေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဥာဏ်ရည်တုနည်းပညာက အမေရိကန်နဲ့ ဥရောပဒေသရှိ အလုပ်အကိုင်လေးပုံတစ်ပုံကို အစားထိုးနိုင်ဖွယ်ရှိနေပြီး ဒီလိုနည်းပညာကအစားထိုးမှုကြောင့် ကုန်ထုတ်စွမ်းအားတိုးလာနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုရဲ့ ၇ ရာခိုင်နှုန်း တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

ဥာဏ်ရည်တုနည်းပညာရဲ့သက်ရောက်မှုဟာ ကဏ္ဍအသီးသီးပေးမူတည်ပြီး ကွဲပြားခြားနားမှာဖြစ်ကာ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းဆောင်တာတွေရဲ့၄၆ ရာခိုင်နှုန်း၊ တရားရေးဆိုင်ရာလုပ်ငန်းတွေမှာ ၄၄ ရာခိုင်နှုန်းနဲ့ ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာတော့ ၆ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်းအသီးသီး အစားထိုးနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မိုကခရိုဆော့ဖ်ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်ကတော့ ဥာဏ်ရည်တုနည်းပညာတိုးတက်မှုဟာ ဆယ်စုနှစ်အတွင်း အမြင့်ဆုံးဖြစ်လာနေပြီး လူတွေရဲ့အလုပ်အကိုင်၊ ပညာသင်ယူမှု၊ ခရီးသွားလာမှု၊ အချင်းချင်းအပြန်အလှန်ဆက်သွယ်မှုပုံစံတို့ ပြောင်းလဲသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။လကမ္ဘာခရီးစဉ်စေလွှတ်ဖို့

(၂) -၂၀၂၆ ခုနှစ်မှာ လကမ္ဘာပေါ်လူသားတွေခြေချဖို့ နာဆာကြိုးပမ်းနေ

အမေရိကန်အာကာသအေဂျင်စီ (နာဆာ)ဟာ ၁၉၇၂ ခုနှစ် အပိုလို-၁၇ နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် လူလိုက်ပါမယ့် စီစဉ်နေပါတယ်။

နာဆာဟာ လူလိုက်ပါခြင်းမရှိတဲ့ Artemis I မစ်ရှင်မှာ စွမ်းရည်မြင့်ဒုံးပျံ၊ လွှတ်တင်ရေးစနစ်တို့ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီးနောက် လူလိုက်ပါတဲ့လကမ္ဘာခရီးစဉ်အဖြစ် Artemis II မစ်ရှင်ကို ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ စေလွှတ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဒီခရီစဉ်ကို လာမယ့်နှစ် နို၀င်ဘာလမှာစေလွှတ်ဖို့ နာဆာကပြင်ဆင်နေပြီး အာကာသယာဉ်မှူးတွေဟာ လကမ္ဘာ၀န်းကျင်ကို Orion အာကာသာဉ်နဲ့ သွားရောက်မှာဖြစ်ပြီး အောင်မြင်ခဲ့မယ်ဆိုရင်တော့ ၂၀၂၆ ခုနှစ်မှာ လကမ္ဘာပေါ်ဆင်းသက်ခြေချမယ့် Artemis III မစ်ရှင်ကို စေလွှတ်သွားမှာဖြစ်ပါတယ်။

လူလိုက်ပါခြင်းမရှိတဲ့ Artemis I မစ်ရှင်ကတော့ လကမ္ဘာ၀န်းကျင်ကို ၂၅ ရက်ကြာသွားရောက်ခဲ့ပြီးနောက် ဒီဇင်ဘာလမှာအဆုံးသတ်ခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာထဲကို ဘေးကင်းလုံခြုံစွာနဲ့ ဆင်းသက်နိုင်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် နို၀င်ဘာလမှာစေလွှတ်မယ့် Artemis II မစ်ရှင်မှာတော့ အာကာသယာဉ်မှူးလေးဦး လိုက်ပါသွားမှာဖြစ်ပြီး လကမ္ဘာ၀န်းကျင်းမှာ စူးစမ်းလေ့လာမှုတွေ ဆောင်ရွက်သွားမယ်လို့ နာဆာက ထုတ်ပြန်ထားပါတယ်။

(၃)- ၂၀၂၈ ခုနှစ်မှာ 6G ကွန်ရက်၀န်ဆောင်မှုပေးတော့မယ်လို့ တောင်ကိုရီးယားကြေညာ

တောင်ကိုရီးယားနိုင်ငံဟာ မြန်နှုန်းမြင့် 6G ကွန်ရက်၀န်ဆောင်မှုပေးမယ့် စီမံကိန်းကို လွန်ခဲ့တဲ့သီတင်းပတ်အတွင်းက ကြေညာလိုက်ပြီး ဒီ၀န်ဆောင်မှုကို ၂၀၂၈ ခုနှစ်မှာ စတင်မယ်လို့ ကြေညာလိုက်ပါတယ်။

တောင်ကိုရီးယား သိပ္ပံနဲ့နည်းပညာ၀န်ကြီးဌာနဟာ K-Network စီမံကိန်းအရ 6G ကွန်ရက်ကို ကနဦးစီစဉ်ထားတဲ့ ၂၀၃၀ ခုနှစ်ထက် နှစ်နှစ်စောပြီး ၂၀၂၈ ခုနှစ်မှာ စီးပွားဖြစ်၀န်ဆောင်မှုပေးသွားမယ်လို့ ဆိုပါတယ်။

အဲဒီလို၀န်ဆောင်မှုပေးနိုင်ဖို့အတွက် 6G ကွန်ရက်နည်းပညာဆိုင်ရာ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအပြင် ကွန်ရက်နဲ့ဆက်စပ်ပစ္စည်းတွေ ထုတ်လုပ်ရေးအတွက် တောင်ကိုရီးယားအစိုးရဟာ ဒေါ်လာ ၄၈၁ ဒသမ ၇ သန်း ရင်းနှီးမြုပ်နှံမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ 6G ကွန်ရက်အတွက်လိုအပ်တဲ့ ပတ်လမ်းနိမ့်ဂြိုဟ်တုဆက်သွယ်ရေးအတွက် ပင်မနည်းပညာတွေကို တီထွင်သွားမှာဖြစ်တယ်လို့ တောင်ကိုရီးယားသိပ္ပံနဲ့နည်းပညာ၀န်ကြီးဌာနကရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် 6G နည်းပညာနဲ့ပတ်သက်ပြီး တိုးတက်မှုတွေကိုပြသဖို့အတွက် ၂၀၂၆ ခုနှစ်မှာ pre-6G vision ကို ထုတ်ဖော်ပြသသွားဦးမယ်လို့ ၀န်ကြီးဌာနကက ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ 5G ကွန်ရက်နည်းပညာကို ဖွံ့ဖြိုးပြီးနိုင်ငံကြီးအချို့မှာသာ အသုံးပြုနေကြပေမယ့် 6G နည်းပညာနဲ့ပတ်သက်ပြီး အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ကိုရီးယားနဲ့ ဂျပန်အပါအ၀င် နည်းပညာထိပ်တန်းနိုင်ငံတွေက အပြိုင်အဆိုင်အားထုတ်ကြိုးပမ်းနေကြပါတယ်။

#voiceofmyanmar #VOM #သိပ္ပံနဲ့နည်းပညာကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW