ရန်ကုန် အိမ်ခြံမြေဈေး နှစ်ဆနီးပါး မြင့်တက်နေ

ဩဂုတ် ၄ – ၂၀၂၃ SN (VOM) ရန်ကုန်အပါအဝင် ပြည်တွင်း အိမ်ခြံမြေဈေး ငြိမ်သက်မှုမရှိဘဲ အလှုပ်အခတ် များနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။ လက်ရှိမှာ ကုန်ဈေးနဲ့ကြီးမြင့်မှုနဲ့ အခြားအခြေအနေတွေကြောင့်ငွေသားလက်ဝယ် ကိုင်ဆောင်လိုသူတွေ နည်းပါးလာခဲ့ကာ တပိုင်တနိုင် ရင်းနှီးမြှုပ်နှံလိုသူတွေအနေနဲ့ ခိုင်မာမှုရှိတဲ့ လုံးချင်းအိမ်တွေ၊ ခြံတွေနဲ့ မြေကွက်တွေဘက်ကို ခြေဦးလှည့်လာလျက်ရှိ တယ်လို့ သိရပါတယ်။ “နစက က နှစ်သောင်းတန်ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေမယ်လို့ကြေညာပြီး နောက်ပိုင်းကစလို့ အိမ်ခြံမြေဈေးကွက်က လှုပ်လာတာပေါ့။ တချို့တွေကျတော့လည်း ငွေထုပ်ပိုက်ပြီး လိုက်ဝယ်တာတွေတောင်ရှိတယ်။ ချက်ချင်းငွေချေပေါ့ အဲ့လိုမျိုးဝယ်ကြတာ။ သင်္ဃန်းကျွန်းမြို့နယ်ထဲက ဒါဘာလိုနေရာမျိုးနေရာမျိုးတောင်မှ အခု သိန်း ၃၅၀ ကျော်၊ ၄၀ နား ကပ်နေပြီ။ ဈေးက တစ်ရက်နဲ့တစ်ရက်တောင် မတူဘူး။ ဒီနေ့ ဒီဈေးပြောထားပေမယ့် နောက်နေ့ အဲ့ဈေး ရချင်မှ ရတော့မယ်။ ဈေးတွေကမငြိမ်ဘူး။ နှစ်ဆနီးပါးလောက်ကို…

Read More

မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ နှလုံးရောဂါကြောင့် ဆေးရုံတက်နေရ

ကွာလာလမ်ပူ၊ သြဂုတ်-၄-၂၀၂၃ မျိုးဆက်(VOM) မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်ဟာ ကွာလာလမ်ပူရှိ အမျိုးသားနှလုံးဌာနမှာ တက်ရောက်ကုသမှုခံယူနေရကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ ဝန်ကြီးချုပ်ဟောင်း မဟာသီယာရဲ့ကျန်းမာရေး အခြေအနေကောင်းမွန်နေပြီး ဆရာဝန်တွေက အနီးကပ်စောင့်ကြည့်နေကြောင်း ဝန်ကြီးချုပ်ဟောင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အသက် ၉၈ နှစ်အရွယ် မဟာသီယာဟာ မလေးရှားနိုင်ငံရဲ့ အထင်ရှားဆုံးနိုင်ငံရေးသမားတွေထဲက တဦးဖြစ်ပြီး ဝန်ကြီးချုပ်အဖြစ် ၂၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနဲ့ ၀၂၂ ခုနှစ် ဇန်နဝါရီလတို့မှာ ဆေးစစ်ဆေးမှုခံယူဖို့အတွက် ရက်အတန်ကြာ ဆေးရုံတက်ခဲ့ရပြီး မကြာသေးမီနှစ်များအတွင်း နှလုံးရောဂါခံစားနေခဲ့ရပါတယ်။ မဟာသီယာဟာ မလေးရှားနိုင်ငံကို ၁၉၈၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်ထိ ဦးဆောင်ခဲ့ပြီး အသက် ၉၂ နှစ်အရွယ် ၂၀၁၈ ခုနှစ်မှာတော့ အာဏာပြန်လည်ရရှိကာ ပြုပြင်ပြောင်းလဲရေး ညွှန့်ပေါင်းအဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာကျင်းပတဲ့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၄ ရက်)

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၄ ရက်) Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၃၇၀ ကျပ် ဝယ်ဈေး – ၃၃၅၀ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၅၁၀ ကျပ် ဝယ်ဈေး – ၂၄၄၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၇၀ ကျပ် ဝယ်ဈေး – ၃၆၆၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၈.၀၄ ကျပ် ဝယ်ဈေး – ၉၅.၂၄ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၆၄ ကျပ် ဝယ်ဈေး – ၇၅၄ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၆၇ ကျပ် ဝယ်ဈေး –…

Read More

ငြိမ်းချမ်းရေးညီလာခံပေါ်ပေါက်လာဖို့ ဘယ်လို စိန်ခေါ်မှုတွေ ရှိနေသလဲ

သြဂုတ်-၄-၂၀၂၃ MaungMaung(VOM) လက်ရှိ ၂၀၂၃ ခုနှစ် မကုန်ခင်မှာငြိမ်းချမ်းရေးညီလာခံပေါ်ပေါက်လာနိုင်ဖွယ်ရှိနေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေကို လုပ်ဆောင်နေကြသူတွေက VOM ကို တညီတညွတ်တည်း ပြောဆိုကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက နစက ရဲ့ ဝန်ကြီးများ အပြောင်းအလဲမှာ အမျိုးသားစည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ရဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ကို ပြည်ထဲရေး ဝန်ကြီးဌာန ရဲ့ ပြည်ထောင်စုဝန်ကြီးတာဝန်ပေးလိုက်တဲ့အတွက်ကြောင့် သူ့နေရာမှာ ရောက်လာမယ့် ပုဂ္ဂိုလ်ဟာ ဘယ်သူ ဘယ်ဝါဖြစ်မယ်ဆိုတာကို တိတိကျကျ မသိနိုင်သေးပေမဲ့ အဲဒီနေရာကို ရောက်လာမယ့်သူ အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဆောင်ရွက်လိမ့်မယ်လို့ သုံးသပ်နေကြတာပါ။ “အခုဟာကPPST တို့အထဲမှာအဖွဲ့(၅)ဖွဲ့ပါတယ်။အဲဒါကALP,DKBA,KNU, KNLA(PC),LDU,PLNOတို့ဖြစ် တယ်။ အဲဒါပြီးတော့PPST ထဲမှာမပါတဲ့ NMSPလို့ခေါ်တဲ့မွန်ပြည်သစ်ပါတီ နဲ့ RCSS ပေါ့။အခု(၂)ဖွဲ့ကNCA လက်မှတ်ထိုးပြီးသားအဖွဲ့တွေဖြစ်တယ်။ သို့သော် PPST ထဲမှာ မပါဘူး။သူတို့ကတစ်ယောက်နဲ့တစ်ယောက် သုံးနှုန်းတဲ့အခါမှာ…

Read More

မက္ကဆီကိုမှာ ခရီးသည်တင်ဘတ်စ်ကား ချောက်ထဲတိမ်းမှောက်မှု (၁၅) ယောက်သေဆုံး၊ (၂၀) ကျော်ဒဏ်ရာရ

မက္ကဆီကိုစီးတီး၊ သြဂုတ်-၄-၂၀၂၃ မျိုးဆက်(VOM) မက္ကဆီကိုနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကားမတော်တဆမှုကြောင့် လူ ၁၅ ယောက်ထက်မနည်း သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိသွားကြောင်း တာဝန်ရှိသတွေကပြောပါတယ်။ အဲဒီမတော်တဆမှုသည် သြဂုတ် ၃ ရက်နံနက်ပိုင်းက ် အနောက်ပိုင်းကမ်းရိုးတန်းပြည်နယ် နာယာရစ်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘတ်စ်ကားဟာ ချောက်ထဲသို့ ထိုးကျသွားခဲ့ကြောင်း ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ ခရီးသည်တင်ဘတ်စ်ကားဟာ ပြည်နယ်မြို့တော် တီပစ်မြို့ပြင် ဘာရန်ကာဘလန်ကာအနီး အဝေးပြေးလမ်းပေါ်မှာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး မတေ်ာတဆမှုဖြစ်ပွားချိန်မှာ တီဟူနာသို့ ဦးတည်မောင်းနှင်ခဲ့ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ အခင်းဖြစ်ပွားရာနေရာကနေ အလောင်း ၁၅ လောင်းကို တွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၂၁ ဦးကို အရေးပေါ်ဌာနက ဆေးရုံ ပို့ဆောင်ပေးထားပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ခရီးသည်တင်ဘတ်စ်ကား ကုမ္ပဏီက မှတ်ချက်ပြုပြောဆိုခြင်းမရှိသေးပါဘူး။ ဘတ်စ်ကားကို ယာဉ်မောင်းကထိန်းချုပ်မှုလွတ်ကင်းသွားပြီးနောက် ချောက်ထဲသို့တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပြီး ဖြစ်စဉ်အပေါ် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။…

Read More

တရုတ်နယ်စပ် ဖြတ်ကျော်ခွင့်စာအုပ် လုပ်ရခက်သလို အလိမ်ခံရသူများလာ

ဩဂုတ် ၄၊ ၂၀၂၃ Shy V(VOM) မူဆယ်မှာ တရုတ်နယ်စပ် ဖြတ်ကျော်ခွင့်စာအုပ်လုပ်ရခက်လာသလို အလိမ်ခံရသူများလာတယ်လို့ မူဆယ်ခရိုင် ပြန်/ဆက်နဲ့ လိမ်လည်ခံရသူတွေဆီက သိရပါတယ်။ “လိမ်တာက ညီမတို့ ၁ ယောက်ဆီက လိမ်တာ မဟုတ်ဘူး၊ ရခိုင်ပြည်က ၆ ဦးနဲ့ အောက် ဗမာပြည်ဘက်က ၃ ဦးဖြစ်ပြီး သူတို့ အုပ်စုတွေက ပွဲစားငှားပေးတဲ့ တိုက်ခန်းမှာ နေထိုင်ပြီး ကိုယ့်စရိတ်နဲ့ စားသောက် လချီစောင့်ပြီး စရိတ်ပြတ်မှ ပြန်သွားကြရတယ်၊ တချို့‌‌တွေက ၁ ဦးကို သိန်း ၂၀ ကျော် နဲ့ အပြတ်ပေးထားရပြီး တချို့က တရက် ကို နှစ်သိန်း၊ သုံးသိန်း ထုတ်ပေးရတာ”လို့ ရခိုင်ပြည်နယ်က လိမ်လည်ခံရတဲ့ အမျိုးသမီး ၁ ဦးက ပြောပါတယ်။ မူဆယ်ခရိုင် ပြန်/ဆက် ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက…

Read More

စစ်ရေးအချက်အလက်တွေ တရုတ်ကိုလွှဲပြောင်းမှု အမေရိကန်ရေတပ် သင်္ဘောသားနှစ်ဦး ဖမ်းဆီးခံရ

ဝါရှင်တန်၊ သြဂုတ်-၄-၂၀၂၃ မျိုးဆက်(VOM) အမေရိကန် ကယ်လီဖိုးနီးယားရှိ အမေရိကန်ရေတပ်မှ သင်္ဘောသားနှစ်ဦးဟာ အရေးပါတဲ့ စစ်ရေးသတင်းတွေကို တရုတ်နိုင်ငံကိုပေးအပ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အသက် ၂၂ နှစ်အရွယ် ဂျင်ချာအိုဝေဆိုသူဟာ အမေရိကန်နိုင်ငံသားဖြစ်ပြီး တရုတ်အေးဂျင့်တဦးကို နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အချက်အလက်တွေ ပေးဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။ အသက် ၂၆ နှစ်အရွယ် ဝမ်ဟမ်ကျောင်ဆိုသူ သင်္ဘောအမှုထမ်းကတော့ အရေးကြီးတဲ့ ဓါတ်ပုံနဲ့ဗီဒီယိုတွေကို လွှဲပြောင်းပေးမှုအတွက် ငွေလက်ခံမှုစွဲချက်နဲ့ ဖမ်းဆီးခံထားရပါတယ်။ သူတို့တို့နှစ်ဦးစလုံးကို တရုတ်အေးဂျင့်တဦးထဲကသာ ဆက်သွယ်ခဲ့ခြင်းဟုတ်မဟုတ် ရှင်းလင်းစွာမသိရသေးပါဘူး။ မစ္စတာဝေဟာ အမေရိကန်ကုန်းရေနှစ်သွယ် ချေမှုန်းရေးသင်္ဘော ယူအက်စ်အက်စ်အက်ဆက်စ်နဲ့ပတ်သက်တဲ့ အရေးကြီး အချက်အလက်တွေကို ရယူခဲ့ကြောင်း တာဝန်ရှိသူများတွေကပြောပါတယ်။ သူဟာ အမေရိကန်နိုင်ငံသားဖြစ်ဖို့ လုပ်ငန်းစဉ်ကိုဖြတ်သန်းနေစဉ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလှာ တရုတ်အေးဂျင့်တဦးက ချဉ်းကပ်ခဲ့ကြောင်း တာဝန်ရှိသူတွေက စွပ်စွဲထားပါတယ်။ Ref: BBC Photo:AFP #voiceofmyanmar#VOM#အေမရိကန္#စစ်ရေးအချက်အလက်#လွှဲပြောင်းမှု

Read More

ယနေ့ ရွှေဈေး (သြဂုတ်-၄ ရက်)

ယနေ့ ရွှေဈေး (သြဂုတ်-၄ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၃၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၄၀၀၀၀ ကျပ် #voiceofmyanmar#ယနေ့ရွှေဈေး#dailygoldprice

Read More

This Day in History: August-4

This Day in History: August-4 Voice of Myanmar ၁၇၀၁-၁၇၁၄ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် စစ်ပွဲအတွင်း စပိန်လက်နက်ချပြီးနောက် ဗြိတိန်သည် ဂျီဘရော်တာရေလက်ကြားကို ၁၇၀၄ ခုနှစ် သြဂုတ် ၄ ရက်တွင် ထိန်းချုပ်နိုင်ခဲ့ပြီး ဗြိတိန်ရေတပ်အင်အားတောင့်တင်းမှု၏ ပြယုဒ်ဖြစ်ခဲ့သည်။ #Voiceofmyanmar#VOM#Thisdayinhistory#သမိုင်းထဲကဒီနေ့

Read More

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ အခုနှစ် ဝါဆိုသံဃာအရေအတွက် လျော့နည်းသွား

သြဂုတ် ၊ ၄ ၊ ၂၀၂၃ SP(VOM) စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ဝါဆိုသီတင်းသုံးကြတဲ့ သံဃာအရေးအတွက် ဒီနှစ်မှာ သိသိသာသာ လျော့နည်းကျဆင်းသွားတယ်လို့ မြို့နယ်သံဃနာယက ဦးဆောင်ဆရာတော်တွေဆီက သိရပါတယ်။ စစ်ကိုင်းတိုင်း သံဃာဝန်ဆောင် ဆရာတော် တစ်ပါးက ” ရေဦး ၊ ရွှေဘို ၊ ဝက်လက် ၊ ခင်ဦး ၊ တန့်ဆည် ၊ ကနီ ၊ ပုလဲ ၊ ဆားလင်းကြီး ၊ ကလေး ၊ ထီးချိုင့် ၊ အရာတော် စတဲ့မြို့နယ်တွေဘက်က ကျေးရွာတွေမှာ ဝါဆိုသံဃာ မရှိသလောက်နည်းတယ် ၊ ဘုန်းကြီးကျောင်းတွေကို သော့ခတ်ပြီး ရှောင်တိမ်းနေရတယ်၊ အဲ့ဒီလို ဘုန်းကြီးကျောင်းက သံဃာတော်တွေဟာ ၊ ရွာကကျောင်းမှာ ဝါမဆိုနိုင်ပေမယ့် ရန်ကုန် ၊ ပဲခူး ၊…

Read More
VOM News

FREE
VIEW