ရှစ်လေးလုံး လုပ်ခဲ့မိတာ မှားများ မှားသွားပြီလားဆိုပြီး နောင်တမရချင်ဘူးလို့ ဦးကိုကိုကြီး ပြော

ဇန်နဝါရီ ၂၈ – ၂၀၂၄ SN (VOM) ရှစ်လေးလုံး လုပ်ခဲ့မိတာကို လက်ရှိအချိန်မှာ မှားများမှားသွားပြီလားဆိုပြီး နောင်တမရချင်ဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်၊ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောဆိုလိုက်ပါတယ်။ “ဒီနေရာမှာ ကျွန်တော်သံဝေဂရတာ တခုရှိတယ်။ ကျွန်တော်တို့ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာတုန်းက တကယ့် ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားကြီးတွေ အများကြီးနဲ့ လက်ပွန်းတတီးနေခဲ့၊ လေ့လာသင်ယူခွင့် ရခဲ့ပါတယ်။ အခုကာလမှာ နိုင်ငံရေးသမားဆိုတာ မျိုးသုဉ်းတော့မယ့် မျိုးစိတ်တခုလို ဖြစ်နေပါပြီ။ ဒီကာလမှာ အခုလိုမျိုး ဒီနေရာမှာ တက်တက်ကြွကြွ ပါဝင်လာကြတယ်ဆိုတာ အစကောင်းတယ်လို့ ကျွန်တော်မြင်ပါတယ်။ အဲ့တော့ ၈၈ ၊ ၈၉ မှာ ဘဘနု (တချိန်တုန်းက နိုင်ငံတော်ဝန်ကြီးချုပ် ပုဂ္ဂိုလ်) က ဘာပြောလဲဆိုတော့ ခုထက်ထိ ကျွန်တော့်နားထဲမှာ ပဲ့တင်ထပ်နေတယ်။ ကျွန်တော်တို့ လွတ်လပ်ရေးရအောင် လုပ်ခဲ့မိတာ မှားများမှားသွားပြီလား…

Read More

ချင်းတွင်းမြစ်ကြောင်း အထက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေလို့ သရောင်းဂိတ်က ရေယာဥ်အားလုံး ပိတ်ထား

ဇန်နဝါရီ ၊ ၂၈ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာဆိပ်ကမ်းကနေ ဟုမ္မလင်း ၊ ခန္တီးပြေးဆွဲနေတဲ့ ရေယာဥ်အားလုံးကို ဖောင်းပြင်မြို့နယ် ၊ သရောင်းကျေးရွာဂိတ်ကနေ ပြေးဆွဲခွင့် ပိတ်ထားတယ်လို့ ကုန်စည်ပို့ဆောင်ရေး ရေယာဥ်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” မုံရွာ – ဟုမ္မလင်း – ခန္တီး လိုင်းပြေးဆွဲနေတဲ့ ရေယာဥ်တွေကို သရောင်းကျေးရွာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ပိတ်ထားတာဖြစ်တယ် ၊ အဲ့ဒီလို ပိတ်တာ ဒီကနေ့နဲ့ဆိုရင် သုံးရက်ရှိပြီ ၊ ဘာကြောင့် ပိတ်တာလည်းဆိုတော့ ဟုမ္နလင်းဘက်မှာ တိုက်ပွဲတွေဖြစ်နေလို့ ပိတ်တာလို့ သိရတယ် ၊ အရင်ကလည်း အဲ့ဒီလို ပိတ်ဖူးတာတွေရှိတယ် ” လို့ ကုန်စည်ပို့ဆောင်ရေး ရေယာဥ်လုပ်ငန်းရှင်တယောက်က ပြောပါတယ်။ အဲ့ဒီ အကြောင်းနဲ့…

Read More

This Day in History

Voice of Myanmar အမေရိကန် အာကာသလွန်းပျံယာဉ် ချဲလန်ချာသည် ၁၉၈၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ဖလော်ရီဒါ အာကာသစခန်းမှ လွှတ်တင်ပြီး ၇၃ စက္ကန့်အကြာ၌ ပေါက်ကွဲခဲ့ပြီး လိုက်ပါသွားသည့် အာကာသယာဉ်မှူး ခုနှစ်ဦးစလုံး သေဆုံးခဲ့သည်။

Read More

မြန်မာ – တရုတ် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် တုံကင် မလိုပဲ တခါတည်း ဝင်ခွင့်ပြုဝောာ့မယ်

ဇန်နဝါရီ ၂၇၊ ၂၀၂၄ Shy V (VOM) မူဆယ် နန်းဝောာ်နဲ့ ဆင်ဖြူ နယ်စပ်ဂိတ် ပေါက်ကနေ မြန်မာ – တရုတ် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ကတ်ကို ဇန်နဝါရီလ (၃၁) ရက်နေ့ကစ ကြိုတင် တုံကင် တန်းစီစရာ မလိုပဲ တခါတည်း ဝင်ခွင့်ပြုဝောာ့မှာ ဖြစ်ကြောင်း မူဆယ် ခရိုင် လဝက က သတင်းထုတ် ပြန်ထားပါတယ်။ “တုံကင် စနစ်နဲ့ ပွဲစားတွေနဲ့ အရမ်းရှုပ်ထွေးလို့ တုံကင်စနစ်ကို ဖျက်သိမ်းဖို့ လုပ်နေတယ်” လို့ မူဆယ် ခရိုင် လဝက နဲ့ နီးစပ်သူတ ယောက်က ပြောပါတယ်။ ဇန်နဝါရီလ (၂၆) နဲ့ (၂၇)ရက်နေ့ ရက်ချိန်းရရှိထားသူတွေအနေနဲ့ ဇန်နဝါရီလ (၂၆) ရက်နေ့မှာ ဝင်ရောက်ရန်ခွင့်ပြုခဲ့ကြောင်း ခရိုင်လဝကရဲ့ အသိပေး သတင်းထုတ်ပြန်ချက်အရ…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၂၇ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဂါဇာမှာ အရပ်သားတွေကို ပိုမိုကာကွယ်ဖို့ အစ္စရေးကို အိုင်စီဂျေ အမိန့်ထုတ်

  သည်ဟိဂ်၊ ဇန်နဝါရီ-၂၇-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ အရပ်သားတွေကို ပိုမိုကာကွယ်ပေးဖို့ ကုလသဂ္ဂရဲ့ အိုင်စီဂျေက အမိန့်ထုတ်လုပ်ပေမယ့် ဒီစစ်ပွဲကို ရပ်တန့်ဖို့တော့ တောင်းဆိုခဲ့ခြင်းမရှိပါဘူး။ အစ္စရေးအနေနဲ့ ဂါဇာမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်ဆိုပြီး တောင်အာဖရိကနိုင်ငံက အိုင်စီဂျေမှာတိုင်ကြားခဲ့တာဖြစ်ပြီး စစ်ဆင်ရေးတွေ ချက်ချင်းအဆုံးသတ်ဖို့ကိုပါ တောင်းဆိုထားပါတယ်။ အစ္စရေးကတော့ လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ပယ်ချထားပါတယ်။ လက်ရှိမှာလည်း အိုင်စီဂျေဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကြားဖြတ်အစီအမံတရပ်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အစ္စရေးအနေနဲ့ ဂါဇာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေတိုးတက်ကောင်းမွန်ရေး လုပ်ဆောင်ရမယ်လို့ အိုင်စီဂျေကဆိုပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဒါဟာ ဂျူးနိုင်ငံတနိုင်ငံကို ပြောင်ပြောင်တင်းတင်း ခွဲခြားဆက်ဆံတာလို့ ပြောပါတယ်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ နိုင်ငံခြားရေးဝန်ကြီး Riyad al-Maliki ကတော့ အိုင်စီဂျေရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပြီး ပါလက်စတိုင်းတွေအပေါ် အစ္စရေးရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေလုပ်နေတဲ့ စစ်ပွဲကို ရပ်တန့်ဖို့ တာဝန်ရှိတယ်လို့ တိုက်တွန်းထားပါတယ်။…

Read More

အက်ဖ်-၁၆ တိုက်လေယာဉ်သစ် အစင်း ၄၀ တူရကီကိုရောင်းချဖို့ အမေရိကန်အစိုးရ ခွင့်ပြု

  ဝါရှင်တန်၊ ဇန်နဝါရီ-၂၇-၂၀၂၄ မျိုးဆက်(VOM) ဆွီဒင်ရဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားမှုကို တူရကီက ခွင့်ပြုပြီးနောက် အမေရိကန်အစိုးရဟာ အက်ဖ်-၁၆ တိုက်လေယာဉ်သစ် အစင်း ၄၀ ကို တူရကီကို ရောင်းချဖို့ ခွင့်ပြုလိုက်ပါတယ်။ ရောင်းချမှုမှာ တူရကီမှာရှိနေတဲ့ အက်ဖ်-၁၆ တိုက်လေယာဉ် ၇၉ စင်းအတွက် ခေတ်မီရေးကိရိယာတွေ အဆင့်မြှင့်တင်မှုလည်း ပါဝင်ပါတယ်။ နေတိုးမဟာမိတ်အဖွဲ့ထဲကို ဆွီဒင်ဝင်ရောက်ရေးမှာ တင်းမာမှုတွေ တနှစ်ကျော်ကြာဖြစ်ပွားပြီးနောက်မှာ တူရကီက ဆွီဒင်ရဲ့ ဝင်ရောက်မှုကို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ တူရကီဟာ ကာ့ဒ်ခွဲထွက်ရေးသမားတွေကို လက်ခံထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တူရကီက ဆွီဒင်ရဲ့ အဖွဲ့ဝင်ဖြစ်ရေးကို ပိတ်ပင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကမှ တူရကီပါလီမန်က ခွင့်ပြုပြီး သမ္မတ အာဒိုဂန်က လက်မှတ်ထိုးခဲ့တာပါ။ ဒီနောက်မှာတော့ တူရကီကို အက်ဖ်-၁၆ တိုက်လေယာဉ်သစ်တွေ ရောင်းချရေးကို အချိန်မဆိုင်းဖို့ သမ္မတ ဂျိုးဘိုင်ဒင် တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ ယူကရိန်းကို…

Read More

ကန့်ဘလူနယ် ကာဘိုးရွာမှာ ထိတွေ့တိုက်ပွဲတွေဖြစ် ၊ နှစ်ဘက် ထိခိုက်သေဆုံးမှုတွေရှိ

ဇန်နဝါရီ ၊ ၂၇ ၊ ၂၀၂၄ SP(VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ကာဘိုးကျေးရွာမှာ မနေ့ ဇန်နဝါရီ ၂၆ ရက်က နစက တပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ တိုက်ပွဲနဲ့ ပတ်သက်လို့ ကာဘိုးဒေသခံတယောက်က ” မနေ့မနက်ပိုးမှာ ကာဘိုးရွာ ပြည်သူ့စစ် စခန်းကို လာတိုက်တယ် ၊ နှစ်ဘက်ထိခိုက်သေဆုံးမှုတွေဖြစ်တယ် ၊ ပြည်သူ့စစ် စခန်းကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်ထိန်းချုပ်နိုင်တာေတာ့မရှိေသးဘူး ” လို့ ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကန့်ဘလူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ကာဘိုးမှာ ထိတွေ့မှုဖြစ်တယ် ၊ ​စစ်သည် နှစ်ဦး ၊ ပြည်သူ့စစ်…

Read More

ရွှေပြည်အေးမြို့သစ်မှာ ၁၄ ရက်ကြာတိုက်ပွဲတွေ ဖြစ်ပြီးနောက် ၊ နစကက ပြန်လည်ထိန်းချုပ်

  ဇန်နဝါရီ ၊ ၂၇ ၊ ၂၀၂၄ SP ( VOM) ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၂၃ ရက် ၊ နေ့လယ် ၁၂ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ရယူထိန်းချုပ်ထားခဲ့တဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း ၊ ဟုမ္မလင်းခရိုင် ၊ ရွှေပြည်အေး မြို့သစ်ကို နစက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရှမ်းနီ ပြည်သူ့စစ်အဖွဲ့တွေက အဲ့ဒီ ရွှေပြည်အေးမြို့သစ်ဝန်းကျင်မှာ ၁၄ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မနေ့ ဇန်နဝါရီ ၂၆ ရက်က နစကနဲ့ ရှမ်းနီပြည်သူ့စစ်တွေက ပြန်လည်ရယူ ထိန်းချုပ်လိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံတယောက်က ” ရွှေပြည်အေးမြို့သစ်ဘက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်ကစလို့ တိုက်ပွဲတွေဖြစ်နေတာ ကြာပြီး ၊…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၂၇ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၃၀ ကျပ် ဝယ်ဈေး – ၃၄၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၅၀ ကျပ် ဝယ်ဈေး – ၂၆၀၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၆၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၅၀ ကျပ် ဝယ်ဈေး – ၉၈.၅၂ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၆ ကျပ် ဝယ်ဈေး – ၄၈၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More
VOM News

FREE
VIEW