မတ် ၊ ၂၉ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ အုတ်ရှစ်ကန်ကျေးရွာအုပ်စု ၊ မြိုက်ကျေးရွာမှာ မနေ့ မတ် ၂၈ ရက်ည ၈ နာရီဝန်းကျင်က ကျောင်းထိုင် ဆရာတော် ဘုန်ကြီးတပါး အသတ်ရတယ်လို့ ရွှေဘိုမြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ပရဟိတသမားတယောက်က ” ညက မြိုက်ရွာတောင်ကျောင်း ဆရာတော် အသတ်ခံရတယ် ၊ ကျောင်းတိုက်နာမည်က ဒက္ခိဏရာမကျောင်းလို့ ကနဦးသိရတယ် ၊ အခင်းဖြစ်အရပ်ကို သွားရောက်ကူညီပေးဖို့ ဒီမနက်သွားကြတယ် ၊ ဘွဲ့တော် ၊ သက်တော် နဲ့ သိက္ခာတော် တွေရဲ့ အချက်အလက် မသိရသေးဘူး ” လို့ ပြောပါတယ်။ ရွှေဘိုခရိုင် လုံခြုံရေး အဖွဲ့နဲ့…
Read MoreMonth: March 2024
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၂၉ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၈၅၀ ကျပ် ဝယ်ဈေး – ၃၇၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၈၁၀ ကျပ် ဝယ်ဈေး – ၂၇၆၀ ကျပ် -ယူရို ရောင်းဈေး – ၄၂၃၂ ကျပ် ဝယ်ဈေး – ၄၁၄၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၅.၈၂ ကျပ် ဝယ်ဈေး – ၁၀၃.၆၃ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၇၃ ကျပ် ဝယ်ဈေး – ၈၆၃ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၂၄ ကျပ် ဝယ်ဈေး – ၅၁၄ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…
Read Moreယနေ့ ရွှေဈေး (မတ် – ၂၉ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၃၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၄၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၃၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၂၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၁၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreတောင်အာဖရိကမှာ ချောက်ထဲ ဘတ်စ်ကားတစင်းကျလို့ ၄၅ ယောက်သေဆုံးပြီး ကလေးငယ်တယောက်သာ အသက်ရှင်
ကိပ်တောင်း၊ မတ်-၂၉-၂၀၂၄ မျိုးဆက်(VOM) တောင်အာဖရိကနိုင်ငံမှာ တံတားတစင်းပေါ်ကနေ ၁၆၅ ပေအနက်ရှိတဲ့ ချောက်ထဲကို ဘတ်စ်ကာတစီး ထိုးကျမှုကြောင့် လူ ၄၅ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။ ဘတ်စ်ကားပေါ် လိုက်ပါသူတွေထဲက တဦးတည်းသောအသက်ရှင်ကျန်ရစ်သူ အသက် ၈ နှစ်အရွယ် မိန်းကလေးဟာလည်း ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံပို့ထားရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဘတ်စ်ကားဟာ တံတားပေါ်ရှိ အရံအတားတခုကို ဝင်တိုက်ပြီးနောက် ချောက်ထဲကျခဲ့တာဖြစ်ပြီး ဒီမတော်တဆမှုဟာ နိုင်ငံအရှေ့မြောက်ပိုင်း လင်ပိုပိုပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။ ခရီးသည်တွေဟာ ဘော့ဆွာနာမြို့တော် ဂါဘိုရိုနီကနေ မိုရီယာမြို့ကို ဘုရားဖူးထွက်လာကြတာဖြစ်ပါတယ်။ ဘတ်စ်ကားဟာ ဂျိုဟန်နက်စ်ဘတ်မြို့မြောက်ဘက် ကီလိုမီတာ ၃၀၀ အကွာရှိ မိုကိုပါနီနဲ့ မာကန်တောင်ကြားမှာရှိတဲ့ တံတားပေါ်ကနေ ပြုကျခဲ့တာဖြစ်တယ်လို့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့နေ့ နှောင်းပိုင်းထိ ဆက်လက်ပြုလုပ်ခဲ့ရပြီး အပျက်အစီးတွေကြောင့် အလောင်းတွေကို ရှာဖွေသယ်ထုတ်ရေးမှာ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက…
Read MoreThis Day in History
Voice of Myanmar အီးယူ၊ အမေရိကန်၊ ကနေဒါ၊ အစ္စရေး၊ ဂျပန်တို့က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်တို့သည် ပါလက်စတိုင်းလွှတ်တော်တွင် အမတ်နေရာ ၁၃၂ နေရာအနက် ၇၆ နေရာ အနိုင်ရရှိခဲ့ပြီး ပါလက်စတိုင်းအစိုးရကို ၂၀၀၆ ခုနှစ် မတ် ၂၉ ရက်၌ တရားဝင်လွှဲပြောင်းရယူခဲ့ကာ အစ္စမေးလ်ဟာနီရက်ချ်က ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
Read Moreမန္တလေးက ရွှေပန်းတိမ် လုပ်ငန်းတခုမှာ ရဲအယောင်ဆောင်ကာ ဓားပြတိုက်ခံရ
မတ် ၊ ၂၈ ၊ ၂၀၂၄ SP (VOM) မန္တလေးတိုင်း ၊ အောင်မြေသာစံမြို့ ၊ ၂၂ လမ်း ၊ ၈၉ ၊ ၉၀ ကြား ၊ အကွက်အမှတ် ၁၉၃ ၊ သီရိမင်္ဂလာအရှေ့ရပ်ကွက်မှာရှိတဲ့ ရွှေပန်းတိမ် အလုပ်ရုံတခုကို ဒီကနေ့ မတ် ၂၈ နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်က ဓားပြတိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဓားပြလာတိုက်တဲ့ကားက မတ်တူးအဖြူရောင် ၊ ကားနံပါတ်ကို ဆေးသုတ်ပြီး ဖျက်ထားတယ် ၊ အဲ့ဒီကားပေါ်က ရဲဝတ်စုံ(နှစ်ပွင့်)နဲ့ တယောက်ပါလာတယ် ၊ နောက်ပြီး အရပ်ဝတ်နဲ့ လူလေးငါးယောက်ပါလာတယ် ၊ မြင်လိုက်ရတဲ့ ပတ်ဝန်းကျင်က ရဲတွေပဲဖြစ်မှာလို့ ထင်ကြတယ် ၊ ဓားပြတိုက်ခံရတဲ့ ရွှေပန်းတိမ်အလုပ်ရုံက ရဲစခန်းကို အကြောင်းကြားမှ…
Read Moreအိမ်ခြေ သုံးရာကျော် မီးလောင်ပြီးတဲ့ ကျိုက်မရော ဓမ္မသရွာမှာ ခု မီးထပ်မံလောင်ကျွမ်းနေ
မွန် – မတ် ၂၈ – ၂၀၂၄ GG (VOM) မွန်ပြည်နယ် ၊ကျိုက်မရောမြို့နယ်က ဓမ္မသရွာမှာ မနေ့ မတ်၂၇ ရက်က မီးလောင်တာ အိမ်ခြေ ၃၀၀ မီးထဲပါပြီးနောက် မတ်လ ၂၈ ရက်နေ့ ည ၈ နာရီေကျာ်မှာလည်း ကျန်တဲ့နေအိမ်တွေ ထပ်မံမီးလောင် ကျွမ်းနေတယ်လို့သိရပါတယ်။ ဒေသခံတွေ ပြောပြချက်အရတော့ ညနေက နေအိမ်မီးလောင်မှုဟာ လက်နက်ကြီးထပ်ကျလို့ ထပ်ပြီး မီးလောင်တာဖြစ်ပြီး ခုညထပ်မံမီးလောင်တဲ့ နေအိမ်တွေကတော့ အရင်မီးကြွင်းမီးကျန်ကနေ ထပ်မံကူးစက်လောင်တာဖြစ်တယ်လို့ဆိုပါတယ်။ မီးထပ်လောင်တဲ့နေရာတွေက ဓမ္မသရွာရဲ့ ၁ လမ်း၊ ၂ လမ်း ၊ ၃ လမ်း နဲ့ ၄ နေအိမ်အချို့ဖြ စ်တယ်လို့ဆိုပါတယ်။ ” ညနေကလောင်တာက မနေ့ကလိုပဲ လက်နက်ကြီးကျလို့ပေါက်တာပဲ။ ခုညနေမီးကတော့ ဘေးကိုသိပ်မကူးဘူး၊ ဘေးက တိုက်တွေများလို့ပါ။အခုထပ်လောင်တာက မနေ့က…
Read Moreမိတ္ထီလာမှာ ဝန်ထမ်းကြိုပို့ကားနဲ့ တပ်ပိုင်ကားတိုက်မိလို့ တယောက်သေ ၊ ၂၆ ယောက် ဒဏ်ရာရ
မတ် ၊ ၂၈ ၊ ၂၀၂၄ SP ( VOM) မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မိတ္ထီလာမြို့၊တောမကျေးရွာအုပ်စုနားက မိတ္ထီလာ – သာစည် ကားလမ်း ၊ မဟာစည်တိုးချဲမှာ ဒီကနေ့ ညနေပိုင်းက ကားနှစ်စီးတိုက်မိရာက သေဆုံး ၊ ဒဏ်ရာရသူတွေ များပြားခဲ့တယ်လို့ ကူညီပေးခဲ့တဲ့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ပရဟိတ သမားတယောက်က ” ချည်မျှင်စက်ရုံက ဝန်ထမ်းကြို/ပို့ကားနဲ့ တပ်ပိုင်ယာဥ်နံပါတ် တပ်ဆင်ထားတဲ့ ကားတစီးနဲ့ တိုက်မိတယ် ၊ အဲ့ဒီ ယာဥ်နှစ်စီးတိုက်မိတဲ့ကြားမှာ ၊ ကြားညှပ်ပြီး စက်ဘီးစီးလာတဲ့ သူတစ်ယောက်သေးဆုံးတယ် ၊ ဝန်ထမ်းကြိုပို့ ကန်တာကားပေါ်မှာလိုက်ပါလာတဲ့ ဝန်ထမ်း ၂၆ ယောက် ဒဏ်ရာရတယ် ၊ အခု မိတ္ထီလာပြည်သူ့ဆေးရုံမှာ အရေးပေါ် ဆေးကုသခံနေတယ် ” လို့ ပြောပါတယ်။…
Read Moreရခိုင်နဲ့ ကယားရှိ စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေ ရှားပါးမှုပြဿနာ ပိုမိုဆိုးဝါးလာ မတ် ၂၈ – ၂၀၂၄ SN (VOM) ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကို ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာလိုအပ်ချက်အပြင် သောက်သုံးရေ ရှားပါးပြတ်လပ်မှုဒဏ်ကို ပိုမို ဆိုးရွားစွာ ကြုံတွေ့လာနေရတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ ပဋိပက္ခတွေ ကြာမြင့်လာတာနဲ့အမျှ ရခိုင်ပြည်နယ်က စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေ ရှားပါးမှုပြဿနာ ပိုမိုဆိုးဝါးလာပြီး ထောက်ပံ့ကူညီမှုတွေ လျော့နည်းကျဆင်းလာနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (United Nations OCHA Myanmar) ရဲ့ မနေ့ မတ်လ ၂၇ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “ယာယီရွှေ့ပြောင်းစခန်းတွေမှာ နေထိုင်နေရသူတွေအတွက် အစစအရာရာ ရှားပါးနေတဲ့ကာလမှာ သောက်သုံးရေ ရှားပါးလာမှုက အဓိက စိုးရိမ်စရာဖြစ်လာတယ်” လို့ UNOCHA Myanmar…
Read Moreစစ်ကိုင်းတိုင်းမှာ ဒီကနေ့ တရက်တည်း လူငါးယောက်ထက်မနည်း ပစ်ခတ်ဖမ်းဆီးခံရလို့ သေဆုံး
မတ် ၊ ၂၈ ၊ ၂၀၂၄ SP (VOM) ဒီကနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့နယ် ၊ ညောင်ပင်သာကျေးရွာနားမှာ နစကတပ်ဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးတာကြောင့် လူ လေးယောက် သေဆုံးတယ်လို့ နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ပစ်သတ်ခံရတဲ့ လူလေးယောက်က ညောင်ပင်သာရွာခံတွေမဟုတ်ဘူး ၊ ရွာနားကိုရောက်နေတာ ရက်တပတ်လောက်ရှိပြီး ၊ ဘယ်ရွာကဆိုတာမသိရဘူး ၊ သူတို့က သေနတ်တွေကိုယ်စီပါတယ် “လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ ဒါ့အပြင် ကောလင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ပင်လည်ဘူး ညောင်ပင်သာရွာနား ဒီမနက်ပိုင်းက နယ်မြေရှင်းလင်းရေး အဖွဲ့နဲ့ ထိတွေ့မှုဖြစ်တယ် ၊ အမျိုးသား အလောင်း လေးလောင်းနဲ့ လက်လုပ် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။ အလားတူ…
Read More