မန္တလေး- ၂ – ၅-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုးဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 145000/ 150000ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 145000/150000/ဂျုံ (စစ်ကိုင်း/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 145000/ 150000ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 145000/ 150000ဂျုံ (ကလေး) – ၆၀ ပိဿာ – 125000/ 130000ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 125000/ 130000ဂျုံ (AUS) – ၁ ပိဿာ – 3300 (ygn)ဂျုံဖွဲ –…
Read MoreDay: May 2, 2024
မူဆယ်မှာ စမတ်ကဒ် မှောင်ခိုဈေး ၅ သိန်းခွဲ ကနေ ၇ သိန်း ဝန်းကျင်ရှိနေ
မေ ၂၊ ၂၀၂၄Shy V (VOM)တရုတ် – မြန်မာနယ်စပ်၊ မူဆယ်မှာ စမတ်ကဒ် လို့ခေါ်တဲ့ UID (Unique Identity Number) ဟာ မှောင်ခိုဈေး ၇ သိန်း ဝန်းကျင်ရှိနေတယ်လို့ နယ်စပ် ပြည်သူတွေ ဆီက သိရပါတယ်။“စမတ်ကတ်နဲ့ မူဆယ် ခရိုင်အတွင်းက စာအုပ် အနီ အတူတူ လုပ်ရင် တရုတ် ယွမ် ၂၂၀၀ လို့ ပြောနေတယ်။ စမတ်ကဒ် ပဲ ယူရင် တရုတ်ငွေ ၁၁၀၀ ယွမ် (ကျပ် ၅၈၀,၀၀၀ ကျော်) လို့ ပြောတယ်။ တဝက် တဝက် စီတဲ့။ စာအုပ်နဲ့ စမတ်ကတ်က ယွမ် ၂၂၀၀ (ကျပ် ၁၁ သိန်းခွဲကျော် ကျော်) လို့ပြောတယ်။” လို့ စာအုပ် သက်တမ်းတို့…
Read Moreအိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ ဗုံးခြိမ်းခြောက်မှုများကြောင့် စာသင်ကျောင်း ၁၀၀ ကျော် ပိတ်ထားရ
ဒေလီ၊ မေ-၂-၂၀၂၄ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ ဗုံးခြိမ်းခြောက်မှုအတုတွေကို အီးမေးလ်နဲ့ ပေးပို့ခဲ့မှုတွေကြောင့် ဒေလီအနီးရှိ ကျောင်းပေါင်း ၁၀၀ နီးပါးမှ ထောင်နဲ့ချီတဲ့ ကျောင်းသားကျောင်းသူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း တာဝန်ရှိသူတွေက မေ ၂ ရက်မှာ ပြောပါတယ်။ ဗုံးခြိမ်းခြောက်မှုခံရတဲ့ ဒေလီအနီး ဆင်ခြေဖုံးရှိ စာသင်ကျောင်းတွေကို ရှာဖွေရေးတွေ ပြုလုပ်နေတာကြောင့် ပိတ်ထားပြီး ပြည်သူတွေအနေနဲ့ စိတ်မပူကြဖို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနဲ့ ရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။ ခြိမ်းခြောက်တဲ့ အီးမေးလ်တွေရဲ့ မူလဇစ်မြစ်ကို ခြေရာခံရှာဖွေခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ခွေးတွေ၊ ဗုံးရှင်းလင်းရေးအဖွဲ့တွေနဲ့ ရှာဖွေနေပြီး ဆိုးရွားတဲ့ ဖြစ်ရပ်မျိုးမကြုံတွေ့စေဖို့ အပြည့်အဝပြင်ဆင်ထားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ မြို့တော်ဒေလီရှိ ဆေးရုံအချို့မှာလည်း အလားတူခြိမ်းခြောက်စာတွေ ရရှိခဲ့ကြောင်း ဒေလီရဲတပ်ဖွဲ့ ထိန်းတန်းတာဝန်ရှိသူက သတင်းထောက်တွေ ကိုပြောပါတယ်။ လက်ရှိချိန်ထိ ဗုံးခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး ထူးခြားတဲ့ အခြေအနေကို မျက်ခြည်မပြတ်စောင့်ကြည့်နေကြောင်း ဒေလီပညာရေးဝန်ကြီးကပြောပါတယ်။…
Read Moreဗီယက်နမ်တောင်ပိုင်းမှာ အပူလှိုင်းကြောင့် ငါးကောင်ရေထောင်သောင်းချီ သေဆုံး
ဟနွိုင်း၊ မေ-၂-၂၀၂၄ မျိုးဆက်(VOM) ဗီယက်နမ်နိုင်ငံမှာ ပြင်းထန်တဲ့ အပူလှိုင်းကြောင်ံ နိုင်ငံတောင်ပိုင်း ဒေါင်နိုင်ပြည်နယ်ရှိ ရေကန်တခုမှာ ရှိတဲ့ ငါးတွေထောင်သောင်းချီသေဆုံးခဲ့ပါတယ်။ ဟိုချီမင်းမြို့အနောက်ဘက် ကီလိုမီတာ ၁၀၀ အကွာရှိ ဒေါင်နိုင်ပြည်နယ်မှာ ဧပြီလအတွင်း အပူချိန်က ၄၀ ဒီဂရီစင်တီဂရိတ်ကိုကျော်လွန်နေပြီး ၁၉၉၈ ခုနှစ်မှာ မှတ်တမ်းတွေ ထားရှိပြီးနောက်ပိုင်း စံချိန်တင်ဖြစ်ပါတယ်။ အပူလှိုင်းကြောင့် စာသင်ကျောင်းတွေကိုပိတ်ထားရတဲ့ နိုင်ငံတောင်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ အပူချိန်မှာ အလွန်အမင်းမြင့်တက်လျှက်ရှိပြီး ဆောင်မေရေကန်ထဲက ငါးတွေ အပူချိန်ကြောင့် သေဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ငါးတွေသေနေပြီး အနံ့တွေထွက်နေတယ် လို့ ဒေသခံ တယောက်က ပြောပါတယ်။ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ မှတ်တမ်းတွေမှာတော့ ကန်ထဲမှာ လှေစီးနေကြတဲ့ ဒေသခံတွေကို တွေ့နေရပြီး ငါးသေတွေကြောင့် အောက်ကကန်ရေပြင်ကို မမြင်ရပါဘူး။ သတင်းဌာနတွေအဆိုအရ ဒီဒေသမှာ ရက်သတ္တပတ်များစွာ မိုးရွာသွန်းမှုမရှိခြင်းကြောင့်…
Read Moreယနေ့ ရွှေဈေး (မေ – ၂ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၃၁၉ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၄၇၇၀၀၀၀ ကျပ်ဝယ်ဈေး ၄၇၃၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၄၅၇၀၀၀၀ ကျပ်ဝယ်ဈေး ၄၅၃၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreတရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်မှာ အဝေးပြေးလမ်းပြိုကျမှုကြောင့် လူ ၂၄ ယောက်သေဆုံး
ပေကျင်း၊ မေ-၂-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်မှာ ရက်အတန်ကြာမိုးရွာသွန်းပြီးနောက် တောင်စောင်းအနီးရှိ အဝေးပြေးလမ်း ပြိုကျမှုကြောင့် လူ ၂၄ ယောက်ထက်မနည်းသေဆုံးသွားပါတယ်။ ဒီမတော်တဆမဟာ မိုင်လောင်းအဝေးပြေးလမ်းရှိ ၅၈ ပေအရှည်ရှိတဲ့ ဖြစ်ပြီး ဒဏ်ရာရသူ ၃၀ ကျော်ကို ဆေးရုံပို့ထားရပါတယ်။ အာဏာပိုင်တွေကတော့ မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။ ဆေးရုံတက်နေရတဲ့ ဒဏ်ရာရသူ ၃၀ က အသက်အန္တရာယ်မရှိကြောင်း နဲ့ အခင်းဖြစ်ရာနေရာကို ကယ်ဆယ်ရေးလုပ်သား ၅၀၀ ကျော်စေလွှတ်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပြိုကျပြီးများမကြာမီ အဝေးပြေးလမ်းအောက်မှ မီးတောက်နဲ့ မီးခိုးများထွက်ပေါ်လာခဲ့ပြီး မော်တော်ယာဉ် အစီး ၂၀ လမ်းပြိုကျမှုကြောင့် ပြုတ်ချခဲ့ကြောင်း တာဝန်ရှိသူများက ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ လူဦးရေအများဆုံးဖြစ်တဲ့ ဂွမ်ဒေါင်းပြည်နယ်မှာပြီးခဲ့တဲ့ သီတင်းပတ်က ရုတ်တရက်ရေကြီးရေလျှံမှုတွေကြောင့် လူလေးယောက်သေဆုံးပြီး လူပေါင်း တသိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ရပါတယ်။ ရေကြီးမှုကြောင့် နေအိမ်၊…
Read MoreThis Day in History
Voice of Myanmarအယ်လ်ခိုင်ဒါအဖွဲ့ကို တည်ထောင်သူနှင့် အမေရိကန်တွင် စက်တင်ဘာ ၁၁ ရက်အကြမ်းဖက်တိုက်မှု အပါအဝင် အကြမ်းဖက်မှုမျာကို ကြိုးကိုင်စီစဉ်ခဲ့သူ အိုစမာဘင်လာဒင်ကို ၂၀၁၁ ခုနှစ် မေ ၂ ရက်တွင် အမေရိကန်အထူးတပ်ဖွဲ့ဝင်များက ပါကစ္စတန်၌ သုတ်သင်နိုင်ခဲ့သည်။
Read Moreစစ်ကိုင်းတိုင်းက မြို့နယ် ၇ ခုမှာ မိုးသက်လေပြင်းကျလို့ သေဆုံးသူ တဦးနဲ့ အဆောက်ဦး သုံးရာကျော်ပျက်စီး
မေ ၊ ၂ ၊ ၂၀၂၄ SP(VOM) စစ်ကိုင်းတိုင်းက မြို့နယ် ခုနှစ်မြို့နယ်မှာ မနေ့ မေ ၁ ရက် ၊ ညနေ ၄ နာရီဝန်းကျင်က မိုးသက်လေပြင်း တိုကျခဲ့ရာ ထိခိုက်သေဆုံးသူ လူတချို့ရှိခဲ့ပြီး ဘာသာရေး အဆောက်ဦးတွေအပါအဝင် လူနေအိမ် သုံးရာထက်မနည်း ပျက်စီးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေဆီက သိရပါတယ်။ မိုးသက်လေပြင်းတိုက်ခိုက်ခံရတဲ့ မြို့နယ်တွေကတော့ မုံရွာ ၊ ဆားလင်းကြီး ၊ ယင်းမာပင် ၊ ကနီ ၊ ဘုတလင် ၊ အရာတော်နဲ့ မုံရွာ မန္တလေး ကားလမ်းပိုင်းတွေဖြစ်တယ်လို့ သိရပါတယ်။ ” ညနေ ၄ နာရီဝန်းကျင်က မုံရွာမြို့ရဲ့ အနောက်မြောက်ဘက်ကနေ လေကြီး မိုးကြီးတွေ စကျတယ် ၊ တိုက်ခတ်ချိန် တနာရီ နီးပါးကြာတယ်၊ အဲ့ဒါကြောင့်…
Read More