မှတ်ပုံတင် ပျောက်ဆုံး၊ ပျက်စီးတွေကို ဒီကနေ့ နေ့ချင်းပြီး ပြုလုပ်ပေးနေ

မှတ်ပုံတင် ပျောက်ဆုံး၊ ပျက်စီးတွေကို ဒီကနေ့ နေ့ချင်းပြီး ပြုလုပ်ပေးနေ ဒီဇင်ဘာ ၂၈ – ၂၀၂၅ SS (VOM) ရွေးကောက်ပွဲအတွက် မဲစာရင်းပါပြီး မှတ်ပုံတင် ပျောက်ဆုံး၊ ပျက်စီးတွေကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လ၀က) က နေ့ချင်းပြီး ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မှတ်ပုံတင် ပျက်စီး၊ ပျောက်ဆုံးမှုတွေ ရှိခဲ့ပါက မိမိတို့ သက်ဆိုင်ရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။ “အဓိက မဲပေးဖို့ စာရင်းပါပြီး မှတ်ပုံတင် ပျက်နေတာ၊ ပျောက်ဆုံး ဖြစ်နေတာတွေကို ပိတ်ရက်ဖြစ်ပေမယ့် လ၀ကရုံးမှာ ဒီကနေ့ နေ့ချင်းပြီး လုပ်ပေးနေတယ်။ မဲစာရင်းမပါတဲ့ တခြား ပျက်စီး ပျောက်ဆုံးတွေကတော့ ပုံမှန်အတိုင်း ရုံးချိန်ပေါ့” လို့ သန်လျင် လ၀ကရုံး…

Read More

မန္တ​လေးမဲရုံ​တွေအ​ခြေအ​နေနဲ့ မဲဆန္ဒရှင်​တွေရဲ့ သ​ဘောထား

မန္တ​လေးမဲရုံ​တွေအ​ခြေအ​နေနဲ့ မဲဆန္ဒရှင်​တွေရဲ့ သ​ဘောထား မန္တ​လေး-ဒီဇင်ဘာ ၂၈-၂၀၂၅ Voice of Myanmar ၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၈ရက်နေ့ ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီရွှေးကောက်ပွဲ အပိုင်း၁မှာ မန္တလေးတိုင်းဒေသကြီးအတွင်း ပြင်ဦးလွင်မြို့နယ် ၊ ကျောက်ဆည်မြို့နယ် ၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မိတ္ထီလာမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ညောင်ဦးမြို့နယ် အပါအဝင် ၈မြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွှေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီ ၉ပါတီနဲ့ တသီးပုဂ္ဂလ ၃ဦး ရှိပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၀ကျော် ပါဝင်ယှဉ်ပြိုင်ကြပြီး တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၄ဦး ရှိတယ်လို့သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး ပထမပိုင်း ၈မြို့နယ်အတွက် ပြည်သူ့လွှတ်တော် ၊အမျိုးသားလွှတ်တော် တိုင်းဒေသကြီးလွှတ်တော်နဲ့ တိုင်းရင်းသားလူမျိုးများလွှတ်တော်နေရာများတွင် ပါဝင်ယှဉ်ပြိုင်လျှက်ရှိကြပြီး ဒုတိယပိုင်း ၉မြို့နယ်အား၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ရက်နေ့နဲ့ တတိယပိုင်း ၈မြို့နယ်အတွက် ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၅…

Read More

ဇမ္ဗူသီရိ မြို့နယ်ထဲမှာ မဲပေးနေမှု အခြေအနေ

ဇမ္ဗူသီရိ မြို့နယ်ထဲမှာ မဲပေးနေမှု အခြေအနေ ဒီဇင်ဘာ ၂၈ ၊ ၂၀၂၅ GG (VOM) နေပြည်တော် ကောင်စီနယ်မြေ ၊ ဇမ္ဗူ သီရိမြို့နယ်ထဲက သုခတော်ဝင် မဲရုံ ၊ လက်ပံခါးလှ မဲရုံ ၊အောင်ဇမ္ဗူရပ်ကွက်မဲရုံ ၊ သက်ကယ်ကျင်း မဲရုံ အပါအဝင် မဲရုံအချို့မှာ မဲပေးနေကြတာ ဖြစ်ပါတယ်။ ဓာတ်ပုံ – ဒေါက်တာအောင်မျိုး (တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း)

Read More

ရွေးကောက်ပွဲ မစတင်မီ မြို့ လေးမြို့ထက်မနည်း ပေါက်ကွဲမှုတွေဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရသူတွေ ရှိနေ

ရွေးကောက်ပွဲ မစတင်မီ မြို့ လေးမြို့ထက်မနည်း ပေါက်ကွဲမှုတွေဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရသူတွေ ရှိနေ ဒီဇင်ဘာ ၂၈ – ၂၀၂၅ SN (VOM) ရွေးကောက်ပွဲ အပိုင်း (၁) စတင်ဖို့ နာရီပိုင်းအလိုမှာ မြို့လေးမြို့ထက်မနည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး သေဆုံး၊ ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပဲခူးတိုင်း ပြည်မြို့နယ်၊ ကရင်ပြည်နယ် မြဝတီမြို့နယ်၊ မန္တလေးတိုင်း မန္တလေးမြို့နဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့တို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာလို့ သိရပြီး တယောက် သေဆုံးကာ ၁၂ ယောက်ထက်မနည်း ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်၊ မနက် ၁ နာရီခွဲဝန်းကျင်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီ အရှေ့ရပ်ကွက်၊ အကွက် (၁၉/ခ) ၊ ၅ လမ်း၊…

Read More

ရန်ကုန် – မန္တလေး အမြန်လမ်း မှာ တိုက်ပွဲဖြစ်ပွားခဲ့

ရန်ကုန် – မန္တလေး အမြန်လမ်း မှာ တိုက်ပွဲဖြစ်ပွားခဲ့ ဒီဇင်ဘာ ၂၈ ၊ ၂၀၂၅ CC (VOM) ရန်ကုန် – မန္တလေး အမြန်လမ်း ၊ စကားအင်း ရဲစခန်းအပိုင်ထဲက မိုင်တိုင် ၃၃၁ နဲ့ ၃၃၂ အကြားမှာ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ၁၀ နာရီလောက်က PDF အဖွဲ့နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအကြား.ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တိုက်ပွဲက ၁၅ မိနစ်လောက် ကြာမြင့်ခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားချိန်မှာ အမြန်လမ်းပေါ် ကားတွေ သွလာခွင့် ရပ်တန့်ခဲ့ ရပေမယ့် လက်ရှိမှာတော့ ကားတွေ သွားလာခွင့် ရရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ် ။ လုံခြုံရေး တပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က “မနက်က…

Read More

ခင်ဦးမြို့နယ်မှာ လေကြောင်း တိုက်ခိုက်ခံရလို့ ကိုးယောက် သေ၊ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရ

ခင်ဦးမြို့နယ်မှာ လေကြောင်း တိုက်ခိုက်ခံရလို့ ကိုးယောက် သေ၊ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရ ဒီဇင်ဘာ ၂၈ ၊ ၂၀၂၅ SS + GG (VOM) မြစ်ကြီးနား – မန္တလေး ဗျူဟာ ကားလမ်းမပေါ်ရှိ ခင်ဦးမြို့နယ်၊ မြေနီသျှိုရွာအနီးမှာ မနေ့ ဒီဇင်ဘာ ၂၇ ရက်၊ နေ့လယ်ပိုင်းက လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ကိုး​ယောက် သေဆုံးကာ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ မနေ့ နေ့လယ် ၁၂ နာရီ မိနစ် ၄၀ ဝန်းကျင်က လေကြောင်း တိုက်ခိုက်ခံခဲ့ရမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လူသေဆုံး၊ ဒဏ်ရာရမှုအပြင် ကား ကိုးစီးလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ “ပျက်စီးသွားတဲ့အထဲ ကုန်ကားတွေ၊ ဆီဘောက်ဆာတွေ၊ ကားသေးတွေလည်းပါတယ် သိရတယ်။…

Read More

သန်လျင်မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးအမတ်တွေ မဲအသာစီးရပြီး ပြည်သူ့ပါတီနဲ့ PPP မတိမ်းမယိမ်း ရလဒ်ထွက်

သန်လျင်မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးအမတ်တွေ မဲအသာစီးရပြီး ပြည်သူ့ပါတီနဲ့ PPP မတိမ်းမယိမ်း ရလဒ်ထွက် ဒီဇင်ဘာ-၂၈-၂၀၂၅ Voice of Myanamar လက်ရှိကျင်းပနေတဲ့ ရွေးကောက်ပွဲ အပိုင်း (၁) မှာ သန်လျင်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကိုယ်စားလှယ်လောင်းတွေမှာ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းတွေ မဲအသာစီးရနေတယ်လို့ မြေပြင်အချက်အလက်တွေအရ သိရပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် သန်လျင်မြို့နယ် မဲရုံတရုံမှာတော့ ကျားဖြူပါတီမှ ဦးခင်မောင်ဝင်းက ၄၉ မဲ၊ PPP ပါတီမှ ဦးနေမျိုးဝင်းမှ ၁၂၃ မဲ၊ တစည ပါတီမှ ဦးဖြိုးဝေလင်းက ခုနှစ်မဲ၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးမိုးမြင့်က ၂၆၆ မဲ၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှ ဦးလွင်မင်းဟိန်းက ၃၈ မဲ၊ ပြည်သူ့ပါတီမှ ဦးအောင်ကိုဝင်းက ၉၇ မဲရရှိခဲ့ပါတယ်။ အမျိုးသားလွှတ်တော်နေရာအတွက် ကျားဖြူပါတီမှ ဒေါ်ခင်မို့မို့သိန်းက ၄၈ မဲ၊ တစညပါတီမှ…

Read More

လတ်တ​လော မဲရလဒ်​တွေအရ ​မန္တ​လေး​အောင်​မြေသာစံမှာ ပြည်ခိုင်ဖြိုးအနိုင်ရ

လတ်တ​လော မဲရလဒ်​တွေအရ ​မန္တ​လေး​အောင်​မြေသာစံမှာ ပြည်ခိုင်ဖြိုးအနိုင်ရ မန္တ​လေး-ဒီဇင်ဘာ ၂၈-၂၀၂၅ Voice Of Myanmar ဒီက​နေ့ကျင်းပတဲ့ ၂၀၂၅ ပါတီစုံဒီမိုက​ရေစီ​ရွေး​ကောက်ပွဲ ပထမပိုင်းကျင်းပတဲ့ မန္တ​လေး ​အောင်​မြေသာစံမြိုနယ်ထဲက မဲရုံ ၉၅ရုံရှိတာမှာ အများဖြင့် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရတာအများစုဖြစ်​နေပါတယ်။ ​ရွေး​ကောက်ပွဲ ​ကော်မရှင်​တွေက မဲရလဒ်မ​ကြေငြာ​သေးမယ့် ပါတီအသီးသီးက ကိုယ်စားလှယ်​တွေ​ရှေ့ မဲ​ရေတွက် အတည်ပြုလက်မှတ်ထိုးရတာမို့ ​ရွေး​​ကောက်ပွဲဝင်ပါတီ​​တွေက သိပြီးဖြစ်ပါတယ်။ မဲရုံ​တွေပိတ်ပြီးချိန်မှာ မဲရလဒ်​တွေလိုက်ကြည့်စစ်​ဆေးထားတဲ့ ​အောင်​မြေသာစံမြို့နယ်က ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်​လောင်း ဦး​တေဇ​ကျော်ကို VOM အယ်ဒီတာချုပ် ကို​နေလင်းက ​တွေ့ဆုံ​မေးမြန်းထားတာကို တင်ပြလိုက်ပါတယ်။ အောင်​မြေသာစံမြို့နယ်မှာ အမျိုးသားလွှတ်​တော်အတွက် ဦးဟိန်းမင်းဦး၊ ပြည်သူ့လွှတ်​တော်အတွက် ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦး​တေဇ​ကျော်နဲ့ တိုင်း​ဒေသကြီးအတွက် လက်ရှိမန္တ​လေးတိုင်းဝန်ကြီးချုပ် ဦးမျိုး​အောင်၊ ရှမ်းတိုင်းရင်းသား​ရေးရာအတွက် ဦးစိုင်း​အောင်ကြည်တို့က ယှဥ်ပြိုင်ကြမှာဖြစ်ပြီး အချိုးကျကိုယ်စားပြုစနစ်အတွက် ဦးမျိုးမြင့်၊ဦး​ကျော်ဆန်းနဲ့ ဦးခင်​မောင်မြင့်တို့ ယှဥ်ပြိုင်မှာဖြစ်ပါတယ်။

Read More

ကျောက်တံတားနဲ့ ကမာရွတ်မြို့နယ်တွေက မဲဆန္ဒနယ်တွေမှာ ပြည်ခိုင်ဖြိုး ပါတီက ဦးဆောင်နေ

ကျောက်တံတားနဲ့ ကမာရွတ်မြို့နယ်တွေက မဲဆန္ဒနယ်တွေမှာ ပြည်ခိုင်ဖြိုး ပါတီက ဦးဆောင်နေ ဒီဇင်ဘာ ၂၈ – ၂ဝ၂၅ Voice of Myanmar ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပခဲ့ပြီး ညနေ ၅ နာရီ မဲရုံပိတ်ချိန်မှာတော့ ပြည်သူတွေပေးခဲ့ကြတဲ့ ဆန္ဒမဲတွေကို မဲရုံတာဝန်ရှိသူတွေက ရေတွက်ကြရာမှာတော့ ရန်ကုန်အနောက်ပိုင်းခရိုင်ဖြစ်တဲ့ ကျောက်တံတားနဲ့ ကမာရွတ်မြို့နယ်တွေက မဲဆန္ဒနယ်တွေမှာ ပြည်ခိုင်ဖြိုး ပါတီက ဦးဆောင်နေတယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ သိရသလောက်က ပြည်ခိုင်ဖြိုး ပါတီကတော့ မဲအရေအတွက်အများဆုံးလို့ သိရတယ်။ ကမာရွတ် မဲရုံ ၂ ခုမှာတော့ တစည (တိုင်းရင်းသား)စည်းလုံးညီညွတ်ရေးပါတီက မဲအတော်လေးရထားတယ်လို့ သိရတယ်။ အခုညပိုင်းအချိန်အထိ သိရသလောက်က ကျောက်တံတားထဲမှာဆိုရင် မဲရုံ ၂ ရုံပဲ ရေလို့ပြီးသေးတယ်ပြောတယ်။ ကျန်တဲ့ မဲရုံတွေရဲ့ ရလဒ်တွေကိုတော့…

Read More

လားရှိုးမှာ မဲရုံများပိတ်သိမ်းပြီး မဲရလဒ်ရေတွက်

လားရှိုးမှာ မဲရုံများပိတ်သိမ်းပြီး မဲရလဒ်ရေတွက် လားရှိုး- ဒီဇင်ဘာ -၂၈-၂၀၂၅ NN(VOM) ၂၀၂၅ ရွေးကောက်ပွဲ အပိုင်း၁ ကျင်းပတာမှာပါဝင်တဲ့ လားရှိုးမြို့မှာ ညနေ လေးနာရီမှာ မဲရုံတွေ ပိတ်သိမ်းပြီး မဲရလဒ်တွေ စတင်ရေတွက်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မြို့ပေါ် ရပ်ကွက်၊ ကျေးရွာအုပ်စုတွေမှာပေး ခဲ့တဲ့ ကြိုတင်မဲတွေနဲ့အတူ ဒီနေ့မဲပေးစက်နဲ့ ပေးခဲ့တဲ့ မဲရလဒ်တွေကိုလည်း သက် ဆိုင်ရာမဲရုံတွေမှာ တပြိုင်နက်ရေတွက်နေပါတယ်။ မဲရလဒ်တွေကိုတော့ ရွေးကောက်ပွဲ အပိုင်း သုံးပိုင်းစလုံးပြီးမှ ကြေညာမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်တွေကို ရေတွက်ခဲ့တဲ့ ကြိုတင်မဲတွေနဲ့ ဒီနေ့မဲရုံအချို့က ရတဲ့ မဲရလဒ်တွေမှာတော့ ကြံခိုင်ဖွံဖြိုးရေးပါတီက အသာစီးရနေတာကို တွေ့ရ ပါတယ်။ ဒီနေ့ လားရှိုးမြို့ ပေါ်ရပ်ကွက် ၁၂ ခု ကျေးရွာအုပ်စု ၁၁စုက မဲရုံပေါင်း ၂၃ ခုမှာ မဲပေးနိုင်သူ ၁၀၉၂၄၇…

Read More
VOM News

FREE
VIEW