ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ထရန့်နဲ့ ဇီလန်စကီး တွေ့မယ်

ကိယက်ဗ်၊ ဒီဇင်ဘာ-၂၇-၂၀၂၅ ရတီ(VOM) ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ယူကရိန်းသမ္မတတို့ ဖလော်ရီဒါမှာ တွေ့ဆုံဆွေးနွေးမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အစည်းအဝေးကို တနင်္ဂနွေနေ့မှာ ကျင်းပသွားဖို့ မျှော်လင့်ထားပြီး အမေရိကန်ကြားဝင်စေ့စပ်ပေးတဲ့ အချက် ၂၀ ပါ ငြိမ်းချမ်းရေးအစီအစဉ်အပြင် အမေရိကန်လုံခြုံရေးအာမခံချက်တွေအတွက် သီးခြားအဆိုပြုချက်တွေကို ဆွေးနွေးသွားမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ ဒါပေမယ့် ရုရှားအကြီးတန်းအရာရှိတယောက်ကတော့ ဒီအစီအစဉ်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားတို့ ဆွေးနွေးနေတဲ့ အစီအစဉ်နဲ့ လုံး၀ကွဲပြားနေတယ်လို့ ဆိုပါတယ်။ လက်ရှိဆွေးနွေးပွဲတွေဟာ နှေးကွေးပေမယ့် တည်ငြိမ်တဲ့ တိုးတက်မှုရှိတယ်လို့ သူက ပြောဆိုပေမယ့် ရုရှားကလည်း ဆုတ်ခွာမယ်ဆိုရင် ဒွန်ဘတ်စ်ကနေ ယူကရိန်းတပ်တွေ ရုပ်သိမ်းမယ်ဆိုတဲ့ ဇီလန်စကီးရဲ့ ကမ်းလှမ်းချက်မပေါ် မှတ်ချက်မပေးပါဘူး။ ယူကရိန်းဟာ သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအဖြစ် အမေရိကန်ထံမှ အာမခံချက်တွေရယူဖို့ ကြိုးပမ်းနေပြီး ရုရှားက အတင်းအကြပ် သိမ်းပိုက်မယ်လို့…

Read More

တိုင်းနဲ့ ပြည်နယ်တချို့မှာ ငလျင်ငယ်​တွေ စိပ်စိပ်လာတာဟာ စိုးရိမ်စရာဖြစ်လာမလား

ဒီဇင်ဘာ ၂၇ – ၂၀၂၅ SS (VOM) အခု ဒီဇင်ဘာလအတွင်း တိုင်းနဲ့ ပြည်နယ်တချို့မှာ ငလျင်ငယ်တွေ ဆက်တိုက်ဆိုသလို လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မြေငလျင်ဌာနခွဲ) နဲ့ မြေငလျင် ပညာရှင်‌တွေဆီက ရရှိတဲ့ သတင်း အချက်အလက်တွေအရ သိရပါတယ်။ လတ်တလော ငလျင်လှုပ်ခတ်မှုတွေဟာ မနေ့ ဒီဇင်ဘာ ၂၆ ရက် တရက်တည်းမှာတင် လေးကြိမ်အထိ ရှိခဲ့တာကို တွေ့ရပြီး မနက် ၉ နာရီ ၃၁ မိနစ်ဝန်းကျင်မှ စတင်ကာ မန္တလေးမြို့ အရှေ့ – အရှေ့မြောက်ဘက် ၂၃ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ အဆင့် အင်အားရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဒီဇင်ဘာ…

Read More

တရုတ်နဲ့ တင်းမာနေစဉ် ဂျပန် ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၅၈ ဘီလီယံအထိ စံချိန်တင် တိုးမြှင့်

တိုကျို၊ ဒီဇင်ဘာ-၂၇-၂၀၂၅ မျိုးဆက်(VOM) ဂျပန်အစိုးရဟာ လာမယ့်နှစ်အတွင်း ဒေါ်လာ ၅၈ ဘီလီယံအထိ အသုံးပြုမယ့် စံချိန်တင် ကာကွယ်ရေး အသုံးစရိတ်ကို အတည်ပြုလိုက်ပါတယ်။ ဒေသတွင်းတင်းမာမှုတွေ မြင့်တက်လာတာနဲ့အမျှ ခရုဇ်ဒုံးကျည်တွေ၊ မောင်းသူမဲ့စစ်ဘက်ယာဉ်တွေတိုးမြှင့်ရေးအပါအဝင် တိုက်ခိုက်ရေးစွမ်းရည်နဲ့ ကမ်းရိုးတန်းကာကွယ်ရေး ခိုင်မာစေဖို့ရည်ပါတယ်။ ဧပြီလမှာ စတင်မယ့် ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်မူကြမ်းသည် ၂၀၂၅ ခုနှစ်ထက် ၉ ဒဿမ ၄ ရာခိုင်နှုန်း မြင့်တက်လာပြီး နှစ်စဉ်လက်နက်သုံးစွဲမှုကို ပြည်တွင်းအသားတင်ထုတ်ကုန်ရဲ့ ၂ ရာခိုင်နှုန်းအထိ နှစ်ဆတိုးမြှင့်ရေး ငါးနှစ်စီမံကိန်းရဲ့ စတုတ္ထနှစ်လည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေ မြင့်တက်လာမှုနဲ့ ရင်ဆိုင်နေရချိန်မှာ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်လာတာပါ။ တရုတ်အနေနဲ့ ထိုင်ဝမ်ကို တိုက်ခိုက်လာရင် ဂျပန်ကလည်း စစ်ရေးအရ ဝင်စွက်နိုင်တ်ယလို့ ဂျပန်ဝန်ကြီးချုပ် တာကာအိချိက နိုဝင်ဘာလမှာ ပြောကြားပြီးနောက် နှစ်နိုင်ငံသံတမန်ရေး တင်းမာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက…

Read More

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပစ်ရပ်သဘောတူညီချက် လက်မှတ်ထိုးပြီ

ဘန်ကောက် ၊ ဒီဇင်ဘာ-၂၇-၂၀၂၅ ရတီ (VOM) ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တရပ်ကို ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်မှာ လက်မှတ်ရေးထိုးခဲ့ကြောင်း နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ အပစ်အခတ်ရပ်စဲရေးဟာ ဒေသစံတော်ချိန် မွန်းတည့် ချိန်ကစပြီး အသက်ဝင်မယ်လို့ ဆိုပါတယ်။ သဘောတူညီချက်ဟာ အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံအကြား သုံးရက်ကြာ ဆွေးနွေးမှုတွေ အပြီးမှာ ထွက်ပေါ်လာတာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ဒီဇင်ဘာလမှာရရှိခဲပတဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားခဲ့ပြီးနောက် ပြီးခဲ့တဲ့ အပတ်ကစပြီး နှစ်နိုင်ငံအကြား တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးမှာ အနည်းဆုံး လူ ၉၈ ယောက်သေဆုံးပြီး လူဦးရေ ငါးသိန်းကျော် နေရပ်စွန့်ခွာခဲ့ရပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဇူလိုင်လ အပစ်အခတ်ရပ်စဲရေး ပျက်ပြားစေခဲ့တဲ့ လုပ်ဆောင်ချက်တွေအတွက် အပြန်အလှန် စွပ်စွဲခဲ့ကြပြီး အောက်တိုဘာလမှာတော့ နယ်စပ်ပဋိပက္ခကို…

Read More

ဗန်းမောက်မြို့မှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ စစ်ရေး ပြင်းထန်နေဆဲ

ဒီဇင်ဘာ ၂၇ – ၂၀၂၅ SN (VOM) စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ စစ်ရေး ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို တပတ်အကြာမှာ ရှမ်းနီ အမျိုးသားများတပ်မတော် (SNA) အဖွဲ့က အစိုးရတပ်ရဲ့ အကူအညီနဲ့ မြို့အနောက်ခြမ်းကနေ ပြန်လည် ထိုးစစ်ဆင်နေတဲ့အတွက် လက်ရှိအချိန်အထိ အဲဒီမြို့ အနီးတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ “SNA နဲ့ အစိုးရ ပူးပေါင်းတပ်က အင်အား ပြန်ဖြည့်ပြီး ဗန်းမောက်ကို ထိုးစစ်ဆင်နေတာ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က မြို့ရဲ့ အနောက်ဘက် ၁ မိုင်အကွာလောက်က နတလကုန်း (နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကျောင်း) ကို…

Read More

အစိုးရရဲ့ ရုပ်သံလိုင်း ချန်နယ်တွေနဲ့ အွန်လိုင်း ပလက်ဖောင်းတွေ ဆက်တိုက် ဖယ်ရှားခံနေရ

အစိုးရရဲ့ ရုပ်သံလိုင်း ချန်နယ်တွေနဲ့ အွန်လိုင်း ပလက်ဖောင်းတွေ ဆက်တိုက် ဖယ်ရှားခံနေရ ဒီဇင်ဘာ ၂၇ – ၂၀၂၅ SS (VOM) ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ MRTV ၊ မြဝတီသတင်း စာမျက်နှာ အပါအဝင် အစိုးရရဲ့ ရုပ်သံလိုင်း တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်တွေနဲ့ အွန်လိုင်း ပလက်ဖောင်းတွေ ဆက်တိုက် ဖယ်ရှားခံနေရတယ်လို့ Justice For Myanmar (JFM) က သတင်း ထုတ်ပြန်ထားပါတယ်။ JFM အဖွဲ့အစည်းအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့မှ စတင်ကာ နိုင်ငံတကာ နည်းပညာ ကုမ္ပဏီကြီးတွေဆီ စတင် ဆက်သွယ်ခဲ့ပြီးတဲ့နောက် အစိုးရရဲ့ အကောင့် ၂၉ ခုအထိ ဆက်တိုက် ဖယ်ရှားခံလိုက်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ၊ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ယူမှုတွေနဲ့အညီ…

Read More

အ​နောက်နိုင်ငံ​တွေက ​မြန်မာ့ရွေးကောက်ပွဲကို မလိုလား​ပေမယ့် နိုင်ငံခြားမီဒီယာ​တွေနဲ့ စောင့်ကြည့်ရေးအဖွဲ့တွေ ရောက်ရှိ​နေ၊ ကြိုတင်မဲရလဒ်​တွေ တချို့ထုတ်ပြန်

အ​နောက်နိုင်ငံ​တွေက ​မြန်မာ့ရွေးကောက်ပွဲကို မလိုလား​ပေမယ့် နိုင်ငံခြားမီဒီယာ​တွေနဲ့ စောင့်ကြည့်ရေးအဖွဲ့တွေ ရောက်ရှိ​နေ၊ ကြိုတင်မဲရလဒ်​တွေ တချို့ထုတ်ပြန် ဒီဇင်ဘာ ၂၇ – ၂၀၂၅ SS (VOM) မနက်ဖြန် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ တရုတ် အပါအဝင် နိုင်ငံ ခြောက်နိုင်ငံမှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေ မြန်မာနိုင်ငံကို ရောက်ရှိလာပြီ ဖြစ်တယ်လို့ အစိုးရက ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်မှာ ထုတ်ပြန် အသိပေးထားပါတယ်။ အဲဒီ နိုင်ငံတွေကတော့ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံ စသဖြင့် စိတ်ဝင်စားတဲ့နိုင်ငံကိုယ်စားပြုသူ​​​တွေဟာ ဒီဇင်ဘာ ၂၆ ရက်က ရောက်ရှိလာတာဖြစ်ကာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း ဘီလာရုဇ်နိုင်ငံမှ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေးအဖွဲ့…

Read More

ရွေး​ကောက်ပွဲစတဲ့​နေ့ မန္တ​လေးမှာ ရှော့တိုက်ဒုံး ကျရောက် ပေါက်ကွဲမှုဖြစ် ၂ ဦးဒဏ်ရာရ

ရွေး​ကောက်ပွဲစတဲ့​နေ့ မန္တ​လေးမှာ ရှော့တိုက်ဒုံး ကျရောက် ပေါက်ကွဲမှုဖြစ် ၂ ဦးဒဏ်ရာရ မန္တ​လေး -ဒီဇင်ဘာ ၂၈-၂၀၂၅ VOM ဒီဇင်ဘာ ၂၈ ရက ဒီ​နေ့မနက် ၁နာရီ၅မိနစ်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက်(၁၉/ခ)၊ ၅ လမ်း၊ ၇၉×၈၀လမ်းကြားရှိ ၁၀×၄၀ ပေ၊ လူမနေ ကျောက်ပြားကာ ၁ ထပ်နေအိမ် ရှေ့အဖီအမိုးပေါ်ကို ရှော့တိုက်ဒုံးတလုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ လုံခြုံ​ရေးယူ​နေသူ​တွေဆီကသိရပါတယ်။ ​ပေါက်ကွဲမှု​ကြောင့် ဒေါ်ခင်ကြည် ပိုင်ဆိုင်တဲ့ သွပ်မိုး/သွပ်ကာ (၁)ထပ်အတွင်း အိမ်ပျော်နေသူ သား မောင်ဖြိုးကိုကို ၃၂ ကို ထိမှန်ခဲ့ရာ ညာဘက်လက်ဖျန်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)နဲ့ သူ့ဇနီးဖြစ်သူ မထားထားဦး ၃၈နှစ်ဘယ်ခြေကျင်းဝတ်ပြတ်ဒဏ်ရာ(စိုးရိမ်ရ)တို့ဒဏ်ရာရရှိခဲ့လို့ အမရဌာနီအ​ရှေ့ လူမှုကယ်ဆယ်ရေးမော်တော်ယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်းသိရပါတယ်၊ အခင်းဖြစ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့အဖွဲ့ လာရောက်ကြည့်ရှုပြီး ရှော့တိုက်ဒုံး ဘယ်​နေရာကပစ်ခတ်တယ်ဆိုတာ စုံစမ်း​နေတယ်လို့ သိရှိရပါတယ်။ မြို့​ပေါ်မှာ​တော့…

Read More

ရွေးကောက်ပွဲ ပထမပိုင်း မဲပေးမှုအခြေအနေတွေနဲ့ ဒီကနေ့မန္တလေးမှာ ပေါက်ကွဲမှုဖြစ်တဲ့ အနေအထား မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ VOM အင်တာဗျူး

ရွေးကောက်ပွဲ ပထမပိုင်း မဲပေးမှုအခြေအနေတွေနဲ့ ဒီကနေ့မန္တလေးမှာ ပေါက်ကွဲမှုဖြစ်တဲ့ အနေအထား မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ VOM အင်တာဗျူး မန္တလေး၊ ဒီဇင်ဘာ- ၂၈- ၂၀၂၅ SA(VOM) #vom #voiceofmyanmar #မန္တလေး #ရွေးကောက်ပွဲ #ပထမပိုင်း #အောင်မြေသာစံ #election #ပေါက်ကွဲမှု

Read More

မူဆယ်မြို့ပေါ် ဆန္ဒမဲ ပေးမှု အခြေအနေ

မူဆယ်မြို့ပေါ် ဆန္ဒမဲ ပေးမှု အခြေအနေ ဒီဇင်ဘာ ၂၈၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ ဒီနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ဆန္ဒမဲ ပေးမှု အခြေအနေက မနက်ပိုင်း ၉ နာရီအထိ မဲရုံတရုံကို မဲပေးပြီးတဲ့ မဲဆန္ဒရှင် ၃၀၀ နဲ့ အထက် ရှိနေပြီဖြစ်ကြောင်း မဲရုံတာဝန်ရှိသူတွေ ဆီက သိရပါတယ်။ “ပထမဆုံး မဲပေးတာပါ။ မဲပေးတဲ့ အချိန် အခက်အခဲ မရှိပါဘူး။ မြန်ပါတယ်။ ဝင်လာတာနဲ့ မှတ်ပုံတင်နဲ့ နံပါတ်စဉ် ပြောရင် တုံကင် စာရွက်ပေးပြီး ဝင်သွားရုံပါပဲ” လို့ လူငယ် တယောက်က ပြောပါတယ်။ ဟူမွန်ရပ်ကွက် မဲရုံ ၁ မှာတော့ မနက် ၆ နာရီ မဲရုံ စဖွင့်တဲ့ အချိန်ကစ…

Read More
VOM News

FREE
VIEW