ပထမပိုင်း ​ရွေး​ကောက်ပွဲရဲ့ အားနည်းချက် အားသာချက်​တွေကို တစည ပါတီ​ထောက်ပြ

ပထမပိုင်း ​ရွေး​ကောက်ပွဲရဲ့ အားနည်းချက် အားသာချက်​တွေကို တစည ပါတီ​ထောက်ပြ မန္တ​လေး-ဒီဇင်ဘာ ၂၈-၂၀၂၅ Voice Of Myanmar ဒီက​နေ့ကျင်းပတဲ့ ၂၀၂၅ ပါတီစုံဒီမိုက​ရေစီ​ရွေး​ကောက်ပွဲ ပထမပိုင်းကျင်းပတဲ့ မန္တ​လေး ​ချမ်း​အေးသာစံမြိုနယ်ထဲက မဲရုံ ၇၀ရှိတာမှာ အများဖြင့် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရတာအများစုဖြစ်​နေပါတယ်။ ဒုတိယအ​နေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်​ရေးပါတီ(တစည) က ရရှိ​ပေမယ့် ရလဒ်က အ​တော်ကွာဟ​နေတယ်လို့ ပါတီကိုယ်စားလှယ်​လောင်း​တွေက​ပြောကြပါတယ်။ ​ရွေး​ကောက်ပွဲ ​ကော်မရှင်​တွေက မဲရလဒ်မ​ကြေငြာ​သေးမယ့် ပါတီအသီးသီးက ကိုယ်စားလှယ်​တွေ​ရှေ့ မဲ​ရေတွက် အတည်ပြုလက်မှတ်ထိုးရတာမို့ ​ရွေး​​ကောက်ပွဲဝင်ပါတီ​​တွေက သိပြီးဖြစ်ပါတယ်။ မဲရုံ​တွေပိတ်ပြီးချိန်မှာ မဲရလဒ်​တွေလိုက်ကြည့်စစ်​ဆေးထားတဲ့ ​မန္တ​လေးတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်​ရေးပါတီ(တစည)ရဲ့အတွင်း​ရေးမှူး တိုင်း လွှတ်​တော်ကိုယ်စားလှယ်​လောင်း ဦးခင်​မောင်ဝင်းကို VOM အယ်ဒီတာချုပ် ကို​နေလင်းက ​တွေ့ဆုံ​မေးမြန်းထားတာ တင်ပြလိုက်ပါတယ်။ ရိုက်ကူးတည်းဖြတ် ရှိုင်း​အောင်

Read More

ရွေးကောက်ပွဲ ကျင်းပနေချိန် လွိုင်ကော်နဲ့ သံတောင်ကြီးမြို့ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ

ရွေးကောက်ပွဲ ကျင်းပနေချိန် လွိုင်ကော်နဲ့ သံတောင်ကြီးမြို့ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ ဒီဇင်ဘာ ၂၈ – ၂၀၂၅ SN (VOM) ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်၊ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနေချိန်အတွင်း ကယားပြည်နယ် လွိုင်ကော်နဲ့ ကရင်ပြည်နယ် သံတောင်ကြီးမြို့တို့မှာ ရှော့ဒိုက်ဒုံး ကျရောက် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ တိုက်ခိုက်ရေး သင်တန်းကျောင်း (ဘုရင့်နောင်) မှာ ဒီကနေ့ နေ့လယ် ၁၂ နာရီ၊ မိနစ် ၄၀ ဝန်းကျင်က ရှော့တိုက်ဒုံး ခြောက်လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး အဲဒီ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) က ဦးဆောင်ခဲ့တာ ဖြစ်တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။ ဒါအပြင်…

Read More

ချောင်းဆုံမှာ ပြည်သူနဲ့ အမျိုးသားလွှတ်တော်နေရာ ပြည်ခိုင်ဖြိုးရှုံးနိမ့်၊ တိုင်းဒေသကြီနဲ့ ပြည်နယ်အများစု အနိုင်ရထားတယ်လို့ ပြည်ခိုင်ဖြိုး ပြောရေးဆိုခွင့်ရှိသူပြော

ချောင်းဆုံမှာ ပြည်သူနဲ့ အမျိုးသားလွှတ်တော်နေရာ ပြည်ခိုင်ဖြိုးရှုံးနိမ့်၊ တိုင်းဒေသကြီနဲ့ ပြည်နယ်အများစု အနိုင်ရထားတယ်လို့ ပြည်ခိုင်ဖြိုး ပြောရေးဆိုခွင့်ရှိသူပြော ဒီဇင်ဘာ ၂၉ ၊ ၂၀၂၅ GG (VOM) မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဝင်ရောက် ယှဥ်ပြိုင်တဲ့ ချောင်းဆုံမြို့နယ် မဲဆန္ဒ နယ်မှာ ညတုန်းက မဲရေတွက်ပြီး ရလဒ်အခြေအနေရ မဲအသာစီးနဲ့ မွန်ညီညွတ်ရေးပါတီ MUP က လွှတ်တော်နေရာ သုံးရပ်လုံးကို အနိုင်ရရှိထားပေမယ့် ဒီနေ့မနက်ပိုင်း မဲအားလုံး ရေတွက်ပြီးစီးချိန်မှာတော့ လွှတ်တော်နေရာ နှစ်ရပ်ကိုသာ အနိုင်ရခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော် နေရာကိုတော့ ဝန်ကြီးချုပ်ဝင်ပြိုင်တဲ့ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP က အနိုင် ရရှိသွားတယ် လို့သိရပါတယ် ။ ” ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်ပဲ နိုင်တယ်။ ညကတော့ အကုန်လုံးကို ကျွန်တော်တို့ ဘက်ကနိုင်တယ် သိရတယ်။ ညတုန်းက…

Read More

ဂျပန်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ ငလျင်ကြီးလှုပ်ခတ်နိုင်ခြေ သတိပေးချက် ရုပ်သိမ်း

တိုကျို၊ ဒီဇင်ဘာ-၁၆-၂၀၂၅ မျိုးဆက်(VOM) ဂျပန်အစိုးရဟာ နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ ငလျင်ကြီးလှုပ်ခတ်နိုင်ခြေအတွက် သတိပေးချက်ကို အဆုံးသတ်လိုက်ပါတယ်။ ဒါပေမယ့်လည်း ပြည်သူတွေအနေနဲ့ သတိရှိကြဖို့ တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ပြင်းအား ၇ ဒဿမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ဒီဇင်ဘာ ၉ ရက်မှာ ဟော့ကိုင်းဒိုးနဲ့ ဆန်ရီကူကမ်းရိုးတန်းတလျှောက်မှာ နောက်ဆက်တွဲငလျင်သတိပေးချက် ကို ဂျပန်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။ ငလျင်ကြီးလှုပ်ခတ်နိုမှု သတိပေးချက်ကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပေမယ့် ဖြစ်နိုင်ခြေကို အဆုံးသတ်လိုက်တာမဟုတ်ဘဲ ကြီးမားတဲ့ ငလျင်တခု ရုတ်တရက်ဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အသင့်ပြင်ထားစေလိုတယ်လို့ အစိုးရတာဝန်ရှိသူ အီဂါရာရှီက ဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်က ငလျင်အခြေအနေနဲ့ ပတ်သက်ပြီး သူက ပြောကြားရာမှာ နန်ကိုင်းကျောက်လွှာမှာ ကြီးမားတဲ့ ငလျင်လှုပ်ခတ်မှုတခုအတွက် သတိပေးချက်ကို ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့စဉ်က အခြေအနေနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။ လက်ရှိမှာတော့ အာအိုမီရီ စီရင်စုရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ…

Read More

ဒေလီ လေထုအရည်အသွေး ပိုမိုဆိုးရွားလာပြန်

ဒေလီ၊ ဒီဇင်ဘာ -၁၆-၂၀၂၅ ရတီ (VOM) အိန္ဒိယနိုင်ငံ မြို့တော်‌ဒေလီမှာ အန္တရာယ်ရှိတဲ့ လေထုအရည်အသွေး ညစ်ညမ်းမှုတွေ ပိုမိုဆိုးရွားလာပြီး ဒေလီနဲ့ အနီးတဝိုက်ရှိ ကျောင်းတွေဟာ အွန်လိုင်းသင်ကြားမှုစနစ်ကို ပြောင်းလဲခဲ့ပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေကိုလည်း ပိတ်ပင်ထားဖို့ အမိန့်ထုတ်ထားပါတယ်။ တနင်္လာနေ့နံနက်မှာ အဆိပ်သင့်မြူခိုးတွေဟာ မြို့တော်‌ဒေလီကို ဖုံးလွှမ်းခဲ့ပြီး မြင်ကွင်းကို ထိခိုက်စေကာ လေယာဉ်ခရီးစဉ်နဲ့ ရထားခရီးစဉ်တွေ နှောင့်နှေးခဲ့ပါတယ်။ အဆုတ်ကို ထိခိုက်စေနိုင်တဲ့ အမှုန်အမွှားတွေပါဝင်မှုအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ လေထုအညွှန်းကိန်း (AQI) – PM2.5 ဟာ ကန့်သတ်ချက်ထက် အဆ ၃၀ ကျော်ထိ မြင့်တက်နေပါတယ်။ အစိုးရရဲ့ ထုတ်ပြန်ချက်အရ တနင်္လာနေ့အစောပိုင်းမှာ ဒေလီရှိ လေထုအညွှန်းကိန်းဟာ ပျမ်းမျှ AQI မှာ ၄၇၁ ရှိပါတယ်. AQI အဆင့် ၁၀၁-၂၀၀ ကို အလယ်အလတ်၊ ၂၀၁-၃၀၀…

Read More

မလွန်စူပါမတ်ကက်

ဆူးငှက် မန္တလေးမြို့သစ် နန်းသစ်တည်ကတည်းက ခုနှစ်ဌာနအပါအဝင် မြို့ပြမြေယာတွင် ဈေးများလည်းပါရှိခဲ့သည်။ ဈေးသည် တိုင်းပြည်၏် ဝမ်းစာဖြစ်သည်။ တိုင်းပြည်စီးပွားရေး၏ ပြဒါးတိုင်ဖြစ်သည်။ ထို့ကြောင့် မန္တလေးရတနာပုံ၏ ရွှေမြို့တော်တည်ဆောက်သောအခါ ဈေးများကို စနစ်တကျနေရာချခဲ့သည်။ မန္တလေးအနောက်ပြင် ကျယ်ဝန်းသောနေရာတွင် လက်ကားဈေးကြီးတစ်ဈေးဖြစ်သော “မလွန်ဈေး”ရှိသည်။ ရေလမ်းခရီးဖြင့်ရောက်ရှိလာမည့် ကုန်ပစ္စည်းများအတွက် ဧရာဝတီနှင့်လည်း နီးသည်။ ရှမ်းပြည်နယ်မှ ဆင်းလာမည့် တောင်ပေါ်ကုန်များအတွက် ရှမ်းကုန်သည်များ စတည်းချရာ ရှမ်းပွဲရပ်၊ ဒေးဝန်းရပ်နှင့်လည်း နီးသည်။ မတ္တရာနယ်တဝိုက်မှ ထွက်ရှိသော ကွမ်း၊ကွမ်းရွက်နှင့် သစ်သီးသစ်နှံများဝင်ရောက်လာရာ ရွှေတချောင်းရေရှင်မြောင်းနှင့်လည်း အရှေ့နှင့်အနောက် ကပ်လျက်ဖြစ်သည်။ မလွန်ဈေးက (ယခု) ၃၁လမ်းနှင့် ၃၄လမ်းကြား တောင်မြောက်ရှည်၍အရှေ့အနောက်အနေနှင့်မူ ၈၅လမ်းမှ ၈၆လမ်းကြား တစ်ပြကျယ်သည်။ ပြအနေနှင့်တွက်ပါမူ တောင်မြောက် ပေ၂ဝဝဝ နီးပါးရှည်၍ အရှေ့အနောက်၊ ပေ ၆ဝဝ နီးပါးကျယ်သည့် ဈေးကြီးဖြစ်သည်။ ဈေးကြီးဖွဲ့စည်းပုံတွင် သူ့ကုန်ပစ္စည်း အမျိုးအစားလိုက် တူရာစုကာ…

Read More

မကွေးတိုင်း နဲ့ မန္တလေးတိုင်းထဲက အစိုးရဝန်ထမ်း ခုနှစ်ယောက်အပါအဝင် လူ ၁၀ ယောက်ကို ​ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဖမ်း

ဒီဇင်ဘာ ၁၄ ၊ ၂၀၂၅ GG (VOM) မကွေးတိုင်း နဲ့ မန္တလေးတိုင်းထဲက အစိုးရ ဝန်ထမ်း ခုနှစ်ယောက် အပါအဝင် လူ ၁၀ ယောက်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ က ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မန္တလေးတိုင်း ၊ ညောင်ဦးမြို့နယ် ၊ ပုလင်းကမ်းသာယာ ဆင်စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာ့သစ်လုပ်ငန်း လက်ထောက်မန်နေဂျာ ဦးချစ်ကိုကို နဲ့ ဇနီးဖြစ်သူဒေါ်စန္ဒာဝင်း ၊ သစ်အုပ် ဖြစ်သူ ဦးသောင်းကြည် ၊ နေ့စားဝန်ထမ်း ဦးစောလင်း တို့ကို ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွားတယ် လို့သိရပါတယ် ။ ” ဆင်စခန်းကို ဝင်ပြီး ဖမ်းခေါ်သွားတာလို့သိရတယ် ။ ကားတစီးလည်းယူသွားတယ် ။…

Read More

မူဆယ် – ၁၀၅ မိုင်ကြား ပြည်ထောင်စုလမ်းမမှာ ကားတစီးဘရိတ်ပေါက် တိုက်မိလို့ နှစ်ယောက်သေပြီး ရှစ်ယောက်ဒဏ်ရာရ

ဒီဇင်ဘာ ၁၅၊ ၂၀၂၅ Shv V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မူဆယ် – ၁၀၅ မိုင်ကြား ပြည်ထောင်စုလမ်းမပေါ် ဒီဇင်ဘာလ ၂၄ ရက်နေ့မိန်းလွဲ ၂ နာရီခွဲကျော်ခန့်က ကားတစီး ဘရိတ်ပေါက် တိုက်မိရာက လူတချို့ သေဆုံး၊ ဒဏ်ရာရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဗြုံးကျောက်တင်တဲ့ ၆ ဘီးကား ဘရိတ်ပေါက်သွားလို့ လမ်းဘေးက လူ‌တွေကိုတိုက်သွားပြီး တိမ်းမှောက်ခဲ့တာမှာ လူ ရှစ်ယောက် ဒဏ်ရာရပြီး နှစ်ယောက် သေဆုံးခဲ့ကြောင်း ပါရမီ လူမှုကူညီရေးအသင်း ဆီက သိရပါတယ်။ “သေဆုံးသွားသူတွေက ဂိတ်ရောက်လို့ ကားပေါ်ကနေ ဆင်းပြီး လမ်းလျှောက် နေသူတွေ ဖြစ်တယ်။ မူဆယ်ကပါ” လို့ အသင်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ကားပေါ်က လူတွေရော၊ လမ်းလျှောက်…

Read More

MNDAA ထိန်းချုပ်ထားတဲ့ မိုင်းရယ် – လားရှိုးကြား ရွာတွေမှာ မဲရုံအတွက် ပြင်ဆင်

ဒီဇင်ဘာ ၁၄၊ ၂၀၂၅ Shy V (VOM) လားရှိူးမြို့နယ်က MNDAA ထိန်းချုပ်ထားတဲ့ မိုင်းရယ် – လားရှိုးကြား ရွာတွေက ကျောင်းတချို့မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ ကစပြီး မဲရုံ အတွက် ပြင်ဆင်လာတာကိုတွေ့ရကြောင်း ဒေသခံ​တွေဆီက သိရပါတယ်။ “ဒီနေ့ ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းက အစိုးရ စစ်တပ် တပ်ဖွဲ့ဝင်အချို့နဲ့ နယ်မြေခံ ရွေးကောက်ပွဲ ကော်မရှင် ပူးပေါင်း အဖွဲ့ကလားရှိုး နဲ့ မိုင်းရယ် ကြားက ကျေးရွာ စာသင်ကျောင်းတွေကို MNDAA လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ရွေးကောက်ပွဲအတွက် မဲရုံခန်း အဖြစ် သတ်မှတ်ဖို့ လာရောက်သွားတယ်လို့ သိရတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ လားရှိုး – မိုင်းရယ် လမ်းမပေါ်ရှိ နမ့်ပေါင်၊မန်ပျဉ်…

Read More

ထိုင်းနဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေကို ကမ္ဘောဒီးယားပိတ်

ဖနွမ်းပင်၊ ဒီဇင်ဘာ-၁၅-၂၀၂၅ ရတီ(VOM) ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အစောပိုင်းမှာ ပြောကြားခဲ့ပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ကမ္ဘောဒီးယားကတော့ ထိုင်းနဲ့ ထိစပ်နေတဲ့ နယ်စပ်ဖြတ်ကျော်ဂိတ်တွေကို ပိတ်လိုက်ပါတယ်။ ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အဆိုအရ နောက်ထပ်ညွှန်ကြားချက် မရမချင်း နယ်စပ်ဖြတ်ကျော်ဂိတ်တွေကို ပိတ်ထားမယ်လို့ ပြောပါတယ်။ အစောပိုင်းမှာတော့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်က ကမ္ဘောဒီးယားအနေနဲ့ တပ်ဖွဲ့အားလုံးကို ရုပ်သိမ်းပြီး မြေမြှုပ်မိုင်းတွေကို ဖယ်ရှားပြီးမှသာ အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်မယ်လို့ ထရန့်ကို ပြောကြားခဲ့တယ် ဆိုပါတယ်။ နှစ်ဖက်စလုံးက ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ အမြောက်တပ်တွေ အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး စနေနေ့မှာ စစ်သားလေးယောက် သေဆုံးခဲ့ကြောင်း ထိုင်းအရာရှိတွေက ပြောပါတယ်။ ကမ္ဘောဒီးယားဘက်ကမူ ထိခိုက်သေဆုံးမှုတွေကို နောက်ထပ် ထုတ်ပြန်တာမရှိသေးပါဘူး။ ထိုင်းတိုက်လေယာဉ်တွေဟာ ဟိုတယ်အဆောက်အအုံတွေနဲ့ တံတားတစင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကမ္ဘောဒီးယားရဲ့ လက်နက်ကြီးနဲ့…

Read More
VOM News

FREE
VIEW