မတ် ၁ ၊ ၂၀၂၆ CC (VOM) တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တာဝန်ထမ်းဆောင်မှုကာလအလိုက် သတ်မှတ်ပြီး. တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေးအဖြစ် လစဥ် ကျပ် ၃၀၀၀၀ မှ တသိန်းအထိ ပေးအပ် ချီးမြှင့် သွားမယ်လို့ ထုတ်ပြန်အသိပေးထားပါတယ် ။ တပ်မတော်သား နဲ့ ရဲတပ်ဖွဲ့ဝင်နည်းတူ အရပ်ဖက်ဌာနဆိုင်ရာ ဝန်ထမ်းတွေကလည်း အခက်အခဲတွေကြားမှာ ကျရာတာဝန်ကို ထမ်းဆောင်နေကြရတဲ့အတွက် စီးပွားရေးလုပ်ဖို့လည်း အဆင်မပြေတာကြောင့် လစာတိုမြှင့်ပေးဖို့ မျှော်လင်နေကြတယ်လို့ သိရပါတယ် ။ ” ကျွန်တော်တို့ အုပ်ချုပ်ရေးမှူးတွေလည်း အခုကာလက အသက်နဲ့ရင်းပြီး လုပ်နေရတာပါ ။ ရွာသားတွေနဲ့လည်း အဆင်ပြေအောင်နေရတယ်။ ကိုယ့်နယ်ထဲက အုပ်ကြီးတွေသတ်ခံရတာကြားရင် ကြောက်မိတာပေါ့ ။ အဲဒီလိုအကြောက်တရားတွေကြားထဲကနေ တာဝန်ကိုထမ်းဆောင်နေရတာ ။ ရွာတရွာမှာ အုပ်ချုပ်ရေးမှူးမရှိလို့မှ အဆင်ပြေတာ ။ ဖြစ်နိုင်ရင် လစာတိုးပေးစေချင်တာပေါ့ ။ အုပ်ချုပ်ရေးတာဝန်ယူထားတော့ အိမ်စီးပွားရေးအလုပ်က…
Read MoreMonth: March 2026
ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ဖေဖော်ဝါရီလအတွင်း ယာဥ်မတော်တဆမှုကြောင့် ငါးယောက်သေဆုံးပြီး ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့
မတ် ၂ ၊ ၂၀၂၆ CC (VOM) ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ဖေဖော်ဝါရီလက ယာဥ်မတော်တဆမှု ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး လူငါးယောက်သေဆုံးကာ ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့ စာရင်းအရ သိရပါတယ်။ မနေ့က ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက်အစောပိုင်းက နေပြည်တော်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ ရွှေစင်စင်္ကြာ ခရီးသည်တင် Express ကားဟာ မိုင်တိုင်(၁၉၂/၅-၆)ကြားအရောက်မှာ Dream 110(နီ/နက်) မော်တော်ဆိုင်ကယ်ကို တိုက်မိပြီး ဆိုင်ကယ်ပေါ်လိုက်ပါလာသူနှစ်ယောက်လုံးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ” ခရီးသည်တင်ကားက အဲဒီဆိုင်ကယ်ကို တိုက်မိမှာစိုးလို့ ရှောင်လိုက်တာကို မလွတ်ဘဲ တိုက်မိသွားတာ ။ ဆိုင်ကယ်က နှစ်ယောက်လုံးဆုံးပါတယ်။ ခရီးသည်တင်ကားပေါ်က ခရီးသည်တွေတော့ ဘာမှမဖြစ်ပါဘူး ။အများစုက အိပ်ငိုက်ပြီး ယာဥ်တိုက်မှု ဖြစ်ကြတာ…
Read Moreတောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် အနုပညာရှင်တွေနဲ့ မီဒီယာသမားတချို့ကို ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်တွေ ချီးမြှင့်
မတ် ၂ – ၂၀၂၆ SN (VOM) (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် အနုပညာရှင်တွေကို ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်တွေ ချီးမြှင့်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ အလင်္ကာကျော်စွာဘွဲ့ကို အဆိုတော်တွေထဲက သန်းမြတ်စိုး၊ ကေတုဝင်းထွဋ်နဲ့ သရုပ်ဆောင် ခန့်စည်သူကို ချီးမြှင့်ခဲ့ပြီး လူမှုထူးချွန်တံဆိပ် (ပထမအဆင့်) ကို နေဝင်း၊ အေးချမ်းမောင်၊ မေမြင့်မိုရ်၊ ခြူးလေး၊ ဇာတ်ညွှန်းရေးဆရာ လင်္ကာညို၊ ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်) နဲ့ ဦးမိုးဟိန်း (သူရိယနေဝင်းမီဒီယာနဲ့ ဂျာနယ်) တို့ကို ချီးမြှင့်ခဲ့တာ တွေ့ရပါတယ်။ လူမှုထူးချွန်တံဆိပ် (ဒုတိယအဆင့်) ကို သရုပ်ဆောင်တွေထဲက ငှက်ပျောကြော်၊ လူရွှင်တော် သွက်လက်၊ လူရွှင်တော် စူပါလင်းနဲ့ မီဒီယာထဲက ဦးဝဏ္ဏ (ခ) အွန်လိုင်းဝဏ္ဏ (Trend Journal)၊ နိုင်ဝင်းထွန်း (ခ) နောင်တော်လေး…
Read Moreကသာ စစ်ဘေးရှောင်တွေကို ဘုန်းကြီးကျောင်းတွေက ထပ်တိုးလက်မခံတော့
ကသာ ၊ ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၆ KBT(VOM) ကသာမြို့ကနေ စစ်ဘေးရှောင်ရတဲ့အချိန်နှစ်လကျော်ထဲရောက်လာပြီမို့ ဘုန်းတော်ကြီးကျောင်းအချို့မှာလည်း နောက်ထပ်စစ်ဘေးရှောင်တွေကိုလက်မခံတော့ဘူးလို့ ဘုန်းတော်ကြီးကျောင်းတွေကနေ သိရပါတယ်။ ” ဟုတ်ပါတယ် နောက်ထပ်လက်ခံလို့ မရသေးပါဘူး။ ဒီကျောင်းမှာလည်း စစ်ဘေးရှောင်ဦးရေသုံးရာလောက်ရှိနေပါတယ်” လို့ မိုးညှင်းမြို့ကျောင်းတိုက်ကြီးတခုက ဆရာတော်က မိန့်ပါတယ်။ ကသာမြို့ကနေ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေဟာ စားဝတ်နေရေး အခက်အခဲများကြုံတွေ့နေရပြီး အိမ်လခ ဈေးနှုန်းကို လိုက်မမှီတဲ့အတွက် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာခိုလှုံနေကြရတာပါ။ ” နေရတာ ဘုန်းကြီးကျောင်းမှာပဲ၊ ဘုန်းဘုန်းကမနက်စာညစာကျွေးပါတယ်။ ပြေးရတော့ ဘယ်သွားလို့ဘယ်လာရမှန်းမသိ၊ အသိမရှိဆွေမျိုးသားချင်းမရှိ၊ အိမ်လခ မတတ်နိုင်ဘူး။ခုလိုနေထိုင်ခွင့်ရတာကိုလည်း ဒီမြို့ကဆရာတော်ကြီးတွေရဲ့မေတ္တာပါ။ ကသာကိုပြန်ချင်ပါပြီ” လို့ မိုးညှင်းမြို့မှာ စစ်ဘေးရှောင်နေရတဲ့သူက ပြောပါတယ်။ လက်ရှိကသာမြို့ထွက်နေရာတွေမှာ တပ်စွဲထားတဲ့ လက်နက်ကိုင်အဖွဲ့တွေက မြို့တွင်းထဲကို ပြည်သူတွေဝင်ခွင့်မပြုတာ၊ ရှော့တိုက်ဒုံးတွေနဲ့မြို့ထဲကိုလှမ်းပစ်တာမို့ နေအိမ်မီးလောင်၊လူထိခိုက်သေဆုံးတာတွေလကြုံနေရပါတယ်။ ” ကျနော်က၊ ကသာမြို့အထွက် အစပ်နားမှာနေတာ။ လက်နက်ကိုင်တွေက…
Read Moreတနှစ်အပိတ်ခံရတဲ့ အောင်ဇမ္ဗူဇာတ် ပြန်ကခွင့်ရ
ဖေဖော်ဝါရီ ၂၈ – ၂၀၂၆ SS (VOM) မသန်စွမ်းသူတွေရဲ့ သွားလာလှုပ်ရှားတဲ့ ပုံစံကို ဟာသအနေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့တဲ့ အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ကို ပွဲကခွင့် တနှစ်ပိတ်လိုက်တယ်လို့ ကြေညာလိုက်တဲ့နေ့မှာပဲ ညတွင်းချင်း ပွဲပြန်ကခွင့် ပြန်လည်ရရှိခဲ့တယ်လို့ အဲဒီဇာတ်အဖွဲ့ရဲ့ ပရိုဂျူဆာ ကိုနေလင်းဦးက VOM ကို ပြောပါတယ်။ သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ကို ပွဲကခွင့် တနှစ်ပိတ်လိုက်တယ်လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) က မနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း မနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ကပြမယ့် သင်္ဃန်းကျွန်း၊ ရန်မျိုးအောင် ဘုရားပွဲအတွက် ဖျာ/ထိုင်ခုံ လက်မှတ် ကြိုတင် ဝယ်ယူထားသူတွေ ဇာတ်ရုံမှာ…
Read Moreဆရာဝန်အချင်းချင်း ပြန်ပေးဆွဲပြီး လူသတ်ခဲ့တဲ့ တရားခံနှစ်ဦးကို သေဒဏ်ချမှတ်
မန္တလေး၊ ဖေဖော်ဝါရီ – ၂၈- ၂၀၂၆ SA(VOM) ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲမှာ ဖြစ်ပွားခဲ့တဲ့ ဆရာဝန်တယောက်ကို တခြားဆရာဝန်တယောက်နဲ့ တပည့်ဖြစ်သူက ပြန်ပေးဆွဲ ပြီး ကျပ်သိန်း ၃၀၀၀ တောင်းပြီး လူသတ်မှုကျူးလွန်ခဲ့သူ နှစ်ယောက်ကို တရားရုံးက သေဒဏ်ကျခံစေ (မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်စေ) ဖို့ မဟာအောင်မြေခရိုင်တရားရုံးက အမိန့်ချလိုက်တယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့ မနက် ၉ နာရီ ၂၀ မိနစ်မှာ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်မှာနေထိုင်တဲ့ OG ဆရာဝန် ဒေါက်တာ အောင်မြင့်မြတ်ထွန်းကို ဒေါက်တာအောင်ဇင်ဖြိုး နဲ့ ဆေးခန်းအကူ လွမ်းဇင်အောင်(ခ) မိုးဒီ တို့နှစ်ယောက်က ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ ၈၂ လမ်း လမ်းသစ်လမ်းနဲ့ ၁၀၅ လမ်း…
Read Moreကမ္ဘာ့ရွှေဈေးတက်လို့ ပြည်တွင်းရွှေ သိန်း ၁၁၀ ဝန်းကျင်အထိ ခုန်တက်ပြန်
ဖေဖော်ဝါရီ ၂၈ – ၂၀၂၆ SN (VOM) ကမ္ဘာ့ရွှေဈေး အတက်ကြမ်းလာတာကြောင့် ပြည်တွင်းက အခေါက်ရွှေ တကျပ်သားဈေးဟာလည်း လက်ရှိမှာ ကျပ် သိန်း ၁၁၀ ဝန်းကျင်အထိ ခုန်တက်လာတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၅၂၈၀ ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး တရက်အတွင်း တအောင်စ ဒေါ်လာ ၁၀၀ နီးပါး ထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။ “အီရန်ကို အစ္စရေးက တိုက်နေပြီဆိုပြီးတော့ သတင်းတွေ တက်လာတော့ ကမ္ဘာ့ရွှေဈေးတွေ တက်တာပေါ့။ ဒါကြောင့် ဒီမှာလည်း ၁၁၀ လောက်အထိ တက်သွားတယ်လို့ သတင်းကြားတယ်။ ဈေးကတော့ တက်တာက ဆက်တက်ဦးမယ်ထင်တယ်” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရွှေဈေးကြောင့် ပြည်တွင်းရွှေဈေး လိုက်ပါ မြင့်တက်လျက်ရှိတာမှာ တရက်အတွင်း…
Read Moreသူတို့အိမ် အခန်း – ၆၇
ဆူးငှက် အားသစ်က ဆရာတွေ ————————- အားသစ်ကျူရှင်မှာ တက်ကြတော့ စက်ဘီးကိုယ်စီနှင့် ဖြစ်သည်။ ဆင်တံတား ဝင်းဟန်၊ ဥယျာဉ်တန်း သန်းလွင်၊ သာယာကုန်း ကံစိန်၊ ဘီအိုစီ ကွက်သစ် ကျော်ရွှေ၊ ကျွန်တော်တို့ ၅ယောက်ပေါင်း လောင်းကျော် အဖွဲ့ဖြစ်သည်။ ကျူရှင်က ဘာသာစုံဖြစ်ပြီး မနက်ပိုင်းတွင် တက်ကာ နေ့လယ်တွင် ဆင်းသည်။ ကျောင်းအုပ် ဆရာကြီးဦးကျော်ညွန့် က အင်္ဂလိပ်စာသင်သည်။ ဆရာ ဦးဇော်ဝင်းက သင်္ချာ နှင့် ရူပဗေဒ၊ ဆရာ ဦးမြင့်သိန်း က မြန်မာစာ၊ ဆရာဦးမြင့်ဆွေ က ဓာတုဗေဒ နှင့် ဆရာဦးခင်မောင်ဆန်း က ဇီဝဗေဒဘာသာရပ်များကို သင်ကြားပေးသည်။ ဆရာများအားလုံးက ထိုစဉ်အခါ ခေတ်စားနေသော ကျောင်းသားနှင့် ဆရာ အပြန်အလှန် သံချပ်ထိုး သင်ကြားသည့် ပုံစံမဟုတ်ဘဲ…
Read More