မေ ၁၉ ၊ ၂၀၂၆ CC (VOM) လေးလအကြာ စျေးငြိမ်နေခဲ့တဲ့ ရန်ကုန်အထိုင် မြေဩဇာ ရည်ညွှန်စျေးက တောင်သူတွေမိုးစပါးစိုက်မယ့်အချိန်ရောက်မှ ယူရီးယားမြေဩဇာ အလုံးကြီး တအိတ်ကို ၆၃၀၀၀ ကျပ်မြင့် တက်သွားတယ်လို့ သိရပါတယ် ။ ဒါကြောင့် ရန်ကုန်အထိုင်လက်ကား မြေဩဇာ ရည်ညွှန်းဈေးနှုန်းမှာ ယူရီးယား မြေဩဇာ အလုံးကြီး ၅၀ ကီလိုတအိတ်ကို အရင် ၉၄၀၀၀ ကျပ်ကနေ အခုမေလမှာ ၁၅၇၀၀၀ ကျပ်အထိ တိုးမြှင့်သတ်မှတ်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။ DI Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတအိတ်ကိုတော့ ၁၁၅၀၀၀ ကျပ်သတ်မှတ်ထားပြီး Complex ၁၅ ပတ်လည်မြေဩဇာကို ရည်ညွှန်းဈေးနှုန်း သတ်မှတ်ထားခြင်းမရှိပါဘူး ။ ရန်ကုန်အထိုင် မြေဩဇာရည်ညွန်းစျေးနူန်းမှာ ယူရီးယားမြေဩဇာ စျေးထက်ဝက်ကျော် တက်လာတဲ့အတွက်…
Read MoreMonth: May 2026
ချင်းပြည်နယ်ရှိ မြို့နယ်တချို့မှာ စစ်ရေးအခြေအနေ တင်းမာနေ
မေ ၁၉ – ၂၀၂၆ SN (VOM) ချင်းပြည်နယ်အတွင်းက မြို့နယ်တချို့မှာ စစ်ရေးအခြေအနေ အလွန်တင်းမာနေပြီး အစိုးရတပ်က မြေပြင်ထိုးစစ်အပြင် လေကြောင်း တိုက်ခိုက်မှုတွေပါ ပြုလုပ်နေတဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ လက်ရှိ တွန်းဇံမြို့မှာ အစိုးရတပ်နဲ့ ဇိုမီးတပ်မတော် (ZRA) ပူးပေါင်းတပ်တွေက မြို့ကို သိမ်းပိုက်နိုင်ဖို့ မေ ၁၁ ရက်မှစတင်ကာ အင်အားအများအပြားနဲ့ စစ်ကြောင်း သုံးကြောင်းခွဲပြီး ထိုးစစ်ဆင်လာတဲ့အတွက် မြေပြင်တိုက်ပွဲ ပြင်းထန်နေသလို မေ ၁၇ ရက်၊ နေ့လယ် ၁ နာရီကျော်ဝန်းကျင်ကလည်း အဲဒီမြို့ပေါ်ကို လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ “လေကြောင်း တိုက်ခိုက်ခံရတာက လူအထိအခိုက်တော့ မရှိဘူး။ အိမ်တွေပျက်စီးတာပဲ ရှိတယ်။ လက်ရှိ တိုက်ပွဲအခြေအနေက အစိုးရ ပူးပေါင်းတပ်က တွန်းဇံကို ညှပ်ပိတ်ပြီး…
Read Moreတရုတ် နယ်စပ်ဘက် ဘလူးဘယ်ရီခြံမှာ တခါသုံးကတ်နဲ့ အလုပ် လာလုပ်သူတွေ အများအပြား အလုပ်ပါးသွားလို့ ပြန်လွှတ်ခံရ
မေ ၁၉၊ ၂၀၂၆ Shy V (VOM) တရုတ် နယ်စပ်ဘက် ဘလူးဘယ်ရီခြံမှာ အလုပ်လုပ်နေတဲ့ တခါသုံးကတ်နဲ့ အလုပ် လာလုပ်ေနတဲ့ မြန်မာလုပ်သားတွေ အလုပ်ပါးသွားလို့ အခု မေလထဲ အများအပြား ပြန်လွှတ်ခံနေရကြောင်း မြန်မာ ရွှေ့ပြောင်း လုပ်သားတွေဆီက သိရပါတယ်။ “ကျမနေတဲ့ နေရာက မြန်မာအလုပ်သမား အဖွဲ့တွေကိုတော့ မေလ ၁၃ ရက်နေ့က လုပ်အားခ ရှင်းပေးပြီး ပြန်ခိုင်းလိုက်ပြီ။ မေလ ၁၃ ရက်နေ့က ပြန်တဲ့ မြန်မာ အလုပ်သမား အများကြီးပဲ။ အယောက် ၉၀ လောက် ရှိတဲ့ထဲက အယောက် ၄၀ လောက်ပဲ ကျန်တော့မယ်။” လို့ ရွှေလီ – မံစီ လမ်းမ အနီးက ဘလူးဘယ်ရီခြံမှာ အလုပ်လုပ်နေသူ အမျိုးသမီး တယောက်က ပြောပါတယ်။ ဘလူးဘယ်ရီပင်တွေ…
Read Moreပခုက္ကူမြို့အထွက် ဂိတ်တွေမှာ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါး သယ်ယူခွင့် ကန့်သတ်
မေ ၁၈-၂၀၂၆ PL(VOM) မကွေးတိုင်း ပခုက္ကူခရိုင်အတွင်းက မြိုင်မြို့၊ ရေစကြိုမြို့နဲ့ ပေါက်မြို့ဘက် အထွက်ဂိတ်တွေမှာ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါး သယ်ဆောင်ခွင့်ကို ခုရက်ပိုင်းအတွင်း တင်းတင်းကျပ်ကျပ်ကန့်သတ်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မြို့အထွက်ဂိတ်တွေမှာ လုံခြုံရေးအရ စစ်ဆေးမှုကိုတင်းကျပ်လာတယ် အရင်ကဆိုရင် ကားတစီးကို ဆန်တအိတ်၊ ဆီတပုံးလောက်တော့ သယ်လို့ရသေးတယ်။ ခုရက်ပိုင်းမှာတော့ အဲဒီအခြေခံစားသောက်ကုန် ဘာတခုမှကို သယ်လို့မရတော့တာပါ။ ဘာမှတင်ခွင့်မရတော့ ကားအလွတ်နဲ့ပဲ ပြန်နေရတယ်” ဟု ရေစကြိုတောင်လက် ကျေးရွာတွေကို ယာဉ်လိုင်းပြေးဆွဲတဲ့ယာဉ်မောင်းကပြောပါတယ်။ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် အစရှိတဲ့ အခြေခံစားသောက်ကုန် ကုန်စိမ်းတွေနဲ့ အိမ်သုံးဆေးဝါး အပါအဝင် အရေးပေါ် အသက်ကယ်ဆေးဝါးတွေကိုပါ နယ်ဘက်ကို သယ်ယူခွင့်မပြုဘဲ ကန့်သတ်ထားတယ်လို့ သိရပါတယ်။ ”အရင်ကတော့ သူတို့ကန့်သတ်ချက်နဲ့ ကုန်စိမ်းတွေ၊ ဆန်၊ ဆီ၊ ဆားတွေ သယ်လို့ရတယ်။ ဆေးဝါးဆိုရင်လည်း လူနာပါမယ်၊…
Read Moreသူတို့အိမ် အခန်း (၁၁၆)
ဆူးငှက် အလွတ်ကျက် ဖြေဆိုခဲ့ရတဲ့ ပုစ္ဆာတွေ ———————————– ဘာလိုလိုနှင့် တက္ကသိုလ်၏ ၄နှစ်သက်တမ်းက ကုန်ပါပြီ။ နောက်ဆုံးနှစ်စာမေးပွဲကိုလည်း ခက်ခက်ခဲခဲ ဖြေဆိုလိုက်ရပါ၏။ အတန်းကမမှန် စာက မလိုက်နိုင်တော့ သချာၤကို အလွတ်ကျက် ဖြေခဲ့ရသည်။ လူတွေ့နှုတ်ဖြေမှာလည်း ဘာထူးမှာလဲ။ ပြင်ပစာစစ်အဖြစ် ဆရာဦးဘမင်းနှင့် တွေ့ရသည်။ ဆရာဦးဘမင်းဆိုတာ ထိုစဉ်က မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နက္ခတ္တသင်္ချာပညာရှင်ဖြစ်သည်။ အမေရိကန်က မဟာသိပ္ပံဘွဲ့ရခဲ့သူဖြစ်ပြီး မြန်မာပြည်ပြန်ရောက်ပြီး မကြာမီ အလုပ်မှ နှုတ်ထွက်ကာ “လှိုင်း” အမည်ဖြင့် တေးသံသွင်းဆိုင် ဖွင့်လှစ်ထားသည်။ ဆရာဦးဘမင်းနှင့်အတူ နောက်ထပ်ပညာရှင် တစ်ဦးမှာ မိုးလေဝသပညာရှင် ဆရာကြီးဦးဌေးအောင်ဖြစ်သည်။ ဆရာကြီးဦးဌေးအောင်က ထိုစဉ်ကတည်းက နာမည်ကျော် တရားပြဆရာကြီးဖြစ်နေပါပြီ။ ကျွန်တော့်ကို ဆရာကြီးဦးဌေးအောင်း စာမေးပွဲ ဖြေနိုင်လား ဟု လောက်သာ မေးကာ ဆရာဦးဘမင်းကိုပဲ မေးစေသည်။ ဆရာဦးဘမ်းက သင်္ချာနှင့် ပတ်သက်သော ပုစ္ဆာတစ်ပုဒ်မေး၏။…
Read MoreTikTokက အလုပ်ခေါ်စာနောက် လိုက်သွားတဲ့ မိန်းကလေးငယ်တယောက် မူဆယ်မှာ ပျောက်ဆုံးနေ
မေ ၁၇၊ ၂၀၂၆ Shy V (VOM) ရန်ကုန်က အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ အသက် ၁၇ နှစ်အရွယ် မခင်သီတာစန်းဟာ TikTok ကနေ လစာကောင်းမယ်ဆိုတဲ့ အလုပ်ခေါ်စာကို ယုံပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ကို သွားခဲ့ရာကနေ အခုအချိန်ထိ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ “ပျောက်ဆုံးနေသူက မခင်သီတာစန်း ဟုတ်တယ်။ အခု မေလ ၅ ရက်နေ့က သူ့အမေဆီကနေ မူဆယ်ဘက်ကို ထွက်သွားတာ။ TikTok မှာ အဆက်အသွယ်ရပြီး အလုပ်သွားလုပ်ဖို့ သွားခဲ့တာလို့ သိရတယ်” လို့ မိသားစု နဲ့ နီးစပ်သူ အမျိုးသား တယောက်က ပြောပါတယ်။ မခင်သီတာစန်းဟာ မေလ ၅ ရက်နေ့က မူဆယ်ကို ထွက်သွားခဲ့ပြီး ရက်အနည်းငယ်အကြာမှာ မိသားစုနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာလို့ ဆိုပါတယ်။ “သမီးနဲ့…
Read Moreမြိတ်က စက်သုံးဆီ အရောင်းဆိုင်မှာ မီးလောင်လို့ သုံးယောက်သေဆုံးပြီး တယောက်ပြင်းထန်ဒဏ်ရာရ
မေ ၁၇ ၊ ၂၀၂၆ GG (VOM) တနင်္သာရီတိုင်း ၊ မြိတ်မြို့ ၊ကလွင်စုံခေါင်းရပ်ကွက်ရှိ ဆီသိုလှောင်ဖြန့်ဖြူးရောင်းချတဲ့စက်သုံး ဆီဆိုင်မှာ မီးလောင်မှု ဖြစ်ပွားပြီး သုံးယောက်သေဆုံးကာ တယောက် ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ မေ ၁၇ ရက်နေ့ မနက် ၈ နာရီလောက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက် ၉ နာရီ ခွဲလောက်မှသာ မီးငြိမ်းခဲ့ကြောင်းနဲ့ မီးလောင်မှုဟာ စက်သုံးဆီယာဥ်ပေါ်ကို ဆီဖြည့်ရာကနေ မီးလောင်ခဲ့တာဖြစ််လို့ ကနဦး သိရပါတယ် ။ သေဆုံးသူတွေကတော့ အမျိုးသားသုံးယောက်ဖြစ်ပြီး ဒဏ်ရာပြင်းထန် ရရှိသူကလည်း အမျိုးသားဖြစ်ကြောင်းနဲ့ ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံမှာကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ” အခင်းဖြစ်ရာမှာနှစ်ယောက်ဆုံးတယ်။ ဆေးရုံမှာ လူနာတယောက်ထပ်ဆုံးတယ်။ လောင်တာက ဂိုဒေါင် မဟုတ်ဘူး ။ ဆီအရောင်းဆိုင်ပါ ။ဆီလည်း သိုလှောင်တယ်။ သေတာက ဆီဘောက်ဆာကားမောင်းသမားနဲ့ ဝန်ထမ်းတယောက်…
Read Moreလုံးခင်းမှာ နေအိမ်ပေါ် ဒရုန်းဗုံးပေါက်ကွဲလို့ အမျိုးသမီးသုံးယောက် သေဆုံး
မေ ၁၇ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ် ၊ ဖားကန့်ဒေသ ၊ လုံးခင်းကျေးရွာမှာ ဒီကနေ့ မေ ၁၇ ရက်နေ့ ၊နေ့လယ် ၁၂ နာရီကျော်လောက်က ဒရုန်းဗုံး ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးသုံးယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။ နေအိမ်ပေါ်ကို ဒရုန်းဗုံး ကျရောက်ခဲ့တာကြောင့် မီးလောင်ခဲ့ပြီး အမျိုးသမီးတယောက်က မီးလောင်သေဆုံးပြီး ကျန်နှစ်ယောက်ကတော့ လက်နက်စထိမှန်လို့ ဆေးရုံအရောက်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ” ဒရုန်းဗုံးက အိမ်ပေါ်တည့်တည့်ကျတာ ။ လက်နက်ကျပြီး မီးလောင်တာက ၁ နာရီလောက်ကြာမှငြိမ်းနိုင်တယ်။ မီးသတ်ကားကလည်း နည်းတယ်လေ ။ မီးငြိမ်းတော့ မီးလောင်တဲ့အထဲမှာ အသက် ၂၀ အရွယ် ကောင်မလေးအလောင်းတွေ့တယ် ။ ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူ ဒေသခံတယောက်က…
Read Moreလူပျောက်၊ ပြန်ပေးဆွဲမှုတွေ များလာတဲ့ ဗျတ္တပန်းဆက်လမ်း
မေ ၁၅ – ၂၀၂၆ SS (VOM) မန္တလေးတိုင်း၊ ညောင်ဦး – ကျောက်ပန်းတောင်းကြား ပုပ္ပားတောင်နဲ့ ဆက်သွယ်ထားတဲ့ ဗျတ္တပန်းဆက်လမ်းပိုင်းမှာ ခရီးသွားတွေကို ပစ်မှတ်ထားပြီး ပြန်ပေးဆွဲ ငွေညှစ်ခြင်းနဲ့ လူပျောက်ဆုံးမှုတွေ များလာတဲ့အတွက် သတိထားသွားလာကြဖို့ ခရီးသွား ပြည်သူအချင်းချင်း တိုက်တွန်းနိုးဆော်မှုတွေ ရှိနေပါတယ်။ ဘုရားဖူးတွေနဲ့ ခရီးသွားတွေဟာ ပုဂံ/ညောင်ဦးဘက်ကနေ ပုပ္ပားကို သွားရောက်ရာမှာ ၁၄ မိုင်ကျော်ခန့်ရှိတဲ့ အဲဒီလမ်းပိုင်းကို အနီးဆုံး ဖြတ်လမ်းအဖြစ် အသုံးပြုနေကြတာဖြစ်ပြီး မကြာသေးမီ နှစ်တွေအတွင်း နယ်မြေဒေသ မတည်ငြိမ်မှုတွေကြောင့် သတိထား သွားလာရမယ့်လမ်းပိုင်းအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ “ပုဂံ ဗျတ္တပန်းဆက်လမ်း ကိစ္စတွေက တကယ်ကို ဆိုးဆိုးရွားရွား ဖြစ်နေတာ။ ပြန်ပေးဆွဲ ငွေညှစ်ခံရရင်လည်း သိန်း ဆယ်ဂဏန်းကနေ ရာချီ၊ ငွေကြေးတတ်နိုင်တဲ့သူဆို ထောင်နဲ့ချီ တောင်းခံရတာ။ ကျွန်တော့်အသိတယောက်ဆို သိန်းထောင်ဂဏန်းပေးပြီး ပြန်လွတ်လာတာရှိတယ်။…
Read Moreသူတို့အိမ် အခန်း (၁၁၅)
ဆူးငှက် အစဉ်အလာများနှင့် မန္တလေးသင်္ကြန် ——————————— ၁၉၃၀ ဝန်းကျင်မှ စ၍ အလှပြယာဉ်များ၊ အလှပြ အက မဏ္ဍပ်များ၊ အတီးအမှုတ် အဆို အက များဖြင့် စည်ကားခဲ့သော မန္တလေးသင်္ကြန်သည် ရန်သူမျိုး၅ပါးဘေး၊ ရောဂါကပ်ဘေးတို့ကြောင့် နောက်ဆုတ် အရှိန်လျော့သည်ပဲ ရှိခဲ့သည်။ အေးချမ်းသည်နှင့် နလံထူကာ နောက်ခြေတစ်လှမ်းဆုတ်သည်နှင့် အဆမတန် ရှေ့သို့ တဟုန်ထိုး အားမာန်ချီ အောင်လံလွှင့်ခဲ့သည်။ မြန်မာပြည် နိုင်ငံရေး၏ အချိုးအကွေ့အဖြစ် လူမျိုးရေးအဓိကရုဏ်းဖြင့် လှည့်စားသော်လည်း တစ်ပြည်လုံး အတိုင်းအတာနှင့် အုံကြွခဲ့သော ၁၃၀၀ပြည့် အရေးတော်ပုံကာလ သင်္ကြန်ကိုပင် အရုပ်အလျော့မခံပဲ ဆင်နွှဲခဲ့သည်။ ၁၉၄၂ခုနှစ် ဒုတိယကမ္ဘာစစ်မီး ဟုန်းဟုန်းတောက်မှ မန္တလေးသည် မြို့လုံးကျွတ်နီးပါး အနောက်ဘက်ကမ်း စစ်ကိုင်း မင်းဝံတောင်ရိုးသို့ စစ်ခိုလှုံကြရမှ သင်္ကြန် အပျော်ကို မန္တလေးမှာ ခေတ္တခဏ ရပ်နားခဲ့ကြ၏။ ဟော.. ၁၉၄၅ခုနှစ်…
Read More