ဖားကန့် အပါအဝင် ကချင်ပြည်နယ်ဘက် အစိုးရတပ်က အင်အားထပ်ဖြည့်

မေ ၂၁၊ ၂၀၂၆ Shy V (VOM) ဖားကန့် အပါအဝင် ကချင်ပြည်နယ်ဘက်ကို လအစိုးရတပ်က အင်အားထပ်ဖြည့်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်တယ်။ ဟုတ်တယ်။ အင်အားတွေကတော့ ထပ်ဖြည့်လာတယ်။ ထပ်ဖြည့်လာတာတွေ ရှိတယ်။ တိုက်ပွဲ အခြေအနေကတော့ လောလောဆယ်တော့ပေါ့နော် အရမ်းကြီးတော့ မဖြစ်သေးဘူးပေါ့နော်။ အခြေအနေကတော့ ဖြစ်လာနိုင်တဲ့ အနေအထားတော့ ရှိတယ်။” လို့ ဒေသခံမျိုးသား တယောက်ကပြောပါတယ်။ ဖားကန့် ဆိပ်မူဘက်ခြမ်းမရောက်ခင် ဖားကန့် မရှီကထောင် နဲ့ ဆိပ်မူအုပ်စုရှိ ယူမာရွာ ကြားမှာ စစ်တပ်က အင်အားစုနေတာတွေရှိသလို ယူမာရွာဘက်က အဲဗားမျောခြံနဲ့ မရှီကထောင်က ရခိုင်ကုန်းမှာလည်း စစ်တပ်က အင်အားထပ်ဖြည့်ထားတယ်လို့ သူက ပြောပါတယ်။ မိုးကောင်းမြို့မှာလည်း ဖားကန့်ဘက် တက်ဖို့ စစ်တပ်က အင်အားစုဖွဲ့ ပြင်ဆင်နေတယ်လို့ ကြားနေတာကြောင့် ကာမိုင်း – ဖားကန့်လမ်း ကတော့…

Read More

စနဲမြို့မှာ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အိမ်ခြေ ၁၀၀ ဝန်းကျင် မီးလောင်ပျက်စီး

မေ ၂၁ – ၂၀၂၆ SN (VOM) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ရှိ ရွှေဟင်္သာရပ်ကွက်မှာ မေ ၁၉ ရက်၊ နေ့လယ်ပိုင်းက တိုက်ပွဲမှာ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အိမ်ခြေ ၁၀၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ နေ့လယ် ၂ နာရီဝန်းကျင်က တောင်မော်ဦး ရေတပ်စခန်း၊ နေဗီ (စစ်ရေယာဉ်) တွေပေါ်ကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့သလို လေကြောင်းကနေပါ တိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် တရပ်ကွက်လုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ “လေယာဉ်က အရင်လို တစီး၊ နှစ်စီးတည်း လာတာမဟုတ်ဘူး။ ငါးစီးလောက်နဲ့ တိုက်ခိုက်မှုလုပ်သွားတာ။ အခုအချိန်ထိတော့ ထိခိုက်၊ ဒဏ်ရာရ မကြားမိသေးဘူး။ ရွှေဟင်္သာမှာက ဒေသခံအကုန်လုံးနီးပါး စစ်ရှောင်ကုန်ကြပြီလေ။ ရပ်ကွက်ထဲ လူသိပ်မကျန်တော့ဘူး။ အိမ်စောင့်တွေလောက်ပဲ…

Read More

လပခမှာ ဒီတခေါက်အလင်းဝင်တဲ့အထဲ မြင်းခြံနဲ့ ပခုက္ကူက PDF တွေ ပါဝင်လာ

မန္တလေး၊ မေ- ၁၉- ၂၀၂၆ SA(VOM) မန္တလေးတိုင်းအတွင်းမှာ လက်နက်ကိုင်လှုပ်ရှားနေတဲ့ အဖွဲ့အသီးသီးကPDF တွေအပြင် ဒီတခေါက်အလင်းဝင်တဲ့အထဲမှာ မြင်းခြံနဲ့ ပခုက္ကူက PDF တွေအပါဝင် အလင်းဝင်လာသူအမျိုး သား ၂၇၇၊ အမျိုးသမီး ၃၅ ယောက် စုစုပေါင်း ၃၁၂ ယောက် ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေက လက်ခံကြိုဆိုခဲ့ကြပြီး မိဘတွေဆီပြန်လည်အပ်နှံတဲ့အခမ်း အနားကို ဒီကနေ့ မေ လ ၁၉ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းက အဘင်းဝင်လာသူ အောင်မြေသာစံမြို့နယ်က အမျိုးသား(၂၆) ဦး ၊ အမျိုးသမီး(၄)ဦး၊ ချမ်းအေးသာစံမြို့နယ်က အမျိုးသား(၉)ဦး၊ အမျိုးသမီး(၁)ဦး၊ မဟာအောင်မြေမြို့နယ်က အမျိုးသား(၂)ဦး၊ ပြည်ကြီးတံခွန်မြို့နယ်က အမျိုး သား(၄)ဦး၊ အမရပူရမြို့နယ်က အမျိုးသား (၁၄)ဦး၊ အမျိုးသမီး(၁)ဦး၊ ပုသိမ်ကြီးမြို့နယ်က အမျိုးသား(၁) ဦး၊ ပြင်ဦးလွင်မြို့နယ်က…

Read More

စနဲမြို့ကို ဦးတည်နေတဲ့ အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် ကျောက်ဖြူမှာ တိုက်ပွဲ ပြင်းထန်နေ

မေ ၁၉ – ၂၀၂၆ SS (VOM) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်စခန်းကနေ စနဲမြို့ကို ဦးတည်နေတဲ့ အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် အဲဒီဒေသမှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ လက်ရှိမှာ တောင်မော်ဦးရေတပ်စခန်း (စနဲမြို့အနီး) အပြင် သိုင်းချောင်း၊ ချောင်းမြောင်း၊ ဒိုးမတောင်နဲ့ အဝတောင်ကျေးရွာတို့မှာ မေ ၁၀ ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကာ အစိုးရတပ်က စစ်မျက်နှာနှစ်ခုဖွင့်ပြီး ထိုးစစ်ဆင်နေတာကြောင့် AA တပ်တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ “အစိုးရစစ်တပ်က အင်အားအများအပြားသုံးပြီး မြေပြင်စစ်ကြောင်းရော၊ လေကြောင်း၊ ရေကြောင်းကနေရော ထိုးစစ်ဆင်နေတာ။ နေဗီ (စစ်ရေယာဉ်) တွေပေါ်ကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တာတွေလည်း ရှိတယ်။ တိုက်ပွဲပြင်းထန်နေတာ တပတ်ကျော်လောက်ရှိပြီ။ တောင်မော်ဦးရေတပ်စခန်း နေဗီတွေကနေ ကမ်းတက်လာတဲ့ စစ်ကြောင်းတွေလည်းရှိတယ်။…

Read More

အခန်း (၁၁၇)

ဆူးငှက် တက္ကသိုလ်အပြန် ပညာလည်းမစုံ၊ ကြင်ယာလည်း မစုံ —————————————————————– စောစောက ကျွန်တော်ပြောသည့် အထဲတွင် “သမီးရည်းစားလည်းမကျ၊ ဘာမှလည်းမဖြစ်” ဟူသော စကားပါခဲ့သည်။ ကျွန်တော်တို့ သူငယ်ချင်းတွေ ၄နှစ်၄မိုးသာ ကုန်ရော တက္ကသိုလ်မှာ ပြည်တော်အပြန် ပညာလည်းစုံ ကြင်ယာလည်း စုံသည့်ကိန်း မဆိုက်ခဲ့ကြပုံကို တင်စားသည့် စကားဖြစ်သည်။ တကယ်တော့ ထိုစကားက ကျွန်တော်နှင့် ပို၍ ကိုက်ညီသည်။ သိကြသည့်အတိုင်း တက္ကသိုလ်ပထမနှစ် ဖရက်ရှာဝဲလ်ကမ်း ကတည်းက ခြေတိုအောင် ချောင်းပေါက် မတတ် ကြိုးပမ်းခဲ့သည်ကလည်း ဘာမှမဖြစ်ခဲ့။ ထိုသို့ မဖြစ်ခဲ့ပြီးနောက် ကျွန်တော်လည်း ကျောင်းတက်ခြင်း က်စ္စ အားမစိုက်တော့ဘဲ စာအုပ်တွေချည်း ဖတ်ဖြစ်တော့၏။ အဲဒီ စာအုပ်တွေကပဲ နောက်ဇာတ်လမ်း တစ်ပုဒ် အစပျိုးခြင်းဖြစ်ခဲ့ရသည်။ ပုံမှန်အားဖြင့် မုန့်ဖိုးထဲက လစဉ် မိုးဝေနှင့် ရှုမဝ မဂ္ဂဇင်း ၂အုပ်ဝယ်သည်။ ထို့ပြင်…

Read More

ကော့ကရိတ်မြို့ တိုက်ပွဲအကြားက မီးလောင်အိမ်တွေကို ဖျက်သိမ်းမှုစတင် ၊ အိမ်ပြန်ဆောက်ဖို့ တအိမ်ကို ဘိလပ်မြေအိတ် ၂၀ နဲ့သွပ်ချပ် ၂၀ ထောက်ပံ့မယ်

မေ ၁၈ ၊ ၂၀၂၆ GG (VOM) ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့မှာ တိုက်ပွဲကြောင့် နေအိမ်ပေါင်း ၁၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပြီး လက်ရှိမှာ ပြန်လည်ထူထောင်ရေးအတွက် မီး​လောင်နေအိမ်တွေကို မြေပြင်ဖျက်သိမ်းရှင်းလင်းရေး လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။ ပြန်လည်ထူထောင်ရေးအတွက် မီးလောင်ပျက်စီးခဲ့တဲ့နေအိမ်တွေကို ရှင်းလင်းရာမှာ အစိုးရအစီအစဥ်နဲ့ ရှင်းလင်းဆောင်ရွက်တာရှိသလို နေအိမ်ပိုင်ရှင်တွေကိုယ်တိုင် လုပ်လိုပါကလည်း ဆောင်ရွက်ခွင့်ပြုထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အစိုးရအစီအစဥ်နဲ့ မြေပြင်ဖျက်သိမ်း ရှင်းလင်းရေးကို ပထမဦးစားပေးအဖြစ် အမှတ်(၅)ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်း ၊မာန်အောင်လမ်း၊ ရတနာလမ်းရှိ နေအိမ်တွေကို မေ ၁၆ ရက်နေ့ ကစပြီး ဖျက်သိမ်းရှင်းလင်းခဲ့ရာ ဒီကနေ့မှာ လုပ်ငန်းကိုဆောင်ရွက်ပြီးစီးပြီဖြစ်တယ်လို့ သိရပါတယ်။ ” ချက်ခြင်းပြန်ဆောက်မယ့်အိမ်တွေကို ဦးစားပေးအရင်ထောက်ပံ့မှာပေါ့။ ဦးစားပေး ၁ ၊ ၂ ၊ ၃ ဆိုပြီး သွားမှာပါ…

Read More

ရွာငံမြို့နယ်မှာ ကျောက်သဲကျင်း ပြိုကျပြီး နှစ်ယောက်‌ သေ၊ တယောက် ဒဏ်ရာရ

မေ ၁၈ – ၂၀၂၆ SN (VOM) ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ မနေ့ မေ ၁၇ ရက်၊ မနက်ပိုင်းက ကျောက်သဲကျင်း ပြိုကျမှုကြောင့် နှစ်ယောက်‌ သေဆုံးပြီး တယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ရွာငံမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးသိန်းဇော်ဦးက ပြောပါတယ်။ မနေ့ မနက် ၁၁ နာရီခွဲဝန်းကျင်က ရွာငံမြို့နယ်၊ ယကြီးကျေးရွာအုပ်စု၊ ယကြီးကျေးရွာတောင်ဘက်၊ ယကြီး – ပွေးပြတ်ကျေးရွာ ကုန်ထုတ်လမ်းဘေးရှိ ကျောက်သဲကျင်းမှာ အမျိုးသား သုံးယောက် ကျောက်သဲတူးနေရာမှ သဲကျင်းပြိုကျပြီး ပိမိမှု ဖြစ်ပွားခဲ့တာလို့ ဦးသိန်းဇော်ဦးက ပြောပါတယ်။ “သူတို့ သဲတူးတဲ့နေရာကလည်း လမ်းကြောင်းကျဉ်းတာကိုး။ သူတို့မှာ သဲတူးပြီးရင်တင်ဖို့ ထော်လာဂျီလည်း ပါတယ်။ သေဆုံး နှစ်ယောက်က ထော်လာဂျီရဲ့ အနောက်၊ အတွင်းဘက်မှာ။ ဒါကြောင့် သဲပြိုကျတဲ့အချိန် မပြေးနိုင်တော့ဘဲ…

Read More

ခြောက်နှစ်ကျော်ကြာ ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့ ကသာမှာ တယ်လီနောဖုန်းလိုင်း ပြန်ရပြီ

မေ ၁၈ – ၂၀၂၆ SS (VOM) ဖုန်းလိုင်းတွေ ပြတ်တောက်နေတာ ခြောက်နှစ်ကျော် ကြာမြင့်နေပြီဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ ဒီကနေ့ မေ ၁၈ ရက်၊ နေ့လယ် ၂ နာရီ ၁၀ မိနစ်ဝန်းကျင်စပြီး တယ်လီနောဖုန်းလိုင်း ပြန်လည် ရရှိပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ကသာမှာ အရင်က တယ်လီနော၊ အူရီဒူး၊ MPT နဲ့ Mytel ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ မရဘူး။ တိုက်ပွဲတွေဖြစ်ကတည်းက ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာ။ MEC ကတ်နဲ့ပဲ သုံးလို့ရတာ။ MEC တောင် လိုင်းမိတဲ့နေရာ၊ မမိတဲ့နေရာ ရှိတယ်။ အခုတော့ တယ်လီနောနဲ့ ဖုန်းဆက်လို့ရပြီ။ အင်တာနက်လိုင်းကတော့ စမ်းကြည့်တာ မရသေးဘူး။ နေ့လယ် ၂ နာရီ ၁၀ မိနစ်မှ တယ်လီနောဖုန်းလိုင်း ပွင့်တာဆိုတော့…

Read More

လားရှိုးမြို့မှာ တရုတ်ကျောင်းသူတစုက အုပ်စုဖွဲ့ပြီး ကျောင်းသူတယောက်ကို ဝိုင်းဝန်းရိုက်နှက် အနိုင်ကျင့်မှု ဖြစ်ပွား

မေ ၁၈၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ တရုတ်ကျောင်းသူတစုက ကျောင်းသူတယောက်ကို အုပ်စုဖွဲ့ပြီး ဝိုင်းဝန်းရိုက်နှက် အနိုင်ကျင့်ခဲ့တဲ့ဖြစ်စဉ်တခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက VOM ကို ပြောပါတယ်။ “အမှတ် ၇ Guomin တရုတ်ကျောင်းမှာ ဖြစ်တာပါ။ ရပ်ကွက် ၂ အပြင်ဘက် ထင်တယ်” လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။ ရိုက်နှက်အနိုင်ကျင့်ခံခဲ့ရတဲ့ မိန်းကလေးဟာ မျက်နှာတပြင်လုံး ဖူးယောင်ဒဏ်ရာရထားပြီး စိတ်ဒဏ်ရာလည်း ခံစားနေရတာကြောင့် ကျောင်းဆက်တက်ဖို့ အခက်အခဲရှိနေတယ်လို့ သူက ပြောပါတယ်။ ဆေးကုသဖို့တောင် မဝံ့မရဲဖြစ်နေပြီး လက်ရှိမှာ နေအိမ်အတွင်းပဲ နေထိုင်နေတယ်လို့ ဆိုပါတယ်။ “ကျောင်းက အထက်တန်းကျောင်းလား ဘာလား တော့ မသိဘူး။ ကိုးကန့် စာပေနဲ့ ယဉ်ကျေးမှုက ရပ်ကွက် ၂ ဟုတ်တယ်။ ကိုးကန့် စာပေနဲ့…

Read More

ပြင်ဦးလွင်က ဖက်ဆွပ်ကန်မှာ ညီအစ်ကိုနှစ်ယောက်အပါအဝင် ကလေးငယ်သုံးယောက် ရေနစ်​သေဆုံး

မေ ၁၈ ၊ ၂၀၂၆ CC(VOM) မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ ၊ရပ်ကွက်ကြီး (၁၂)၊ရေချမ်းအိုး(တောင်)ရွာရှိ ဖက်ဆွတ်ကန်မှာ ကလေးငယ်သုံးယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မနေ့က မေ ၁၇ ရက်နေ့ ၊ ညနေ ၅ နာရီ လောက်မှာ ကလေးငယ်သုံးယောက် ပျောက်သွားကြောင်းသိရှိရတာကြောင့် ရပ်ကွက်တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ လိုက်လံရှာဖွေရာကနေမှ ရေချမ်းအိုးတောင်ရွာမှာရှိတဲ့ ဖက်ဆွတ်ကန်အတွင်းမှာ ရေနစ်သေဆုံးနေတာကို တွေ့ရှိရတာဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးတဲ့ ကလေးငယ်တွေထဲမှာ နှစ်ယောက်က ချင်းတိုင်းရင်းသားညီအစ်ကိုနှစ်ယောက်ပါဝင်တယ်လို့ သိရပါတယ်။ ” ၅ နာရီခွဲလောက်မှာ ကလေးတွေ ပျောက်သွားတယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို သတင်းဝင်တယ်။ အဲဒီမှာ လိုက်စုံစမ်းတော့ နောက်ဆုံးရေကန်နားမှာ အင်္ကျီသုံးထည်၊ ဖိနပ်သုံးရံတွေ့တယ်။ ၆ နာရီလောက်မှာ ရေကန်ထဲဆင်းရှာတော့ ဆက်တိုက်ပါပဲ ကလေးအလောင်းတွေတွေ့တယ်။.ချင်းတိုင်းရင်းသားလေးတွေက နေရပ်ရှောင်တွေလို့သိရတယ်။ သေတဲ့ကလေးတွေက ရပ်ကွက်ကြီး ၈…

Read More
VOM News

FREE
VIEW