မေ ၁၄ ၊ ၂၀၂၆ GG (VOM) ရန်ကုန်မှာ လူကူးမျဥ်းကျားနဲ့ ခုံးကျော်တံတားတွေကနေ လမ်းဖြတ်မကူးရင် အရေးယူမှာဖြစ်သလို လူကူးမျဥ်းကျားမှာ အရှိန်ပြင်းမောင်းနှင်တဲ့ ယာဥ်တွေကိုလည်း အရေးယူမှာ ဖြစ်တယ်လို့ သိရပါတယ် ။ လူကူးမျဥ်းကျားနဲ့ ခုံးကျော်တံတားတွေကနေ လမ်းမကူးဘဲ တခြားဖြတ်လမ်းနေရာတွေကနေ ပေါ့ဆစွာ လမ်းကူးခဲ့တာကြောင့် ၂၀၂၅ ခုနှစ်မှာ သေဆုံးသူ ၂၇ ယောက်လောက်အထိရှိခဲတယ်လို့ သိရပါတယ်။ ဒါကြောင့် အသက်အန္တရာယ်မဖြစ်အောင် လူကူးမျဥ်းကျားနဲ့ ခုံးကျော်တံတားတွေကနေသာ လမ်းကူးဖို့အတွက် ပြည်သူတွေကို လက်ရှိမှာ အသိပညာပေးနေပြီး အသိပညာပေးကာလကျော်ချိန်မှာတော့ စည်းကမ်းမလိုက်နာသူတွေကို အရေးယူပြီး ဒဏ်ငွေရိုက်မှာဖြစ်တယ်လို့ သိရပါတယ် ။ “အခုက ပညာပေးပဲလုပ်သေးတယ်။ လိုအပ်တဲ့နေရာတွေမှာ လူကူးမျဥ်းကျား ထပ်ဆွဲတာတွေ လိုအပ်တာတွေပြည့်စုံအောင်လုပ်ပြီးမှ အရေးယူမှာပါ။ ကျွန်တော်တို့က အရေးယူပြီး ဒဏ်ကြေးတွေဘာတွေ လိုချင်တာမဟုတ်ဘူး ။ ယာဥ်စည်းကမ်း လမ်းစည်းကမ်း နဲ့အညီ စနစ်တကျသွားစေချင်တာပါ…
Read MoreMonth: May 2026
TNLA ထိန်းချုပ်ရာ နမ့်ခမ်းမှာ ဘဏ်အသစ် ဖွင့်ဖို့ပြင်ဆင်
မေ ၁၄၊ ၂၀၂၆ Shy V (VOM) TNLA ထိန်းချုပ်ရာ နမ့်ခမ်းမှာ ဘဏ်အသစ် ဖွင့်ဖို့ပြင်ဆင်နေတာတွေ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ “ဘဏ် အသစ်ဖွင့်ဖို့ လုပ်နေတာ တွေ့ရတယ်။ ဖွင့်တော့ မဖွင့်သေးဘူး။ လုပ်နေတုန်းပဲ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ အရင်က KBZ ဘဏ်နေရာလို့ ယူဆရပြီး ဘဏ်နာမည် အသစ်နဲ့ ပြင်ဆင်နေတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။ “ဘယ်သူတွေ ဦးဆောင်ပြီး ဖွင့်တာလဲ ဆိုတာတော့ မသိဘူး။ ဘဏ် နာမည် အသစ်နဲ့ ကြော်ငြာဆိုင်းဘုတ်တွေ ထောင်ထားတာ တွေ့ရတယ်” လို့ နောက်ထပ်ဒေသခံ တယောက်က ပြောပါတယ်။ ဘဏ်ဝန်ထမ်းလည်း ခေါ်တယ်လို့ ကြားတယ်လို့ သူက ပြောပါတယ်။ လက်ရှိ ဖွင့်လှစ်ဖို့ ပြင်ဆင်နေတဲ့ ဘဏ်က နမ့်ဆန်၊…
Read Moreသူတို့အိမ် အခန်း (၁၁၃)
ဆူးငှက် ဆောင်းယွန်းယိုင်နွေ ————————– ‘….စံဖီရွှေသွယ်၊ ပျံ့လှယ်ဝတ်မှုန်မွှေး လေပြေတသွေးသွေး၊ စုံမြိုင်ခြေကျေးနှင့် ပန်းသာထွေ… ဆောင်းယွန်းယိုင်နွေ၊ လေဝန်းရစ်ခါစွေ ရွက်ဝါကြွေ…နွေမူးမူး မိန်ရာသီ၊ ခါမှီလသာခေါင် မြလွှာမှောင်…. တောင်ခိုးမြူး….’ မန္တလေးမှာက ဆောင်းအကုန် နွေအကူး အခုလိုကာလလေးက လွမ်းစရာ့ ရသတစ်မျိုးကို ပေးသည်။ မြဝတီမင်းကြီး ဦးစက ဒီရာသီကို သူ၏ ‘ဘုံပျံနေနန်း’ ပတ်ပျိုးကြီး၌ ‘ဆောင်းယွန်းယိုင်နွေ’ ဟူသော စကားလုံးဖြင့် သုံးနှုန်းခဲ့၏။ ဆောင်းကား ခွာလေပြီ…။ နွေဘက်သို့ ယိုင်လုလု…..။ မနက် လင်းအားကြီးမှာတော့ ခွာစဆောင်း၏ ချမ်းမြမြအအေးက အစွမ်းပြသေးသည်။ သို့သော် ဆောင်းမပီ တော့။ ဆောင်း၏ အဆောင်အယောင် နှင်းဝတ်ရုံကား တောင်လေညှင်းတွင် ဥသြငှက် အသံသဲ့သဲ့ ကြားမိကတည်းက ပရုပ်လုံးဖြင့် ထုပ်ပိုး သိမ်းဆည်း ပြီးလောက်ပြီ။ ထို့ကြောင့်လည်း နေထွက်ပြူပြီး မကြာမီမှာပင် ‘လေဝန်းရစ်ကာခွေ’ လာသည်။…
Read Moreစတုတ္ထမဏ္ဍိုင်ရဲ့ ပကတိအခြေအနေ
မေ ၁၃ ၊ ၂၀၂၄ GG (VOM) လတ်တလော အခြေအနေမှာ လုပ်ငန်းလိုင်စင် ပိတ်သိမ်းခံထားရတဲ့ သတင်းအေဂျင်စီ ၉၇ ခုအထိ ရှိထားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ သတင်းအေဂျင်စီတွေကို လုပ်ငန်းလိုင်စင်ပိတ်သိမ်းမှုတွေ ဆက်ရှိနေသေးတာဟာ ပြည်တွင်းမှာ ရပ်တည်နေရတဲ့ သတင်းမီဒီယာတွေအတွက်တော့ သတိထားရေးသားရမယ့် အခြေအနေရှိနေဆဲ ဖြစ်တယ်လို့ သတင်းမီဒီယာ အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။ ” ၂၀၂၁ အာဏာသိမ်းပြီး လက်နက်ကိုင်တော်လှန်ရေးဆိုပြီး လုပ်ကတည်းက ပြည်တွင်းမီဒီယာတွေကတော့ စစ်တပ်နဲ့ပေးစားခံနေရတာပါ။ လှုပ်လို့ကိုမရတာ။ မရေးရင်လည်း မရေးလို့၊ ရေးတော့လည်း ဘောမတယ်ဖြစ်ပြန်ရော။ စာဖတ်သူတွေအများစုကလည်း အပြင်ကလူတွေကို အထင်ကြီးကြ၊ ယုံလွန်းကြတော့ ပြည်တွင်းကမီဒီယာဆိုရင် အကောင်းကိုမမြင်ကြတော့တာ။ သမ္မတ ဦးဝင်းမြင့်လွတ်တာကို VOM မှာ ပထမဆုံးတင်တယ် ။ ဒါပေမဲ့ ပြင်ပမီဒီယာကရေးမှ ယုံကြည်ကြတော့တာဆိုတော့ ခက်ပါတယ်။ နောက်ပြီးလိုင်စင် ပိတ်မခံရ၊ ဖမ်းမခံရအောင်လည်း…
Read Moreဒေါ်နယ်ထရမ့် နဲ့ ရှီကျင်ပင်း ထိပ်သီးဆွေးနွေးပွဲ အတွက် ထရမ့် တရုတ်နိုင်ငံကို ဆိုက်ရောက်ပြီ
မေလ ၁၃ – ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင်ပင်းနဲ့ နှစ်ရက်ကြာ အရေးပါတဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ပေကျင်းမြို့ကို ဆိုက်ရောက်လာပြီဖြစ်ပါတယ်။ မဟာအင်အားကြီး နှစ်နိုင်ငံကြား ဆွေးနွေးမယ့် အစီအစဉ်တွေထဲမှာ အခွန်စည်းကြပ်မှုတွေ၊ နည်းပညာ ဆိုင်ရာ ပြိုင်ဆိုင်မှုတွေ၊ အီရန်စစ်ပွဲနဲ့ ထိုင်ဝမ်အရေး ကိစ္စတွေ ပါဝင်နေပါတယ်။ အခုတခေါက် ထရမ့်ရဲ့ ခရီးစဉ်ဟာ ၂၀၁၇ ခုနှစ်က နောက်ဆုံး အကြိမ် လာရောက်ခဲ့ပြီး နောက်ပိုင်း ပထမဆုံး အကြိမ် ပြန်လည်လာရောက်တာပါ။ ဒါပေမဲ့ အခုပြန်လာချိန်မှာတော့ တရုတ်နိုင်ငံဟာ အရင်ကထက် ပိုမိုအင်အားတောင့်တင်းလာသလို၊ မိမိကိုယ်ကိုယ် တည်ငြိမ်တဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတခု အဖြစ် ပုံဖော်ဖို့ ပိုမိုအားသန်နေတဲ့ အနေ အထားမှာ ရှိနေပါတယ်။ တကယ်တော့ ဒီခရီးစဉ်ကို ပြီးခဲ့တဲ့ မတ်လ ကတည်းက လာရောက်ဖို့…
Read Moreသူတို့အိမ် အခန်း (၁၁၂)
ဆူးငှက် ကျောင်းသားစိတ်နှင့် အလိုက်မသိခဲ့ပုံများ ————————————————– တက္ကသိုလ်ရောက် ကျွန်တော့် သူငယ်ချင်းများက ကျွန်တော်နှင့် သာမက ကျွန်တော့် မိသားစု ကျွန်တော့် ဆွေမျိုးများ ကျွန်တော့် အသိုင်းအဝန်းနှင့်ပါ ရင်းနှီးကြသည်။ ကျွန်တော့် အိပ်ရာပေါ် ဝင်ထိုင်ကြပြီး ကျွန်တော့် ဝမ်းကွဲ အစ်ကိုများနှင့်ပါ ရင်းနှီးကြသည်။ ထို့ကြောင့် ညရောက်လျှင် ညဈေးတန်းသွားကြ ဘုရားပွဲသွားကြ အငြိမ့်ကြည့်ကြ လက်ဖက်ရည်ဆိုင် ထိုင်ကြနှင့် တရုံးရုံးဖြစ် နေကြသည်။ တစ်ခုပါပဲ၊ ကျွန်တော်က သူများဝင်းထဲနေရသည်လေ။ ဝင်းပိုင်ရှင်က မင်းမျိုးမင်းနွယ် ဆွေကြီးမျိုးကြီး စီးပွားရေးလုပ်ငန်းရှင်ကြီးလေ။ သူတို့မှာ သူတို့ အတိုင်းအတာနှင့် လုံခြုံရေးက အရေးပါသည်။ ထို့ကြောင့် ဝင်း၏ တံခါးမကြီးများကို ည ၈နာရီကျော်တာနှင့် ပိတ်သည်။ ထို့ကြောင့် ကျွန်တော်က သူငယ်ချင်းများနှင့် တရုံးရုံး ဝင်လိုက် ထွက်လိုက် လုပ်နေခြင်းက မသင့်တော်ပေ။ ထိုစဉ်ကာလက ရပ်ရွာအေးချမ်းမှုသည်…
Read Moreကသာမြို့ကို ပြန်ဝင်လာတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ဒေသခံတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကြိုဆို
ကသာ၊ မေ- ၁၂- ၂၀၂၆ VOICE OF MYANMAR စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ကသာမြို့ကို အုပ်ချုပ်ရေးယန္တယားအပြည့်အဝလည်ပတ်နိုင်ဖို့ ထပ်မံအားဖြည့်ဝင်ရောက်လာတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ကသာမြို့ခံ ပြည်သူတွေနဲ့ ရောက်နှင့်နေပြီးဖြစ်တဲ့ နယ်မြေခံဌာနဆိုင်ရာ ဝန်ထမ်းတွေက မေလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ မြို့အဝင်မုဒ်ဦးကနေ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။ “ဌာနဆိုင်ရာဝန်းထမ်းအသစ်တွေ ဝင်ရောက်လာတာကို ကြိုဆိုပါတယ် ၊ကသာမြို့ပေါ်မှာ ကြံ့ကြံ့ခံနေသူတယောက်ချင်းစီတိုင်းကို ကူညီထောက်ပံ့တာမျိုးဆိုရင်လည်း ကြိုဆိုပါတယ် ၊နေထိုင်စားသောက်ခဲ့ရတာ အလွန်ခက်ခဲကြမ်းတမ်းခဲ့ကြလို့ပါ ” လို့ ဒေသခံတဦးပြောပါတယ် ။ ကသာမြို့ကို မေလ ၁၁ ရက်နေ့မနက်ပိုင်းက စစ်ကား (၃၀၀) ကျော်ဝန်းကျင်နဲ့အတူ ကသာလိုင်းကား (၉) စီး၊မှန်လုံကား (၆)စီး၊ အင်းတော်လိုင်းကား (၆)စီး၊ မော်လူးလိုင်းကား (၁)စီး၊ လူဦးရေ ၂၇၀ ကျော်ခန့် ဝင်ရောက်ခဲ့ပြီး အဲ့ဒီအထဲမှာ ကသာမြို့အထွေထွေအုပ်ချုပ်ရေး၊ ပညာရေး၊…
Read Moreသူတို့အိမ် အခန်း (၁၁၁)
ဆူးငှက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်တဲ့ ———————————————– ကျွန်တော်တို့ တက္ကသိုလ် တက်သည့် ကာလအတွင်း ၁၉၇၆ခုနှစ် မတ်လ ၂၃ရက်နေ့က သခင်ကိုယ်တော်မှိုင်း ရာပြည့် ကိစ္စပြီးကတည်းက အာဏာပိုင်အဖွဲ့အစည်း၏ ထိပ်ပိုင်းတွင်လည်း လှုပ်ခတ်မှုများရှိခဲ့သည်။ ၁၉၇၇ ခုနှစ် ဖေဖော်ဝါရီလ ၂၁ရက်မှ မတ်လ ၁ရက်နေ့အထိ ကျင်းပသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ တတိယအကြိမ် ပါတီညီလာခံက ပါတီဗဟိုကော်မီတီဝင် ၄၁ဦးကို ထုတ်ပယ်ခဲ့သည်။ ထုတ်ပယ်ခံရသည့် ဗဟိုကော်မီတီဝင် အများစုမှာ လက်ဝဲစွန်းသည့် အရပ်သား နိုင်ငံရေးသမားကြီးများ ဖြစ်သည်။ ထို့နောက် တပ်မတော်အရာရှိ ၄၂ဦးပါဝင်သည့် ဗဟိုကော်မီတီဝင်အသစ် ၇၄ဦးကို ခန့်အပ်ခဲ့သည်။ ထို့နောက် ၁၉၇၈ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ မြေအောက် လှုပ်ရှားမှုနှင့် ပတ်သက်သော ကွင်းဆက်များကို ဖော်ထုတ်အရေးယူခဲ့ရာ တစ်ပြည်လုံး အတိုင်းအတာအရ ပညာရှင်များအပါအဝင် ဝန်ထမ်းများ ကျောင်းသားများအထိ အဖမ်းအဆီး ခံကြရသည်။ ဤသို့ဖြင့် ၁၉၇၄ခုနှစ်…
Read Moreဇေယျာသီရိမြို့နယ်မှာ ယာဥ် သုံးစီး ဆင့်တိုက်မှုဖြစ်ပြီး ၁၆ ယောက် ဒဏ်ရာရ
မေ ၁၂ – ၂၀၂၆SS (VOM)နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်မှာ ဒီကနေ့ မေ ၁၂ ရက်၊ မနက်ပိုင်းက ယာဥ် သုံးစီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး ၁၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။အဲဒီဖြစ်စဉ်ဟာ ဇေယျာသီရိမြို့နယ်၊ ရန်ကုန် – မန္တလေးလမ်းဟောင်း၊ နန်းသြရွာရှေ့မှာ ဒီနေ့မနက် ၁၀ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသား နှစ်ယောက်၊ အမျိုးသမီး ၁၄ ယောက် ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။“လိုက်ထရပ်၊ ဖောကားနဲ့ ဟိုက်ဂျက် သုံးစီးဆင့်တိုက်တာ။ အမျိုးသားနှစ်ယောက်က ခြေကျိုးဒဏ်ရာရတယ်။ အမျိုးသမီးတွေကတော့ ပွန်းပဲ့ဒဏ်ရာလောက်ပဲ ရတာ။ ဒဏ်ရာရတဲ့သူတွေက ဟိုက်ဂျက်ပေါ်ကလူတွေ။ စိုးရိမ်ရတဲ့သူတော့ မရှိဘူး” လို့ ကရုဏာရှင် လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။လက်ရှိမှာ ဒဏ်ရာရရှိသူတွေကို ဥတ္တရသီရိမြို့နယ်ရှိ ပြည်သူ့ဆေးရုံ ခုတင် (၁၀၀၀)…
Read Moreဖားကန့်ဘက် တိုက်ပွဲ ငြိမ်နေပေမယ့် ကုဋေရွာမှာ ရွာလုံးကျွတ် တိုက်ပွဲရှောင်ရ
မေ ၁၂၊ ၂၀၂၆ Shy V (VOM) ကချင်ပြည်နယ်၊ မိုးညင်းခရိုင်၊ ဖားကန့်မြို့နယ်အတွင်းမှာ လတ်တလော တိုက်ပွဲအခြေအနေ အနည်းငယ် ငြိမ်သက်နေပေမယ့် မှော်ဆီစာကျေးရွာနဲ့ ကပ်လျက်ရှိတဲ့ ကုဋေကျေးရွာက ဒေသခံတွေဟာ တိုက်ပွဲပြန်ဖြစ်လာနိုင်တဲ့ အခြေအနေကို စိုးရိမ်ပြီး ရွာလုံးကျွတ် တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက VOM ကို ပြောပါတယ်။ ဒေသခံအမျိုးသား တယောက်က “အခု တခေါက်ကတော့ ကုဋေရွာ ရှောင်ရတာပေါ့။ ကုဋေကျေးရွာက မှော်ဆီစာ ကျေးရွာနဲ့ ကပ်လျက်ပေါ့။ အဲဒါရှောင်ရတယ်။ လုံးခင်း၊ မှော်ဆီစာ ရွာတို့ဘက်ကလည်း ဒေသခံတချို့ ရှောင်နေကြရတာတွေ ရှိသေးတယ်” လို့ ပြောပါတယ်။ ဖားကန့်ဒေသမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အစိုးရတပ်အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေခဲ့ပြီး မော်မောင်းလျံ၊ အမှိုက်ပုံရွာ၊ စည်ပင်၊ ထုံးဘိုစတဲ့ ကျေးရွာအချို့က ဒေသခံတွေလည်း ပထမ တခေါက် တိုက်ပွဲတွေ…
Read More