ချင်းတပ်ဖွဲ့ဝင် PDF Zoland ရဲ့ အကျဥ်းစခန်းကနေ အကျဥ်းသား ၈၀ လက်နက်နဲ့အတူထွက်ပြေးသွား

စက်တင်ဘာ ၁၄ ၊ ၂၀၂၆ TG(VOM) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်နဲ့ တွန်းဇံမြို့နယ်တွေမှာ အခြေစိုက်လှုပ်ရှားတဲ့ ချင်းညီနောင်အဖွဲ့ဝင် PDF Zoland အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဥ်းစခန်းကနေ​ အကျဥ်းသား ၈၀ ဝန်းကျင်လောက် လက်နက်တွေနဲ့အတူ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၃ ရက်နေ့ ညပိုင်းမှာ အကျဥ်းစခန်းစောင့်တာဝန်ကျသူတွေကို ရိုက်နှက်ပြီး လက်နက် နဲ့ ကျည်ဆံတွေယူကာ ထွက်ပြေးသွားတာဖြစ်ကြောင်း ဒီကနေ့မနက်ပိုင်းအထိ ပြန်လည်ဖမ်းမိတာ မရှိသေးဘူးလို့ သိရပါတယ် ။ ” သိရတာတော့ ခုထွက်ပြေးသွားတဲ့အထဲက အကျဥ်းသားနှစ်ယောက်က ရေချိုးချင်တယ်ပြောတာကို တာဝန်ကျအစောင့်က လွှတ်ပေးတာမှာ အစောင့်တွေကို ရိုက်နှက်ပြီး ကျန်တဲ့ အကျဥ်းသားတွေကိုပါ လွှတ်ပေးလိုက်တာ။ အခုထွက်ပြေးတဲ့အထဲမှာ ဗိုလ်မှူးတွေလည်းပါတယ် ပြောတယ်။ ပြန်မမိသေးဘူးသိရတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ လက်ရှိမှာ ထွက်ပြေးသွားတဲ့ အကျဥ်းသားတွေကို PDF…

Read More

DEMU ရထားနဲ့ ထွန်စက်တိုက်မိပြီး နှစ်ယောက်သေ

စက်တင်ဘာ ၁၄ ၊ ၂၀၂၆ GG(VOM) ဒီကနေ့ စက်တင်ဘာ ၁၄ ရက်နေ့ ၊ ညနေ ၄ နာရီလောက်မှာ ညောင်လေးပင် – ပဲခူး လမ်းပိုင်း၊ ပြွန်တန်ဆာဘူတာ နဲ့ ဒိုက်ဦး ဘူတာအကြား တရားမဝင်လမ်းကူးနေရာအရောက်မှာ နေပြည်တော် – ရန်ကုန်ပြေးဆွဲတဲ့ အမှတ် ၈ အစုန် DEMU အမြန်ရထား နဲ့ လမ်းဖြတ်မောင်းလာတဲ့ထွန်စက် တိုက်မိပြီး ထွန်စက်ပေါ်ပါနှစ်ယောက် သေဆုံးခဲ့ပါတယ်။ ” ထွန်စက်က တပိုင်းကိုပြတ်ထွက်သွားတာ။ ရွာလမ်းအကူး ရထားလမ်းမှာဖြစ်တာ။ ထွန်စက်ပေါ်ပါတဲ့သူတွေ ပွဲချင်းပြီးဆုံးတာ ။ ရထားရှေ့မှန်တွေလည်း ကွဲကုန်တယ်။ ထွန်စက်ကလည်း အဲဒီဖြစ်တဲ့ရွာနားကပဲ ။ရထားကတော့ နေပြည်တော်ကနေ ၁၂ ခွဲထွက်လာတဲ့ ရထားပါ။ ” လို့ ဖြစ်စဉ်သိတဲ့ ပြွန်တန်ဆာမြို့ဒေသခံက ပြောပါတယ်။ အဆိုပါ ရထားနဲ ထွန်စက်…

Read More

သန်လျင်မြို့နယ် နတ်စင်တရာဆရာတော် ဘဝနတ်ထံ ပျံလွန်တော်မူ

စက်တင်ဘာ ၁၃ – ၂၀၂၆ SS (VOM) ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ သီတင်းသုံးတော်မူတဲ့ နတ်စင်တရာ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တပညာတေဇ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဟာ ဒီကနေ့ စက်တင်ဘာ ၁၃ ရက်၊ မနက် ၁ နာရီ ၅၆ မိနစ်ဝန်းကျင်က ဘဝနတ်ထံ ပျံလွန်တော်မူသွားပြီလို့ တပည့်သာဝကတွေက အသိပေးထားပါတယ်။ ဆရာတော်ကြီးဟာ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာ‌ရှိ ဒေဝဒဟသဗ္ဗသိဒ္ဓိ နတ်စင်တရာကျောင်းတိုက်ရဲ့ ပဓာနနာယကဖြစ်ပြီး ပျံလွန်ချိန်မှာ သက်တော် (၇၆) နှစ်၊ ဝါတော် (၅၆) ဝါ ရှိပြီလို့ သိရပါတယ်။ “ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်ကို ဆေးရုံကနေ ကျောင်းတိုက်ကို ပင့်ဆောင်ခဲ့ပြီးပါပြီ။ ကျောင်းတိုက်မှာအခု ရိုသေစွာ ထားရှိထားပါတယ်။ ရှေ့ဆက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဥ်တွေကို ဆရာတော်ဘုရားကြီးတွေရဲ့ လမ်းညွှန်မှုတွေအတိုင်း ဆက်လက် ဆောင်ရွက်သွားမှာပါ” လို့ တပည့်သာဝကတယောက်က…

Read More

မြဝတီမြို့မှာ ကားမိုင်း ပေါက်ကွဲမှုတွေဖြစ်

စက်တင်ဘာ ၁၃ – ၂၀၂၆ SN (VOM) ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၃ ရက်၊ မနက် ၂ နာရီဝန်းကျင်က ကားမိုင်းပေါက်ကွဲမှု နှစ်ကြိမ်ဆက်တိုက် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြဝတီမြို့ ရေပူမီးပွိုင့်လမ်းဆုံ ယာဉ်ထိန်းရုံးအနီးမှာ တကြိမ်၊ အမှတ် (၅) ရပ်ကွက်၊ ဦးအောင်ဇေယျလမ်းမရှိ စောသီရိ စာရေးကိရိယာလမ်းဆုံနဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးရှေ့မှာ တကြိမ် ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာလို့ သိရပါတယ်။ “မော်တော်ပီကယ်ရုံးနားက ကားတစီးရယ်၊ ပြန်/ဆက်ရုံးရှေ့က ကားတစီးရယ် ပေါက်ကွဲမှု ဖြစ်ခဲ့တာ။ ပေါက်ကွဲသံက သုံးကြိမ် ထွက်လာတယ်။ အသံတော်တော်ကျယ်တယ်။ လူထိတာတော့ မရှိဘူး။ မော်တော်ပီကယ်ရုံးနဲ့ ပြန်/ဆက်ရုံးတွေကတော့ အပျက်အစီးရှိတယ်။ အမှတ် (၂) တံတားဘက်က မွေးမြူရေးဇုန်ဘက်လို့ သိရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့…

Read More

ခန္တီးမြို့နယ်မှာ နာဂလက်နက်ကိုင်အဖွဲ့ဖမ်းခံရသူတရာ​ကျော်ထဲက ၇၀ ကျော်ကို ခုထိပြန်လွှတ်မပေးသေး

စက်တင်ဘာ ၁၃ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့နယ်ထဲက နာဂလက်နက်ကိုင်အဖွဲ့ ENDA ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရသူတွေထဲက လူ ၄၀ လောက်သာ ပြန်လွတ်လာပြီး ၇၀ ကျော်လောက်ကိုတော့ ခုထိပြန်လွှတ်မပေးသေးဘူးလို့ သိရပါတယ်။ မှန်ပင်ရွာက ဒေသခံအပါအဝင် ရွှေမျောလုပ်ကိုင်သူ အယောက် ၇၀ လောက်ကို ဇူလိုင် ၂၉ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး အဲဒီနောက် ရွှေမြင့်မို့ရ်ရွာ ဒေသခံ ၅၀ လောက်ကိုလည်း ထပ်မံဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ် ။ ဖမ်းဆီးသွားစဥ်က စစ်မေးစရာရှိတာကြောင့် ခေါ်ဆောင်ခြင်းဖြစ်ပြီး နှစ်ရက် ၊ သုံးရက်ကြာရင် အကြောင်းပြန်မယ်လို့ မိသားစုဝင်တွေကို ပြောဆိုခဲ့ပေမယ့် လက်ရှိမှာတော့ မှန်ပင်ရွာက အယောက် ၄၀ နဲ့ ရွှေမြင့်မိုရ်ရွာမှ နှစ်ယောက်ကိုသာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး အဆက်အသွယ်လည်းမရဘူးလို့ သိရပါတယ်။ ” မိန်းကလေးခုနှစ်ယောက်နဲ့…

Read More

ကလေး – ဖလမ်း ခြောက်ကြိမ်မြောက် နေရပ်ပြန်ရေး ခရီးစဉ်ကို စက်တင်ဘာ ၁၇ ရက်နေ့ စတင်မယ်

စက်တင်ဘာ ၁၃ – ၂၀၂၆ SN (VOM) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ကို ပြန်လည်ဝင်ရောက်မယ့် ဒေသခံတွေအတွက် ကလေး – ဖလမ်း ခြောက်ကြိမ်မြောက် နေရပ်ပြန်ရေး ခရီးစဉ်ကို လာမယ့် စက်တင်ဘာ ၁၇ ရက်နေ့ စတင်မယ်လို့ ဒေသတွင်း လူမှုကူညီရေး အသင်းအဖွဲ့တွေဆီက သိရပါတယ်။ ဒီခရီးစဉ်ကို Falam Christian Ministers’ Fellowship (FCMF) နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ (CSOs) တို့က ဦးဆောင် စီစဉ်တာဖြစ်ပြီး အခုခရီးစဉ်ဟာ ဇွန်လကနေ စက်တင်ဘာလအထိ ပြုလုပ်မယ့် ပထမအဆင့် ပြန်လည်နေထိုင်ရေးအစီအစဉ်ရဲ့ နောက်ဆုံးခရီးစဉ်ဖြစ်တယ်လို့ သိရပါတယ်။ ခရီးစဉ်မှာ လိုက်ပါမယ့်သူ တယောက်ကို အဝတ်အစားနဲ့ ကိုယ်ပိုင် အသုံးအဆောင်ပစ္စည်း သုံးအိတ်အထိပဲ သယ်ဆောင်ခွင့်ပြုထားပြီး ဆန်အိတ် အပါအဝင် အစားအသောက်တွေကိုလည်း သယ်ခွင့်မပြုဘူးလို့ သိရပါတယ်။ “ဖလမ်းမှာက လမ်းပိုင်းဂိတ်ကြေးတွေလည်း…

Read More

ရန်ကုန် အင်းလျားကန်ထဲမှာ ဗီယက်နမ်နိုင်ငံသား အမျိုးသားအလောင်းတွေ့

စက်တင်ဘာ ၁၃ ၊ ၂၀၂၆ CC (VOM) ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အင်းလျားကန်ထဲမှာ ဗီယက်နမ်နိုင်ငံသား အမျိုးသားတယောက်ရဲ့ ရုပ်အလောင်းကို ဒီကနေ့ စက်တင်ဘာ ၁၃ ရက်နေ့မနက်ပိုင်းက တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ရုပ်အလောင်းနဲ့အတူ ဗီယက်နမ်နိုင်ငံသားစိစစ်ဆေးရေးကဒ် ၊ ဗီယက်နမ်ပတ်စ်ပို့ကို တွေ့ရှိရကြောင်း ၊ အလောင်းကို ရေကြောင်းရဲတပ်ဖွဲ့က တွေ့ရှိခြင်းဖြစ်တယ်လို့ သိရပါတယ်။ ” ရဲကလှမ်းအကူအညီတောင်းလို့ သွားပြီးအလောင်းသယ် အကူညီပေးခဲ့တာပါ။ အလောင်းကတော့ နည်းနည်းတော့ ပုတ်နေပြီဆိုတော့ သေတာသုံးရက်လောက်ရှိပြီထင်တယ်။ အသက်က ၂၀ ကျော်အရွယ်ပါ။ ” လို့ မြေပြင်ကူညီရေးလုပ်ခဲ့တဲ့ မိုးစေတနာပရဟိ တအသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။ အဆိုပါ နိုင်ငံခြားသား သေဆုံးမှုနဲ့ပတ်သက်ပြီး လူသတ်မှုလား ၊ ဓမ္မတာအတိုင်း ရေနစ်သေဆုံးမှုလားဆိုတာကိုတော့ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေပါတယ်။ လက်ရှိမှာ ရုပ်အလောင်းကို မြောက်ဥက္ကာဆေးရုံ ရင်ခွဲရုံကို…

Read More

ငွေခေတ် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဝင်းအောင် ကွယ်လွန်

စက်တင်ဘာ ၁၃ – ၂၀၂၆ SS (VOM) ငွေခေတ် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဝင်းအောင်ဟာ ဒီကနေ့စက်တင်ဘာ ၁၃ ရက်၊ ညနေ ၄ နာရီခွဲက ကွယ်လွန်သွားပြီလို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ အဆုတ်ထဲရေဝင်တဲ့ ရောဂါနဲ့ ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အာယုဆေးရုံမှာ တက်ရောက် ဆေးကုသရင်း ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၀ ရှိပြီလို့ သိရပါတယ်။ ဦးဝင်းအောင်ဟာ ခေါင်းတိုက်ဂိုးတွေနဲ့ ထင်ရှားခဲ့သူဖြစ်ပြီး ၁၉၉၀ – ၉၉ ဝန်းကျင် ဘောလုံးရာသီတွေမှာ မြန်မာနဲ့ စင်ကာပူ ဘောလုံးပရိသတ်တွေရဲ့ အားပေးမှုရရှိခဲ့တဲ့ တိုက်စစ်မှူးတယောက် ဖြစ်တယ်လို့ သိရပါတယ်။ “ဦးဝင်းအောင် ကွယ်လွန်ခြင်းအတွက် ကျန်ရစ်သူမိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ဦးဝင်းအောင် ကောင်းရာသုဂတိ ရောက်ရှိပါစေကြောင်း မြန်မာဘောလုံး မိသားစုတွေအားလုံးက ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်”…

Read More

စမ်းချောင်းက Bar4U ဘီယာဆိုင်မှာမီးလောင်လို့ နှစ်ယောက်သေပြီး တယောက်ဒဏ်ရာရ

စက်တင်ဘာ ၁၄ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း၊ စမ်ချောင်းမြောက်ရပ်ကွက်မှာရှိတဲ့ Bar4U ဘီယာဆိုင်မှာ စက်တင်ဘာ ၁၃ ရက်နေ့ ည ၈ နာရီ ၁၉ မိနစ်က မီးလောင်မှုဖြစ်ပြီး နှစ်ယောက်​သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုအတွင်းသေဆုံးသူတွေက အသက် ၃၀ နှစ် နဲ့ အသက် ၂၀ နှစ်အရွယ် အမျိုးသားတွေဖြစ်ပြီး နောက်ထပ် အမျိုးသမီးတယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “မွေးနေ့ပွဲလုပ်နေရင်း ညှော်နံ့ရလို့ရှာတာမှာ ရှာမတွေ့တော့ မီးတွေအကုန်ပိတ်ပြီး ရှာတော့ lighting မီးကနေ ဝါယာရှော့ဖြစ်ပြီး မီး ထလောင်တာပါ။ သေဆုံး ၂ဦးက အပေါ်ထပ်မှာ တယောက်၊ အောက်ထပ်မှာ တယောက်တွေ့တာပါ ။ “လို့ပရဟိတအဖွဲ့ဝင် ခွန်းက ပြောပါတယ်။ မီးလောင်မှုအတွင်း သေဆုံးတဲ့အမျိုးသားတွေဟာ Bar4Uဘားရဲ့ ဘေး…

Read More

မြစ်ကြီးနား – မန္တလေးလမ်းကို ကွင်းလမ်း၊ ဇက်ကူးပြီး ခက်ခဲစွာသွားနေရချိန် ဂိတ်ကြေးကောက်တဲ့နေရာထပ်တိုးလာလို့ ကားသမားတွေအခက်ကြုံ

စက်တင်ဘာ ၁၄ ၊ ၂၀၂၆ CC (VOM) မြစ်ကြီးနား – မန္တလေးလမ်းပိုင်းကို ဗျူဟာလမ်းမကြီးကနေ အပြည့်အဝသွားလာခွင့်မရလို့ ကွင်းလမ်းနဲ့ ဇက်ဆိပ်တွေကနေ ကူးပြီး ခက်ခက်ခဲခဲ သွားလာနေရချိန်မှာ ဂိတ်ကြေးကောက်ခံတဲ့ နေရာတခုထပ်တိုးလာလို့ ကားသမားတွေ အခက်တွေ့နေတယ် လို့သိရပါတယ်။ စစ်ကိုင်းတိုင်းထဲက အင်းတော်၊ မဲဇာအကျော်မှာရှိတဲ့ ကျောက်တန်းကွင်းလမ်းပိုင်းကနေ ကားဖြတ်သန်းသွားလာမှုအတွက်ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဒီနေ့ စက်တင်ဘာ ၁၃ ရက်ကစပြီး ဂိတ်ကြေး ကောက်ခံနေတယ်လို့သိရ ပါတယ်။ ကားအမျိုးအစားအလိုက် တစီးကို အနိမ့်ဆုံး ၁၀၀၀၀ ကျပ်မှစပြီး အမြင့်ဆုံး ခုနှစ်သိန်းကျပ်အထိ ကောက်ခံနေတယ်လို့ သိရပါတယ်။ ” လမ်းမှာ ဂိတ်တွေကမရေမတွက်နိုင်အောင်ရှိတယ် ။ ဂိတ်တိုင်း အကုန်ပေးရတယ်။လမ်းမကောင်းရင် မကောင်းသလိုကွင်းလမ်းကနေသွားနေရတာ။ အခုကျောက်တန်းက ဂိတ်ကြေးစကောက်ပြီ။တွဲကားဆိုရင်ကုန်ပါရင် ၇ သိန်း ၊ကုန်မပါရင် ၂ သိန်း ။ကုန်ကားတွေ ကုန်ပါရင်ပိုတောင်းတယ်။ခရီးသည်ကားပဲ စျေးတခုတည်းသတ်မှတ်တောင်းတယ်။အိမ်စီးကားဆိုရင်ခု…

Read More
✕
VOM News

FREE
VIEW