ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာစေဖို့ ဘာတွေစားသင့်သလဲ

    မန္တလာ ဆရာမျိုး       လူ့ခန္ဓာကိုယ်ဟာ အလွန်စနစ်ကျပြီး ရှုပ်ထွေးတဲ့ သဘာဝယန္တရားတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ စားသောက်လိုက်တဲ့ အစားအစာတွေကို အစာချေဖျက်ခြင်း၊ လိုအပ်တဲ့အာဟာရဓာတ်တွေကို စုပ်ယူခြင်း၊ ခန္ဓာကိုယ်အတွက် မလိုအပ်တော့တဲ့ အရာတွေကို ပြန်လည်စွန့်ထုတ်ခြင်းတွေကို အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ အူလမ်းကြောင်း စတဲ့ ကိုယ်တွင်းအင်္ဂါတွေက အချင်းချင်းချိတ်ဆက်ပြီး အမြဲလုပ်ဆောင်ပေးနေကြပါတယ်။ ဒါကြောင့် ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာနေဖို့ဆိုတာ ရောဂါဖြစ်မှ ဆေးသောက်ကုသခြင်းတစ်ခုတည်းနဲ့ မလုံလောက်ဘဲ နေ့စဉ်စားသောက်နေထိုင်မှုပုံစံကလည်း အရေးကြီးပါတယ်။       ယနေ့ခေတ်မှာ “Detox” ဆိုတဲ့စကားကို မကြာခဏ ကြားလာရပါတယ်။ အသည်းကို သန့်စင်ပေးတဲ့ဖျော်ရည်၊ ကျောက်ကပ်ကို ဆေးကြောပေးတဲ့အစားအစာ၊ သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အစားအစာ စသဖြင့် ပြောဆိုကြပါတယ်။ တကယ်တော့ ကျန်းမာတဲ့လူ့ခန္ဓာကိုယ်မှာ အညစ်အကြေးနဲ့ မလိုအပ်တော့တဲ့…

Read More

သူတို့အိမ် ၁၂၁

ဆူးငှက် ကွင်းထဲက အစုလေးတွေ —————————– တကယ်တော့ ကျွန်တော်တို့ ရပ်ကွက်လေးက ရွာနေပြည်ထိုင်က နည်းနည်း၊ ပြောင်းရွှေ့လာကြသူတွေက ပိုများတာမို့ အချင်းချင်း မသိရှိကြပါ။ ထို့ပြင် ၂၅ဧကကျော် ၂၆ဧကနီးပါးရှိ ကွင်းအတွင်း ကိုယ့်အစုလေးနှင့်ကိုယ်ပဲ နေကြတော့ ၄အိမ် ၅အိမ်စုလေးတွေပဲ အချင်းချင်းသိကြသည်။ ကျွန်တော့်အိမ် အနီးအနားဆိုပါစို့။ မြောက်ဘက်က ကိုအောင်ခင် မဥမ္မာတို့ရှိမည်။ ထို့နောက် အန်တီစံတို့ မိသားစုရှိမည်။ သူတို့အရှေ့ဘက်က ကိုအောင်သန်းတို့ရှိမည်။ ကျွန်တော်ရှိမည်။ အရှေ့ဘက်ကပ်ရက်က အန်တီဒေါ်တင်ကြည် မမဝင်းတို့ရှိမည်။ တောင်ဘက်မှာ ဦးမျိုးခင်ခြံရှိမည်။ အရှေ့ဘက်မှာ ခင်ခင်အောင်တို့ရှိမည်။ ဒါပဲရှိသည်။     သည်လို အစုမျိုးလေးတွေက ၂၆ဘီလမ်းဘက်က ဆင်လမ်းမ အဝင်စမှာရှိသည်။ သူတို့က ရွာနေပြည်ထိုင် အများစု ဖြစ်သည်။ သူ့အရှေ့မြောက်ဘက်မှာ တစ်စုရှိမည်။ သူတို့ကလည်း အစောဆုံး ရောက်သူတွေဖြစ်ကာ မောင်နှမတတွေ ဖြစ်သည်။ သူ့အရှေ့ဘက်မှာ…

Read More

သူတို့အိမ် အခန်း (၂၂၀)

ဆူးငှက်   တယ်လီဖုန်းဆိုတာ သူဌေးပစ္စည်းပါ ————————————— ထိုခေတ် ထိုအချိန်အခါက လျှပ်စစ်မီတာထက် ရှားပါးတာက တယ်လီဖုန်း ဖြစ်သည်။ ဒါတောင် ၁၉၈၀ကျော် ကာလတွင် ဒီဂျစ်တယ် တယ်လီဖုန်းစံနစ် ပြောင်းလဲပြီးနောက် တယ်လီဖုန်းတွေ ချထားပေးသည်။ သို့သော် ထိုတယ်လီဖုန်းတပ်ဆင်ခွင့် ရဖို့ဆိုတာ ဒုလ္လဘ တရားကြီးဖြစ်သည်။ ဦးစားပေးအနေနှင့် ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများ၊ သမဝါယမ အသင်းအဖွဲ့များ အငြိမ်းစား အရာရှိကြီးများပဲ ရရှိသည်။   အပြင် ပုဂ္ဂလိက များကို ချထားရန် လျှောက်လွှာများခေါ်ယူသောအခါ စီလမ်းစာတိုက်ကြီးမှာ အနောက်တောင် ကျုံးထောင့်က ကြေးနန်းရုံးမှာ ညအိပ်ပင် တန်းစီ၍ တယ်လီဖုန်းလျှောက်လွှာတင်ကြရသည်။ ထောင်ချီ၍ တန်းစီကြသူများထဲက တယ်လီေုန်းရသူဆိုသည်မှာလည်း ရှာမှရှား ဖြစ်သည်။ ချပေးသည့် တယ်လီဖုန်းအများစုက ဦးစားပေးအနေနှင့် ကြိုတင ်ရရှိထားကြသည်။ ထိုစဉ်ကာလ တယ်လီဖုန်းဟူသည် တကယ့် လူချမ်းသာ အသုံးအဆောင်…

Read More

ရန်ကုန် လေပြင်းတိုက် မိုးသည်းထန်စွာရွာသွန်းပြီး ကလေးတယောက် ရေမြောင်းထဲမျောပါသွား ၊ ကားတစီးသစ်ပင်ပိလို့ ယာဥ်မောင်း ဒဏ်ရာရ

စက်တင်ဘာ ၁၃၊ ၂၀၂၆ GG (VOM) ရန်ကုန်မှာ လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်ငါးခုထက်မနည်းမှာ သစ်ပင်တွေလဲကျပြီး ထိခိုက်ဒဏ်ရာရသူရှိသလို ကလေးတယောက်လည်း ရေမြောင်းထဲမျောပါ ပျောက်ဆုံး သွားတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၂ ရက်နေ့ ၊ ညနေ ၅ နာရီကျော်လောက်မှာ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ ဖို့မြေရပ်ကွက်မှာ ရေမြောင်းထဲကို ဘောလုံးဆင်းကောက်ရာကနေ အသက် ၁၄ နှစ်အရွယ် ကလေးတယောက် ရေစီးနဲ့မျောပါ ပျောက်သွားတာလို့ သိရပါတယ်။ “ရေမြောင်းထဲ ဘောလုံးကျသွားတာကို လိုက်ယူရင်း ပျောက်သွားတာလို့ သိရတယ်။ မတွေ့သေးဘူး ။ခုထိ မီးတွေထွန်းပြီး ရှာနေကြတယ်။ ” လို့ ဒေသခံက ပြောပါတယ်။ လက်ရှိမှာ အဖြူရောင်ကမ်းလက် လူမှုကူညီရေး အသင်း၊ မီးသတ်တပ်ဖွဲ့နဲ့အတူ လူမှုကူညီရေး အသင်းတွေ ပူးပေါင်းရှာဖွေနေတယ်လို့ သိရပါတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်မှုကြောင့် အလုံမြို့နယ်…

Read More

ထိုင်းကို တရားမဝင် သွားတဲ့ မြန်မာ ၄၂ ယောက် ဖမ်းဆီးခံရ

စက်တင်ဘာ ၁၂ – ၂၀၂၆ SN (VOM) ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ နောင်လူကျေးရွာအုပ်စု၊ နယ်မြေ (၈) မှာ စက်တင်ဘာ ၁၂ ရက်၊ မနက် ၁၂ နာရီ မိနစ် ၂၀ ဝန်းကျင်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၄၂ ယောက် ဖမ်းဆီးခံရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ နောင်လူကျေးရွာအုပ်စု၊ နယ်မြေ (၈) ရပ်ကွက်ရှိ ကျွဲကောသီးခြံ အနောက်ဘက်မှာ သံသယဖြစ်ဖွယ် လူအုပ်စုကို တွေ့မြင်ရတာကြောင့် ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့တွေက စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီလို စစ်ဆေးရာမှာ တရားဝင်အထောက်အထား တစုံတစ်ရာ ပြသနိုင်ခြင်းမရှိတဲ့ မြန်မာအမျိုးသား ၂၁ ယောက်နဲ့ အမျိုးသမီး ၂၁…

Read More

သူတို့အိမ် အခန်း (၂၁၉)

ဆူးငှက်     သရက်ကုန်းရောက် မိသားစု ၅ယောက်မှာ —————————————— သရက်ကုန်းကွက်သစ် လယ်တောအိမ်လေးသို့ ကျွန်တော်နေထိုင်သောအခါ မိသားစု ၅ယောက်ဖြစ်သည်။ အသက်၉၀ကျော် မိခင်ကြီးနှင့်အတူ ကျွန်တော်တို့က မိသားစု ၄ယောက်ဖြစ်သည်။ ထို ၅ယောက်တွင် ကျွန်တော် တစ်ဦးတည်းသာ ဝင်ငွေရှိပါသည်။ စာအုပ်အငှားဆိုင်လေးမှာ ဟေမာဇလအိမ်က ရဲသိပ္ပံတိုက်ခန်းပြောင်းကတည်းက ဖြုတ်လိုက်ရပါပြီ။ စာအုပ်များကိုတော့ ကျွန်တော်မူလကတည်းက ဝယ်ယူစုဆောင်းထားသည့် စာအုပ်များကိုပဲ ချန်ကာ ကျန်သည့် သိုင်းဝတ္ထုများ အပျော်ဖတ်ဝတ္ထုများကို ပိဿာချိန်ဈေးသာသာဖြင့် ရောင်းလိုက်သည်။ ကျွန်တော်က လူထုကြီးပွားရေးစာအုပ်တိုက် စာပြင်စာတည်းအနေနှင့် လစာရသည်။ မြန်မာ့ဓနမဂ္ဂဇင်း၏ အညာစာလွှာ ကဏ္ဍနှင့် မန္တလေးမျဉ်းဖြောင့်များ ကဏ္ဍ အတွက် လစဉ်ပုံမှန် စာမူခရသည်။     ထို၂ရပ်ပေါင်းက (၂၀၀၀ပြည့်နှစ်ကာလ) ၅သောင်းအထက်ရှိမှာပေါ့။ သည့်မတိုင်မီ ၁၉၉၇ဝန်းကျင်က ရတနာပူံသတင်းစာတွင် အပတ်စဉ်ထည့်သွင်းရသော ကြော်ငြာ အချပ်ပိုကို မိတ်ဆွေစာရေးဆရာများနှင့်…

Read More

သူတို့အိမ် အခန်း (၂၁၈)

ဆူးငှက်     လယ်ကွင်းထဲက တစ်ထပ်တိုက်နီလေး ————————————— နန်းဦးလွင် မိသားစု ကဖေး က မမ၏ ဖခင်က ဦးပြုံးမောင်တဲ့။ သူက ရွှေဘိုဆိတ်ခွန်သားဖြစ်ကာ စီးပွားရေး ဘွဲ့ရ ဖြစ်သည်။ ဦးပြုံးမောင်က အင်္ဂလိပ်စာ ကျူရှင်လည်း ပြခဲ့သတဲ့။ မမ ၏ မိခင်က ဒေါ်လဲ့လဲ့တဲ့။ သူ့ဖခင်က ဓားတန်း ဦးသန့်နှင့် ညီအစ်ကို ဝမ်းကွဲတော်သူ ဘကြီးစိန်၏ သမီးဖြစ်ကာ ဒေါ်လဲ့လဲ့ ကိုယ်တိုင်ကလည်း ငယ်စဉ်က အတော်ချောသူ ဖြစ်လိမ့်မည်။ ဘကြီးစိန်၏ အိမ်က ဘူးကုန်းရွာ အရှေ့ဘက် ရန်ကင်းတောင်သွား ကားလမ်း၏ မြောက်ဘက် အောင်ပင်လယ်ကွင်း ကန်လယ်အနီးမှာ ရှိသည်။ ကျယ်ဝန်းသော ခြံကြီးထဲတွင် ကိုလိုနီခေတ်ဗိသုကာပုံစံ တစ်ထပ် အုတ်တိုက်နီလေး ဖြစ်သည်။     ကျွန်တော်သည် ရှေးယခင်ကတည်းက ရန်ကင်းတောင်သို့သွားတိုင်း အောင်ပင်လယ်…

Read More

အသီးဆိုတိုင်း ကျန်းမာရေးအတွက် ကောင်းတာလား

မန္တလာ ဆရာမျိုး     အသီးအနှံတွေဟာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ လူတိုင်းနီးပါး သိကြပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်နဲ့ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အပင်အခြေပြုဓာတ်ပေါင်းတွေ ပါဝင်တာကြောင့် နေ့စဉ်အစားအစာထဲမှာ အသီးအနှံတွေ ထည့်စားဖို့ အကြံပြုကြတာပါ။ ဒါပေမယ့် “ဘယ်အသီးက ကျန်းမာရေးအတွက် အဆိုးဆုံးလဲ” လို့ မေးလာရင် အဖြေက ထင်ထားသလို ရိုးရိုးရှင်းရှင်း မဟုတ်ပါဘူး။ တကယ်တော့ လူတိုင်းအတွက် “အဆိုးဆုံးအသီး” လို့ သတ်မှတ်နိုင်တဲ့ အသီးတစ်မျိုး မရှိပါဘူး။ အသီးတစ်မျိုးဟာ လူတစ်ယောက်အတွက် အာဟာရကောင်းကောင်းပေးနိုင်ပေမယ့် နောက်လူတစ်ယောက်ရဲ့ ကျန်းမာရေးအခြေအနေအရ ပမာဏကန့်သတ်စားသင့်တာမျိုး ရှိနိုင်ပါတယ်။ အရေးကြီးတာက ဘယ်အသီးစားသလဲဆိုတာတင် မဟုတ်ဘဲ ဘယ်လောက်စားသလဲ၊ ဘယ်လိုပုံစံနဲ့စားသလဲ၊ မိမိမှာ ဘာကျန်းမာရေးပြဿနာရှိသလဲဆိုတာတွေပါ။ ဥပမာ စပျစ်သီး၊ သရက်သီးမှည့်၊ ငှက်ပျောသီးမှည့်၊ ဒူးရင်းသီး၊ ပိန္နဲသီး၊ လိုင်ချီးလို ချိုတဲ့အသီးတွေမှာ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့…

Read More

ကမ္ဘောဒီးယားခရီးစဉ်-သံတမန်ရေးစိန်​ခေါ်ပွဲ

MT(VOM) ​ပုဂံ၊ အန်ကောခေတ် ကနေ အခု ၂၁ ရာစုအထိ မြန်မာ နဲ့ ကမ္ဘောဒီးယား အဆက်အဆံရှိခဲ့ပါတယ်။ ​မြန်မာနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ ဆက်ဆံရေးဟာ အရှေ့တောင်အာရှ သမိုင်းစာမျက်နှာတွေမှာ ရာစုနှစ်ပေါင်းများစွာ ကတည်းက အမြစ်တွယ်ခဲ့တာ ဖြစ်ပါတယ်။ ပုဂံခေတ် အနော်ရထာ၊ ကျန်စစ်သားမင်းတို့ လက်ထက်ကတည်းက ခမာ (အန်ကော) အင်ပါယာနဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ၊ ယဉ်ကျေးမှု၊ အနုပညာနဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေ အပြန်အလှန် ချိတ်ဆက်ခဲ့ဖူးပါတယ်။ ကိုလိုနီခေတ်လွန် ရောက်တဲ့အခါမှာတော့ ၁၉၅၅ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့မှာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးကို တရားဝင် စတင် ထူထောင်ခဲ့ပြီး၊ ဘက်မလိုက် လှုပ်ရှားမှု (Non-Aligned Movement) ထဲမှာ အတူတကွ ပါဝင်ခဲ့ကြပါတယ်။ ​၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင်…

Read More

တပတ်အတွင်းမှာ PDF အဖွဲ့တွေက ပဲခူးတိုင်း ၊မန္တလေး နဲ့ တနင်္သာရီက လူ၁၂ ယောက်ကို ဖမ်းပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်နှစ်ယောက်ကို ပစ်ခတ်ခဲ့

စက်တင်ဘာ ၁၀ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်း ၊ မန္တလေးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ပြီးခဲ့တဲ့ တပတ်အတွင်းက အစိုးရဝန်ထမ်းအပါအဝင် လူ ၁၂ ယောက်ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက ဖမ်းသွားတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၈ ရက်နေ့မှာ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာက ဦးစိုးဝင်း (၆၀) နှစ်၊ ဦးတင်ရှိန် (၇၂) နှစ်၊ ဦးကျော်ကျော်ဦး (၄၀) နှစ်၊ ဒေါ်ပူတူးမ (၃၇) နှစ်၊ ဒေါ်အိမိုးဝင်း (၃၅) နှစ်တို့ ၅ ဦး ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (စည်ပိုင်းကျေးရွာ) မှ အထက်တန်းပြဆရာမ ဒေါ်ဌေးဌေးနွယ် (၃၇) နှစ်တို့ကို ​ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးခေါ်သွားတယ်လို့ သိရပါတယ်။ ” မနေ့က နေ့လယ် ၁ နာရီလောက်ကြီး ဝင်ဖမ်းသွားတာ ။…

Read More
✕
VOM News

FREE
VIEW