မန္တလေး၊ စက်တင်ဘာ- ၁၆- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက် သင်္ဂဇာချောင်းအနောက်ဘက် ၃၃ လမ်းနဲ့ ၃၄ လမ်း ကြားမှာ ဒီကနေ့စက်တင်ဘာ ၁၆ ရက် မနက် ၇ နာရီအချိန်မှာ မှောက်လျက်အနေအထားနဲ့ သေဆုံးနေတဲ့အမျိုးသမီးတယောက် အလောင်းတွေ့တယ်လို့ သိရပါတယ်။ ” ဒဏ်ရာဒဏ်ချက်တော့ မပါဘူး၊ လဲကျပြီးသေဆုံးတဲ့အနေအ ထားပါ၊ အမည်မသိရသေးဘူး၊ ရဲတပ်ဖွဲက မှတ်တမ်းယူပြီးတာနဲ့ ဆေးရုံကြီးကို ပို့ပေးလိုက်ပါတယ်” လို့ အေးချမ်းငြိမ်း လူမှုနာမှု ကူညီရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။ သေဆုံးသူ အမျိုးသမီးဟာ အသက် ၄၀ ဝန်းကျင်ရှိပြီး ရုပ်အလောင်းမှာ ဒဏ်ရာဒဏ်ချက်မရှိပေမယ့် ဘာကြောင့်သေဆုံးတယ်ဆိုတာတော့ မသိရသေးပါဘူး။ မနေ့ စက်တင်ဘာ ၁၅ ရက်နေ့ နေ့လယ်ပိုင်းကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ ၁၁၁ (A)လမ်း၊ ၆၈(A)လမ်းနဲ့…
Read MoreYear: 2026
စစ်ကိုင်းတိုင်းမှာ ၂ပတ်အတွင်း လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုကြောင့် ၁၅ ယောက် သေဆုံးပြီး ၂၄ ယောက် ဒဏ်ရာရ
စက်တင်ဘာ ၁၆ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်း ကျရောက်မှုတွေကြောင့် ၁၅ ယောက် သေဆုံးကာ ၂၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ စက်တင်ဘာ ၁၅ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်က ပုလဲမြို့နယ်၊ ကံပေါက်ကျေးရွာ (အရှေ့ဘက်) မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် သုံးယောက် သေဆုံးပြီး လေးယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ “သေဆုံး သုံးယောက်က ပွဲချင်းပြီးဖြစ်သွားတာ။ မနေ့ကပဲ နေ့ချင်းပြီး သင်္ဂြိုဟ်ပြီးပါပြီ။ ဒဏ်ရာရတဲ့ သူတွေထဲမှာလည်း တယောက်က ပြင်းထန်အဆင့်ဖြစ်တယ်။ အခြေအနေ စောင့်ကြည့်နေရတုန်းပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။ လေယာဉ် နှစ်စီးနဲ့…
Read Moreအမြန်လမ်းမှာ လမ်းလျှောက်သူကို ကားနဲ့တိုက်မိပြီး သတင်းပို့ဖို့ ပျက်ကွက်ခဲ့လို့ ယာဉ်မောင်း အမှုဖွင့်ခံရ
စက်တင်ဘာ ၁၆ – ၂၀၂၆ SS (VOM) ရန်ကုန် – မန္တလေး အမြန်လမ်းမှာ မနေ့ စက်တင်ဘာ ၁၅ ရက်၊ ညပိုင်းက လမ်းလျှောက်နေတဲ့ အမျိုးသား တယောက်၊ ခရီးသည်တင် ကားတစီး တိုက်မိမှုကြောင့် သေဆုံးခဲ့တယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ သိရပါတယ်။ မိုင်တိုင် ၁၇၇/၇ – ၁၇၈/၀ ကြားအတွင်း မတော်တဆမှု ဖြစ်ခဲ့တာလို့သိရပြီး ဒီဖြစ်စဉ်မှာ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ထံ သတင်းပေး၊ အစစ်ဆေးခံဖို့ ပျက်ကွက်ခဲ့တဲ့ အဝေးပြေးခရီးသည်တင် ယာဥ်မောင်းကို ဥပဒေပုဒ်မ ၃၀၄(က)/၂၀၂ နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ “နေပြည်တော်ကနေ ရန်ကုန်ဘက် အပြန်လမ်းမှာ လမ်းလျှောက်နေတဲ့ လူတယောက်ကို တိုက်မိခဲ့တယ်လို့ ယာဉ်မောင်းက ဝန်ခံထွက်ဆိုထားပါတယ်။ ဥပဒေအရ ဒီလို ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ယာဉ်မောင်းမှာ တာဝန်မရှိစေရလို့…
Read Moreသူတို့အိမ် အခန်း (၂၂၃)
ဆူးငှက် ကျောင်း၏ ဂေါစရဂဏ်လည်း ဖြစ်သည့် ရပ်ကွက်လေး ——————————————————- နန်းရှေ့က ဘုန်းကြီးကျောင်းရောက်တော့ ဆရာတော် ဆွမ်းဘုန်းပေးနေသောကြောင့် ခဏစောင့်ရသည်။ ဆွမ်းဘုန်းပေး ပြီးတာနှင့် ဆရာတော်က ကျွန်တော်တို့ကို ခေါ်တွေ့သည်။ ဆရာတော်၏ သက်တော်မှာ မကြီးလှသေး။ ဟိတ်ဟန်လည်း မရှိလှ။ ရယ်ရယ်မောမောနှင့် စကားပြောဆိုသည်။ ကျွန်တော်နှင့်ကတော့ ၁၉၉၇ ဝန်းကျင်လောက်က တစ်ကြိမ် တွေ့ဖူး သည်။ ထိုစဉ်က မန္တလေးမြို့ခံလူငယ်များဦးစီးပြီး ၃၁လမ်းနှင့် ၈၄လမ်းထောင့်က ဓမ္မသာလာတွင် စာပေဟောပြောပွဲ ကျင်းပရန် စီစဉ်သည်။ ဆရာမကြီး ခင်ဆွေဦး၊ ဆရာမောင်စွမ်းရည်၊ ဆရာခင်မောင်ညို(ဘောဂဗေဒ) နှင့် ကျွန်တော်တို့ ဖြစ်သည်။ ဟောပြောပွဲကျင်းပမည့်ည မရောက်မီ နံနက်ပိုင်းတွင် ဆရာတော်က နံနက်စာကျွေးမွေးပြီး တွေ့ဆုံကြသည်။ သို့သော်ထိုဟောပြောပွဲက ညနေစောင်းတာနှင့် ခွင့်ပြုမိန့်မရသောကြောင့် မကျင်းပဖြစ်တော့ပေ။ အခု ကျွန်တော့်ကို…
Read Moreမကွေးတိုင်းအတွင်း လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုကြောင့် ၁၆ ယောက် သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရ
စက်တင်ဘာ ၁၅ – ၂၀၂၆ SN (VOM) မကွေးတိုင်းအတွင်းက မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၁၀ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်း ကျရောက်မှုတွေကြောင့် ၁၆ ယောက် သေဆုံးကာ ၁၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းတုန်းမြို့နယ်၊ ဇွန်းကျကျေးရွာမှာ စက်တင်ဘာ ၁၃ ရက်၊ ညနေ ၄ နာရီ၊ မိနစ် ၄၀ ဝန်းကျင်က စက်တပ်လေထီးနဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာမှာ ခြောက်ယောက် သေဆုံးကာ ငါးယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ “စက်တပ်လေထီး သုံးစီးလာသွားတာ။ ငါးယောက်လုံး နေရာမှာတင်သေတာပါ။ ဒီရွာမှာ လေကြောင်း တိုက်ခိုက်မှုဖြစ်တာ ဒါ ပထမဆုံးအကြိမ်ပဲ။ ရွာက ရိုးမတောင်ခြေမှာရှိတာ။ အိမ်ခြေလည်း အရမ်းနည်းတယ်” လို့…
Read Moreမန္တလေး က.ည.န ရုံးရှေ့ သိပ္ပံလမ်းမပေါ် ယာဥ်ကြောပိတ်ဆို့မှုနည်းဖို့ ချမ်းမြသာစည်လေယာဥ်ကွင်းဟောင်းမှာ ရုံးခွဲဖွင့်
မန္တလေး၊ စက်တင်ဘာ- ၁၅- ၂၀၂၆ (VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းဘေးမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န)ရှေ့မှာ ရုံးဖွင့်ချိန် သက်တမ်းတိုးဆောင်ရွက်ဖို့ စောင့်ဆိုင်းတဲ့ မော်တော်ယာဥ်တွေကြောင့် လမ်းပိတ်ဆို့မှုဖြစ််တာလျော့ပါးဖို့ ချမ်းမြသာစည်လေယာဥ်ကွင်းဟောင်းမှာ ကားသေးတွေအတွက်ဝန်ဆောင်မှုကို ဒီနေ့စတင်ဆောင်ရွက်ပေးနေပါတယ်။ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့လမ်းညွှန်ချက်နဲ့ မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မိုးသက် က လိုအပ်တာတွေ အနီး ကပ်ဆောင်ရွက်ပေးနေကြောင်း မန္တလေးတိုင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအင်ဂျင်နီယာမှူးကြီး ဦးသန့်ဇင်ဦး က ဖြေကြားခဲ့သလို အမရပူရက ယာဥ်ပိုင်ရှင် ဦးယဥ်မင်းထွန်းကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ ဒီလိုဆောင်ရွက်ဖို့ အမရပူရမြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဦးဇော်အောင်ထက် က “မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းမဘေးမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န)ရုံးမှာ မော်တော်ယာဥ်သက်တမ်းတိုးခြင်းအတွက် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/…
Read Moreဗန်းမော်ခရိုင် မြစ်ကမ်းတလျှောက် တိုက်ပွဲတွေဖြစ်နေပြီး ကောင်းတုံရွာ ဗုံးကြဲခံရမှုမှာ နေအိမ် ၁၄ အိမ် မီးလောင်ပျက်စီး
စက်တင်ဘာ ၁၅၊ ၂၀၂၆ Shv V (VOM) ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ဘက် ဧရာဝတီ မြစ်ကမ်းတလျှောက် လတ်တလော တိုက်ပွဲတွေ ဖြစ်နေဆဲဖြစ်ပြီး ဧရာဝတီမြစ်ကမ်းဘေးရှိ ကောင်းတုံရွာမှာလည်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ နေအိမ် ၁၄ အိမ်ခန့် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ ” စက်တင်ဘာလ ၁၄ ရက်နေ့က ဗန်းမော်မြို့ ခလရ ၄၇ ကနေ ကမ္ဘာနီဘက်ကို ထိုးစစ်ဆင်လာတဲ့ အစိုးရ စစ်ကောင်းနေ့ KIA ပူးပေါင်း တပ်ဖွဲ့တွေ တိုက်ပွဲပြင်းပြင်း ထန်ထန် ဖြစ်တယ်။ အစိုးရတပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင်တချို့ သုံ့ပန်းအဖြစ် ဖမ်းခံရတာတွေ ရှိတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ စက်တင်ဘာလ ၁၃ ရက်နေ့ညက ဗန်းမော်ကနေ ဆူးပုတ်ကုန်းအောက်ဘက် စုန်ဆင်းလာတဲ့ ရေယာဉ် တစီး…
Read Moreလားရှိုးမှာ လိုင်စင်ကားတွေကို QR စနစ်နဲ့ စက်သုံးဆီ စတင်ရောင်းချ
စက်တင်ဘာ ၁၅၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ လိုင်စင်ကားတွေကို စက်သုံးဆီ QR Code စနစ်နဲ့ ဒီနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ ကစပြီး သတ်မှတ်နှုန်းထားနဲ့ ရောင်းချပေးနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။ “လားရှိုးမှာ စက်သုံးဆီ လိုင်စင်ကားကို QR Code နဲ့ ရပြီ ဆိုတာ ဟုတ်တယ်။ ဆီ ဒီနေ့ ဝင်းချယ်ရီ မှာ ပေးတယ်။ ကျမ သူငယ်ချင်းတောင် သွားထည့်ကြည့်တယ်။ စုံ နဲ့ မ တော့ခွဲတယ်တဲ့။ ဒီနေ့ မ နေ့ ဆိုလားပဲ။ ဒီနေ့ ပဲစရတာ။ ဘယ်လောက် ပေးတယ်တော့ မသိဘူး။ လိုင်စင် ရှိတဲ့ ကားတွေ။ ဝန်ထမ်း နှုန်းလို့ပဲ ပြောတယ်” လို့ ဒေသခံ…
Read Moreသူတို့အိမ် အခန်း (၂၂၂)
ဆူးငှက် ခင်ဗျားတို့လည်း အစွမ်းအစ ရှိကြမှာပါ —————————————– ထူးထူးခြားခြား ဒီရက်ပိုင်းမှာမှ အမေက သီချင်းတအေးအေးနှင့် ပျော်နေသည်။ အရင်က မြို့သစ်က အစ်မတွေအိမ် ခဏသွားနေလိုက် သရက်ကုန်းအိမ်နေလိုက်နှင့် ကူးချည်သန်းချည် လုပ်နေရာက သရက်ကုန်းအိမ်မှာပဲ နေတော့မယ်၊ ငါဘယ်မှ မသွားတော့ဘူးနော်ဟုလည်း ပြောသေး၏။ အသက်ကလည်း ၉၀ကျော်လို့ ၂နှစ်စွန်းပြီ။ အမေ့မှာ ဘာရောဂါမှ ထွေထွေထူးထူး မရှိ။ သတိမေ့တတ်တာ၊ တစ်ခါတရံ နေ့နဲ့ည မှားတာလောက်ပဲရှိသည်။ မနက်လင်းတာနှင့် မျက်နှာသစ် ကိုယ်လက် သန့်စင်ပြီး သူကြိုက်သော ကော်ဖီနှင့် အီကြာကွေးတစ်ချောင်း စားပြီးသည်နှင့် အိမ်ရှေ့မှာ ထွက်ထိုင်က ပုတီးစိတ်ရင်း သူသတိရတာတွေ လှမ်းပြောချင်ပြော သီချင်းဆိုချင် ဆိုနေတတ်၏။ အိမ်ရှေ့ဖြတ်သွားရင်း အမေ့ကို မြင်လျှင် မြောက်ဘက်အိမ်က အန်တီစံက ရပ်စကားပြောလျှင် ပြောသည်။ စားစရာလေးတွေ ပေးချင်ပေးသည်။ ကျွန်တော်က ခ.ယ.က…
Read Moreရခိုင်ပြည်မှာ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် ခြောက်ယောက် သေဆုံးပြီး ၁၄ ယောက်ထက်မနည်း ဒဏ်ရာရ
စက်တင်ဘာ ၁၄ – ၂၀၂၆ SN (VOM) ရခိုင်ပြည်နယ်အတွင်းက မြို့တချို့မှာ စက်တင်ဘာ ၄ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၁၀ ရက်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ခြောက်ယောက် သေဆုံးပြီး ၁၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ မနေ့ စက်တင်ဘာ ၁၃ ရက်၊ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်က ပုဏ္ဏားကျွန်းမြို့နယ်ရှိ သမိုင်းဝင် ဦးရာဇ်တောင်စေတီအနီး လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာမှာ နှစ်ယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “ဦးရာဇ်တောင် စေတီအနီး၊ တံတားထိပ်က ဆိုင်တန်းမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်သွားတာပါ။ တချို့ သတင်းတွေမှာ ဦးရာဇ်တောင်စေတီ အလယ်ကနေ ကျိုးကျသွားတယ်လို့ ရေးနေတာတွေ့ရတယ်။ လုံးဝ မဟုတ်ပါဘူး။ စေတီတော်က အကောင်းပကတိအတိုင်း ရှိနေပါတယ်”…
Read More