ဇန်နဝါရီ ၉ – ၂၀၂၅SN (VOM)ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ မနေ့ ဇန်နဝါရီ ၈ ရက်၊ နေ့လယ်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး လူအယောက် ၄၀ ထက်မနည်း သေဆုံးခဲ့ကာ အယောက် ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။မနေ့ နေ့လယ် ၁ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လူထိခိုက်၊ သေဆုံးမှုအပြင် ကျောက်နီမော်ကျေးရွာရဲ့ တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အလယ်ပိုင်းရပ်ကွက်နဲ့ ဈေးအနီးဝန်းကျင်တွေက လူနေအိမ် ၅၀၀ ဝန်းကျင်လည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။“ဒဏ်ရာ ရတဲ့သူတွေထဲမှာလည်း အနီရောင်အဆင့်တွေ ပါတယ်။ ဒီမှာက ဆေးဝါး လိုအပ်ချက်လည်းရှိနေတယ်လေ။ ဆေးရုံ၊ ဆေးခန်းမှာကအစ လိုအပ်ချက်တွေ အများကြီးရှိနေတာ။ အဲဒီတော့ အချိန်မီ ဆေးကုသနိုင်ဖို့ကလည်း အတော်လေး အဆင်မပြေ ဖြစ်နေတယ်” လို့ စစ်ဘေးရှောင်အရေး…
Read MoreAuthor: Editor
ဇလုံတောင်ဘုရား ခရီးစဥ်ပြန်ဖွင့်ပေမယ့် ရပ်ဝေးခရီးသွားဝင်ရောက်မှုမရှိ
ဇန်နဝါရီ ၉ – ၂၀၂၅ GG (VOM) တိုက်ပွဲကြောင့် ပိတ်ထားတဲ့ စစ်ကိုင်းတိုင်း ၊ကသာခရိုင်၊ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင် ဘုရားဖူးခရီးစဥ်ကို သွားလာခွင့် ပြန်ဖွင့်လိုက်ပေမယ့် ရပ်ဝေးခရီးသွားဧည့်သည်လာရောက်မှု မရှိသေးဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။ ဇလုံတောင်ဘုရား တောင်တက်ခရီးစဥ်နဲ့ တောင်တက်မော်တော်ယာဥ်လိုင်းတွေသွားလာခွင့်ကို ဇန်နဝါရီလ ၆ ရက်နေ့မှာ သက်ဆိုင်ရာနယ်မြေအာဏာပိုင်တွေနဲ့ဘုရားဂေါပကအဖွဲ့ပူးပေါင်းပြီး ပြန်ဖွင့်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဇလုံတောင်ဘုရားဖူးခရီးစဥ်ပြန်ဖွင့်တဲ့နေ့ကစပြီး လက်ရှိအထိ သွားရောက်မှုက ရပ်နီးခရီးသွားအနည်းစုသာရှိတယ်လို့သိရပါတယ်။ ” တရက်ကို တစီး နှစ်စီးပဲ ရှိသေးတယ်။ မများသေးဘူး ။ခေတ်ကာလမကောင်းတော့ အရင်လို လာကြမယ်မထင်ဘူး။အခုက ရပ်ဝေးကမလာသေးဘူး။စစ်ကိုင်းတိုင်းထဲ ဟုမ္မလင်းတို့ ခန္တီးတို့ဘက်ကပဲလာသေးတယ်။လုံခြုံရေးကတော့ ဗန်းမောက်အထိရောက်အောင်လာနိုင်ရင်ကောင်းပါတယ်။ ဗန်းမောက်မြို့ပေါ်နဲ့ဗန်းမောက်အနောက်ဘက်နယ်မြေတွေက SNA စိုးမိုးထားပါတယ်။” လို့ ဗန်းမော်ဒေသခံကပြောပါတယ်။ လက်ရှိမှာ ဇလုံတောင်တက်ကားတွေက ခရီးသည်တယောက်ကို တောင်တက်ခ၂၀၀၀၀ ကျပ်ကောက်ခံပြီး ဝန်ဆောင်မှုပေးနေတာဖြစ်တယ်လို့သိရပါတယ်။ ဇလုံတောင် ဘုရားဖူးကို NLD အစိုးရလက်ထက်မှာတောင်တက် ဘုရားဖူးခရီးစဥ်အဖြစ် စတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး ခရီးသွားဧည့်သည်တွေသွားလာမှုများပြားခဲ့တယ်လို့သိရပါတယ်။…
Read Moreမြန်မာနိုင်ငံမှ နျူကလီးယားပစ္စည်းတွေကို မှောင်ခိုရောင်းဝယ်မှု အပြစ်ရှိကြောင်း ဂျပန်ယာကူဇာခေါင်းဆောင် ဝန်ခံ
ဝါရှင်တန်၊ ဇန်နဝါရီ-၉-၂၀၂၅မျိုးဆက်(VOM)မြန်မာနိုင်ငံက နျူကလီးယားပစ္စည်းတွေ မှောင်ခိုကူးမှုနဲ့ အမေရိကန်က စွဲချက်တင်ခံထားရတဲ့ ဂျပန်ယာကူဇာခေါင်းဆောင်ဟာ အပြစ်ရှိကြောင်း ဝန်ခံခဲ့တယ်လို့ အမေရိကန် တရားရေးဌာနက ထုတ်ပြန်ပါတယ်။အသက် ၆၀ နှစ်အရွယ် ဂျပန်နိုင်ငံသား တာကီရှီအီဘီဆာဝါဟာ မြန်မာနိုင်ငံကနေ အခြားနိုင်ငံတွေကို ယူရေနီယံနဲ့ လက်နက်အဆင့် ပလူတိုနီယံတွေအပါအဝင် နျူကလီးယားပစ္စည်းတွေကိူ သယ်ဆောင်ရောင်းဝယ်ဖို့ ပူးပေါင်းကြံစည်ခဲ့တာဖြစ်ပြီး နယူးယောက် မန်ဟန်တန် တရားရုံးမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့တာပါ။သူ့ရဲ့ မှောင်ခိုရောင်းဝယ်မှုကို အမေရိကန် ၊ အင်ဒိုနီးရှား၊ ဂျပန်နဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းဟန့်တားနိုင်ခဲ့တာဖြစ်ပြီး နျူကလီးယားပစ္စည်းတွေ သယ်ဆောင်မှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။ သူဟာ ၂၀၂၂ ခုနှစ်ကလည်း နို်ငငံတကာမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လက်နက်ပြစ်မှုတွေနဲ့ တရားစွဲခံထားရသူဖြစ်ပါတယ်။မြန်မာနိုင်ငံမှ လက်နက်အဆင့်ရှိ ပလူတိုနီယံအပါအဝင် နျူကလီးယားပစ္စည်းတွေကို ပြောင်ပြောင်တင်းတင်းရောင်းဝယ်ဖောက်ကားခဲ့ပြီး နိုင်ငံတကာမူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ လက်နက်မှုတွေအတွက်လည်း အပြစ်ရှိကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတ.်တချိန်တည်းမှာပဲ မြန်မာနိုင်ငံ စစ်မြေပြင်တွေမှာသုံးမယ့် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်တွေလို အကြီးစားလက်နက်တွေနဲ့…
Read Moreအပစ်ရပ်ပထမအဆင့်မှာ လွှတ်ပေးမယ့် အစ္စရေးဓါးစာခံစာရင်း ဟားမတ်စ်တို့ ထုတ်ပြန်လာ
ဂါဇာစီးတီး၊ ဇန်နဝါရီ-၆-၂၀၂၅မျိုးဆက်(VOM)ဂါဇာစစ်ပွဲအဆုံးသတ်ရေး အလားအလာရှိတဲ့ အပစ်အခတ်ရပ်စဲရေး ပထမအဆင့်မှာ ဓါးစာခံတွေ လွှတ်ပေးဖို့ဆန္ဒရှိကြောင်း ဟားမတ်စ်ထိပ်တန်း တာဝန်ရှိသူတယောက်က ထုတ်ဖော်ပြောဆိုပါတယ်။ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ရဲ့ ပြန်လွှတ်ပေးမယ့် ဓါစားခံစာရင်းမှာ ၃၄ ယောက်ရဲ့ နာမည်တွေပါဝင်ပြီး ဓါးစာခံဘယ်လောက် အသက်ရှင်သေးတယ်ဆိုတာကိုတော့ လက်ရှိအချိန်ထိ ရှင်းလင်းစွာ မသိရသေးပါဘူး။ပြန်လွှတ်ပေးမယ့် စာရင်းမှာ ပါဝင်သူတွေဟာ အသက် ၅၀ ကနေ ၈၅ အရွယ်အရှိ သက်ကြီးရွယ်အို အမျိုးသား ၁၁ ယောက်၊ အမျိုးသမီး ၁၁ ယောက်နဲ့ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသွားပြီလို့ ဟားမတ်စ်တို့ ယခင်ကပြောဆိုဖူးတဲ့ ကလေးတွေလည်း ပါဝင်နေပါတယ်။ကျန်းမာရေးမကောင်းဘူးလို့ ဟားမတ်စ်တို့ ထုတ်ပြန်ထားသူတွေလည်း ပါဝင်ပါတယ်။ ဒီအတောအတွင်း ဂါဇာမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဂါဇာတာဝန်ရှိသူတွေက ပြောပါတယ်။ပြန်လွှတ်မယ့် ဓါးစာခံစာရင်းကို ဟားမတ်စ်တို့က ပေးပို့ထားတယ်ဆိုတဲ့သတင်းကို အစ္စရေးဝန်ကြီးချုပ်ရုံးက ငြင်းဆိုထားပါတယ်။…
Read Moreအလှအပရေးရာ ဆေးခန်းမှာ အမျိုးသမီးတယောက် သေဆုံး အလောင်းဖျောက်ဖျက်ခံရမှု စုံစမ်းစစ်ဆေးနေ
ဇန်နဝါရီ ၆ – ၂ဝ၂၅ KKO(VOM) အလှအပရေးရာဆေးခန်းတခုရဲ့ပေါ့ဆမှုကြောင့် သေဆုံးခဲ့ရပြီး အလောင်းကို ရန်ကုန်မြို့ပြင်တနေရာမှာဖျောက်ဖျက်ခံခဲ့ရတဲ့ မဇာခြည်ဦးရဲ့သတင်းဟာ လူအများက စိတ်ဝင်တစားနဲ့ တအံ့တဩဖြစ်ခဲ့ရကာ လူမှုကွန်ရက်တခွင်မှာလည်းဟိုးလေးတကျော်ဖြစ်ခဲ့ရပြီး ဖြစ်စဥ်ကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။ ရန်ကုန်မြို့မှာနေထိုင်တဲ့ အသက်(၂၇)နှစ် ဝန်းကျင်ရှိ မဇာခြည်ဦးလို့ အမည်ရတဲ့မိန်းကလေးငယ်တယောက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ ညနေ ၄ နာရီ ဝန်းကျင်ခန့်မှာ နေအိမ်မှ ပျောက်ဆုံးသွားခဲ့လို့ လိုက်လံရှာဖွေနေရာကနေ ၇ ရက်အကြာ ဇန်နဝါရီလ ၂ ရက်နေ့မှာ သူမရဲ့ရုပ်အလောင်းကို ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းကမ်းမြို့နယ်ဘက်မှာပြန်လည်ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ခန္ဓာကိုယ်အဆီစုပ်ထုတ်ခြင်းလို့ ခေါ်တဲ့ Liposuction Treatment လုပ်ရာကနေ အလှအပရေးရာပြုပြင်ရေးဆေးခန်းရဲ့ပေါ့ဆမှုကြောင့် မဇာခြည်ဦးဟာ အသက်ပေးခဲ့ရတာဖြစ်ပြီး အဲဒီနောက်မှာတော့ အလောင်းကိုဖျောက်ဖျက်ခြင်းခံခဲ့ရတာဖြစ်တယ်လို့ သေဆုံးသူမဇာခြည်ဦးနဲ့ နီးစပ်တဲ့ ဆွေမျိုးသူငယ်ချင်းအသိုင်းအဝိုင်းတွေရဲ့ပြောပြမှုတွေအရ သိရှိရပါတယ်။ သေဆုံးသူမဇာခြည်ဦးရဲ့သူငယ်ချင်းတွေပြောပြမှုအရနဲ့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုတွေအရ…
Read Moreဘလင်ကင် တောင်ကိုရီးယားရောက်နေချိန် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ပစ်ခတ်
ဆိုးလ်၊ ဇန်နဝါရီ-၆-၂၀၂၅မျိုးဆက်(VOM)မြောက်ကိုရီးယားဟာ တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည်တစင်းကို ဒီနေ့မွန်းလွဲပိုင်းက ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ ဒါဟာနှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် ပထမဆုံး ဒုံးကျည်ပစ်ခတ်မှုလည်း ဖြစ်ပါတယ်။ဒုံးကျည်ဟာ ဒေသစံတော်ချိန် နေ့လယ် ၃ နာရီအချိန်မှာ အရှေ့ပင်လယ်ထဲကို ကျရောက်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနကလည်း အတည်ပြုထားပါတယ်။ နိုင်ငံရေးအကြပ်ရိုက်နေတဲ့ တောင်ကိုရီးယားမှာ အဓိကခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် ရောက်ရှိနေချိန်မှာ ဒုံးကျည်ပစ်ခတ်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ဒီကနေ့မနက်အစောပိုင်းမှာတော့ ဘလင်ကင်ဟာ တောင်ကိုရီးယား ယာသီသမ္မတ ချွိုင်ဆန်မော့ခ်နဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန်-တောင်ကိုရီးယား မဟာမိတ်ဆက်ဆံရေး၊ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကိုဆွေးနွေးခဲ့ကြပါတယ်။မြောက်ကိုရီးယားရဲ့ အနာဂတ်ဒုံးကျည်ပစ်လွှတ်မှုတွေကို စောင့်ကြည့်ရေးနဲ့ ဒီနေ့ပစ်လွှတ်မှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မဟာမိတ်တွေနဲ့အတူ အနီးကပ်မျှဝေနေတယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။တောင်ကိုရီးယားမှာ ဒီဇင်ဘာ ၃ ရက်မှာ သမ္မတယွန်းဆွတ်ခ်ယိုးလ်က စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် သူ့ကို စွပ်စွဲပြစ်တင်ပြီး စုံစမ်းစစ်ဆေးမှုတွေနဲ့အတူ…
Read Moreကနေဒါဝန်ကြီးချုပ် ထရူးဒိုး ရာထူးကနေ နုတ်ထွက်ဖွယ်ရှိ
တိုရွန်တို၊ ဇန်နဝါရီ-၆-၂၀၂၅မျိုးဆက်(VOM)ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးဟာ လစ်ဘရယ်ပါတီအတွင်း သဘောထားကွဲလွဲမှုတွေ ပြင်းထန်လာနေတာကြောင့် ယခုသီတင်းပတ်အတွင်းမှာ ရာထူးကနေ နုတ်ထွက်ဖို့ ကြေညာဖွယ်ရှိတယ်လို့ Globe and Mail က ဖော်ပြထားပါတယ်။ရာထူးနုတ်ထွက်ကြောင်း ကြေညာချက်ဟာ ဗုဒ္ဓဟူးနေ့မှာကျင်းပမယ့် လစ်ဘရယ်ပါတီရဲ့ ဆွေးနွေးပွဲမတိုင်ခင် ဒီကနေ့ အစောပိုင်းမှာ ထွက်ပေါ်လာနိုင်တယ်လို့ ပါတီတွင်း သတင်းရင်းမြစ်သုံးယောက်ကို ကိုးကားပြီး အဲဒီသတင်းဌာနက ဖော်ပြထားပါတယ်။ပါတီအနေနဲ့ ခေါင်းဆောင်မှုသစ်ကို ရှာဖွေနေချိန်မှာ ဝန်ကြီချုပ်ထရူးဒိုး အနေနဲ့ ကြားဖြတ်ရာထူးမှာ ဆက်ရှိနေမလားဆိုတာ ရှင်းလင်းစွာမသိရသေးပါဘူး။ ဝန်ကြီးချုပ်အပေါ် ထောက်ခံမှုကျဆင်းခဲ့ပြီး နုတ်ထွက်ဖို့ အယုံအကြည်မရှိအဆိုတင်သွင်းမှုတွေ ဆက်တိုက်ကြုံခဲ့ရပြီး ပွတ်ကာသီကာနဲ့ ဖြတ်ကျော်နေခဲ့တာပါ။လစ်ဘရယ်များကို ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ဆက်လက်ဦးဆောင်မယ်လို့ ဝန်ကြီးချုပ်က ကတိပြုထားပေမယ့် ကနေဒါအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမယ်လို့ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ပြီးနောက် ဖိအားတွေနဲ့ ဆက်လက်ရင်ဆိုင်နေရပါတယ်။ဒီကိစ္စအပေါ် ဘယ်လိုတုံ့ပြန်မယ်ဆိုတာနဲ့ပတ်သက်ပြီး သဘေထားကွဲလွဲမှုတွေကြောင့် ကနေဒါဒုတိယဝန်ကြီချုပ်ဟာ ခရစ်တီးယားဖရီးလန်းဟာ…
Read Moreတပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်
ဇန်နဝါရီ ၆ – ၂၀၂၅SS (VOM)ဒီတပတ်မှာတော့ ပြည်တွင်းက ပြင်ပရွှေဈေးနှုန်းတွေဟာ အနည်းငယ် တက်ရိပ်ပြလာပါတယ်။ အမေရိကန်ဒေါ်လာဈေးကတော့ ကျပ် ၄၄၀၀ ကျော်ဝန်းကျင်မှာ ဆက်ရှိနေပါတယ်။စက်သုံးဆီတွေကတော့ ဒီတပတ်မှာ ဆီအမျိုးအစားအားလုံး ဈေးထပ်ကျနေပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်မှာတော့ ကုန်စည်အများစုက အမြင့်ဈေးမှာပဲ ဆက်ရှိနေတာကို တွေ့ရပါတယ်။#ပြည်တွင်းရွှေဈေးနှုန်းပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက အခေါက်ရွှေ တကျပ်သားဈေးဟာ ၆၁ သိန်းကျော်ဝန်းကျင်မှာသာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ ၆၂ သိန်းကျော်ဝန်းကျင်ကို အနည်းငယ် မြင့်တက်ရောက်ရှိလာပါတယ်။အခေါက်ရွှေဈေးဟာ အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်နေ့၊ မွန်းလွဲပိုင်းကစပြီး ၆၂ သိန်းဝန်းကျင်ကို ရောက်ရှိလာတာပါ။ ဇန်နဝါရီ ၄ ရက် (စနေနေ့) မှာတော့ ကျပ် ခြောက်ဆယ့်နှစ်သိန်း သုံးသောင်းဝန်းကျင်နဲ့ ဈေးပိတ်ထားပါတယ်။“ပြည်တွင်းရွှေဈေးက KBZpay ကိစ္စနဲ့ နည်းနည်းပြန်လှုပ်လာတဲ့ သဘောပါ။ လေပက်ကားသမားတွေက ဒါကိုအကြောင်းပြုပြီး…
Read Moreရေတာရှည် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရွာတွေမှာ တိုက်ပွဲကြောင့် စစ်ရှောင် မြင့်တက်လာ
ဇန်နဝါရီ ၆- ၂၀၂၅GG (VOM)ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ပိန္နဲပင်ရွာနဲ့ ရေလွှဲရွာမှာ နစက တပ်ဖွဲ့နဲ့ PDF တွေအကြားတိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။နှစ်ဖက်အ ဖွဲဲ့အစည်းတွေအကြားတိုက်ပွဲ ပြင်းထန်နေတာကြောင့် အဆိုပါကျေးရွာက ဒေသခံပြည်သူတွေမှာ လက်နက်ကြီးကြောင့် နေအိမ်တွေထိခိုက်ပျက်စီးတဲ့အပြင် ရွာလုံးကျွတ်နေအိမ်စွန့်ခွာစစ်ရှောင်နေရသလို အနီးဝန်းကျင်ရှိရွာတွေကလည်း စစ်ရှောင်နေကြရတယ်လို့သိရပါတယ်။” ခုရက်ပိုင်းမှာပိုပြင်းထန်လာတယ်ပြောရမယ်။ပစ်ခတ်သံတွေနေ့တိုင်းကြားရတယ်။ PDF တွေဘက်က ရှစ်ယောက်သေတယ်လို့သိရတယ်။စစ်တပ်ဘက်ကလည်းအကျဆုံးရှိတယ်ကြားပေမယ် သေချာမသိရသေးဘူး။ရွာသားတွေကတော့အကုန်စစ်ရှောင်နေကြရတယ်။တိုက်ပွဲဖြစ်တဲ့ရွာနီးပတ်ချာလည်းမနေရဲကြဘူးရှောင်ကြရတယ်။ခုတိုက်ပွဲဖြစ်နေတဲ့ရွာက သေတာ ရှစ်ယောက်ရှိတယ်။” လို့ ဒေသခံကပြောပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့ ပိန္နဲပင်ရွာနဲ့ရေလွှဲရွာတွေက ဒေသခံပြည်သူတွေကတော့ စစ်ပွဲလွတ်တဲ့ကျေးရွာတွေနဲ့ဘုန်းတော်ကြီးကျောင်းတွေ၊ဆွေမျိုးမိသားစုမိတ်ဆွေတွေ၊ တောတွေထဲကိုထွက်ပြေးတိမ်းရှောင်နေရတာကြောင့် စားဝတ်နေရေးတွေလည်း ဒုက္ခရောက်နေရတယ်လို့ဆိုပါတယ်။” တိုက်ပွဲက ဖြစ်တော့ပြေးကြရတာ စားစရာကိုအများကြီးဘယ်သူမှမသယ်နိုင်ဘူး။ဒီတိုင်းပြေးကြရတာ။တောထဲရှောင်နေရသူတွေဆိုပိုဒုက္ခရောက်တယ်။ကူညီမယ့်သူမရှိနဲ့ အမိုးအကာကမလုံမခြုံနဲ့နေရတာ။ရွာတွေဘက်ရှောင်တဲ့သူတွေကမှတော်သေးတယ်။ ဒီနေ့လည်း ပစ်ခတ်တွေ ကြားရတယ်။” လို့သူကဆက်ပြောပါတယ်။အဆိုပါ တိုက်ပွဲအကြားမှာလက်နက်ကြီးထိမှန်ပြီး ပိန္နဲပင်ရွာက ခုနှစ်ယောက်သေဆုံးခဲ့ပြီး ရေလွှဲရွာကတော့ အုပ်ချုပ်ရေးမှူးသေဆုံးခဲ့တယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။ခုလဇန်နဝါရီ ၁ ရက်နေ့မှာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကို စစ်ကြောင်းထိုးလာတဲ့ နစက တပ်ဖွဲ့တွေနဲ့ PDF တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရာကနေ…
Read More၂၀၀၈ ဖွဲ့စည်းပုံ ရေးဆွဲနိုင်ရေး အမျိုးညီလာခံမှာ ပါဝင်ခဲ့သူ ၂၄၉ ယောက်ကို လူမှုထူးချွှန်ဆု ချီးမြှင့်
ဇန်နဝါရီ ၄ – ၂၀၂၅ GG (VOM) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရန် အသေးစိတ်အခြေခံ မယ့်မူတွေ ချမှတ်နိုင်ရေးအတွက် အမျိုးသားညီလာခံမှာပါဝင်ဆွေးနွေးခဲ့ကြတဲ့ ညီလာခံကိုယ်စားလှယ် ၂၄၉ ယောက်ကိုဂုဏ်ထူးဆောင်တံဆိပ် လူမှုထူးချွန်(ပထမအဆင့်)ဆုတွေချီးမြှင့်တာဖြစ်ကြောင်း နစကရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တိုင်းရင်းသားပါတီတွေကနိုင်ငံရေး ခေါင်ဆောင်တွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) မှ ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင် အပြင် မွန်တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ချေမွန်၊ နိုင်တလမွန်၊ နိုင်ဧကတို့ကို နစကမှ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် လူမှုထူးချွန်(ပထမအဆင့်)ဆုတွေချီးမြှင့်ခံရသူတွေထဲမှာ ပါဝင်နေပါတယ်။ ဂုဏ်ထူးဆောင်တံဆိပ် လူမှုထူးချွန်(ပထမအဆင့်)ဆုတွေချီးမြှင့်ခံရတဲ့အထဲမှာ ဦးခွန်ထွန်းဦး အပါအဝင် လူပုဂ္ဂိုလ်အချို့ကတော့ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။ ” အမျိုးသားညီလာခံမှာ တက်ခဲ့တဲ့သူတွေဆိုပြီးအကြောင်းပြထားတယ်။ အမျိုးသားညီလာခံကနေ နေအခြေခံမူတွေချမှတ်ခဲ့တယ်။ အဲဒီတုန်းက ဦးစိုင်းညွန့်လွင်တို့ဦးခွန်ထွန်းဦးတို့ပါတီက တောက်လျှောက်ကန့်ကွက်ခဲ့တာ။ သတ်မှတ်တာတို့စနစ်တွေပေါ့။ အမျိုးသားညီလာခံမှာတက်တဲ့သူတိုင်းလည်း မဟုတ်ဘူး။ညီလာခံမှာတက်ခဲ့ပြီး အခုလတ်တလောငွေဆောင်အစည်းအဝေးမှာ တက်ခဲ့တဲ့ဆက်နွယ်သူတွေကို ပေးလိုက်တာတွေ့ရတယ်။ တမင်ပေးတယ်ထင်တယ်။ အရင်ကထူးချွန်ပထမ၊ဒုတိယ၊တတိယဆုတွေဆို သေတဲ့သူတွေမပေးဘူး။ အခုကသေတဲ့သူတွေပါလာတယ်။…
Read More