ဝိုင်းမော်-ဇန်နဝါရီ၂၁-၂၀၂၁ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနား ၊ မခေါယန်ကျေးရွာအနီးက Green Valley ကာရာအိုကေဆိုင် ဝန်ထမ်းတွေထဲက ၈ ဦး Covid-19 ရောဂါပိုးတွေ့ရှိခဲ့လို့ ဝိုင်းမော်မြို့နယ်ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေတယ်လို့ ဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ အဲ့ဒီပိုးတွေ့လူနာတွေဟာ ဇန်နဝါရီ ၁၉ ရက်နေ့က မြစ်ကြီးနားမှာတွေ့ရှိခဲ့တဲ့ ပိုးတွေ့လူနာ ၁၁ ယောက်နဲ့ ဆက်စပ်ပြီး Green Valley ကာရာအိုကေဆိုင် ဝန်ထမ်း အမျိုးသား ၈၀ နဲ့ အမျိုးသမီး ၈၁ ဦးကို စစ်ဆေးခဲ့ရာကနေ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုပိုးတွေ့လူနာတွေဟာ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၃ ဦးပါဝင်ပြီး အသက် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်ပါတယ်။ လက်ရှိမှာတော့ Green Valley ကာရာအိုကေဆိုင်ကို လော့ဒေါင်းချထားပါတယ်။ ပိုးတွေ့လူနာတွေ သွားလာခဲ့တဲ့…
Read MoreCategory: ကျန်းမာရေး
ပြည်ပကပြန်လာတဲ့ သူတွေမှာ COVID-19 ဗီဇသစ်တွေ့ပေမယ့် စိုးရိမ်စရာမလို
မန္တလေး၊ ဇန်နဝါရီ- ၁၈- ၂၀၂၀ ရှိုင်းအောင်(VOM) ဂျော်ဒန်နိုင်ငံကနေ ပြန်လာတဲ့ ၆၃ ဦးမှာ ပြီးခဲ့တဲ့ နှစ်ပတ်ခန့်က COVID-19 ပိုးတွေ့ရှိခဲ့တဲ့အတွက် အဲ့ဒီလူတွေထဲက ပိုးပမာဏအများဆုံးတွေ့ရှိခဲ့တဲ့သူ ၆ ဦးရဲ့ ဓာတ်ခွဲနမူနာယူပြီးစစ်ဆေးခဲ့ပါတယ်။ အဲလို စစ်ဆေးခဲ့တဲ့အချိန်မှာ GR Stain ဆိုတဲ့ COVID-19 မျိုးရိုးဗီဇအသစ် တွေ့ရှိခဲ့ပေမယ့် ဂျော်ဒန်နိုင်ငံမှာသာဖြစ်နေတဲ့ ရိုးရိုးရောဂါလက္ခဏာဖြစ်တာကြောင့် စိုးရိမ်စရာမလိုကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကသိရပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ခင်ကြီးက VOM ကိုပြောတာကတော့ “ဒီနေရာမှာ တစ်ချို့လူတွေက အထင်မှားပြီးတော့ ဂျော်ဒန်နိုင်ငံမှာ ပိုးအသစ်တွေ့တယ်လို့ အထင်မှားပြီးပြောနေတာဖြစ်ပါတယ်။ ပိုးအသစ်မဟုတ်ပါဘူး၊ နိုင်ငံအလိုက်ဖြစ်ပေါ်နေတဲ့ ကိုဗစ် ကိုဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇလေးတွေက တဖြေးဖြေးနဲ့ ပြောင်းလဲမှုလေးတွေရှိပါတယ်။ ဒီနေရာမှာ ကျမတို့နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတာ GH Stain လို့ခေါ်ပါတယ်။ GH Stain ဆိုတာဘာလဲဆိုရင် 614…
Read Moreတောင်ကြီးမှာ လူတိုင်း ကိုဗစ်ပိုးရှိ-မရှိစစ်နိုင်ပြီ
တောင်ကြီး- ဇန်နဝါရီ-၁၈-၂၀၂၁ နေနန်းနွယ် (VOM) တောင်ကြီးမြို့မှာ မည်သူမဆို အခကြေးငွေပေးပြီး ကိုဗစ်ပိုးရှိမရှိ စစ်ဆေးနိုင်တဲ့ အစီအစဉ် စတင်ပြီ ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှုးရုံးကသိရပါတယ်။ “ကျွန်တော်တို့က တစ်ရက်ကို လူ အယောက် ၅၀ အထိ စစ်ဆေးပေးပါတယ်။ မနက် ၉ခွဲကနေ နေ့လည် ၁၂ နာရီထိ၊ ပြီးရင် နေ့လယ်ထမင်းစားခဏနားပြီး နေ့ခင်း ၁ နာရီကနေ ညနေ ၃ခွဲအထိ လာစစ်နိုင်ပါတယ်။ ဒီနေ့ကစပြီး ညွှန်ကြားချက်မလာမချင်း နေ့တိုင်းစစ်ပေးနေမှာပါ၊ ခု လာစစ်ကြတဲ့လူတွေထဲမှာ ခရီးသွားမယ့်လူတွေ နည်းနည်းပါတယ်၊ ကိုယ့်ဟာကို သံသယဖြစ်လို့ လာစစ်တဲ့လူတွေလည်းပါတယ်၊ နောက်ပြီး တချို့ကျတော့ အလုပ်အသစ်လျှောက်ထားပြီး အလုပ်ခန့်မှာမလို့ အလုပ်က စစ်ခိုင်းလို့လာစစ်ကြတဲ့လူတွေလည်းပါပါတယ်” လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံး တာ၀န်ရှိသူ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။ ကိုဗစ်ပိုးရှိမရှိကို မည်သူမဆို တောင်ကြီးမြို့ရှိ အစိုးရအဖွဲ့ရုံးဟောင်းနေရာတွင် သွားရောက်စစ်ဆေးနိုင်ပြီး တစ်ဦးလျှင်…
Read Moreတောင်ကုတ်ရဲစခန်းက အချုပ်သားတချို့ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံထားရ
ဇန်နဝါရီ ၃ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ၊ တောင်ကုတ်မြို့မရဲစခန်းမှာ အမှုရင်ဆိုင်ဖို့ ချုပ်နှောင်ခံထားရတဲ့ အချုပ်သားတွေထဲက အချုပ်သား ၁ ဒါဇင်ခွဲဟာ ကိုဗစ် ၁၉ ရောဂါ ကူးဆက်ခံထားရလို့ အရေးပေါ် ကာကွယ်ရေးနဲ့ ကုသရေး လုပ်ငန်းတွေ လုပ်ဆောင်နေရတယ်လို့ တောင်ကုတ်မြို့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်တုံံ့ပြန်ထိန်းချုပ်ရေး အဖွဲ့ထံက သိရပါတယ်။ ” မနေ့ ဇန်နဝါရီ ၂ ရက်က ဆေးစစ်ချက် အဖြေအရ အချုပ်သား ၁၈ ယောက် ပိုးတွေ့ အတည်ပြု နိုင်တာဖြစ်တယ် “လို့ တောင်ကုတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးမင်းသူက ပြောပါတယ်။ တောင်ကုတ်မြို့မရဲစခန်းက အချုပ်သားတွေ နှာစေး ချောင်းဆိုးဖြစ်လာလို့ စစ်ဆေးလိုက်တဲ့အခါ အချုပ်သား ၁၈ ယောက်မှာ ကိုဗစ်…
Read Moreကိုဗစ်နိုင်တင်းတွန်းလှန်ရေးခြေလှမ်းသစ်
လန်ဒန်-ဇန်နဝါရီ -၁-၂၀၂၁ တင်ထားဆွေ ၂၀၂၀ခုနှစ်ကို ကိုဗစ်နိုင်တင်း ရောဂါကပ်ဆိုးကြီးကို တွန်းလှန်ရတဲ့နှစ်၊ လူတွေရဲ့ ပုံမှန်ဘဝတွေပျက်ယွင်းရတဲ့နှစ် မမျှော်လင့်ပဲမိသားစုဝင်တွေဆုံးရှုံးရတဲ့နှစ် ကမ္ဘာ့စီးပွားရေးကျဆင်းတဲ့ နှစ်လို့အများက အမှတ်ရနေကြမှာပါ။ ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၁၉ ခုနှစ်မှာ တရုတ်နိုင်ငံဟူးဘေးပြည်နယ် ဝူဟန်မြို့မှာ အဆုပ်ပွရောဂါလက္ခဏာ တွေနဲ့ ဗိုင်းရပ်စ်ပိုးကူးစက်နေသူ ၂၇ ဦးရှိနေပြီလို့ တရုတ်အစိုးရကကမ္ဘာကျန်းမာရေးအဖွဲ့ ဆီကို တရားဝင် အကြောင်းကြားလိုက်ပါတယ်။ ဒီမတိုင်မီက တရုတ်ပြည်မှာ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ပျံ့နှံ့နေတယ်ဆိုတဲ့ သတင်းတွေ ဟိုတစ်စဒီတစ်စထွက်လာပေမယ့် အတည်မပြုနိုင်ခဲ့ပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဝူဟန်မှာကွင်းဆင်းလေ့လာမှုတွေပြုလုပ်ပြီး ဇန်နဝါရီလလယ်မှာ ဝူဟန်မြို့မှာ ကူးစက်ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ် ဟာ လူအချင်းချင်းအကြားကူးစက်နိုင်တယ်ဆိုတာကို အတည်ပြုလိုက်သလို တရုတ်အစိုးရကိုလည်း အသိပေးလိုက်ပါတယ်။ မတ်လ၁၁ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝူဟန်ကဗိုင်းရပ်စ်ဟာ တကမ္ဘာလုံးကို ကူးစက်နိုင်တဲ့ ကိုဗစ်နိုင်တင်း (COVID-19) ကပ်ရောဂါကြီးဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုဗစ်နိုင်တင်း ဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေ ရှောင်လွဲလို့မရအောင် တိုးပွားလာပြီး ကိုဗစ်နိုင်တင်းတွန်းလှန်ရေးအတွက်…
Read Moreကိုဗစ်လှိုင်းဒဏ် ကျားကန်ခုခံနေတဲ့ အလုပ်သမားဆေးရုံ
မန္တလေး၊ ဒီဇင်ဘာ- ၂၅- ၂၀၂၀ ညီသစ်(VOM) ဒက်တောလို ပိုးသတ်ဆေးနံ့ရတဲ့ ဆေးရုံထဲကိုဝင်လိုက်တာနဲ့ ပိုးကာဝတ်စုံ ပီပီအီးတွေဝတ်ထားတဲ့ ဆေးရုံဝန်ထမ်းလို့ ယူဆရတဲ့ အပြာနုရောင်ဝတ်ရုံနဲ့လူတွေ ဆေးရုံငယ်လေးထဲမှာ မပြေးယုံတမယ် လွန်းထိုး လှုပ်ရှားနေကြတာကို မြင်ရပါတယ်။ ဒီဆေးရုံရဲ့ နေရာကတော့ ရွှေမန်းတောင်ခြေ၊ နန်းမြို့ကျုံးရဲ့ အရှေ့မြောက်ထောင့်၊ ကျောက်တော်ကြီးတို့ စန္ဒာမုနိဘုရားတို့ သုဓမ္မာဇရပ်တန်းအနီး ၆၆ လမ်း ၊ ၁၂×၁၃ လမ်းကြားမှာရှိတဲ့ အလုပ်သမားဆေးရုံပါ။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးကို တရှိန်ထိုး ထိုးဖောက်နယ်ချဲ့ခဲ့ပြီး မြန်မာနိုင်ငံအတွင်းကိုလည်း ၂၀၁၉ မတ်လကုန်ပိုင်းလောက်က စတင်ပြီး ကျူးကျော်ဝင်ရောက်ခဲ့တာဆိုရင် ၈ လကျော် ကြာမြင့်ခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာ တစ်သိန်း၂သောင်းဝန်းကျင် မန္တလေးတိုင်းမှာ တစ်သောင်း ၂ထောင်ရှိနေတာမို့ မြန်မာတနိုင်ငံလုံးရဲ့ ဆယ်ပုံတပုံရှိနေတာပါ။ မန္တလေးမြို့မှာဆိုရင်လည်း အားကစားကွင်း၊ စာသင်ကျောင်း၊ တက္ကသိုလ်နယ်မြေအတွင်းက…
Read Moreမြေကမ္ဘာသာယာမှ လူတွေကျန်းမာမယ်
ဆွေလင်းထွန်း(VOM) ၂၀၁၉ ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ် ၁၉ ရောဂါဟာ ကမ္ဘာအနှံ့ကိုကူးစက်ခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ကပ်ရောဂါဖြစ်လာပြီလို့ မတ်လထဲမှာ ကြေညာခဲ့ရပါတယ်။ ကိုဗစ်ရောဂါမဖြစ်ခင်ကတည်းက ကမ္ဘာကြီးဟာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကြောင့် နာမကျန်းဖြစ်နေရတဲ့ထဲ တခါသုံး နှာခေါင်းစည်းတွေ၊ လက်အိတ်တွေနဲ့ ပိုးကာဝတ်စုံ စတဲ့ စွန့်ပစ်ပစ္စည်းတွေက ဘူးလေးရာဖရုံဆင့်ဆိုသလိုဖြစ်လို့ ကမ္ဘာမြေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာနေပါတယ်။ အမေရိကန်အခြေစိုက် သဘာဝပတ်ဝန်းကျင်အဖွဲ့ဖြစ်တဲ့ Ocean Conservancy အဖွဲ့ရဲ့ ၂၀၁၆ ခုနှစ်ကသုတေသနတွေအရ တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေဟာ တနှစ်ကိုပလတ်စတစ်စွန့်ပစ်ပစ္စည်း တန်ချိန်ပေါင်း တသန်းခန့် ပင်လယ်တွေထဲကို တရားမဝင် စွန့်ပစ်နေတယ်လို့ သိရပါတယ်။ အဲဒီ ပမာဏဟာ ပင်လယ်ထဲကို နှစ်စဉ်ရောက်ရှိနေတဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေရဲ့၆၀ရာခိုင်နှုန်းခန့် ဖြစ်ပါတယ်။ ကိုဗစ် ၁၉…
Read Moreစစ်ကိုင်းဆေးရုံကြီးမှာ ပထမဆုံးအကြိမ် ၇၅ နှစ်အရွယ် ကိုဗစ်အတည်ပြုလူနာတစ်ဦး သေဆုံး
စစ်ကိုင်း၊ ဒီဇင်ဘာ- ၁၇- ၂၀၂၀ ရှိုင်းအောင်(VOM) စစ်ကိုင်းမြို့၊ ကုတင် ၂၀၀ ဆန့် ပြည်သူ့ဆေးရုံကြီးမှာ ဒီဇင်ဘာ ၁၀ ရက်နေ့က တက်ရောက်ကုသနေတဲ့ အသက် ၇၅ နှစ်အရွယ် ကိုဗစ်အတည်ပြုလူနာ တစ်ဦး ဒီနေ့မနက်ပိုင်းက သေဆုံးသွားတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က သိရပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)အတွင်းရေးမှူး ကိုစိုးမင်းဦးက ပြောပြတာကတော့ “သူက၉ ရက်နေ့ မှာ ဆေးရုံကိုရောက်လာတယ် ၁၀ ရက်နေ့က စစ်လိုက်တော့ Positive ထွက်လာတယ် သူရောက်တာ တစ်ပတ်ပဲရှိသေးတယ်၊ Positive လူနာ စစ်ကိုင်းဆေးရုံမှာသေတာတော့ ပထမဆုံးပဲ၊ စစ်ကိုင်းမြို့အနေနဲ့ဆိုရင်တော့ သုံးယောက်မြောက်ပေါ့ ဆေးရုံအနေနဲ့ဆိုရင်တော့ ပထမဆုံးပဲ အရင် ၂ ယောက်က မန္တလေးဆေးရုံးကြီးမှာ သေတာလေ၊ အာလောင်ကတစ်ယောက်ရယ် ရွှေသမားက တစ်ယောက်ရယ် မန္တလေးမှာသေတာ” လို့ ကိုစိုးမင်းဦးက ပြောပါတယ်။ စစ်ကိုင်းဆေးရုံကြီးမှာ ကိုဗစ်ကြောင့်သေဆုံးခဲ့တဲ့သူကတော့ စစ်ကိုင်းမြို့၊…
Read Moreနှာခေါင်းစည်း Mask ကောင်းမကောင်း ဘယ်လိုစစ်ဆေးမလဲ
ဒီဇင်ဘာ ၁၅-၂၀၂၀ ဈေးကွက်ထဲက နှာခေါင်းစည်း Mask တွေကို အလွယ်မဝယ်သင့်ပါဘူး၊ ဘယ်လိုအရည်အသွေးတွေရှိသင့်တယ်၊ ဘယ်လိုဟာမှ ကာကွယ်မှုအပြည့်ပေးနိုင်တယ်ဆိုတာတွေကို အလွယ်တကူသိဖို့ ဒါလေးခဏဖတ်ပေးပါ။ ပထမဆုံးပြင်ပ သွင်ပြင်လက္ခဏာအနေနဲ့ စစ်နိုင်တာက ပါးစပ်နဲ့နှာခေါင်းစည်းတစ်ခုဟာ အလွှာ ၃ ခုပါရှိရပါမယ်။ ၁ – အပြင်ဘက်အလွှာဟာ ရေမဝင်နိုင်တဲ့၊ ရက်တလုပ်ထားတာမဟုတ်တဲ့ (non-woven) အလွှာဖြစ်တဲ့ လူနဲ့ လူခန္ဓာကိုယ်ကနေထွက်တဲ့ အစက်အမှုန်တွေကို မဝင်ရောက်ဖို့ ကာကွယ်ပေးပါတယ်။ ၂ – အလယ်အလွှာဟာ လေစစ် (Melt Blown)အလွှာဖြစ်တယ်၊ ရောဂါပိုးမွှားဖြတ်သန်း ဝင်/ထွက်တာကို ကာကွယ်ပေးတယ်။ ၃ – အတွင်းဘက်အလွှာက ရေစုပ်ယူနိုင်တဲ့၊ ရက်လုပ်ထားတဲ့ (non-woven) အလွှာဖြစ်လို့ တပ်ဆင်သူရဲ့ ကိုယ်က ထွက်နေတဲ့ အရည်အစက်အမှုန်တွေကို စုပ်ယူပြီးတော့ ပြင်ပကိုမထွက်ဖို့ ကာကွယ်ပေးပါတယ်။ ၄ – နှာခေါင်းနေရာပေါ်မှာရှိတဲ့ သတ္ထုချောင်း(ကလစ်)က ဝတ်ဆင်သူနဲ့ အံဝင်ခွင်ကျဖြစ်နိုင်ဖို့…
Read Moreရန်ကုန်တိုင်းအစိုးရဝန်ကြီးအပါအဝင် ဝန်ထမ်းလေးဦးမှာ ကိုဗစ်ပိုးတွေ့လို့ အစိုးရရုံးယာယီပိတ်
ရန်ကုန်၊ဒီဇင်ဘာ ၁၁၊၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်တိုင်းအစိုးရအဖွဲ့မှာ စိုက်ပျိုးရေးနဲ့မွေးမြူရေးဝန်ကြီးအပါအဝင် လေးဦးမှာ ကိုဗစ်ပိုးတွေ့ရှိလို့ တိုင်းဒေသကြီးအစိုးရရုံးကို ခေတ္တယာယီပိတ်ထားပါတယ်။ ရန်ကုန်မြို့တော်ဝန်နဲ့ စည်ပင်သာယာရေးဝန်ကြီးဖြစ်သူ ဦးမောင်မောင်စိုးနဲ့ဇနီး၊ ကိုယ်ရေးအရာရှိနဲ့ ယာဉ်မောင်းနှစ်ဦးမှာ ဒီဇင်ဘာ ၈ ရက်က ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် ဒီဇင်ဘာ ၁၀ ရက်မှာ ရန်ကုန်တိုင်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ အစိုးရရုံးဝန်ထမ်းတွေကို စစ်ဆေးတာမှာ ထပ်မံတွေ့ရှိခဲ့တာလို့ ရန်ကုန်တိုင်းအစိုးရရဲ့ရုံးရဲ့ ဝန်ထမ်းတဦးက VOM ကို ပြောပါတယ်။ Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဒေါက်တာကျော်စွာဦးက “ဝန်ကြီးဦးဟန်ထွန်းပါ လေးဦးမနေ့ကပဲ မနေ့ကပဲပိုးတွေ့လို့ ဆေးကုသမှုခံယူနေပါတယ် ပြန်ကောင်းလာမှာပါ “လို့ VOMကိုပြောပါတယ်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးပါ၄ဦးကို ဆေးကုသမှုခံယူရန် တောင်ဥက္ကလာပဆေးရုံနှင့် အင်းယား ကိုဗစ်စင်တာတွေကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။ ဒီလိုကိုဗစ်ကူးစက်ခံရမှုအခြေအနေကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးကို ဒီဇင်ဘာ ၁၀ရက်မှ ဇန်နဝါရီ ၁၈ရက်နေ့အထိ ရုံးကိစွမှအပ…
Read More