“မင်းသိင်္ခရဲ့ စနေမောင်မောင်ပါဝင်တဲ့ဝတ္ထုတွေကို မူပိုင်ခွင့်နဲ့ ၀ယ်ယူ”

ရန်ကုန် မေ ၂- ၂၀၁၉ သင်းသဒ္ဒါ Golden Hour Entertainment ကတော့ ဆရာကြီးမင်းသိင်္ခ​ရေးသားဖန်​တီးထားတဲ့ စ​နေ​မောင်​​မောင်​ပါဝင်​​တဲ့ဝတ္ထုများကို မူပိုင်ခွင့်နဲ့ ၀ယ်ယူခဲ့ပါတယ်။ ” ဆရာကြီးမင်းသိင်္ခရဲ့ စာ​ပေမူပိုင်​ခွင့်​ရရှိထားတဲ့ ဆရာကြီး၏ ညီမအရင်း ​ဒေါ်သန်းနု​အောင်​ထံကနေ ကို​ကောင်း​ကျော်​ (Golden Hour Entertainment)ကဝယ်​ယူလိုက်​တာဖြစ်​ပါတယ်​။ ဇာတ်​​ကောင်​များကို ရုပ်​ရှင်​အဖြစ်​ ရိုက်​ကူးဖန်​တီးထုတ်​လုပ်​သွားမှာဖြစ်​ပါတယ်။ လက်ရှိမှာ သရုပ်​​ဆောင်​နိုင်းနိုင်း၊​​ဒေါင်း၊​အောင်​မြင့်​မြတ်​တို့ကို​ရွေးချယ်​ထားပါတယ်​။အခြားသရုပ်​​ဆောင်​များကိုလည်း ​ရွေးချယ်​မှာဖြစ်​ပြီး ထပ်​မံ​ကြေငြာသွားမယ်​”လို့ဆိုပါတယ်။ စ​နေ​မောင်​​မောင်​ပါဝင်​​သော ဝတ္ထုဇာတ်​လမ်း၊ဇာတ်​​ကောင်​များကို မူပိုင်​ခွင့်​နဲ့ဝယ်​ယူ​ကြောင်း လက်​မှတ်​ထိုးတဲ့ပွဲကိုတော့ ​မေလ ၂ရက်​ ဒီ​နေ့က ရန်ကုန်မြို့ အလုံမြို့နယ်ရဲ့ Golden Hour Entertainment ရုံးခန်းမှာပြုလုပ်​ခဲ့ရာမှာ သရုပ်​​ဆောင်​နိုင်းနိုင်း၊​​ဒေါင်း၊​အောင်​မြင့်​မြတ်​တို့လည်းတက်​​ရောက်​ခဲ့ပါတယ်​။ သရုပ်​​ဆောင်​နိုင်းနိုင်းနဲ့ Golden Hourရဲ့ ၆ ကား​မြောက်​လက်​တွဲမယ့်​ဇာတ်​ကားဖြစ်​ပြီး၊​ဒေါင်းအ​နေနဲ့ နှစ်​ကား​မြောက်​၊​အောင်​မြင့်​မြတ်​အ​နေနဲ့ ပထမဆုံးဇာတ်​ကားဖြစ်​ပါတယ်​။ Golden Hourအတွက်’သမုဒယနွယ်​’ရုပ်​ရှင်​ကားကြီးရိုက်​ကူး​ပေးထားတဲ့ ဒါရိုက်​တာသီဟစိုးက ‘ဆားပုလင်းနှင်း​မောင်​နဲ့စ​နေ​မောင်​​မောင်​’ဇာတ်​ကားကို ရိုက်​ကူး​ပေးမှာဖြစ်​ပြီး ဒုတိယ​မြောက်​ လက်​တွဲတဲ့ဇာတ်​ကားလည်းဖြစ်​ပါတယ်​လို့ သိရပါတယ်။ ဓာတ်ပုံ…

Read More

M POP Music Challenge မှာ ဒိုင်အဖြစ်ပါဝင်မယ့် ဟဲလေး

ရန်ကုန် မေ ၁- ၂၀၁၉ သင်းသဒ္ဒါ(VOM)   စမူဆာ သီချင်းနဲ့ ပရိသတ်အားပေးမှုကို ရထားတဲ့ အဆိုတော် ဟဲလေးကတော့ M POP Music Challenge မှာ ဒိုင်အဖြစ်ပါဝင်မယ်လို့ ဆိုပါတယ်။   “ကျွန်တော်တို့ Melody World ၊ အိပ်မက်ဆုံရာတို့က ပြိုင်ပွဲတချို့မှာ ဧည့်သည်ဒိုင်အဖြစ်နဲ့ အရင်က လုပ်ခဲ့ဖူးပါတယ်။ အကြာကြီးတော့ မဟုတ်ပါဘူး။အိပ်မက်ဆုံရာ ပြိုင်ပွဲတစ်ခုမှာ Boy Band ၊ Girl Band ရွေးတဲ့အချိန်မှာ ကိုယ့်ကလည်း Boy Band တစ်ခုကလာတဲ့သူဆိုတော့ ၀င်ကူညီခဲ့ဖူးပါတယ်။ ဒီပြိုင်ပွဲမှာက ပွဲရဲ့စီစဉ်သူနဲ့ ရင်းနှီးတာပါတယ်။ ဒီပြိုင်ပွဲက ပုံစံလေးတွေနည်းနည်းကွဲထွက်နေသလို၊ ဖိအားနည်းနည်း လျှော့ တယ်။ M POP Music Challenge ဆိုမယ် ၊ ကမယ်ဆိုတော့ ထူးခြားမှုလေးပါလို့ ကမ်းလှမ်းချိန်မှာ…

Read More

ကိုယ်ပိုင်သီချင်းတွေကို မသိအောင် ရောင်းစားခံနေရတဲ့ Ar-T

ရန်ကုန် ဧပြီ ၃၀-၂၀၁၉ သင်းသဒ္ဒါ (VOM)   ခေတ်ပေါ် R&B ၊ DJ နဲ့ EDM တေးဂီတသီဆိုမှုကြောင့်မို့ ပရိသတ်အားပေးမှုရရှိထားတဲ့ အဆိုတော် Ar.T ကတော့ ကိုယ်ပိုင်သံစဉ် သီချင်းတွေ မသိအောင် ရောင်းစားခံနေရတယ်လို့ ဆိုပါတယ်။     “အဓိက သီချင်းတွေက ကိုယ်မရောင်းထားပဲ ကိုယ့်ရဲ့ သီချင်းတွေက You Tube မှာ သူများက နိုင်ငံ ခြား ကုမ္ပဏီကို ရောင်းစားတာမျိုးတွေ ခံနေရတယ်။ သီချင်းတစ်ပုဒ် မတင်ခင်မှာ ကိုယ့်ဘက်က Save ပြီးတော့ သေချာလုပ်ဆောင်မှုတွေ လုပ်ရတော့မယ်”လို့ ဆိုပါတယ်။     သူ့ကတော့ သီချင်းခွေသစ်ထုတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်ရဲ့ Mini Album ပုံစံတွေကို ထွက်မှာပါ။ခေါင်းစဉ်က Biom သီချင်းခွေမှာ သီချင်း ၆…

Read More

နှစ်စဉ်ခွေးရူးပြန်ရောဂါနဲ့ သေဆုံးမှုတွေရှိနေဆဲ

ရန်ကုန် ၊ဧပြီ ၂၇-၂၀၁၉ TGH(VOM) ခွေးကိုက်ခံရပြီး ချက်ခြင်း ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံမှုတွေ မပြုလုပ်ဘူးဆိုရင် ခွေးရူးပြန်ရောဂါဖြစ်ပွားပြီး အသက်ဆုံးရှုံးတာတွေ ပိုဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က သတိပေးပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်တိုင်း ၊ သာကေတမြို့နယ်မှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ခွေးရူးပြန်ရောဂါနဲ့ သေဆုံးသွားခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ခွေးကိုက်ခံရမှု အကြိမ်ရေများပြားခဲ့ပြီး လူကြီးမိဘတွေကို အသိမပေးခဲ့ရာကနေ အချိန်လွန်ကာ ခွေးရူးပြန်ရောဂါဖြစ်ပွားပြီး သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ “ခွေးရူးပြန်ရောဂါနဲ့ သေဆုံးသွားတဲ့သူတွေရှိတယ်။ သေသွားသူတွေရဲ့ နောက်ကြောင်းကိုမေးကြည့်တဲ့အခါမှာ အသိနောက်ကျတာ ၊ ဆေးရုံးအလာနောက်ကျ ၊ဆေးထိုးနောက်ကျတာတွေကြောင့်သိရတယ်။ ခုနောက်ပိုင်း ခွေးကိုက်ခံရတဲ့ လူနာနှုန်းကတော့ ပိုများလာတယ်။ ဒါပေမယ့် ခွေးရူးပြန် ရောဂါကြောင့်သေဆုံးနှုန်းကတော့ လျော့လာတယ်လို့ ပြောလို့ရတယ် ။ခွေးကိုက်တယ်ဆိုရင် အမြန်ဆုံး ၊ အချိန်မလွန်ခင် ကာကွယ်ဆေးသွားထိုးပါ။ တကယ်လို့ ဆေးမထိုးဖြစ်ဘူးဆိုရင် ဒါထက်မက အသက်ဆုံးရှုံးမှုတွေဖြစ်နိုင်တယ်။…

Read More

ဒီဇိုင်နာမျိုးမင်းစိုးရယ်လို့ ဘယ်လိုဖြစ်လာသလဲ

နာမည်ကြီးဒီဇိုင်နာ မျိုးမင်းစိုးနဲ့ အင်တာဗျူး ဒီဇိုင်နာမျိုးမင်းစိုးကို Voice Of Myanmar က တွေ့ဆုံမေးမြန်းတဲ့အခါမှာ သူက နာမည်ကြီးတွေရဲ့ ဝတ်စုံတွေကို ဖန်တီးဖူးပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဝတ်စုံကို မလုပ်ဘူးသေးလို့ ဖန်တီးပေးချင်တယ်ဆိုတာအပါအဝင် ခုသီတင်းကျွတ်ရာသီမှာ မျိုးမင်းစိုး ဘာတွေဖန်တီးထားသလဲ ဒီဇိုင်နာမျိုးမင်းစိုးဆိုတဲ့နာမည်တလုံးကို ဘယ်လိုရအောင်ကြိုးစားခဲ့ရသလဲဆိုတာ အပြည့်အစုံ ရှုစားနိုင်ပါပြီ။ ၂၀၁၈ အောက်တိုဘာလဆန်းက ဗီအိုအမ်နဲ့ ကိုမျိုးမင်းစိုး အင်တာဗျူးကို ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်။ #voiceofmyanmar #ဒီဇိုင်နာမျိုးမင်းစိုး

Read More

Dog Bite Center ရန်ကုန်က ဆေးရုံကြီး ၄ခုမှာ ဖွင့်မယ်

ရန်ကုန် ၊ ဧပြီ  ၂၃-၂၀၁၉ TGH(VOM)   မြန်မာတစ်နိုင်ငံလုံး  ခွေးကိုက်ခံရမှုစာရင်းတွေအရ အများဆုံးဖြစ်နေတဲ့  ရန်ကုန်တိုင်းမှာ ခွေးကိုက်ခံရတဲ့လူနာတွေကို ကုသပေးမယ့် Dog Bite Center ကို ဆေးရုံကြီး လေးခုမှာ မေလ အကုန်စတင်ဖွင့်လှစ်သွား မယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က ပြောပါတယ်။   ” တိုင်းနဲ့ပြည်နယ် အားလုံးကနေ တင်ပြလာတဲ့ သတင်းအချက်အလက်တွေအရ ခွေးကိုက်ခံရမှုအများဆုံးက ရန်ကုန်နဲ့ မန္တလေးဖြစ်တယ်။ ဒါကြောင့် ဒီနေရာတွေကို အရင်းဆုံးစတင်မယ်။ လက်ရှိမှာလည်း ပြင်ဆင်မှုတွေလုပ်နေတယ်။ ဒီလို ခွေးကိုက်ခံရတဲ့လူနာတွေအတွက် ကုသရေးဌာန ဖွင့်လှစ်တာက ခုလုပ်နေတဲ့ လုပ်ငန်းတွေကိုပိုပြီး ထိထိရောက်ရောက်လုပ်ဆောင်ဖို့နဲ့ ဆေးအလေအလွင့်တွေမရှိအောင် ထိန်းသိန်းနိုင်ဖို့ဖြစ်ပါတယ်။ ရန်ကုန်မှာ ဖွင့်တာနဲ့ တစ်ပြိုင်တည်းပဲ မန္တလေးမှာလည်း ဖွင့်ဖို့ကိုလုပ်နေတယ်” လိှု့ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်ကဆိုပါတယ်။ ရန်ကုန်တိုင်းထဲမှာ လူနာတွေသွားလာရလွယ်ကူမယ့် နေရာတွေကို…

Read More

ရေသူမလို ရေကူးတတ်ဖို့ လေ့ကျင့်နေရတဲ့ အိချောပို

ရန်ကုန် ဧပြီ ၂၀ -၂၀၁၉ သင်းသဒ္ဒါ ပရိသတ်က ချစ်စနိုးနဲ့ စူစူခေါ်တဲ့ သရုပ်ဆောင် အိချောပိုကတော့ ရေသူမလို ရေကူးတတ်ဖို့ လေ့ကျင့်နေရတယ်လို့ ဆိုပါတယ်။ ”အိချော ရေသူမ ကားလေးရိုက်ဖို့ရှိပါတယ်။ အခုကထဲက ရေသူမလိုရေကူးနိုင် အောင်လေ့ကျင့်နေတယ်၊ နဂိုကတည်းက ရေကူးတတ်ပါတယ်၊ ဒါပေမယ့် ရေသူမနဲ့တူအောင်ပြန် သင်ရတာပေါ့။ ပြီးတော့ ရေငုပ်ပြီးသွားရတယ်။ ရေသူမဝတ်စုံနဲ့ကျတော့ကူးရခက်တယ် ခြေနှစ်ဖက် စုပြီးကူးရတာ အဲ့အတွက် သင်္ကြန်မတိုင်မီက ရှုတင်ပြီးတဲ့ရက်တွေဆို ရေကူးကန်မှာ ညဘက်လေ့ကျင့်ဖြစ်တယ်။ ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ရတာပေါ့ ။ မနက်ဖြန်ဆိုလည်း စီလီကွန် တွေနဲ့ငါးလက်တွေလုပ်ဖို့ အတိုင်းတွေ သွားပေးရမယ်။ ဝတ်စုံကို သမီး အမေရိကားကမှာထားတယ် အဲ့ဒီအပေါ် မှာပိုပြီးတော့ ထပ်လုပ်ရမှာပေါ့ ”လို့ဆိုပါတယ်။ သူမရဲ့ “ဒဏ္ဏာရီပင်လယ်” ဇာတ်ကားကို တော့ ဇာတ်ညွှန်း သမီးမြတ်ကျော် ရေးကာ ဒါရိုက်တာအနေနဲ့ ဦးကျော်သူ က…

Read More

ရုပ်ရှင်ကားတွေရဲ့ ရသကို ဇကာတိုက်ရမယ့်အချိန်ရောက်ပြီလို့ သရုပ်ဆောင်လွင်မိုးဆို

  ရန်ကုန် ဧပြီ ၂၁ -၂၀၁၉ သင်းသဒ္ဒါ အနုပညာအလုပ်တွေ ပြန်လည် လုပ်ဆောင်လာတဲ့ သရုပ်ဆောင်လွင်မိုး ကတော့ ရုပ်ရှင်ကားတွေရဲ့ ရသကို ဇကာတိုက်ရမယ့်အချိန်ရောက်ပြီလို့ ဆိုပါတယ်။ “လက်ရှိ ရုပ်ရှင်ရဲ့ ဈေးကွက်မှာ ငွေရေးကြေးရေးရတဲ့သူတွေလည်း ရှိနေသလို ၊ ရှုံးတဲ့သူတွေလည်း ရှိနေပါပြီ။ ဇာတ်ကား လူမ၀င်တာတွေလည်း ဖြစ်လာပါပြီ။ စီးပွားသဘောနဲ့ ပြန်ပြောမယ်ဆိုရင် ဒီလုပ်ငန်းကို ဘယ်လို ပိုက်ဆံရှာရမလဲဆိုတာလည်း အရေးကြီးလာပါပြီ။ဘယ်သူ့တွေနဲ့ ရိုက်မလဲ၊ ဘယ်သူတွေ ရိုက်ရမလဲ ဆိုတာလည်း အရေးကြီးလာပါပြီ။သရုပ်ဆောင် မင်းသားစူပါးစတားတွေမှမဟုတ်ပဲနဲ့ ဥပမာ- လိပ်ပြာစံအိမ်လို့ အရာ မျိုးတွေလည်း ပိုက်ဆံရတယ်လို့ ပြန်ဖြစ်လာတယ်။ ရုပ်ရှင်ရဲ့ ရသတွေကို ဇကာတိုက်ရမယ့် အချိန် ရောက်လာပါပြီ။ ဇကာတိုက်ရမယ့် အချိန်ဆိုတော့ ၂၀၂၀ လောက်မှာ အရည်အသွေးပြည့်ဝလုပ်နိုင်တဲ့ ဇာတ် ကားတွေ ထွက်လာမယ်။ ရုံတွေလည်း ဒီထက်ပိုများလာမှာ ဖြစ်ပါတယ်။…

Read More

ဒါရိုက်တာအနေနဲ့ ဒရာမာကားတွေပဲ ရိုက်ဖို့ရည်မှန်းထားတဲ့ ခင်လှိုင်

  ရန်ကုန် ဧပြီ ၁၉-၂၀၁၉ သင်းသဒ္ဒါ ဟာသသရုပ်ဆောင် ခင်လှိုင် (ဥာဏ်ကြီးရှင်) ကတော့ ဒါရိုက်တာဖြစ်ရင် ဒရာမာကားတွေပဲ ရိုက်ဖို့ မှန်းထားတယ်လို့ ဆိုပါတယ်။ “ကျွန်တော်က ကိုကုသိုလ်ကို အရမ်အား ကျခဲ့ရတာ၊ သူက ဒရာမာတွေအရိုက်များတယ်၊ အောင်မြင်ခဲ့ တယ်၊ ကျွန်တော် ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ အသိန်းကလည်း ဒါရိုက်တာတစ် ယောက်ဖြစ်ဖို့ကြိုးစားနေတယ်။ နှစ်ယောက်အတူတူ ဖြတ်သန်းခဲ့ကြရင်းနဲ့ ကျွန်တော်မင်းသား သူဒါရိုက်တာ ဆိုပြီးတော့ နှစ်ယောက်အတူ ဖြတ်သန်းခဲ့ကြတဲ့ကားတွေလည်း အများကြီးရှိတယ်။ “ဝလုံးရေးဖို့ ညီလေးထိုင် ” ဇာတ်ကားဆို အကြီးအကျယ်အောင်မြင်ခဲ့တယ်။ အဲ့ဒီမှာ ကိုကုသိုလ် ဒါရိုက်တာ လိုင်စင်ရခဲ့တယ်၊ နောက် ပိုင်းမှာ သူဒရာမာတွေပဲရိုက်ခဲ့တာပါ။ အဲ့ဒီတော့ တစ်နေ့ ကိုယ်ဒါရိုက်တာဖြစ် လာရင်လည်း ဒရာမာကားတွေပဲ ရိုက်ချင်တယ်၊ ရိုက်မယ်လို့ ရည်မှန်းထားပြီးသားပါ”လို့ ဆိုပါတယ်။ သူကတော့ ဒါရိုက်တာအနေနဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့…

Read More

ဇာတ်ကားတွေကို ပရိသတ်က ဝေဖန်သုံးသပ်တတ်လာလို့ စိုးရိမ်မိတယ်ဆိုတဲ့ ကျော်ထက်အောင်

  ရန်ကုန် ဧပြီ ၁၉-၂၀၁၉ သင်းသဒ္ဒါ Myanmar Idol သီချင်းဆိုပြိုင်ပွဲ စီစဉ်တင်တက်ဆက်သူကနေ သရုပ်ဆောင်ဘက်ကို ရောက်လာခဲ့တဲ့ သရုပ်ဆောင် ကျော်ထက်အောင်ကတော့ ဇာတ်ကားတွေကို ပရိသတ်က ဝေဖန်သုံးသပ်တတ်လာလို့ စိုးရိမ်မိ တယ်လို့ဆိုပါတယ်။ ” မေ ၃၀ ရက်ဆိုရင် “စရိုက်” ရုပ်ရှင်ကားရုံတင်တော့မယ်။ ရင်ခုန်တာ ထက် ခုနောက်ပိုင်း ပရိသတ်တွေက ဇာတ်ကား တွေ အရမ်းဝေဖန်သုံးသပ်တတ်လာတော့ စိုးရိမ်မိပါတယ်။ ဘယ်လိုကားမျိုးတွေကို ရွေးချယ် ကြည့်မလဲ။ ကျွန်တော်တို့က အရည်အသွေးကို အဓိကထားပြီး ရိုက်ကူးတာမို့ ပိုစတာကို ကြည့်ပြီးတော့ မဆုံး ဖြတ်စေချင်ပါဘူး”လို့ ဆိုပါတယ်။ သူကတော့ လွန်ခဲ့တဲ့ ၂ နှစ်က “စရိုက်” ဆိုတဲ့ ဇာတ်ကားကို ကြိုးကြိုးစားစားရိုက်ထားခဲ့သလို အဲတုန်းက သိတဲ့တတ်တဲ့ ပညာနဲ့တော့ အစွမ်းကုန်ကြိုးစားထားပါတယ် ၊ သာမာန်လူတန်းစားဘ၀ရပ်တည်မှုတစ်ခုကို အခြေခံရိုက်ကူးခဲ့တဲ့ ဇာတ်လို့လည်း…

Read More
✕
VOM News

FREE
VIEW