သင်းသဒ္ဒါ “အိမ့်ချစ်ဒီနှစ် သင်္ကြန်အတွက် အဖွဲ့လိုက် သီချင်းလေးတွေတော့ သီဆိုထားတယ်။သင်္ကြန်အတွက်သီးသန့် တစ်ကိုယ်တော်တော့ မထွက်တော့ပါဘူး။သင်္ကြန်သီချင်းတွေ အရမ်းများနေလို့ပါ။ကိုယ့် မြန်မာ့ရိုးရာအတာ သင်္ကြန်အတွက် ၇ ရက်သားသမီးပျော်ရွှင်အောင် သီချင်းတွေဖျော်ဖြေသွားမှာပါ။ငယ်ငယ် က သင်္ကြန်ဆိုရင် လျှောက်လည် ၊မဏ္ဍပ်တွေ လည်းထိုင်ဖူးပါတယ်။လမ်းထဲမှာ ရေတွေပက်ဖူးတယ်။အိမ့်ချစ် အသက် ၁၅ နှစ်အရွယ် ထဲကတောက်လျှောက် သီချင်းတွေ သီဆိုခဲ့ တာပါ။ သူများတွေ သင်္ကြန်လျှောက်လည်တာကို အိမ်ထဲကခေါင်းလေးထွက်ကြည့် ရတယ်။ကိုယ့်က ဖျော်ဖြေဖို့ အတွက်မိတ်ကပ်တွေပြင်ထားတော့ တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်တော့ အိမ့်ချစ်ရုပ်က မလှမပပြီး ပါသွားဆိုး လို့လေ။သင်္ကြန်တွင်း ရေစိုခံလို့မရဘူး။ဘယ် သူတွေ့တွေ့ ရေမလောင်းနဲ့နော် ဆံပင်ကို မထိနဲ့နော် မိတ်ကပ်ကို မထိနဲ့နော်လို့ ပြောရတယ်။အဓိက နေပူတယ်ရေစိုရင် အိမ့်ချစ်တို့ အသံမထွက်တော့ဘူး။ရေသိပ်အစိုခံလို့ မရ ဘူးပေါ့။အင်းယား လမ်းလျှောက်သင်္ကြန် အပြင် နေရာစုံပေါ့ အိမ့်ချစ်ဆိုမယ့် မဏ္ဍပ်မှာမောင်လေး ဂျူနီယာချစ်ကောင်းနဲ့ အတူ သီချင်းတွေ ဆို…
Read MoreCategory: Lifestyle
နေတိုးရဲ့ နှစ်သစ်ဆုတောင်းစကား
သင်းသဒ္ဒါ “ကျွန်တော်ကတော့ ဒီနှစ်သင်္ကြန်မှာ အိမ်မှာဖြစ်ဖြစ် မဟုတ်ရင်တော့ Box .88 က သင်္ကြန်ကို ခွပြီး ကျန်နေတဲ့ ဇာတ်ဝင်ခန်းကို ရိုက်မှာဖြစ်တယ်။ဒါပေမယ့် သင်္ကြန်တွင်းမှာ အနုပညာဖန်းတီးမှုတော့ မလုပ်ပါဘူး။နှစ်သစ်မှာ ပရိသတ်တွေ လိုအင်ဆန္ဒတွေပြည့်စုံ ကျန်းမာပျော်ရွှင်ကြပါစေလို့ ပြောချင်ပါတယ်။” #voiceofmyanmar #နေတိုး #နှစ်သစ်
Read Moreမေသန်းနုရဲ့ နှစ်သစ်ဆုတောင်းစကား
သင်းသဒ္ဒါ ” မဆင့်ကတော့ ဖိတ်ကြားတဲ့ ရေစကား မဏ္ဍပ်တွေမှာ သင်္ကြန်တွေ လိုက်ဆိုမယ် ကမယ်ပေါ့နော်။ နှစ်တိုင်းလည်း သင်္ကြန်ဆိုရင် သင်္ကြန်မိုးဇာတ်ကားတွေ ပြန်လွှင့်တယ်။ ဒီသီချင်းတွေပြန်လည် ကြားရတော့ မဆင့်တို့ ငယ်ဘဝကို ပြန်ရောက်သွားသလို ခံစားရတာပေါ့။သင်္ကြန်ရောက်တော့ အရင် ဇာတ်ကားတော်တော်များများ ရိုက်ကူးခဲ့တဲ့ နေ ရာဒေသတွေကို ပြန်ရောက်သလို ခံစားရပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်စွာ ဘေးကင်းကင်း ဖြတ်သန်းနိုင်ပါစေ။” #voiceofmyanmar #မေသန်းနု #နှစ်သစ်ဆုတောင်း
Read Moreစစ်ဘေးရှောင်စခန်းမှ တိုင်းပြည်ဂုဏ်ဆောင်မည့် စိန်တစ်ပွင့်
Shwe Paw Mya Tin ပေသုံးဆယ်ပတ်လည်ခန့်ကျယ်ဝန်းသည့်ခန်းမတခုထဲတွင်ကရာတေးအားကစား ၀တ်စုံများဝတ်ဆင်ထားသည့် ကလေးငယ်များ၊ ပုံမှန်အ၀တ်အစား ၀တ်ဆင်ထားသည့် ကလေးငယ်များ အတူတကွ ညီညာစွာလှုပ်ရှားနေကြသည် ။ အဆိုပါကလေးငယ်များ၏ ရှေ့တွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တဦးက တင်းမာခက်ထန်သည့် မျက်နှာထားဖြင့် ကရာတေးကစားကွက်များကို သရုပ်ပြနေပြီး သရုပ်ပြချက်အတိုင်း ကျန်ကလေးငယ်များကလိုက်လံလှုပ်ရှားနေကြသည်။ အဆိုပါနေရာသည် ကချင် ပြည်နယ် မြစ်ကြီးနားမြို့ရှိ ရွှေစက်စစ်ရှောင်စခန်းတည်ရှိရာ ရွှေစက်ကချင်နှစ်ခြင်း ဘုရားကျောင်းဝန်းအတွင်းရှိ ခန်းမအထဲတွင်ဖြစ်သည် ။ အသက် ၇ နှစ်ခန့်အရွယ်မှ အသက် ၁၅ နှစ်အရွယ်အတွင်းရှိ ကလေးငယ်များသည် ရွှေစက်စစ်ရှောင်စခန်းမှ တာဝန်ရှိသူများစီစဉ်ဖွင့်လှစ်ထားသည့် ကရာတေးသင်တန်းကို တက်ရောက်နေကြခြင်း ဖြစ်ပြီး အများစုမှာ စစ်ရှောင်စခန်းအတွင်းမှ ကလေးငယ်များဖြစ်ပြီး အနည်းငယ်သာ ဘုရားကျောင်းပြင်ပရပ်ကွက်အတွင်းမှ ကလေးငယ်များဖြစ်သည်။ ကလေးငယ်များအားရှေ့ဆုံးမှ သရုပ်ပြနေသူမှာ ကချင်လူမျိုးများသာမက ပြည်မက လူအချို့ကပင်သိရှိကြသည့် ကချင်အမျိုးသမီးငယ်…
Read Moreသားဖြစ်သူကို ဒါရိုက်တာအဖြစ်နဲ့ပဲ အောင်မြင်စေချင်တဲ့ မေသန်းနု
ရန်ကုန် မတ် ၂၉- ၂၀၁၉ သင်းသဒ္ဒါ နာမည်ကြီး အနုပညာရှင် အကယ်ဒမီမေသန်းနုကတော့ တစ်ဦးတည်းသောသား မင်းသန့်မောင်မောင်ကို ဒါရိုက်တာပဲဖြစ်စေချင်တယ်လို့ ဆိုပါတယ်။ “သားသားကဒီတစ်ခေါက် အပြီးပြန်လာတာဆိုတော့ သူ့အဖေအလုပ်တွေ ဝိုင်းလုပ်ဖို့ရှိတယ်။ အဓိကတော့ သူ့အဖေရဲ့အစီအစဉ်အောက်မှာပေါ့နော်။သူ့အဖေကတော့ အကောင်းဆုံးဖြစ်အောင်စီစဉ်နေတာပဲ။အဓိကတော့ ဒါရိုက်တာလိုင်းပေါ့။သူကအမေရိကန်မှာ အဲဒါနဲ့ကျောင်းပြီးထားတာဆိုတော့လေ။ ဒါရိုက်တာလိုင်းမှာအောင်မြင်တဲ့ဒါရိုက်တာတစ်ဦးဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိဘနှစ်ဦးစလုံးက သူ့ကိုစဉ်းစားထားပါတယ်။အဖေကလည်းသူ့ကိုအားကိုးတယ်။ကလေးကလည်းဒီတစ်ယောက်ထဲရှိတဲ့အတွက် အောင်မြင်တဲ့ဒါရိုက်တာဖြစ်စေချင်တယ်။မဆင့်ကလည်း ဒါရိုက်တာဖြစ်ဖို့ကို အားပေးမယ်။ကလေးကလည်း ဝါသနာပါတယ်လေ။အကောင်းဆုံးဖြစ်အောင်တော့ ပံ့ပိုးမှာပဲ”လို့ ဆိုပါတယ်။ သူကတော့ ဖခင်ဖြစ်သူ စင်ရော်မောင်မောင် နဲ့အတူ ဇာတ်ညွှန်းမိုးနီလွင်ရဲ့ “တစ်ခါ က ဆောင်း” ဇာတ်ကားကို ကိုရီးယား အနုပညာရှင်တွေနဲ့အတူ တွဲဖက်ရိုက်ကူးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ တက်သစ်စဒါရိုက်တာ အသစ်တစ်ယောက်အနေနဲ့ မြန်မာပရိသတ်နဲ့ အံဝင်ဖို့ ပတ်သက်ပြီး “သူကလည်းလူငယ်ဆိုတော့ လူငယ်ကာရိုက်တာနဲ့ လူငယ်ပရိသတ်က မစိမ်းဘူးပေါ့နော်။လူငယ်အမြင်အတွက် လူငယ်ကသတ်သတ်ရှိနေမှာပဲ။ဒါပေမယ့် လူငယ်ရိုက်တာကို လူကြီးကဝေဖန်တာတော့ သိပ်မဟုတ်ဘူးလေ။သူ့ခေတ်နဲ့ သူ့အခါတော့ အံဝင်တယ်လို့…
Read Moreစာရေးဆရာမကြီးဒေါ်ခင်ဆွေဦး ကွယ်လွန်
ရန်ကုန် မတ် ၂၈- ၂၀၁၉ သင်းသဒ္ဒါ စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး အသက် (၈၇)နှစ်ကတော့ လူကြီးရောဂါနဲ့ မတ်၂၇ ရက် ညပိုင်း ၁၀နာရီ ၁၅မိနစ်အချိန်က ဆည်းဆာရိပ်ဂိလာန ဘိုးဘွားရိပ်သာမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ”ဆရာမကြီးကတော့ လူကြီးရောဂါနဲ့ ညက ဆုံးသွားတာပါ။ လူကြီးရောဂါ ဖြစ်နေတာကတော့ ၅ လကျော် ၆ လလောက်ရှိပါပြီ ။ကျွန်မတို့  မြန်မာနိုင်ငံမှာက စာရေးဆရာကြီးကတော့ ဘယ်လိုမှတန်ဖိုးဖြတ်လို့ မရပါဘူး။ သူ့ရဲ့ စာဖတ်ပရိသတ်တွေအတွက် စာကောင်းပေကောင်းတွေလည်း အများကြီးပေးခဲ့ပါတယ်။ဒေါ်ခင်ဆွေဦး ပတ်သက်ပြီး လူတိုင်းက နှမြောတသ ယူကြုံးမရတော့ ဖြစ်ကြတာပေါ့။ခေတ်အဆက်ဆက်မှာလည်း ခေတ် ရဲ့ ပုံရိပ်တွေကို ထင်ဟပ်စေတဲ့ စာတွေရေးဖွဲ့ ခဲ့တယ်။သူရဲ့ နဂိုစိတ်အနေအထားကလည်း အတော်ကို အေးချမ်းပါတယ်။အရာရာကိုလည်း အကောင်းမြင်ဝါဒနဲ့ ကြည့်တတ်ပါတယ်။ အင်မတန် တန်ဖိုးဖြတ်မရတဲ့ ဆုံးရှုံးမှုပါပဲ”လို့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ဆိုပါတယ်။…
Read Moreဇာတ်လမ်းတွဲတွေကို သေချာစဉ်းစားပြီးမှာ လက်ခံတော့မယ့် စံရတီမိုးမြင့်
ရန်ကုန် မတ် ၂၇ -၂၀၁၉ သင်းသဒ္ဒါ ပရိသတ် အချစ်တော် သရုပ်ဆောင် စံရတီမိုးမြင့်ကတော့ ဇာတ်လမ်းတွဲတွေကို သေချာစဉ်းစားပြီးမှ လက်ခံတော့မယ်လို့ ဆိုပါတယ်။ ရိုက်ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲက လွှင့်နေပါပြီ။ ပြီးတော့ ကြော်ငြာတွေ မဂ္ဂဇင်း တွေအတွက် အလှပုံတွေ ရိုက်ဖြစ်နေ ပါတယ်။ နောက်ပိုင်းဇာတ်လမ်းတွဲ ရိုက်ဖို့ လာကမ်းလှမ်းတာတွေ ရှိပေမယ့် အချိန်အများကြီးပေးရလို့ သေချာ စဉ်းစားပြီးမှပဲ လက်ခံသွားဖို့ ရှိပါ တယ်။ဒီနှစ်ထဲမှာ ရုပ်ရှင်ကားကြီး လည်း ရုံတင်ဖို့ ရှိပါတယ် လို့ပြောပါတယ်။ ”သဲသဲတို့ အရင်တုန်းကတော့ မင်းသား၊ မင်းသမီးတိုင်းက တစ်လကို ၄ ၊၅ ကားရိုက်ကြရတယ်။ဘယ်လို ဇာတ်ပဲဖြစ်ဖြစ် ရိုက်ကြတယ်။ အခု နောက်ပိုင်းတော့ အကုန်လုံးက သေချာပြန်ချုံ့လိုက်ပြီးတော့ အရေ အတွက်ထက် အရည်အသွေးကို ပိုပြီး ဦးစားပေးလာတာတွေ့ရတယ်။ အရင်ကလိုတစ်လ သုံး…
Read Moreအကယ်ဒမီပေးပွဲ ဝေဖန်တာတွေကို အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းပြောပြီ
ရန်ကုန် မတ် ၂၆- ၂၀၁၉ သင်းသဒ္ဒါ မြန်မာ့ရုပ်ရှင်ထူးချွှန်ဆု အကယ်ဒမီပေးပွဲကို မတ် ၂၃ ရက်မှာ ကျင်းပခဲ့ပြီး ဆုပေးပွဲပြီးနောက် ဝေဖန်တာတွေနဲ့ပတ်သက်လို့ အကယ်ဒမီပေးပွဲပြီးတိုင်း အသံတွေညံနေတယ်ဆိုတာ နှစ်စဉ်နှစ်တိုင်းအကယ်ဒမီပေးခဲ့တဲ့ သက်တမ်း တစ် လျှောက်မှာ ရှိခဲ့တဲ့ ပြဿနာပါလို့ ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းက ပြောဆိုလိုက်ပါတယ်။ ”ကျွန်တော်တို့ဆီမှာ ပရိသတ်ကတော့ မျိုးစုံရှိပါတယ်။ တစ်ဦးနဲ့ တစ်ဦးကလည်း အကြိုက်ချင်း တူမှာ မဟုတ်ပါဘူး။ အကယ်ဒမီပေးပွဲပြီးတိုင်း အသံတွေညံနေတယ်ဆိုတာ နှစ်စဉ်နှစ်တိုင်းအကယ်ဒမီပေးခဲ့တဲ့ သက်တမ်း တစ် လျှောက်မှာ ရှိခဲ့တဲ့ ပြဿနာပါ။သေသေချာချာတာ တစ်ခုကတော့ ကျွန်တော်ထက် ဆရာဦးကြည်စိုးထွန်း လည်း ပြောသွားပြီ ဖြစ်ပါတယ်။လူပေါင်း ၄၅ ဦးနဲ့ တစ်ဦးနဲ့ တစ်ဦး ညှိနှိုင်းလို့ မရအောင် ကျွန်တော်တို့ စီစဉ် ထားတာဖြစ်ပါတယ်။ ၄၅ ဦးကတော့ သူတို့ရဲ့…
Read Moreငဒူ ဇာတ်ကားနဲ့ အကယ်ဒမီမရရင် စိတ်မကောင်းမဖြစ်ဖို့ ပြောလာတဲ့မြင့်မြတ်
ရန်ကုန် မတ် ၂၂-၂၀၁၉ သင်းသဒ္ဒါ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်တတ်တဲ့ အကယ်ဒမီ မြင့်မြတ်ကတော့ ငဒူ ဇာတ်ကားနဲ့ အကယ်ဒမီမရရင် စိတ်မကောင်းမဖြစ်ဖို့ ပရိသတ်ကို ပြောပါတယ်။ ငဒူ ဇာတ်ကားပတ်သက်ပြီးတော့ ”ပရိသတ်က သနားပြီးတော့ အကယ်ဒမီကို ရင်ခုန်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့ ဒီနှစ်အကယ်ဒမီကို မထင်ပါဘူး။ကိုနေတိုးရမယ်လို့ပဲ ထင်ပါတယ်။ ငဒူ အတွက် စိတ်မကောင်းမဖြစ်ပါနဲ့ ။သိပ်မမှန်းပါနဲ့လို့ ပြောချင်ပါတယ်။ ကိုယ့်ချစ်တဲ့ ပရိသတ်တွေကတော့ ရစေ ချင်လို့ မှန်းကြတာပေါ့။ We Love အဖွဲ့တွေလည်း မမှန်းကြပါနဲ့လို့ ရတာမရတာကတော့ ကံပေါ့။ အဓိကတော့ ဘယ်သူပဲ အကယ်ဒမီရရပေါ့။ စီနီယာတွေရတာပဲ ၀မ်းသာမှာပါ”လို့ ဆိုပါတယ်။ သူ့ကတော့ ငဒူကားမှာ ဉာဏ်ရည်မမီပေမယ့် လူတိုင်းအပေါ် ကူညီတတ်တဲ့ စိတ်ဓာတ်ရှိသူအဖြစ် ကာရိုက်တာကိုတော့ ပီပြင် အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ အနုပညာသက်တမ်းတစ်လျှောက်…
Read Moreအကယ်ဒမီနဲ့ ပတ်သက်ပြီး ပရိသတ်ဆန္ဒပြည့်စေချင်တယ်ဆိုတဲ့ နေတိုး
ရန်ကုန် မတ် ၂၀- ၂၀၁၉ သင်းသဒ္ဒါ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီတစ်ကြိုပေးခံရတာနဲ့ ပတ်သက်ပြီးတော့ အကယ်ဒမီနေတိုးကတော့ အကယ်ဒမီနဲ့ ပတ်သက်ပြီး ပရိသတ်ဆန္ဒပြည့်စေချင်တယ်လို့ဆို ပါတယ်။ ”ကျွန်တော်ရဲ့ အကယ်ဒမီပတ်သက်ပြီင်္း ရင်ခုန်သံ ခံစားမှုကတော့ ပရိသတ်နဲ့ အတူတူပဲပေါ့။ ဒီနှစ်ထဲမှာ ကျွန်တော့်ကို ရင်ခုန်ပေးကြတဲ့ ပရိသတ်တွေ များတယ်။ ပရိသတ်တွေရဲ့ ဆန္ဒတွေကိုလည်း ကျွန်တော်ပြည့်ဝစေ ချင်တယ်။ ကျွန်တော် ပရိသတ်တွေကိုလည်း အမြဲပြောပါတယ်။ ဆုဆိုတာမျိုးက မသေချာသေးဘူးလေ။ မျိုးစုံ ပြောင်းလဲနိုင်တယ်။ မျိုးစုံလည်း အခြေအနေတွေ ဖြစ်သွားနိုင်တယ်ဆိုတော့ ဒီအပေါ်ယုံယုံကြည်ကြည် ရှိတာမဟုတ်ဘူး။ အကယ်ဒမီကိုရခဲ့ရင်တော့ ပရိသတ်တကယ့်ကို အမှတ်တရပိုဖြစ်မှာပေါ့။ ပရိသတ်တွေ မျှော်လင့် ချက်တွေကို အကောင်အထည်ဖော်ပေးနိုင်တဲ့သူ ဖြစ်ဖို့လည်း မျှော်လင့်ပါတယ်။ အားလုံးရဲ့ လိုအင် ဆန္ဒ အတိုင်း ဖြစ်ပါစေလို့ ဆုတောင်းပါတယ်”လို့ဆိုပါတယ်။ “မုန်းစွဲ” ဇာတ်ကားကတော့ ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန်…
Read More