အပြင်မှာ စပ်စလူးစိန်ဆိုတော့ ရန်သူရုပ်ရှင်ကားမှာ သရုပ်ဆောင်တာ ငြိမ်အောင်မနည်းထိန်းရတယ်ဆိုတဲ့ နေခြည်ဦး

ရန်ကုန် ဒီဇင်ဘာ ၇ -၂၀၁၈ သင်းသဒ္ဒါ(VOM) Beauty Bloggerလောက ကနေ သရုပ်ဆောင်လောကထဲရောက်လာတဲ့  နေခြည်ဦးကတော့ ”အဓိက ကိုယ်က အပြင်မှာစပ်စလူးစိန်ဆိုတော့ ရန်သူရုပ်ရှင်ကားမှာ သရုပ်ဆောင်တာ ငြိမ်အောင်မနည်းထိန်းရတယ် ”လို့ ဆိုပါတယ်။ ” နေခြည့်ရဲ့ ပထမဆုံးကား ဘာမှမခွဲမစိတ်ပဲနဲ့ ဒါတော့နေခြည့်ရဲ့ တကယ့်ပင်ကိုအလှပေါ့နော်၊ပရိတ်သတ်အနေနဲ့ကြည့်ရင်တော့တကယ့်ကို နေခြည်ဦးလိုမမြင်ပါဘူး၊လေပြေလို့ပဲမြင်မှာပါ”လို့ဆိုပါတယ်။ အဆိုတော်  ရွှေထူးနဲ့ အတူ ဧည့်သည်ရုပ်ရှင်ကားမှာလည်း မျက်နှာမပြုပြင်ခင်ရသေးခင်မှာ ရိုက်ကူးထားပြီးတော့ အောက်ဖဲမလှန်ကြေး ဇာတ်ကားမှာတော့ မျက်နှာပြုပြင်ပြီးမှ ရိုက်ကူးထားတာဖြစ်ပါတယ်။ ”အပြင်မှာစကားကို အမြန်တွေပြောပေမဲ့ ဒီထဲမှာလေပြေက မန္တလေးသူကောင်မလေးတစ်ယောက် အဆောင်မှာနေတယ်၊ကိုယ့်ကိုယ်ကို မုဒ်ပြန်သွင်းရတာပေါ့နော်၊ ဒီကားလေးက နေခြည့်အတွက် အမှားတွေအများကြီးရှိတယ်၊အမှားတွေအားလုံးပြန်လည်သင်ကြားပြီးတော့ ကောင်းအောင်လုပ်မှာပါ၊ငိုတဲ့အခန်းတွေမှာတော့နေခြည်တော်တော်လေးအားမရဘူး၊အားလုံးပြင်ဆင်ပြီးနေခြည်ပိုကြိုးစားမှာပါ”လို့ဆိုပါတယ်။ #voiceofmyanmar#နေခြည်ဦး# ဓာတ်ပုံ – သင်းသဒ္ဒါ

Read More

ရန်သူ ရုပ်ရှင်ဇာတ်ကားမှာ Tom Boy ပုံစံ ပီပြင်အောင် သရုပ်ဆောင်ထားတယ်ဆိုတဲ့ ၀တ်မှုံရွှေရည်

ရန်ကုန် ဒီဇင်ဘာ ၆-၂၀၁၈ သင်းသဒ္ဒါ(VOM) အနုပညာနဲ့ပတ်သက်ရင် ဘယ်လိုကာရိုက်တာပဲဖြစ်ဖြစ် ဆေးစက်ကျရာ အရုပ်ထင်အောင် သရုပ်ဆောင်နိုင်တဲ့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်ကတော့ ”ရန်သူ ရုပ်ရှင်ဇာတ်ကားမှာ Tom Boy ပုံစံ ပီပြင်အောင် သရုပ်ဆောင်ထားတယ်”လို့ဆိုပါတယ်။ ”Tom Boy ဆိုတဲ့ ကာရိုက်တာကို ကစ် တစ်ခါမှလည်း မရိုက်ဖူးဘူး။ကစ်က ဒီဇာတ်ကားမှာ Tom Boy ကောင်လေးတစ်ယောက်ဖြစ်တဲ့ ဆန်းကြယ်ဆိုတဲ့ ကာရိုက်တာနဲ့ သရုပ် ဆောင်ထားပါတယ်။ ဒီကား မရိုက်ခင်ထဲက Tom Boy တွေရဲ့ နေထိုင်ပုံတွေကို ကစ်က လိုက်ပြီးတော့ လေ့လာဖြစ်ပါတယ်။သွားပုံလာပုံတွေ ဝတ်ပုံစားပုံတွေကအစပေါ့၊ တကယ့် Tom Boy အစစ်တွေနဲ့လည်း ကစ် စကား ပြောကြည့်တယ်၊ သူတို့နဲ့ နေတိုင်းတွေ့ ဖြစ်တယ်”လို့ဆိုပါတယ်။ ဒီဇင်ဘာ ၁၄ ရက်မှာ ရုံတင်ပြသမယ့် ဒါရိုက်တာ မီးပွားက လူငယ်အချစ်…

Read More

ဇန်နဝါရီမှာ မင်္ဂလာဆောင်တော့မယ့် ပိုင်ဖြိုးသု

  ရန်ကုန် ဒီဇင်ဘာ ၆-၂၀၁၈ သင်းသဒ္ဒါ(VOM) အနုပညာပျိုးခင်း ၂က စင်တင်မင်းသမီးလေး အကယ်ဒမီ ပိုင်ဖြိုးသုကတော့ “စိတ်ကူးထဲမင်္ဂလာ ဆောင်သလိုပဲ ဇန်န၀ါရီမှာ ရိုးရိုးရှင်းရှင်းလေးပါပဲ ကျင်းပဖြစ်မှာပါ”လို့ ဆိုပါတယ်။ “သုအနေနဲ့ မင်္ဂလာဆောင်အတွက် စိတ်လှုပ်ရှားဖို့ အချိန်ကို မရှိသေးပါဘူး။ အရှေ့မှာ လေ့ကျင့် အပိုင်းနဲ့ ပတ်သက်ပြီးတော့ စိတ်ကိုလည်း အရမ်းအလုပ်လုပ်ရတော့ လူကအိမ်ရောက်ရင်  ဦးနှောက် နဲ့ လူ၊ စိတ်ရယ်က မကပ်တော့ပဲ ကြောင်နေတာတွေ ဖြစ်နေတယ်၊ မနေ့က Bella ရိုက်ကွင်းမှာ သတိုးသမီးလို ၀တ်ဆင်တော့မှ မင်္ဂလာဆောင်ရတော့မှာဆိုပြီး နည်းနည်းကြောက် စိတ်ဖြစ်မိပါတယ်”လို့ ဆိုပါတယ်။ ပိုင်ဖြိုးသုအနေနဲ့ လေးစားရတဲ့ စိတ်ထားလေး၊ အထင်ကြီးလို့ရတဲ့ စိတ်ဓာတ်လေးနောက် သုအပေါ်မှာ ထားတဲ့ မေတ္တာတရားရယ်ကြောင့်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလထဲမှာ မင်္ဂလာဆောင်မှာဖြစ်ပြီးတော့ မင်္ဂလာ ၀တ်စုံတွေကိုလည်း ရိုးရိုးရှင်းရှင်းလေး…

Read More

“ မေက ရင်ဘတ်ချင်းဖွင့်ပေါင်းလို့ရတဲ့ သူငယ်ချင်းပါဆိုတဲ့ အလင်းရောင် ”

ရန်ကုန် ဒီဇင်ဘာ ၆-၂၀၁၈ သင်းသဒ္ဒါ(VOM) လူကြီး လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို ရလာတဲ့ မင်းသားအလင်းရောင် နဲ့ သရုပ်ဆောင်ပိုင်းရော အဆိုပိုင်းပါလုပ်ဆောင်နေ မေနဲ့ လူမှုကွန်ရက်မှာပြန့်ခဲ့တဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီးတော့ ” ပရိသတ်တွေက ပြောကြပေမယ့် ကျွန်တော်တို့က ရင်ဘတ်ချင်းဖွင့်ပေါင်းလို့ရတဲ့ သူငယ်ချင်းပါ၊ ဒါကြောင့် နှစ်ယောက်က အမြဲတမ်းပဲ သူငယ်ချင်းပါပဲ  ”လို့ ဆိုပါတယ်။ အလင်းရောင်က မေနဲ့ပတ်သက်ပြီးသုံးသပ်ချက် ကတော့” မေက သရုပ်ဆောင်ပိုင်းကို သိပ်မလုပ်ချင်ဘူး၊ အဆိုပိုင်းကို ပိုလုပ်ချင်တယ်လေ၊ သူက အောင်မြင် တဲ့အဆိုတော်ဖြစ်ချင်တယ်၊ကျွန်တော် ကတော့ အဆိုပိုင်းတင်မဟုတ်ပဲ သရုပ်ဆောင်ပိုင်းပါလုပ်ဖို့ အကြံပေးဖြစ်ပါတယ်၊ကျွန်တော်စိတ်ရှုပ်နေတာ ဝေခွဲမရတဲ့အခါမျိုးမှာ သူကလည်း အကြံပေးပါတယ်။ နိုဝင်ဘာလ ကားရိုက်နားထားချိန်မှာတော့ ကိုရင်မဝတ်ဖူးတာကြောင့်မို့ ၅ရက် ပါချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသကျောင်းမှာ ဝတ်ခဲ့တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ပုံရိပ်ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးနေပြီးတော့ TV ကြော်ငြာတွေ ရိုက်ကူးနေတာလည်း…

Read More

မြောက်ဦးမှာ တစ်ကိုယ်တော် ပန်းချီပြပွဲ ကျင်းပမည်

မြောက်ဦး၊ဒီဇင်ဘာ ၆-၂၀၁၈ ခိုင်လင်းစံ(VOM) မြောက်ဦးရဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ်အသိအမှတ်ပြုခံရရေးအတွက် ဆောင်ရွက်နေကြတဲ့အပေါ် ကြိုဆိုထောက်ခံတဲ့ အသည်းနှလုံးထဲကမြောက်ဦး တစ်ကိုယ်တော်ပန်းချီပြပွဲတစ်ခုကို ပန်းချီဆရာမောင်မောင်စောက ဒီဇင်ဘာလ နောက်ဆုံးအပတ်မှာ ကျင်းပသွားဖို့ရှိနေပါတယ်။ မြောက်ဦးရဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေထဲက သာသနိကအဆောက်အအုံတွေနဲ့သက်ဆိုင်တဲ့ ပန်းချီကားပေါင်း ၃၀ နီးပါးပါဝင်မှာဖြစ်ပြီး အဲဒီပြပွဲဟာ မြောက်ဦးနဲ့ပတ်သက်ပြီးတော့ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ပန်းချီပြပွဲလည်း ဖြစ်ပါတယ်။ အဲဒီပန်းချီပြပွဲကို မြောက်ဦး၊ ကျောက်တော်၊ စစ်တွေမြို့တွေမှာ ပြုလုပ်သွားမှာဖြစ်ပြီး တစ်ပွဲကိုတစ်ပတ်ခန့်အကြာပြသပေးသွားမှာဖြစ်ပါတယ်။ #voiceofmyanmar#မြောက်ဦး#တစ်ကိုယ်တော်ပန်းချီပြပွဲ#

Read More

”သီချင်းခွေထွက်ဖို့ အသံသွင်းနေပြီဖြစ်နေတယ် မေမြတ်နိုး”

ရန်ကုန် ဒီဇင်ဘာ ၄-၂၀၁၈ သင်းသဒ္ဒါ(VOM) အလှမယ်လောကတဆင့် သရုပ်ဆောင်ပါလုပ်နေတဲ့  မေမြတ်နိုးကတော့ ”သီချင်းခွေထွက်ဖို့ အသံသွင်းနေပြီဖြစ်နေတယ်”လို့ ဆိုပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုကတော့ ”Music အမျိုးအစားကတော့ အစုံထည့်ထားပါတယ်။ လူကြီးအကြိုက်ရော၊လူငယ်အကြိုက်ရော ဗိုလ်ဆန်ဆန်ရောထည့်ထားပါတယ်။ မကြာခင်မှာတော့ ပရိသတ်ဆီကို ဆက်တိုက်ဆိုလို့ မြတ်နိုးကိုတွေ့ရမှာပါ”လို့ ဆိုပါတယ်။ လက်ရှိမှာ မြတ်နိုး အဆိုပိုင်းနဲ့ပတ်သက်ပြီးတော့ သီချင်း ၉ပုဒ်လောက်ပြီးသွားတော့ အင်္ဂလိပ် သီချင်း ၃ပုဒ်ထည့်ဖို့ စီစဉ်ထားပါတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့လပိုင်းလောက် ဘန်ကောက်မှာ Invincible ဇာတ်ကားရဲ့ Casting အတွက် Audition ဝင်ရာမှ ရွေးချယ်ခံရပြီး ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ရခဲ့တာလည်းဖြစ်ပါတယ်။Invincible ရုပ်ရှင်ကားကြီးကတော့ action ကားအမျိုးအစားဖြစ်သလို 2019 ခုနှစ်မှာ ရုံတင်ပြသမယ့် ရုပ်ရှင်ကားကြီးတစ်ကားလည်းဖြစ်တယ်လို့ သိရပါတယ်။ ” မေမြတ်နိုးအက်ရှင်-ဒရာမာဆန်ဆန်လေး ဇာတ်ကားမှာ မြတ်နိုးသရုပ်ဆောင်ထားပါတယ်။ ဘန်ကောက်မှာ ရိုက်ကူးတယ်ဆိုပေမဲ့ ဇာတ်ကားတစ်ကားလုံးမှာတော့ အင်္ဂလိပ်စကားပြောနဲ့ပဲ သရုပ်ဆောင်ထားပါတယ်။…

Read More

ချစ်သူကို မိန်းကလေးပရိသတ်အားပေးတာကို သဝန်မတိုဘူးဆိုတဲ့ Bobby Soxer

ရန်ကုန် ဒီဇင်ဘာ ၃-၂၀၁၈ သင်းသဒ္ဒါ   Rap တေးသီချင်းတွေ သီဆိုခဲ့တဲ့ Bobby Soxerကတော့ ချစ်သူဖြစ်တဲ့ လွှမ်းပိုင်ကို မိန်းကလေး ပရိသတ်တွေ အားပေးတာနဲ့ ပတ်သက်ပြီးတော့ သဝန်မတိုဘူးလို့ ဆိုပါတယ်။   “ကိုယ့်ချစ်သူအတွက် ဂီတပိုင်းမှာ လုပ်ပေးဖြစ်တာတော့ သိပ်မရှိပါဘူး။ ကိုလွှမ်းပိုင်က ဂီတ ဖက်မှာ ရော သရုပ်ဆောင်ဖက်မှာရော ညီမထက်ပိုတော်တဲ့အတွက် သူဟာ သူအားလုံး လုပ်နိုင်ပါတယ်။ အခု သရုပ် ဆောင်ဖက်ကိုပါ လုပ်နေပြီး မိန်ကလေးပရိသတ်တွေ အားပေးနေကြတဲ့အပေါ်မှာ သ၀န်တိုမူတွေ ဘာတွေတော့ မရှိပါဘူး။ ဟိုးအရင် သူ ဂီတပိုင်းတွေ စလုပ်ကတည်းက မိန်းကလေး ပရိသတ်တွေက အားပေး ကြတာတွေ အများရှိတယ်လေ” လို့ဆိုပါတယ်။   သူ့အနေနဲ့ လတ်တလောမှာ FG Entertainmentနဲ့ တွဲဖက်ပြီးတော့ တေးသီချင်းတွေ အွန်လိုင်းကတင်သွား ဖို့ရှိတယ်၊…

Read More

LGBT အရေးနဲ့ပတ်သက်ပြီး ကြိုဆိုတယ်ဆိုတဲ့ Bella

ရန်ကုန်၊ ဒီဇင်ဘာ ၃-၂၀၁၈ သင်းသဒ္ဒါ   အလှမယ်ပြိုင်ပွဲက တဆင့် သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာတဲ့ မြတ်သီရိလွင်(ခ) Bella ကတော့ ” LGBT နဲ့ပတ်သက်ပြီး ကြိုဆိုတယ်”ဆိုပါတယ်။   “Bella ကတော့ ယောက်ျားလေးပဲ ကြိုက်တာပါ။ တကယ်ပြောတာပါ မိန်းမလေးအချင်းချင်း တွဲဖြစ်ပေ မယ့်လေ။ သီချင်းကတော့ ကာရိုက်တာ အရမို့လုပ်ဆောင်ရတာပါ။ ဘယ်လို ပုံစံကာရိုက်တာပဲလာလာ လုပ်ဖြစ်တာပါ။ သရုပ်ဆောင်ရမှာ Bella တို့ရဲ့ တာဝန်ပါ။ LGBT ပတ်သက်ရင်တော့ Bella ကတော့ ကြိုဆိုပါ တယ်။ တကယ်တော့ LGBT တွေ မြန်မာတစ်နိုင်ငံထဲ မဟုတ်ပါဘူး။ တကမ္ဘာလုံးနဲ့ ဆိုင်တာမို့ သူတို့တွေကို လေးလည်း လေးစားတယ်။ အားကျတယ် ဒီလောက်ပါပဲ”လို့ ဆိုပါတယ်။   သူမကတော့ အဆိုတော်နီနီခင်ဇော်ရဲ့ မိန်းကလေးချင်း ချစ်ကြိုက်တဲ့ သီချင်းကို…

Read More

တေးသံရှင်​ဆင့်မေဖူး က မြူရှင် အမည်နဲ့ ဒုတိယမြောက် တေးစီးရီးမိတ်ဆက်

မန္တလေး ဒီဇင်ဘာ ၃-၂၀၁၈ ဟိန်းကို(VOM) လူငယ်​ကြိုက်​သီချင်း​တွေ ပါဝင်​သီဆိုထားတဲ့ ​တေးသံရှင်​ မြူရှင်​(ခ) ဆင့်​​မေဖူး ရဲ့ `နင့်​ နဲ့ မှ ´​တေးစီးရီးမိတ်​ဆက်​ပွဲ ကို ဒီဇင်​ဘာ(၂)ရက်​​နေ့ ညပိုင်းက မန္တ​လေးမြို့ မင်္ဂလာမန္တ​လေးက ပရိုမိုးရှင်းဧရိယာမှာ ကျင်းပပြုလုပ်​ခဲ့ပါတယ်​။ ” ၂၀၁၄ ခုနှစ်​​က ဆင့်​​မေဖူး နာမည်​နဲ့ `မ​ငေးနဲ့´​တေးစီးရီးကို ပထမဦးဆုံးထုတ်​ခဲ့ပါတယ်​ ခုဟာက ဒုတိယ​မြောက်​ ​တေးစီးရီး ဖြစ်​ပါတယ်​၊ နာမည်​​ပြောင်းဖြစ်​ခဲ့တာက ပထမနာမည်​ ဆင့်​​မေဖူး က ထင်​သ​လောက်​ခရီးမ​ရောက်​ခဲ့ဘူး မြူရှင် ဆိုတဲ့နာမည်​​လေးက လူသိလည်း လွယ်​တဲ့အတွက်​​ပြောင်းဖြစ်​ခဲ့တာပါ ” လို့  ​တေးသံရှင်​ မြူ ရှင်​(ခ) ဆင့်​​မေဖူး က ​ပြောပါတယ်​။ တေးစီးရီးမိတ်​ဆက်​ပွဲမှာ ​​တေးသံရှင်​ မြူရှင်​(ခ) ဆင့်​​မေဖူး နဲ့ အဆို​တော်​ သာဒီးလူး အပါအ၀င်​ အခြား​သော အနုပညာရှင်​များက အမှတ်​တရ…

Read More

Rock အပြင်းစားတွေ ပါမယ့် တကိုယ်တော် Solo Album စီစဉ်နေတဲ့ ဖြိုးမြတ်အောင်

ရန်ကုန် ဒီဇင်ဘာ ၂-၂၀၁၈ သင်းသဒ္ဒါ   အသံအားပြင်းပြင်းနဲ့ ပရိသတ်ကို ဆွဲဆောင်ခဲ့တာမို့ Myanmar idol Season 3 မှာ Winner ဆုကို ဆွတ်ခူးထားတဲ့ ဖြိုးမြတ်အောင်က သူ့ရဲ့ ကိုယ်ပိုင်သံစဉ် တစ်ကိုယ်တော် Solo Album ထဲမှာ Rock အပြင်းစားတွေပါမယ် လို့ ဆိုပါတယ်။   ဖြိုးမြတ်အောင်ရဲ့ အနုပညာလှုပ်ရှားနဲ့ ပတ်သက်လို့ မေးကြည့်တော့ “ကျွန်တော်အခုတော့ show ပွဲလက်ခံထားတာလေးတွေကို ဒီဇင်ဘာလကုန်ထိဆိုပေးမယ်ပေါ့နော်။ ဒီဇင်ဘာလကုန်တာနဲ့ ပွဲဆိုတာနားပြီးတော့နှစ်သစ်ပေါ့။ ဇန်နဝါရီလကစပြီးတော့ Solo Album အတွက်ပြင်ဆင်ပါတော့မယ်။သီချင်းတွေစုမယ်၊ ကြိုက်မယ်ထင်တဲ့သီချင်းလေးတွေရှာမယ်။ Show ပွဲမဆိုရတဲ့အချိန်ဆိုတော့ ကျွန်တော်လည်း အားနေတော့ ကိုယ်တိုင်လည်း သီချင်းရေးဖြစ်မယ်ထင်ပါတယ်” လို့ဆိုပါတယ်။   သူရဲ့ အခွေမှာတော့ ပရိသတ်နဲ့ အကြိုက်ထပ်တူ ကျခဲ့တဲ့ Rock ဂီတအပြင်းစားတွေ ကို ထည့်သွားမှာဖြစ်သလို…

Read More
✕
VOM News

FREE
VIEW