စစ်ကိုင်း ဒီဇင်ဘာ- ၁- ၂၀၁၈ မောင်တာရာ(VOM) စစ်ကိုင်းမြို့နယ်၊ကျောင်းဖြူရွာနဲ့ တလိုင်းရွာကြားက တိမ်ကောနေတဲ့ ရှေးဟောင်းသမိုင်းဝင် ကျောင်းဖြူကန်ကြီးကို ပြန်လည်တူးဖော်သွားမယ်လို့ သိရပါတယ်။ အဲဒီကန်ကို ရှေးမြန်မာမင်းတွေ လက်ထက်ကတည်းက တဖက်ရပ် ဆည်ပုံစံအဖြစ် တည်ဆောက်ထားရှိခဲ့တာဖြစ်ပြီး လက်ရှိမှာ ကန်အတွင်း ဗေဒါ၊ကြာပန်း၊ပိန်းပင်တွေ ပေါက်ရောက်ပြီး တိမ်ကော နေပါတယ်။ အဲလို တိမ်ကောနေတဲ့အတွက် ကန်အတွင်းက ကြာပန်း၊ပိန်းပင်တွေ၊သဲနုန်းတွေကိုဖယ်ရှားပြီး ရေလှောင်ပမာဏ ပိုမိုရရှိရေးအတွက် တူးဖော်ဆောင်ရွက်ပေးရန် ဒုတိယအကြိမ် ပြည်သူလွှတ်တော်ပဉ္စမပုံမှန်အစည်အဝေးမှာ စစ်ကိုင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းခဲ့ရာ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်ပြန်လည်တူးဖော်ဆည် ယူသွားမယ်လို့ စိုက်ပျိုးရေးမွေးမြူရေး နဲ့ ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ဖြေကြားခဲ့ပါတယ်။ “လွှတ်တော်မှာမေးတော့ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေခွဲဝေမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမှာပါဆိုတဲ့အဖြေရခဲ့ပါတယ်။ တိုင်းဒေသကြီးအစိုးရက ဒီဘက်ဂျက်မှာ ကျောင်းဖြူကန် အရှေအနောက်ပေ ၇၂၀၀၊တောင်မြောက် ပေ ၄၀၀ကျော်ကို ပြန်လည်ဆယ်ယူဖို…
Read MoreCategory: Lifestyle
“ခန္ဓာကိုယ်တစ်ခုလုံးမှာ ခွဲစိတ်ထားတာ တစ်ခုမှမရှိဘူးဆိုတဲ့ Super Model J Naw”
ရန်ကုန် ဒီဇင်ဘာ ၁-၂၀၁၈ သင်းသဒ္ဒါ(VOM) Fashion Show ပွဲကြီးတွေမှာ စမတ်ကျကျ Catwalk လျှောက်တတ်သော Super Model J Naw ကတော့ ” နော ခန္ဓာကိုယ်တစ်ခုလုံးမှာ ခွဲစိတ်ထားတဲ့ တစ်ခုမှမရှိဘူး”လို့ ဆိုပါတယ်။ ခန္ဓာကိုယ့်နဲ့ ပတ်သက်ပြီးတော့ “ကိုယ်တိုင်လည်း မလှမှန်းသိပေမယ့် ကိုယ့်ကိုကိုယ့် မွေးဖွားလာတဲ့ ဖြစ်တည်မှုကို အမြဲတမ်းသဘောကျတယ်။ နော် ခန္ဓာကိုယ်တစ်ခုလုံးမှာ ခွဲစိတ်ထားတဲ့ တစ်ခုမှမရှိဘူး။ ပြုပြင် တယ် ထိန်းသိမ်းတယ်။ လှအောင်လုပ်တာ အပြစ်မရှိဘူးလို့ ထင်တာပဲ။ ကိုယ့်က အသက်အရွယ်အပိုင်းအခြား တစ်ခုရောက်လာချိန်မှာ ပိုတည်ငြိမ်လာတယ် ၊ ပိုရင်ကြပ်လာတယ်။ ပိုပြီတော့ နေတတ်ထိုင်တတ်လာတယ်။ ၀တ်စားပြင်ဆင်တတ်လာတယ်။ အဲအချိန်မှာ ဖက်ရှင်ပိုင်းရော ၊ အမူအယာရော အနေအထိုင် ပြောင်းလဲသွား ချိန်မှာ လူတွေကပြောင်းလဲသွားတယ်လို့ ထင်ကြတယ်။အမှန်တကယ် ဘာကိုမှ ခွဲစိတ်ထားတာ မလုပ်ပါဘူး”လို့…
Read Moreကလေးတွေထိန်းသိမ်းစောင့်ရှောက်ခွင့်နဲ့ပတ်သက်ပြီး သဘောတူညီမှုရရှိသွားတဲ့ ဘရတ်ပစ်နဲ့ ဂျိုလီ
လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ-၁-၂၀၁၈ မျိုးဆက် (VOM) ဟောလီးဝုဒ်စတားတွေဖြစ်တဲ့ အင်ဂျလီနာဂျိုလီနဲ့ ဘရတ်ပစ်တို့နှစ်ဦးဟာ လမ်းခွဲပြီးနောက် ကလေးတွေကိုထိန်းသိမ်းစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး တရားရုံးမှာ ဦးတိုက်လျှောက်ထားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ယခုအခါမှာတော့ ၎င်းတို့ရဲ့ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ခွင့်နဲ့ ပတ်သက်ပြီး နှစ်ဦးအကြားမှာ သဘောတူညီမှုတစ်ရပ် ရရှိသွားပြီဖြစ်တယ်လို့ အဆိုပါကိစ္စကို ဖြေရှင်းပေးနေတဲ့ ရှေ့နေတစ်ဦးကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘရတ်ပစ်နဲ့ ဂျိုလီတို့ဟာ အိမ်ထောင်သက် နှစ်နှစ်ကြာပေါင်းသင်းခဲ့ပြီးနောက် ၂၀၁၆ခုနှစ်မှာတော့ လမ်းခွဲခဲ့ကြပါတယ်။ ညှိနှိုင်းလို့မရတဲ့ သဘောထားကွဲလွဲချက်အတော်များများကြောင့် ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်ရတာလို့ ဂျိုလီက ပြောဆိုထားပါတယ်။ သူတို့နှစ်ဦးမှာ ကလေးခြောက်ယောက်ရှိပြီး သုံးယောက်ကတော့ မွေးစားထားတာဖြစ်ပြီး ကလေးတွေဟာ အသက်၁၀နှစ်အရွယ် မှ ၁၇နှစ်အရွယ်ထိရှိနေကြပြီဖြစ်ပါတယ်။ ကလေးများအား ထိန်းသိမ်းစောင့်ရှောက်ခွင့်နဲ့ပတ်သက်ပြီး ဘယ်လိုခွဲဝေ ထိန်းသိမ်းမယ်ဆိုတယ်ကိုတော့ ဂျိုလီရဲ့ရှေ့နေက အသေးစိတ်ပြောဆိုခြင်းမရှိပါဘူး။ သူတို့ကိုချစ်တဲ့ ပရိတ်သတ်တွေက ဘရန်ဂျလီနာလို့ ချစ်စနိုးအမည်ပေးထားသော ၎င်းတို့စုံတွဲဟာ ၂၀၀၄ခုနှစ်က Mr & Mrs Smith ရုပ်ရှင်ဇာတ်ကား…
Read More”ပိတ်စ မလောက်လို့ အောက်ပိုင်းကပေါ်နေတဲ့ ဖက်ရှင်ဖြစ်သွားတာပါဆိုတဲ့ သင်ဇာဝင့်ကျော်”
ရန်ကုန် ဒီဇင်ဘာ ၁ -၂၀၁၈ သင်းသဒ္ဒါ (VOM) အနုပညာလောကမှာ ဖက်ရှင်ဒီဇိုင်း Sexy အလန်းဆုံး ဝတ်ဆင်မှုတွေကြောင့် ပရိသတ်တွေ ကြား မှာ ရေပန်းစားနေတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ မနေ့က 119 ဆိုင်သစ်ဖွင့်ပွဲကိုဝတ်စုံနဲ့ ပတ် သက်ပြီးတော့ “ပိတ်စ မလောက်လို့ အောက်ပိုင်းကပေါ်နေတဲ့ ဖက်ရှင်ဖြစ်သွားတာပါ (ရယ်လျက်) ။ သင်ဇာ ဘယ်လိုရူးရူးလိုက်ပြီး ရူးပေးကြလို့ ပရိသတ်ကို ကျေးဇူး အများကြီးတင်ပါတယ်”လို့ ဆိုပါတယ်။ ပွဲတက်ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ “သင်ဇာ အဓိကတော့ သတ်မှတ်ထားတဲ့ Brand ကိုကြည့် ဖြစ်တယ်။နောက် Colour ကိုကြည့်ဖြစ်ပါတယ်။ပြီးမှ ကိုယ့်ဝတ်ချင်တဲ့အရာလေးနဲ့ ပေါင်းစပ်ဝတ် ဖြစ်တာပါ။ ခန္ဓာကိုယ့်လှအောင်လို့လည်း Gym မဆော့ဖြစ်တာလည်း ကြာပါပြီ။ ကားရိုက်တွေဆက်နေလို့ပါ” လို့ ဆိုပါ တယ်။ လက်ရှိမှာတော့ ခန္ဓာကိုယ်ဝိတ်ပေါင် ၁၂၀ အထိတက်နေတယ်လို့…
Read Moreတကိုယ်တော် တတိယအခွေထုတ်ဖို့ စဉ်းစားနေတဲ့ G-Fatt
ရန်ကုန် နိုဝင်ဘာ ၂၉-၂၀၁၈ သင်းသဒ္ဒါ ကိုယ်တိုင်ခံစားချက်တွေကို ရင်ဖွင့်ပြီးရေးတတ် တဲ့ လူငယ်တေးရေးတေးဆို G-Fatt က တယ်တော် တတိယအခွေထုတ်ဖို့ စဉ်းစားနေတယ်လို့ဆိုပါတယ်။ ”ကျွန်တော်ရဲ့ တတိယမြောက်အခွေထဲမှာ သီချင်း ၁၂ပုဒ်လောက်ထည့်မယ်ပေါ့ ။ ကျွန်တော် ရဲ့ Live Show အခွေကိုတော့ ပရိသတ်လက် ထဲရောက်ရှိအောင် အမြန်ဆုံးလုပ်ဖြစ်မယ်။ အဲအခွေမှာတော့ တစ်ကိုယ်တော်ရှိုးပွဲကို လာရောက်မကြည့်နိုင်တဲ့ပရိသတ်တွေကို ကြည့်နိုင်ဖို့ အခွေထုတ်ဖြစ်တာပါ”လို့ဆိုပါတယ်။ အနုပညာသက်တမ်း ၉ နှစ်ကျော်အတွင်းမှာ ပထမဆုံး တစ်ကိုယ်တော်“G Fatt One Man Show” ကိုလည်း နိုဝင်ဘာလ ၁၁ ရက်မှာ ကျင်းပခဲ့ပါတယ်။ ချစ်သူဖြစ်တဲ့ နန်းစုရတီစိုးလည်း Ro တဲ့ပုံလေးတွေနဲ့ စာလေးတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် တင်ထားလေ့လည်းရှိပါတယ်။ လက်ရှိမှာ G-Fattက ဂီတပိုင်းကို…
Read More”သီချင်းတစ်ပုဒ်ကို ပန်းချီကားတစ်ချပ်ဆွဲသလို ခံစားပြီးတော့ ဆိုဖြစ်ပါတယ်ဆိုတဲ့ ထူးအယ်လင်း”
ရန်ကုန် နိုဝင်ဘာ ၂၉-၂၀၁၈ သင်းသဒ္ဒါ(VOM) အသံအားပြင်းပြင်းနဲ့ သီဆိုခဲ့တာမို့ ပရိသတ်နဲ့ ရင်ဘက်ချင်းထိအောင် သီဆိုတတ်တဲ့ တေးသံရှင် ထူးအယ်လင်းကတော့ ”သီချင်းတစ်ပုဒ်ကို ပန်းချီကားတစ်ချပ်ဆွဲသလို ခံစားပြီးတော့ ဆိုဖြစ်ပါတယ်။ကိုယ်ပိုင်စိတ်ထဲမှာ ရှိသီချင်းဆိုဖြစ်တယ်။ ပရိသတ်လည်း စိတ်ထဲရှိမှ နားထောင်လို့ရတာပါ ”လို့ဆို ပါတယ်။ သီချင်းတွေအောင်မြင်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ “လူတစ်ယောက်ဟာ ရိုးသားမှုပဲ။ ကိုယ့်သီချင်းကို စေတနာ ထားတယ်။ ကိုယ်တိုင် ရင်ဘတ်ထဲမှာနှစ်သက်မှ ပရိသတ်ကို ချပြတယ်။ပရိသတ်ကလည်း ရင်ဘတ်ထဲကို ထိတာ။ ကိုယ်တိုင်ရင်ဘတ်ထဲကဆိုမှ ပရိသတ်ကကြိုက်နှစ်သက်တယ်။အရင်နားနဲ့ နားထောင်ပြီးတော့ ဦး နှောက်ဆီ ရောက်ပြီ။ နှလုံးသားဆီ ရောက်တာပါ”လို့ဆိုပါတယ်။ ဂီတသက်တမ်းကလည်း ၁၇ နှစ်ရှိပြီဆိုပေမယ့် ၂၀၀၁ ခုနှစ် အိမ်ဂျယ်ထယော ၊ ၂၀၀၇ ခုနှစ်မှာဟလူသားဘဝ နဲ့ ၂၀၁၂ ခုနှစ်မှာ ရှင်သန်နေခြင်း ခွေတွေကို ထွက်ခဲ့ပါတယ်။ ထူးအယ်လင်းကတော့ လာမယ့်လမှာ ၄ခွေမြောက်ဖြစ်တဲ့…
Read More”နောက်ထပ်ချစ်သူမထားရဲတော့ဘူးဆိုတဲ့ ပိုင်တံခွန်”
ရန်ကုန် နိုဝင်ဘာ ၂၈- ၂၀၁၈ သင်းသဒ္ဒါ (VOM) မော်ဒယ်လ်ပိုင်းမှာ အားပေးမှုရရှိလာရာကနေ သရုပ်ဆောင်ပိုင်းကိုပါ လုပ်ဆောင်လာခဲ့ ပိုင်တံခွန်ကတော့ ”အချစ်ရေးကို မဖြေချင်ဘူးဖြစ်နေတယ်။ ပြီးတော့ ကျွန်တော်နောက်ထပ် ချစ်သူမထားရဲတော့ပါဘူး။ ချစ်သူကောင်မလေးထားဖို့ကို ကျွန်တော် တော်တော်စဉ်းစားရမယ် ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကဆိုးတဲ့သူတယောက်လည်း ဖြစ်တယ်”လို့ဆိုပါတယ်။ သူရဲ့ အချစ်ရေး ပတ်သက်ပြီးတော့ “ကျွန်တော်တို့ ယောက်ျားလေးတွေအများစုက တဖြည်းဖြည်းနဲ့ သင်ယူရတာပေါ့နော်။ အသည်းကွဲတာများရင်တော့ အချိန်တန်ရင် တဖြည်းဖြည်း ရင့်ကျက်သွားမှာပါ။အခုတလော ကျွန်တော်ရဲ့ ခံစားချက်တွေက ပုံမှန်မဟုတ်ပါဘူး။ မိဘတွေ သဘောမတူတဲ့အတွက် လမ်းခွဲရတာ အဲဒီခံစားချက်က တော်တော်ကို ဆိုးတယ်။နောက်တစ်ခါ ချစ်သူထားဖို့က တော်တော်စဉ်းစားရမယ်။ဘာဖြစ်လိုလဲဆိုတော့ ကျွန်တော်က နည်းနည်းဆိုးတယ်။ အခုစိတ်က ဘယ်လိုကြီးဖြစ်နေလဲမသိဘူး”လို့ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ အသည်းကွဲတဲ့ရောဂါကို ခံစားနေရပြီး လူကြားထဲသွားရင်တောင် တစ်ယောက်တည်းဖြစ်နေတဲ့ခံစားချက်နဲ့အတွက် အထီးကျန်ခြင်းတွေကို ခံစားနေရတယ်လို့သိရပါတယ်။အနုပ ညာနဲ့ပတ်သက်တော့ ကြော်ငြာတွေရိုက်ကူးနေသလို စာမေးပွဲတစ်ဖက်နဲ့မို့ ပွဲတက်တွေပဲ လုပ်ဖြစ်နေတယ်လို့သိရပါတယ်။…
Read More” ဖေ့စ်ဘွတ်ဆိုတာ တော်တော်လေး စိတ်ပျက်ဖို့ကောင်းလာတယ်ဆိုတဲ့ နန္ဒာလွင်”
ရန်ကုန် နိုဝင်ဘာ ၂၇-၂၀၁၈ သင်းသဒ္ဒါ (VOM) အလှမယ်လောကမှတဆင့် သရုပ်ဆောင် လောကထဲရောက်ရှိလာတဲ့ နန္ဒာလွင်ကတော့ ”Facebook က ပေါ်ခါစကတော့ အရမ်းအဆင်ပြေတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက လူတွေက ဖေ့စ်ဘွတ်ပေါ်မှာ လမ်းလွဲစွာ အသုံးပြုလာကြတဲ့ အတွက်ကြောင့် Facebook ဆိုတာ တော်တော်လေး စိတ်ပျက် ဖို့ကောင်းလာတယ်”လို့ဆိုပါတယ်။ ” နောက်ပိုင်းတော့ လူတယောက်ရဲ့ဘဝတွေကို ပျက်အောင် ဖျက်တယ် Comment တွေ နဲ့ သတ်တယ်။ အပြစ်တင် မှု ရှုံ့ချမှုတွေနဲ့ ပဲပြည့်နှက်နေတယ်။ ကောင်းတဲ့ အသုံးပြုမှုထက် မကောင်းတဲ့ ဘက်မှာ ပိုသုံးနေကြတယ်”လို့ဆိုပါတယ်။ နန္ဒာလွင် ရဲ့ Facebook Hack ခြင်းကိုလည်းခံခဲ့သည်နဲ့ ပတ်သက်ပြီး ”အခက်အခဲကတော့ ဂျာနယ်တွေ မဂ္ဂဇင်းတွေနဲ့ အဆက်သွယ်ပျက်သွားတာပါပဲ။ ပွဲတက်တွေ အတွက်လဲ အဆက်သွယ်မရတော့ဘူးပေါ့နော်။ နဂိုတည်းကမှ ညီမက သိပ်ပြီး အဆက်သွယ်မရှိပါဘူးဆိုမှာ…
Read Moreသရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးမှုနဲ့ထောင်ငါးနှစ်ချလိုက်ပြီ ရန်ကုန် နိုဝင်ဘာ-၂၇-၂၀၁၈ လင်းလက်အောင်(VOM) ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်တရားရုံး မြို့နယ်တရားသူကြီး တရားခွင်ကနေ မူးယစ်ဆေးဝါးမှုနဲ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာထောင်ငါးနှစ်ချမှတ်လိုက်ပါတယ်။ မိုးအောင်ရင်ကိုစစ်ဆေးရာမှာ စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်တယ်ဆိုတာ ထင်ရှားလို့ မြို့နယ်တရားသူကြီးက မိုးအောင်ရင်ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၅ အရ ထောင်ဒဏ်(၃)နှစ်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၆(ဂ) အရ ထောင်ဒဏ်(၅)နှစ် အဲဒီပြစ်ဒဏ်နှစ်ရပ်ကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချ မှတ်ခဲ့ပါတယ်။ မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ် အမှတ်(၂)ရပ်ကွက် နေကြာ/သာယာကုန်းလမ်းမှာရှိတဲ့ ခြောက်လွှာတိုက်ခန်းတစ်ခုပေါ်မှာ သူလွယ်ထားတဲ့အိတ်ထဲကနေ မူးယစ်ဆေးဝါးတွေနဲ့အတူ ပုဇွန်တောင်မြို့မရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေရယ် တာမွေမြို့မရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေရယ်က ပူးပေါင်းပြီး ဖမ်းဆီးရမိခဲ့တာပါ။ အဲဒီမတိုင်ခင် ၂၀၁၆ ခုနှစ် သြဂုတ် ၂၉ ရက် မနက် ၃ နာရီလောက်မှာ တာမွေမြို့မရဲစခန်းကတပ်ဖွဲ့ဝင်တွေက တာမွေမြို့နယ် တာမွေလေးရပ်ကွက် မင်းရဲကျော်စွာအိမ်ရာမှာ အိမ်ငှားနေတဲ့ မိုးအောင်ရင် အိမ်ကိုဝင်ရောက်ရှာဖွေခဲ့ကြတယ်လို့သိရပါတယ်။ ဒီလိုဝင်ရှာတော့ မိုးအောင်ရင်ကိုမတွေ့ရပေမဲ့…
Read Moreခန္ဓာကိုယ် အရမ်းပြောင်းလဲချင်နေတဲ့ ရွှေသမီး
ရန်ကုန် နိုဝင်ဘာ ၂၆ – ၂၀၁၈ သင်းသဒ္ဒါ အနုပညာပျိုးခင်း ၂ ရဲ့ စင်တင်မင်းသမီးလေး ရွှေသမီးကတော့ “ကိုယ်ရဲ့ ခန္ဓာကိုယ်ကို အရမ်း ပြောင်းလဲ ချင်ပါတယ်။ ကိုယ့်က ကျစ်ကျစ်လစ်လစ်လေးနဲ့ ခန္ဓာကိုယ်ပြောင်းလဲဖို့ကိုလည်း စဉ်းစားမိပါ တယ်။ ဒါပေမဲ့ ပြောင်းလဲလို့က မရပါဘူး “လို့ ဆိုပါတယ်။ ခန္ဓာကိုယ်ပြောင်းချင်တာနဲ့ ပတ်သက်ပြီးတော့ ” ဘာလိုပြောရမလဲ ခန္ဓာကိုယ့်က ငယ်ငယ်က လေး ကတည်း ကမဖွံဖြိုးဘူး။ အဲတော့ ကြီးလာတော့လည်း အခုအခြေအနေမှာ ကိုယ်ခန္ဓာဖွံဖြိုးလာဖို့က လမ်းစ မမြင်ပါဘူး။ အသက်က ၂၅နှစ်ပြည့်လာတော့မယ် ။ ခန္ဓာကိုယ်ဖွံဖြိုးဖို့ လမ်းစကတော့ မရှိပါဘူး။ ဒါကြောင့်လည် လက်ရှိမှာ ကြိုးစားတော့ ကြိုးစားနေပါတယ်။ ခန္ဓာကိုယ် ကျစ်ကျစ်လစ်လစ်လေးနဲ့ မိန်းကလေးဆိုတာ သူနေရာနှင့်သူ တင်ဆိုလည်းတင် ရင်ဆိုလည်းရင် ရှိစေချင်ပါတယ်။ လေ့ကျင့်ခန်းကို အ…
Read More