ဖေဖော်ဝါရီ ၁၀ – ၂၀၂၆ SN (VOM) ရန်ကုန် – ဒလတံတား ဖွင့်လှစ်ပြီးနောက် ဒလမြို့မှာ အိမ်ခြံမြေစျေးတွေ အဆမတန် မြင့်တက်လာပေမယ့် အရောင်းအဝယ် အေးနေဆဲ ဖြစ်တယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။ လက်ရှိမှာ ဒလ အိမ်ခြံမြေဈေးတွေဟာ တံတားမပြီးခင်ကထက် ၃၅ ရာခိုင်နှုန်းဝန်းကျင် ထပ်မံ မြင့်တက်လာတာ ဖြစ်ပေမယ့် အဝယ်မလိုက်ဖြစ်နေပြီး အများစုက ဈေးကွက် အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တယောက်က ပြောပါတယ်။ “ဒလ အိမ်ခြံမြေဈေးကတော့ တက်တာတော့ မှန်တယ်။ ဒါပေမယ့် ဝယ်သူမှမရှိတာ။ investor တွေရော၊ investment တွေရောကတော့ လက်ရှိအနေအထားမှာ ငြိမ်နေတယ်။ ရောင်းသူတွေကလည်း ဒီတံတားကြီး ပြီးသွားပြီဆိုတဲ့နောက်မှာ ဈေးပိုလိုချင်လာကြတာပေါ့။ အဲဒီတော့ ကြိုက်ဈေးတွေ အပြိုင်အဆိုင် ခေါ်ကြတယ်။ ဒါပေမယ့်လည်း တကယ်တမ်းကျ မြေပြင်မှာက…
Read MoreCategory: အိမ်ခြံမြေဈေး
ပုသိမ်ကြီးမြို့နယ်က မြေယာကိစ္စတွေ ရောင်းမှား ဝယ်မှားမဖြစ်အောင် သတိထားဖို့လို
မန္တလေး၊ ဖေဖော်ဝါရီ- ၁- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ လယ်ယာမြေတွေကို အကွက်ရိုက်ပြီး ရောင်းချ နေတာတွေနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာတွေက အရေးယူ ဆောင်ရွက်တာမျိုးတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ ရောင်းမှားဝယ်မှား မဖြစ်ကြရအောင် သတိထားဖို့လိုတယ်လို့ ပုသိမ်ကြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီဌာန ကနေ သိရပါတယ်။ လက်ရှိမှာ ပုသိမ်ကြီးမြို့နယ်ဟာ မြေယာအရှုပ်အရှင်း ပြဿနာအများဆုံးရှိတဲ့ မြို့နယ်တခုဖြစ်ပြီး ခိုင်မာမှုမရှိတဲ့ လယ်ယာမြေတွေပေါ်မှာ အကွက်ချပြီး ရောင်းချမှုတွေ ရှိနေတာကြောင့် ဝယ်ယူသူတွေအနေနဲ့ သက်ဆိုင်ရာကနေ တဆင့် စိစစ်ပြီးတော့မှ ဝယ်ယူဖို့ လိုအပ်ပါတယ်။ “ပြည်သူတွေ အနေနဲ့ မြေဝယ်မယ်ဆိုရင် မြေအခိုင်အမာရှိတဲ့ ဂရန်ရပြီးသား အကွက်နဲ့ ရွာမြေ တချို့ဂရန် မရသေးသော်လည်း ကျေးရွာအတွင်းက ရွာမြေဖြစ်နေတဲ့ ဟာမျိုးတွေပေါ့ အဲ့ဒါတွေကိုပဲ ဝယ်သင့်တယ်၊ တကယ်လို့ လယ်ယာမြေဝယ်မယ်ဆိုရင်လည်း ပုံစံ…
Read Moreနေပြည်တော်မှာ အိမ်ခြံမြေ အရောင်းအဝယ်သွက်နေပြီး ဧရာဝတီလမ်းဘေးဆို သိန်းခြောက်သောင်းထိ အရောင်းဝယ်ဖြစ်နေ
ဖေဖော်ဝါရီ ၁-၂၀၂၆ KKL(VOM) နေပြည်တော်မှာ အရောင်းအဝယ်မဖြစ်ဘူးလို့ ပြောလို့ရတဲ့နေရာမရှိဘူးလို့ ဆိုတဲ့အပြင် ဧရာဝတီလမ်းမပေါ်မှာဆိုရင် ကျပ်သိန်းပေါင်းခြောက်သောင်းကျော်က စျေးမြင့်တယ်ဆိုပေမယ့် အရောင်းဝယ်ဖြစ်တဲ့အကြောင်းနဲ့ လက်ရှိ အခြေအနေမှာရောင်းသူတောင် မရှိတဲ့အကြောင်း နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က အိမ်ခြံမြေရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌဦးစောဝေနှင်းက ပြောပါတယ်။ “ကျွန်တော်တို့ ဧရာဝတီလမ်းပေါ်မှာဆိုလည်း သိန်းပေါင်းခြောက်သောင်းကျော်တယ် ဒါတောင်စျေးကြီးတဲ့အထဲမှာပါတာပဲလေ အခုဆို ဧရာဝတီလမ်းပေါ်မှာဆို ရောင်းမယ့်သူတောင်မရှိဘူး ပုဗ္ဗလည်းဖြစ်တာပဲ အရောင်းအဝယ်မဖြစ်ဘူးလို့ ပြောလို့ရတဲ့နေရာမရှိဘူး သူ့နေရာနဲ့သူ မူတည်ပြီး နေ့တိုင်း daily ဖြစ်တယ်”လို့ ဇမ္ဗူ အိမ်ခြံမြေအသင်း ဥက္ကဋ္ဌဦးစောနှင်းဝေက ပြောခဲ့တာပါ။ လက်ရှိနေပြည်တော် အိမ်ခြံမြေက အရောင်းအဝယ်နှေးတာမြန်တာတို့ရှိနေပေမယ့် နေရာဒေသနဲ့ စျေးနှုန်းအပေါ်မူတည်တယ်လို့ဆိုပါတယ်၊ ဇမ္ဗူသီရိဆိုရင် အနည်းဆုံး သိန်းတသောင်းဝန်းကျင်နဲ့ တသောင်းအထက်မှာရှိပြီးတော့ အနည်းအကျဥ်းကတော့အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့၂၀၂၅ ၁၂ လပိုင်းမကုန်ခင်က ရွှေစျေး သိန်း ၁၀၀ အထက်ဖြစ်ခဲ့တဲ့နောက်ပိုင်း မြေစျေးတွေက ပိုပြီး တဟုန်ထိုးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့လည်းသိရပြီးတော့ ပုဗ္ဗသီရိဖက်မှာဆို…
Read Moreအငှားအိမ်ရာတိုက်ခန်းတွေကို လက်လွှဲရောင်းချမှုမပြုဖို့ သတိပေးထားပေမယ့် ရောင်းချမှုတွေ ဆက်ရှိနေ
စက်တင်ဘာ ၂၃ – ၂ဝ၂၅ KKO(VOM) ရန်ကုန်တိုင်းဒေသကြီး၊တောင်ဒဂုံမြို့နယ်အတွင်းမှာရှိတဲ့နိုင်ငံတော်အစိုးရပိုင်သုခဒဂုံပြည်သူ့အငှားအိမ်ရာတိုက်ခန်းတွေကိုလက်လွှဲ ရောင်းချမှုတွေမပြုလုပ်ကြဖို့ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန DUHD -Ygn က သတိပေးစာထုတ်ပြန်ထားပေမယ့် ရောင်းချမှုတွေ ဆက်ရှိနေတယ်လို့ သိရပါတယ်။ ပွဲစားတွေကနေတဆင့်အငှားအိမ်ရာအတွင်းကတိုက်ခန်းတွေကိုမဲပေါက်ထားသူအချို့ကမိမိတို့ရဲ့တိုက်ခန်း တွေကို ပြန်လည်ရောင်းချမှုနဲ့ အငှားပြန်လည်ချထားမှုတွေရှိနေတယ်လို့ သုခဒဂုံပြည်သူ့အငှားအိမ်ရာအ သိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက VOM ကိုပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ရွာသာကြီးအနီးမှာရှိတဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ရာဟာ နေရေးအခက်အခဲရှိသူတွေကို(၅)နှစ်တာငှားရမ်းနေထိုင်ခွင့်ပြုထားတဲ့နိုင်ငံတော်ပိုင် ပြည်သူ့အငှားအိမ်ရာတခုဖြစ်ပါတယ်။ “သုခဒဂုံအငှားအိမ်ရာမှာ တရားမဝင်ရောင်းလို့အချုပ်ထဲရောက်သူရောက်နေတယ်။ အိမ်ခန်းပြန်သိမ်းခံရတာလဲ အများကြီးပါ။ မြေညီတွေလက်ညိုးထိုးရောင်းတာကိုလည်း ကြားနေရတယ်။ ရောင်းတဲ့လူလိမ်တွေကတော့ငွေထုပ်ပိုက်ပြေးပြီ။သတိထားကြပါ၊ မဝယ်ကြပါနဲ့ ။ လူလိမ်တွေချည်းပါဘဲ”လို့ သုခဒဂုံပြည်သူ့အငှားအိမ်ရာအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က သတိပေးပြောပြထားပါတယ်။ ဒါအပြင်သုခဒဂုံအိမ်ရာအတွင်းရှိတိုက်ခန်းနဲ့ ဆိုင်ခန်းတွေကိုဝယ်ယူခွင့်ရမယ်ဆိုပြီးလိမ်လည်သူတွေနဲ့ တိုက်ခန်းငှားရမ်းခွင့်ရမယ်လို့ ပြောဆိုပြီးလိမ်ညာနေသူတွေရှိနေတဲ့အတွက်ဒါကိုလည်းပြည်သူတွေအနေနဲ့လိမ်ညာမခံရအောင်သတိပြုကြဖို့လိုတယ်လို့ DUHD-Ygn ကအသိပေးနှိုးဆော်ထားပါတယ်။ “ပြန်ရောင်းတာကတရားမဝင်ဘူး။ပြန်ငှားစားခွင့်လည်းမရှိဘူး။နိုင်ငံ တော်ပိုင်ပစ္စည်းကိုအလွဲသုံးစားလုပ်မှုပဲလေ”လို့ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာနေထိုင်တဲ့ပြည်သူတယောက်က VOM ကိုပြောပါတယ်။ ပြည်သူ့အငှားအိမ်ရာတိုက်ခန်းတွေကို လက်လွှဲရောင်းချမှုပြုလုပ်ခဲ့သူအချို့ကိုလည်းသက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးဥပဒေအကြောင်းအရအရေးယူမှုတွေကိုပြုလုပ်ခဲ့တာကို ကြားသိရတယ်လို့လည်းအငှားအိမ်ရာမှာနေထိုင်တဲ့ပြည်သူတွေကပြောပါတယ်။ “ကြားရတာကပထမတယောက်ကရောင်းပြီး ဒုတိယလူကျမှမိသွားတယ်ပြောတယ်။တိုက်တတိုက်မှာတိုက်မှူးဆိုတာရှိတယ်။…
Read Moreရန်ကုန်-ဒလ တံတားစီမံကိန်းပြီးစီးလုနီးလို့ ဒလ အိမ်ခြံမြေဈေး သိန်းသောင်းချီစျေးခေါ်မှုတွေရှိလာ
ဩဂုတ် ၉ – ၂ဝ၂၅ KKO(VOM) ရန်ကုန်-ဒလ တံတားစီမံကိန်းဟာ လတ်တလောမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်လို့ ဒလမြို့နယ်ရဲ့ အိမ်ခြံမြေစျေးနှုန်းတွေဟာလည်း အဆမတန်မြင့်တက်လာပြီး သိန်းသောင်းချီအထိပေါက်စျေးရှိလာသ လို ကျပ်သိန်း ၃ သောင်းကနေ ကျပ်သိန်း ၄ သောင်းခွဲလောက်အထိ စျေးခေါ်ရောင်းချမှုတွရှိလာတယ်လို့ VOM က စုံစမ်းသိရှိရပါတယ်။ ၂၀၁၉ ခုနှစ်၊မေလမှာ စတင်ဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့အကြီးဆုံးနဲ့ အရှည်ဆုံးတံတားထဲမှာ တစင်း အပါအဝင်ဖြစ်တဲ့ ရန်ကုန်-ဒလတံတား(ခေါ်)ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတားစီမံကိန်းဟာ လက်ရှိကာလမှာ ပြီးစီးလုနီးပါးဖြစ်လာပြီး တံတားအလယ်ရှိ ပင်မလမ်းကြောင်းကိုပါ အခုသြဂုတ်လ အတွင်းမှာချိတ်ဆက်နိုင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “တံတားပြီးပြီဆိုတော့ ဒလဘက်က မြေဈေးတွေက တအားတက်လာတယ်။မြေဈေး အိမ်ဈေးအကုန် တက်ပဲ၊ဂျောင်ကျတဲ့ အတွင်းပိုင်းရပ်ကွက်တွေမှာတောင် ဈေးတွေကသိန်းထောင်ချီဖြစ်နေတယ်။တစနဲ့ တစတက်လာတာပေါ့၊တံတားနဲ့ နီးတဲ့ ရပ်ကွက်တွေဆို ဟိုးအရင်ကမကြားဘူးတဲ့ဈေးတွေတောင်ဖြစ် နေတယ်”လို့ ဒလမြို့ခံတယောက်က VOM ကို ပြောပါတယ်။…
Read Moreရန်ကုန်မှာ အဆောင်လခနှုန်းထားတွေကြီးမြင့်လာလို့ အဆောင်ငှားရမ်းနေထိုင်သူတွေ အခက်တွေ့
ဩဂုတ် 6 – ၂ဝ၂၅ KKO(VOM) ရန်ကုန်မြို့မှာ အဆောင်လခဈေးနှုန်းတွေကြီးမြင့်လာလို့ အဆောင်ငှားရမ်းနေသူထိုင်ပြီး အလုပ်လုပ်ကိုင်နေကြရတဲ့ လူငယ်အများစုအခက်တွေ့နေရတယ်လို့ VOM က စုံစမ်းသိရှိရပါတယ်။ လက်ရှိခေတ်ကာလအခြေအနေအရ ရန်ကုန်မြို့မှာ အိမ်ငှားရမ်းခဈေးနှုန်းတွေမြင့်တက်လာမှုနဲ့ အတူ အဆောင်ငှားရမ်းခနှုန်းထားတွေဟာလည်း တစနဲ့တစဆိုသလိုမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဒီလိုအဆောင်ငှားရမ်းခနှုန်းထားတွေမြင့်မားလာလို့ အခြေခံပြည်သူအများစု အပါအဝင် လုပ်ခလစာနည်းဝန်ထမ်းတွေ နယ်ဘက်ကနေ ရန်ကုန်မြို့မှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့သူတွေအများစု အခက်တွေ့နေရတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ရန်ကုန်မြို့ရဲ့အဆောင်ငှားရမ်းခနှုန်းထားတွေက လူတကိုယ်စာ ၅ ပေ ၈ ပေ အခန်းတခန်းကို ငွေကျပ် ၉ သောင်းလောက်အထိ ပေါက်ဈေးရှိနေတယ်လို့ ဆိုပါတယ်။ ဒါအပြင် ရန်ကုန်မြို့ရဲ့အချက် အချာကျတဲ့ လူစည်ကားတဲ့ မြို့နယ်တွေဆိုပါက အဆောင်ငှားရမ်းခနှုန်းထားက တလကို ငွေကျပ်တစ်သိန်းကျော်လောက်အထိပေါက် ဈေးရှိနေတယ်လို့ အဆောင်ငှားရမ်းနေထိုင်သူတွေက ပြောပါတယ်။ “အဆောင်လခတွေစျေးကြီးတာတခုတော့စိတ်ညစ်နေရတယ်။အရင်က ၅ သောင်း ၊၆ သောင်းလောက်ပဲရှိတာ အခုက ၉ သောင်းဆိုတော့များလွန်းတယ်။…
Read Moreမန္တလေးကျုံးနဲ့ တမိုင်ပတ်လည် အထပ်မြင့်အဆောက်အဦးဆောက်လုပ်ခွင့် ယာယီဆိုင်းငံ့
ဇန်နဝါရီ ၂၇၊ ၂၀၂၅ Voice Of Myanmar မန္တလေး နန်းမြို့ကျုံးနဲ့ တမိုင်ပတ်လည်မှာရှိတဲ့ အောင်မြေသာစံနဲ့ ချမ်းအေးသာစံ မြို့နယ်ထဲက နေရာတချို့မှာ အထပ်မြင့်ဆောက်လုပ်ခွင့်ကို သက်ဆိုင်ရာက ယာယီဆိုင်းငံ့ထားတာကြောင့် ဆောက်လုပ်ခွင့်တင်သူတွေ ခွင့်ပြုမိန့်မကျဘူးလို့ လျှောက်ထားသူတွေဆီက သိရပါတယ်။ ” ကျနော်မြေဝယ်တာ တသောင်းခွဲ တိုက်ဆောက်ဖို့ သိန်းတသောင်းခွဲတန်မြေဝယ်ထားတာဗျာ ၊ပါတဲ့အိမ်က နေမဖြစ်လို့ အသစ်ဆောက်မလို့ဟာ ဒီတားမြစ်ချက်ကြောင့် အခက်တွေ့နေတယ်။ တထပ်ပဲ ဆောက်ခွင့် ပေးတယ်တဲ့။ အိမ်ခြံေမြ အရောင်းအဝယ်ပါ အလုပ်မဖြစ်တော့ဘူး” လို့ အိမ်ဆောက်မယ့်သူ တယောက်က ပြောပါတယ်။ ဘာ့ကြောင့် ခုလိုတားမြစ်သလဲ ဆိုတာ သက်ဆိုင်ရာကိုပြန်မေးတော့လည်း လုံခြုံရေးကြောင့်ဖြစ်နိုင်တယ်လို့ မတင်မကျပြောတယ်လို့ဆိုပါတယ်။ ဒီတားမြစ်ချက်ကြောင့် အိမ်ဆောက်မယ့်သူနဲ့ ဆောက်လုပ်ရေး ကန်ထရိုက်တာတွေကြားလည်း ပြဿနာတချို့ရှိပြီး ဆောက်လုပ်ရေးပစ္စည်းတွေ ဆက်ဝယ်ရမလား ရပ်ထားရမလား ဝေခွဲမရဖြစ်နေတဲ့သူရှိသလို တချို့ရပ်ထားကြရတယ်လို့ သိရပါတယ်။ ဆောက်လုပ်ခွင့်ပေးတဲ့ သက်ဆိုင်ရာဌာနတွေကို VOM…
Read Moreဝါကျွတ်အကြို ရန်ကုန် အိမ်ခြံမြေဈေးကွက် ယမန်နှစ် အလားတူကာလကထက် အငှားပိုသွက်
အောက်တိုဘာ ၉ ၊၂၀၂၄Ms(VOM)ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးကွက်ထဲ လတ်တလော ဝါကျွတ်ကာလ မရောက်ခင် မှာပဲ မနှစ်က ကာလ အလားတူအချိန်ကထက် အိမ်အငှား ဈေးကွက်များပိုသွက်နေတယ်လို့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။မြန်မာလူမျိုးတွေရဲ့ဓလေ့ထုံးစံအရ ဝါကျွတ်ကာလ အိမ်အပြောင်းအရွေ့ ပြုကြသူများတာ အပါအဝင် နယ်မြို့တွေက စစ်ဘေး၊ရေဘေးစတဲ့ အခက်ခဲတွေကြောင့်ရန်ကုန်ကို ရွှေ့ပြောင်းလာသူများလာတဲ့အတွက် အိမ်ငှားလိုသူများနေရာ အိမ်အငှားဈေးနှုန်းများလည် ဆတိုးမြင့်တက်လာနေတယ်လို့ဆိုပါတယ်။” အခုက အငှားအရမ်းလိုက်နေတာ။ နယ်တွေဘက်ကနေ စစ်ရှောင်တွေ ရန်ကုန်ဘက်ဆင်းလာပြီး အိမ်ငှားတာလည်းများတယ်။ အငှားများတော့ အိမ်က ရှာရတာခက်နေကြတာ။မနှစ်က အဲဒီလောက်မများဘူး။ အိမ်ငှားများတော့ ဈေးကလည်းတက်တယ်။အရင်ဆိုနှစ်သိန်း နဲ့နှစ်သိန်းခွဲလောက်ရတဲ့အိမ်က သုံးသိန်း အထက် က ဈေးအောက်ထစ်ဖြစ်ပြီ အငှားများတော့ ဒီလူမငှားလည်း နောက်လူငှားမှာပဲ ဆိုတာတော့ရှိလာတာပေါ့။ လချုပ်ရယ် လချင်းပေးရယ် သတ်မှတ်ထားတယ်။အစားစားပါပဲ။ တချို့လည်း စပေါ်များများ လခနည်းနည်းပေးပေါ့ ။ အခုကာလကတော့ မိုးပါးလာတာကြောင့် အိမ်ခြံမြေ အရောင်း၊အဝယ် ၊အငှားအကုန်မေးလာကြပြီ ဆိုတော့…
Read Moreရန်ကုန် ဆင်ခြေဖုံးမြို့နယ်တွေက တိုက်ခန်းတွေ အရောင်းအဝယ်သွက်ပြီး စျေးမြင့်နေ
သြဂုတ် ၂၁ – ၂၀၂၄KG(VOM)ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်၊ ရပ်ကွက်တွေမှာရှိတဲ့ တိုက်ခန်းတွေဟာ လက်ရှိကာလမှာ အရောင်းအဝယ် သွက်နေပြီး စျေးမြင့်လာနေတယ်လို့ အိမ်ခြံမြေစျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။“အခုက နယ်ဘက်ကစစ်ရှောင်လာတဲ့သူတွေပေါ့။ သူတို့ ကလာဝယ်ကြတာများတယ်။ မြို့စွန်မြို့နယ်တွေဖြစ်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့လိုနေရာတွေက တန်ဖိုးသင့်၊တန်ဖိုးနည်းတိုက်ခန်းတွေဘက်ကို အဝယ်တွေဆင်းလာကြတာများတယ်” လို့ အိမ်ခြံမြေအကျိုးဆောင်တယောက်က ပြောပါတယ်။လတ်တလောကာလတွင် ရန်ကုန်မြို့ စွန် မြို့နယ်များ မှာရှိတဲ့ တန်ဖိုးသင့်၊တန်ဖိုးနည်းအိမ်ရာတိုက်ခန်းတွေရဲ့ အလွှာအလိုက်စျေးနှုန်းတွေဟာလည်း ကျပ် ၁၀ သိန်း ကနေ ကျပ်သိန်း ၃၀ ၊ ၄၀ ထိ မြင့်တက်လာတာတွေ ရှိတယ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ဆိုပါတယ်။တော်တော်များများတော့အဝယ်ရှိကြတယ်။ ပုံမှန်အားဖြင့်အိမ်ခြံမြေတိုက်ခန်းစျေးကွက်ဆိုတာက မိုးတွင်းကာလဆိုပါးတယ်လေ။ အခုတော့မိုးတွင်းလည်းအရောင်း၊အဝယ်တွေရော တောက်လျှောက်တော့အလုပ်ဖြစ်နေတယ်လို့ပြောရင်ရပါတယ်။ နောက်တခုမြို့ထဲကနေဝိတ်လျော့ပြီးဒီဘက်ကိုဆင်းလာတဲ့သူပေါ့။ပြောင်းပြီးလာနေကြတဲ့သူတွေ ? တချို့ကလည်းလက်ထဲငွေမကိုင်ချင်လို့တိုက်ခန်းဝယ်ထားကြတာတွေလည်းရှိပါတယ်။”လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။ဒါအပြင် ယခုနှစ်ပိုင်းများအတွင်းရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ခြံမြေစျေးနှုန်းတွေဟာ အဆမတန်မြင့်တက်လာခဲ့သလို တိုက်ခန်းများအပြင် ကွန်ဒိုများလည်းအရောင်းအဝယ်ကောင်းခဲ့သည်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊…
Read Moreဝါတွင်းကာလဖြစ်ပေမယ့် ရန်ကုန်မြို့ အိမ်ခြံမြေဈေး မြင့်တက်လာ
ဩဂုတ် ၉ – ၂၀၂၄ SS (VOM) ဝါတွင်းကာလဖြစ်ပေမယ့် စစ်ရှောင်တွေ ရှိလာတဲ့အတွက် ရန်ကုန်မြို့မှာ အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား လုပ်ငန်းတွေ အလုပ်ဖြစ်လာနေပြီး ဈေးနှုန်းတွေလည်း ထပ်မံ မြင့်တက်လာနေတယ်လို့ ရန်ကုန်မြို့အခြေစိုက် အိမ်ခြံမြေ ရောင်းဝယ်သူတွေဆီက သိရပါတယ်။ အိမ်ခြံမြေကို အရင်က နေထိုင်ဖို့ထက် ငွေကြေး ရင်းနှီးမြှုပ်နှံလိုတဲ့အတွက်သာ ဝယ်ယူကြတာများပေမယ့် လက်ရှိအချိန်မှာတော့ နယ်မြို့တွေကနေ အိမ်ခြံမြေ၊ တိုက်ခန်း လာရောက် ဝယ်ယူသူ၊ ငှားရမ်းသူတွေ များပြားနေတယ်လို့ သိရပါတယ်။ “နယ်က အဝယ်များတယ်ဆိုတာက ဈေးနှုန်းအဆင်ပြေတာမျိုးကို အဝယ်များတယ်။ အဆင်မပြေရင်တော့ ငှားဖို့သင့်တော်တာမျိုးကို ရှာဖွေကြတယ်။ စစ်ရှောင်ကြလာကြတာဆိုတော့ နေဖို့ထိုင်ဖို့ အရေးတကြီး စုံစမ်းတာမျိုးတွေ ရှိလာတယ်။ အရောင်းအဝယ်တွေလည်း ပိုဖြစ်လာတာပေါ့။ အရင်အချိန် ဝါတွင်းဆိုရင် လုံးဝနီးပါးကို ဝယ်ရောင်းသိပ်မရှိတာ။ အခုက ရောင်းချင်တဲ့သူတွေကလည်း ဈေးတွေဖွင့်ထားတယ်။ ဝယ်ချင်တဲ့သူတွေကလည်း နေ့တိုင်းနီးပါးကို…
Read More