မတ် ၊ ၂၈ ၊ ၂၀၂၄ SP (VOM) ပြီးခဲ့တဲ့ မတ် ၂၂ ရက် ညနေ ၆ နာရီကျော်က တိုက်ခတ်သွားတဲ့ လေပြင်းဒဏ်ကြောင့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နဲ့ ကန်ပလက်မြို့နယ်တွေမှာ လူနေအဆောက်ဦး တထောင်ကျော်ပျက်စီးခဲ့ရပါတယ်။ အဲ့ဒီ ပျက်စီးမှုတွေကြောင့် ဒေသခံပြည်သူ သုံးထောင်ကျော်ဟာ အရေးပေါ် ကူညီကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းတွေ လိုအပ်နေတယ်လို့ နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ပရဟိတသမားတယောက်က ” မတ် ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ ၂ ရက်ဆက်တိုက် ၊ တိုက်ခတ်ခဲ့တဲ့ လေပြင်းဒဏ်ကြောင့် မင်းတပ်မြို့နဲ့ မင်းတပ်နယ်မှာဆိုရင် လူနေအဆောက်ဦး ၅၀၃ လုံးပျက်စီးတယ် ၊ နောက်ပြီး ယာယီတိုက်ပွဲရှောင်နေရတဲ့ ကျေးရွာပေါင်း ၇၀ ကျော်က စုပေါင်း တိုက်ပွဲရှောင် စခန်းတွေလည်း ထိခိုက်ပျက်စီးတယ် ၊…
Read MoreCategory: Uncategorized
ပြည်တော်ဝင် ၇၉ နှစ်ပြည့်ပြီ
ဆူးငှက် ”အခါတော် ရောက်ချိန်နီးလို့လာပြီလေ၊ ဒေါ်ဒေါ်မမ … နှမတို့တစ်တွေ … အသည်းစွဲချစ်မိတ်ဆွေ၊ ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွလိုက်ပါနိုင်စေ အောင်စည်ရွမ်းသံကြားရပြီထင့်၊ ပြည်တော်ဝင်မယ်လေ …”တဲ့။ အေဝမ်းဆရာညှာ ရေးစပ်ခဲ့သော ပြည်တော်ဝင်သီချင်းသည် ယခုနှစ် ၂၀၂၄ခုနှစ် မတ်လ ၂၃ရက်တွင် အသက် ၇၉နှစ်ရှိချေပြီ။သို့သော် ယခုတိုင် နုပျိုနေဆဲဖြစ်သည်။ ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် အင်္ဂလိပ်တို့ အားအကိုးဆုံး စင်ကာပူ ခံတပ်ကြီး ကျသွားသည်နှင့် ရန်ကုန်မှအင်္ဂလိပ်တို့လည်း အထက်သို့ ရုတ်ချည်း ဆုတ်ခွာကြ၏။ မတ်လ(၈)ရက်နေ့တွင် ရန်ကုန်သည် သိသာထင်ရှားစွာ တုန်လှုပ်ချောက်ချားလေပြီ။ မန္တလေးသို့ ထွက်ခွာ မည့် မီးရထားတိုင်း၌ စစ်ပြေးများဖြင့် ပြည့်ကျပ်နေ၏။ မန္တလေးဘူတာကြီးသို့ဆိုက်ကပ်လာသော မီးရထားတိုင်း၌လည်း ရရာပစ္စည်း ဆွဲယူလာကာ မျက်စိပျက် မျက်နှာပျက်ဖြစ်နေသော စစ်ပြေးများကရထားဘေးမှာ…
Read Moreမန္တလေးက မြို့နယ်(၂)ခုမှာ တနေ့တည်းမီးလောင်မှု ၂ကြိမ် ဖြစ်ပွားခဲ့
မန္တလေး၊ဖေဖော်ဝါရီ ၉-၂၀၂၄ Voice Of Myanmar(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်နဲ့ အမရပူရမြို့နယ်တို့မှာ ဒီကနေ့မနက်အစောပိုင်းက အချိန်အနည်းငယ်သာခြားပြီး မီးလောင်မှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” အောင်/စံက ဖုန်းကာဗာဆိုင်လောင်တာ၊ သူက အရင်လောင်တာပေါ့ Lv-2အဆင့်နဲ့ပေါ့ ၊ အဲ့ဒီမီးကို ငြိမ်းသတ်နေချိန်ပဲ အမရပူရ က မီးသတင်းထပ်ဝင်တယ်၊ သက်ဆိုင်ရာမြို့နယ်က မီးသတ်ကားတွေ အချိန်မှီ သွားငြိမ်းကြပါတယ်”လို့ မီးသတ်နဲ့နီးစပ်သူတဦးကပြောပါတယ်။ ဖြစ်စဉ်မှာ မနက် ၁ နာရီ ၄၀ ခန့်က အောင်မြေသာစံမြို့နယ်၊ ၈၃လမ်း ၂၂နဲ့၂၃လမ်းကြားရှိ ဖုန်းကာဗာ နဲ့ အပိုပစ္စည်း ရောင်းဝယ်ရေးဆိုင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး Lv-2အဆင့်နဲ့ မီးငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီမီးလောင်မှုမှာ မီးစတင်လောင်တာနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် မနက် ၂နာရီ ၅၀ ခန့်က အမရပူရမြို့နယ်…
Read Moreယနေ့ ရွှေဈေး (ဇန်နဝါရီ – ၃၀ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၅၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreချင်းပြည်နယ်တောင်ပိုင်းမှာ ဆန်ပြတ်လပ်မှုတွေဖြစ်ပေါ်နေ
ဇန်နဝါရီ ၊ ၇ ၊ ၂၀၂၄ SP( VOM) ချင်းပြည်နယ်တောင်ပိုင်း ၊ မင်းတပ်မြို့နယ်နဲ့ မတူပီမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကစလို့ အခုထိ ကုန်တင်ကားတွေ ဝင်ရောက်တာမရှိတဲ့အတွက် ဆန်တွေအပြင် အခြေခံ စားသောက်ကုန်စည်တွေပါ ပြတ်လပ်နေတယ်လို့ ဒေသခံ ကုန်စုံဆိုင်တွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နောက်ပိုင်းကစလို့ အခုထိ ကုန်ကားတွေ ဝင်ရောက်တာမရှိဘူး ၊ လူစီးကားတွေ အနည်းအကျဥ်းတော့ ဝင်တယ် ၊ ဝင်တဲ့ကားတွေကလည်း လူစီးသက်သက်ပဲ ကုန်စည်မပါဘူး ၊ အဲ့ဒါကြောင့် ဆန်အပြင် အခြေခံစား သောက်ကုန်တွေ ပြတ်နေရတာ ” လို့ မတူပီမြို့ခံတယောက်က ပြောပါတယ်။ ဒါ့အပြင် ပခုက္ကူမြို့ခံ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တယောက်က ” ပခုက္ကူ ၊ ဆိပ်ဖြူ ၊…
Read Moreပြည်တွင်းရွှေဈေး အတက်အကျမငြိမ်ဘဲ ကျပ် ၃၇ သိန်းကျော်ထိ ရောက်ရှိလာပြန်
ဒီဇင်ဘာ ၂ – ၂၀၂၃ SN (VOM) ပြည်တွင်း အခေါက်ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အတက်အကျမငြိမ်လဲ ဒီကနေ့ ဒီဇင်ဘာ ၂ ရက်၊ နေ့လယ်ပိုင်းမှာ ၃၇ သိန်းကျော်ကို ပြန်လည် ရောက်ရှိလာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ “ကမ္ဘာ့ဈေးက ဒေါ်လာ ၃၀ လောက် တက်သွားတယ်လေ။ ၂၀၄၀ ကနေ ၂၀၇၀ ကျော် ဖြစ်သွားတယ်။ အဲ့ဒါကြောင့် ပြည်တွင်းရွှေဈေးက ၃၇ သိန်း ကျော်သွားတာပါ။ ထပ်တက်မလား၊ ကျမလားဆိုတာကတော့ မှန်းရခက်တဲ့အနေအထားပါ။ ဒါပေမယ့် ဒီနေ့ကတော့ ဒီ ၃၇ သိန်းကျော်ဈေးကနေ ဈေးသိပ်မပြောင်းနိုင်တော့ဘူး၊ ပိတ်ရက်ခံသွားပြီဆိုတော့” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့မှစတင်ကာ တအောင်စ ဒေါ်လာ ၂၀၀၀ စွန်းစွန်းကို…
Read Moreချင်းပြည်နယ်ထဲက နစကတပ်ဖွဲ့ဝင် တချို့ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးသူ တရာကျော်ရှိလာ
နိုဝင်ဘာ ၊ ၂၉ ၊ ၂၀၂၃ SP (VOM) ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့နယ် ၊ လိုင်းလဲာန်းပီး မြို့နယ်ခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ နစက တပ်ဖွဲ့ဝင် တချို့ဟာ မနေ့ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်း အိန္ဒိယ စံတော်ချိန် ၇ နာရီဝန်းကျင်က အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ လာကီး(Liki)ကျေးရွာမှာရှိတဲ့ အာသန်ရိုင်ဖယ် တပ်ရင်းဌာနကို ရောက်ရှိလာတယ်လို့ မီဇိုရမ်ပြည်နယ် သတင်းတွေက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်က အဲ့ဒီ လိုင်းလဲာန်ပီးမြို့နယ်ခွဲမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ နစက လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် လိုင်းလဲာန်ပီးနယ်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ” လိုင်းလဲာန်ပီးစခန်းက ဗိုလ်ကြီး တယောက်…
Read Moreကျင်စန်းကျော့က ကုန်ကားကြီးကွင်းမီးလောင်မှု ကုန်ကား အစီးရေ ၃၀ ထက်မနည်း မီးလောင်ပျက်စီး
ရန်ကုန်၊ နိုဝင်ဘာ ၂၃ – ၂၀၂၃ GG(VOM) မူဆယ် ၊ကျင်စန်းကျော့ဂိတ်နားက 7 ဟွာကျင့် ကားရပ်နားကွင်းထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကုန်ကားအစီးရေ ၃၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၉ နာရီလောက်မှာ မူဆယ်မြို့ တရုတ်ဘက် အထွက် မြန်မာဘက်ခြမ်း က ကျင်စန်းကျော့ဂိတ်အနီးက 7ဟွာကျင့် ကားရပ်နားကွင်းထဲကို လက်နက်ကြီးကျရောက်ပြီး ပေါက်ကွဲလို့ ကုန်ကားတွေမီးလောင်ခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ” လက်နက်ကြီးကျလို့ ကုန်ကားတွေမီးလောင်တာ အစီး၃၀ လောက်တော့ပါသွားပြီ ၊ မီးမကူးသေးတဲ့ကားတွေထဲက သော့ရှိတဲ့ကားတွေ စက်နိူးရတဲ့ကားတွေကိုတော့ အပြင်ကို ရွှေ့နေတယ်၊ကားတွေက ကုန်တွေနဲ့ ပါ ” လို့ မူဆယ် ကျင်စန်းကျော့ ဒေသခံ ကပြောပါတယ်။ အဆိုပါ 7 ဟွာကျင့်ကားကွင်းထဲမှာ တရုတ်ဘက်ကနေ…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၂၃ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၀၀ ကျပ် ဝယ်ဈေး – ၃၃၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၃၀ ကျပ် ဝယ်ဈေး – ၂၄၈၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၃၃ ကျပ် ဝယ်ဈေး – ၃၆၄၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၀၈ ကျပ် ဝယ်ဈေး – ၉၄.၇၈ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၇ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreပလက်ဝမြို့နယ်ထဲမှာ စစ်တပ်နဲ့ AA တိုက်ပွဲဖြစ် ၊ ဒေသခံ ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
နိုဝင်ဘာ ၊ ၁၄ ၊ ၂၀၂၃ SP ( VOM) ရခိုင်ပြည်နယ်ဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကနေ ချင်းပြည်နယ် ၊ တောင်ပိုင်း ပလက်ဝမြို့နယ်ထဲကို ဒီကနေ့ မနက်၂ နာရီဝန်းကျင်ကနေ စတင် ကူးစက်လာပြီး ပလက်ဝမြို့နယ် တရွန်အိုင်ကျေးရွာမှာ စစ်တပ်နဲ့ AA အဖွဲ့တွေကြား တိုက်ခိုက်တာတွေ ဖြစ်လာနေတယ်လို့ ပလက်ဝ ဒေသခံတွေဆီက သိရပါတယ်။ ” ပလက်ဝမြို့နယ် ၊ တရွန်အိုင်ရွာနားမှာ ဒီမနက် ၂ နာရီလောက်က တိုက်ပွဲစဖြစ်တယ် ၊ တရွန်အိုင်ရွာနားမှာရှိတဲ့ စစ်တပ်စခန်းကို AA အဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်တာဖြစ်တယ် ၊ ဒီမနက်အထိ ပစ်နေကြတာဖြစ်တယ် ၊ စစ်တပ်ဘက်က လက်နက်ကြီးတွေ ၊ လေယာဉ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတာဖြစ်တယ် ၊ ထိခိုက်ဆုံးရှုံးမှု နှစ်ဘက်စလုံးမှာရှိတယ် ၊…
Read More