ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဗီဇာကြေးကို ဘတ်ငွေ ၁၉၀၀ ပြောင်းလဲ ကောက်ခံမယ်

  နိုဝင်ဘာ ၈ – ၂၀၂၃ SN (VOM) ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဗီဇာကြေးကို ဘတ်ငွေ ၂၄၀၀ ကနေ ၅၀၀ လျှော့ချကာ ဘတ် ၁၉၀၀ သာ ပြောင်းလဲ ကောက်ခံတော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။ အခုလိုလုပ်ဆောင်တာဟာ ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ်သမားစနစ်ကို အားပေးတာဖြစ်တဲ့အပြင် ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်တွေအတွက် ရွှေ့ပြောင်းအလုပ်သမား ခန့်ထားရေးကို အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်တာလည်းဖြစ်ကာ ဒီအစီအစဉ်ကို လာမယ့် နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ စတင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ “အခုက ဘတ်အသစ် ထပ်ဖွင့်တာပေါ့။ အရင် လူဟောင်းတွေ work permit သက်တမ်းတိုးတာ နှစ်နှစ်မပေးတော့ဘူး၊ တနှစ်ပဲပေးတယ်။ ပြီးတော့ သက်တမ်းတိုးခကိုလည်း ၅၀၀ ထပ်လျှော့ပေးလိုက်တာပေါ့။ MoU စာအုပ်တွေလည်း ပြန်လုပ်ပေးနေပြီ။ အသစ်ပြန်မလုပ်ချင်ရင် ဘတ်အသစ်ရိုက်လို့ရတယ်။…

Read More

လှိုင်သာယာ မီးလောင်မှု အိမ်ခြေ ၃၀ ခန့် ပျက်စီးဆုံးရှုံး

  အောက်တိုဘာ ၂၉ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်းမြို့နယ်)၊ ရှမ်းချောင်းကျေးရွာ၊ အောင်ချမ်းသာ (၂) လမ်းမှာ မနေ့ အောက်တိုဘာ ၂၈ ရက်၊ ည ၇ နာရီ၊ ၁၅ မိနစ်ဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၃၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သွားရောက် ကူညီပေးခဲ့တဲ့ လူမှုရေးအသင်းအဖွဲ့တွေဆီက သိရပါတယ်။ “အိမ်ခြေကတော့ ၃၀ ပတ်ဝန်းကျင် ပါသွားတာတွေ့တယ်။ အိမ်ခြေ ၃၀ ဆိုတာ အရမ်းကြီး အိမ်ခြံ အကျယ်ကြီးတွေမဟုတ်ဘူး။ သူ့ရဲ့အိမ်လေးတွေက အရမ်းစိပ်ပြီးတော့ လိုင်းခန်းတွဲသာသာလောက် အဲ့လိုမျိုးလေးတွေဆိုတော့ အဲ့ဒီ့နားတဝိုက် ကွက်ပြီးပါသွားတာပေါ့။ လူထိခိုက်တာတော့ မကြားမိပါဘူး” လို့ အဲ့ဒီ့ မီးလောင်မှုဖြစ်စဉ်မှာ သွားရောက်ကူညီခဲ့တဲ့ ပရဟိတအဖွဲ့တဖွဲ့မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ အဲ့ဒီ့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၂၀ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၃၂၀ ကျပ် ဝယ်ဈေး – ၃၂၇၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၄၃၀ ကျပ် ဝယ်ဈေး – ၂၃၇၀ ကျပ် -ယူရို ရောင်းဈေး – ၃၅၂၈ ကျပ် ဝယ်ဈေး – ၃၄၆၁ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၁.၇၄ ကျပ် ဝယ်ဈေး – ၉၀.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၁၅ ကျပ် ဝယ်ဈေး – ၇၀၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၅၄ ကျပ် ဝယ်ဈေး – ၄၄၄ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၁၈ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၃၄၀ ကျပ် ဝယ်ဈေး – ၃၂၉၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၄၃၅ ကျပ် ဝယ်ဈေး – ၂၃၇၆ ကျပ် -ယူရို ရောင်းဈေး – ၃၅၄၄ ကျပ် ဝယ်ဈေး – ၃၄၈၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၂.၁၆ ကျပ် ဝယ်ဈေး – ၉၀.၄၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၁၈ ကျပ် ဝယ်ဈေး – ၇၀၄ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၅၅ ကျပ် ဝယ်ဈေး – ၄၄၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

မင်္ဂလာဒုံဆီဆိုင်ရှေ့ ယာဉ် ၄ စီးဆင့်တိုက်၊ ၃ ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရရှိ

အောက်တိုဘာ ၇ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမ၊ PT power ဆီဆိုင်ရှေ့မှာ ဒီကနေ့ အောက်တိုဘာ ၇ ရက်၊ မနက် ၇ နာရီ ကျော်ဝန်းကျင်က ယာဉ် (၄) စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး ၃ ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။ လိုက်ထရပ်၊ အဝေးပြေး express ၊ ပရိုဘောက်နဲ့ အထည်ချုပ်ဖယ်ရီ ၄ စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ပရိုဘောက်ယာဉ်ပေါ်ပါလာသူ ခရီးသည် အမျိုးသမီး (၄) ဦး၊ အမျိုးသား (၁) ဦး၊ ကလေးငယ်မိန်းခလေး (၂) ဦးတို့တွင် အမျိုးသမီး (၂) ဦးနဲ့ ကလေးငယ် (၁)…

Read More

This Day in History: August-4

This Day in History: August-4 Voice of Myanmar ၁၇၀၁-၁၇၁၄ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် စစ်ပွဲအတွင်း စပိန်လက်နက်ချပြီးနောက် ဗြိတိန်သည် ဂျီဘရော်တာရေလက်ကြားကို ၁၇၀၄ ခုနှစ် သြဂုတ် ၄ ရက်တွင် ထိန်းချုပ်နိုင်ခဲ့ပြီး ဗြိတိန်ရေတပ်အင်အားတောင့်တင်းမှု၏ ပြယုဒ်ဖြစ်ခဲ့သည်။ #Voiceofmyanmar#VOM#Thisdayinhistory#သမိုင်းထဲကဒီနေ့

Read More

This Day in History: August-3

This Day in History: August-3 အီတလီလူမျိုး လူစွန့်စား ခရစ္စတိုဖာကိုလံဘတ်သည် အိန္ဒိယသို့သွားရောက်နိုင်သည့် အနောက်ဘက် လမ်းကြောင်းရှာဖွေရန် မျှော်လင့်ချက်ဖြင့် ၎င်း၏ပထမဆုံး အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ကျော်ခရီးကို နီနာ၊ ပင်တာ၊ ဆန်တာမာရီယာ သင်္ဘောသုံးစင်းဖြင့် ၁၄၉၂ ခုနှစ် သြဂုတ် ၃ ရက်တွင် စပိန်နိုင်ငံမှ စတင်ထွက်ခွာခဲ့သည်။ #Voiceofmyanmar#Thisdayinhistory#ChristopherColumbus

Read More

ကလေးငယ်တွေအဖြစ်များနေတဲ့ ပြင်းထန်အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်းရောဂါနဲ့ ပက်သက်ပြီး အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်မင်းထွန်းနဲ့ ဆက်သွယ်မေးမြန်းချက်။

“အခုက ရောဂါအရ ခေါင်းစဉ်တပ်တာက flu ပေါ့၊ ရာသီတုပ်ကွေးမှာ အဆုတ်ရောင်ရမ်းမှုကို ပိုပြီး ဖြစ်စေတယ် အဲ့ဒီလိုပုံစံမျိုးပေါ့။ ကိုဗစ်ကလည်း ဖြစ်နေတာဆိုတော့ ပြောလို့မရဘူး။ ခုဖြစ်နေတာတွေက ကိုဗစ်လည်း ဖြစ်နိုင်တယ်လေ။ ကိုဗစ်က ဘယ်သူစစ်မလဲဆိုတော့လည်း ဘယ်သူမှ မစစ်ကြဘူး၊ အဲ့ဒီလိုမျိုးတွေဖြစ်နေတယ်”   ဇူလိုင် ၁၂-၂၀၂၃ SN (VOM)   လက်ရှိ ကလေးငယ်အများစုမှာ ပြင်းထန်အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်းဆိုတဲ့ ရောဂါ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ကျောင်းနေအရွယ် ကလေးတွေမှာလည်း ဒီ အဆုတ်ရောင်ဗိုင်းရပ်စ်ပိုး ကူးစက်မှုဖြစ်ပွားနေတာကြောင့် International Preschool အပါအဝင် တချို့ မူကြိုကျောင်းနဲ့ ကိုယ်ပိုင်ကျောင်းတွေကို ငါးရက်ကနေ တစ်ပတ်အထိ ပိတ်ထားကြတယ်လို့ ကလေးမိဘတွေဆီက သိရပါတယ်။   ဒါ့အပြင် ချောင်းဆိုး၊ ရင်ကြပ်နေတဲ့ ကလေးတွေကို တစ်ပတ် (ဒါမှမဟုတ်) ၁၀ ရက်ခန့် ကျောင်းမပို့ဖို့နဲ့…

Read More

ပခုက္ကူမြို့မှာ ပေါက်ကွဲမှုဖြစ်ပြီး သားအဖ ၂ ယောက် သေဆုံး

ဧပြီ ၊ ၄ ၊ ၂၀၂၃ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ အောင်သပြေကွက်သစ်၊ ၁ လမ်းမှာနေတဲ့ ကိုရာဇာဖြိုး (ခေါ်) ကိုအာကြီးရဲ့နေအိမ်မှာ မနေ့ည ဧပြီ ၃ ရက်ည ၁၀ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီး သားအဖ ၂ ယောက်သေဆုံးသွားတယ်လို့ ပခုက္ကူဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့ညက ၉ နာရီခွဲ ဝန်းကျင်မှာ နေအိမ် မီးဖိုဆောင်ထဲ ပေါက်ကွဲတာဖြစ်တယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် အိမ်ရှင် ကိုရာဇာဖြိုး(ခ)အာကြီး၊ ၃၇ နှစ်၊(ဘ) ဦးဝင်းဇော်နဲ့ သူ့ရဲ့ သား ဖြစ်သူ ကျော်ဇင်ထွဋ်၊ ၁၄ နှစ်တို့ ၂ ယောက်သေဆုံးခဲ့တာဖြစ်တယ် ” လို့ ဒေသခံ လူမှာကူညီရေး ပရဟိတသမားတယောက်က ပြောပါတယ်။…

Read More

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် စသုံးတာနဲ့မှတ်ပုံတင် ကုန်အမှတ်တံဆိပ်အားလုံး ဥပဒေအကာအကွယ်ရရှိမယ်

မတ် ၁၈ – ၂၀၂၃ GG(VOM) ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေကို လာမယ့် ဧပြီလ ၁ ရက်နေ့ကစပြီး အာဏာသက်ဝင်ကျင့်သုံးမှာဖြစ်လို့ အဲ့ဒီနေ့ကစပြီး မူပိုင်ခွင့် အခွင့်အရေးရှိတဲ့ ကုန်အမှတ်တံဆိပ်တွေကို ယူသုံးမိရင် ဥပဒေအရ အရေးယူမှာဖြစ်တယ်လို့ သိရပါတယ် ။ ဥပဒေ ကျင့်သုံးပြီဆိုတာနဲ့ ကုန်အမှတ်တံဆိပ်အတုပြုလုပ်တာတွေ၊ အမှတ်တံဆိပ်အတု အသုံးပြုတာတွေ၊ အမှတ်တံဆိပ်အတုပြုလုပ်တဲ့ပစ္စည်း ဒါမှမဟုတ် ကိရိယာတွေကို လက်ဝယ်ထားရှိတာကို စစ်ဆေးတွေ့ရှိရင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ကျပ်သိန်း ၅၀ ဖြစ်စေ ချမှတ်ခံရနိုင်သလို အဲ့ဒီပြစ်ဒဏ်နှစ်ရပ်လုံးကိုလည်း ချမှတ်ခံရနိုင်တယ်လို့ ဥပဒေပါရှိချက်အရ သိရပါတယ်။ ” အရင် စာချုပ်စာတမ်းရုံးမှာ တင်ခဲ့တဲ့ ကုန်အမှတ်တံဆိပ်ဟောင်းတွေ အားလုံးကိုလည်း မူပိုင်ခွင့် ဥပဒေရဲ့အကာအကွယ် ရဖို့အတွက် မူပိုင်ခွင့်ဦးစီးဌာနမှာ အမှတ်တံဆိပ်အားလုံး ပြန်လည်လျှောက်ထားရမှာပါ။ကုန်အမှတ်တံဆိပ်တွေနဲ့ပတ်သက်ပြီး ပြဿနာတွေ၊ အငြင်းပွားမှုတွေ ဖြစ်လာတဲ့အခါ ဥပဒေအရဆုံးဖြတ်ရင် အရင် စာချုပ်စာတမ်းရုံးမှာ…

Read More
VOM News

FREE
VIEW