ပြုံးယမ်း၊ အောက်တိုဘာ-၄-၂၀၂၄မျိုးဆက်(VOM)မြောက်ကိုရီးယားရဲ့ အချုပ်ခြာအာဏာကို ထိပါးတိုက်ခိုက်လာမယ်ဆိုရင် နျူကလီးယားလက်နက် ထုတ်သုံးဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က သတိပေးပြောဆိုလိုက်ပါတယ်။မြောက်ကိုရီးယား အစိုးရကို အဆုံးသတ်ဖို့ ခြိမ်းခြောက်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို ဝေဖန်ခဲ့ပြီး ဒါဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ နိုင်ငံတနိုင်ငံရဲ့ တံခါး၀မှာ စစ်တပ်အင်အားလာပြီး ကြွားလုံးထုတ်တဲ့ တောင်ကိုရီးယားသမ္မတဟာ ပုံမှန်မဟုတ်တဲ့လူလို့ မြောက်ကိုရီးယားခေါင်းဆောင်က ပြောပါတယ်။“ တကယ်လို့ ရန်သူတွေက မဆင်မချင်မိုက်မဲပြီး မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကိုထိပါးဖို့ စစ်အင်အားသုံးလာမယ်ဆိုရင် မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်တွေ အပါအဝင် ပိုင်ဆိုင်ထားတဲ့ လက်နက်အကုန်သုံးမယ် ” လို့ ကင်ဂျုံအန်က ပြောပါတယ်။မြောက်ကိုရီးယားဟာ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်ကို ဆယ်စုနှစ်များစွာ လုပ်ဆောင်ခဲ့ပြီး နျူကလီးယားလက်နက် ဒါဇင်များစွာ ထုတ်လုပ်ရန် လုံလောက်တဲ့ ယူရေနီယံ ပမာဏရှိတယ်လို့ ယုံကြည်ရပြီး လက်ရှိချိန်ထိ မြေအောက်နျူကလီးယားစမ်းသပ်မှု ခြောက်ကြိမ်ပြုလုပ်ထားပါတယ်။Ref:ReutersPhoto:Reuters
Read MoreMNDAA ထိန်းချုပ်ထားတဲ့ လားရှိုးကို လေကြောင်းနဲ့ လေးကြိမ် ထပ်တိုက်
အောက်တိုဘာ ၄ -၂၀၂၄ Shy V VOM ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို နစကတပ်ဖွဲ့က အောက်တိုဘာ ၄ ရက်နေ့ မနက် အစောပိုင်းမှာ လေကြောင်းနဲ့ လေးကြိမ် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။ “လေးခေါက်တောင်ရှိသွားပြီ။ ပထမ တခေါက်က ရပ်ကွက် ၈ ထဲက 121 အနောက်ဘက် လမ်းကြား လို့ပြောတယ်။ လူ ထိခိုက်မှု မရှိဘူးလို့တြော သိရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ အောက်တိုဘာ ၄ ရက်နေ့ မနက် ၂ နာရီ ၁၃ မိနစ်မှာ တခေါက်၊ ၄ နာရီ ၈ မိနစ်မှာ တခေါက်၊ ၅…
Read MoreThis Day in History
Voice of Myanmarတရုတ်နိုင်ငံသည် ၎င်း၏ပထမဆုံးသော ဟိုက်ဒရိုဂျင်ဗုံးကို တရုတ်ပြည်မကြီး အနောက်ဘက်ဒေသတွင် စမ်းသပ်အောင်မြင်ခဲ့ကြောင်း ၁၉၆၉ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကြေညာခဲ့သည်။
Read Moreယခုနှစ်သီတင်းကျွတ်ကာလ အပန်းဖြေနဲ့ ဘုရားဖူးခရီးထွက်ဖို့ ကြိုတင်စီစဉ်သူ နည်းပါး
အောက်တိုဘာ ၄ ၊၂၀၂၄ Ms(VOM) ပွင့်လင်းရာသီကာလ သီတင်းကျွတ်ချိန်ကိုရောက်ရှိတော့မှာဖြစ်ပေမယ့် ယခုရက်ပိုင်း ခရီးသွားလုပ်ငန်းဆောင်ရွက်သူများ ထံ အပန်းဖြေနဲ့ ဘုရားဖူးခရီးစဉ်တွေကို မေးမြန်းကာ ခရီးစဉ်ကြိုတင်စီစဉ်သူနည်းပါးလာတယ်လို့ ပြည်တွင်းခရီးသွားလက်မှတ်ရောင်းချသူတွေထံကသိရပါတယ်။ သီတင်းကျွတ်ပိတ်ရက်များအတွက် ခရီးသွားလိုသူတွေကနှစ်စဉ် စက်တင်ဘာလကုန်နဲ့ အောက်တိုဘာလအစတွေမှ ခရီးစဉ်ကြိုတင်စုံစမ်းကာမေးမြန်းမှုတွေရှိပေမယ့် ယခုနှစ် သီတင်းကျွတ်ပိတ်ရက်ခရီးစဉ် တွေကိုတော့ စုံစမ်းမေးမြန်းသူနည်းပါနေတယ်လို့ဆိုပါတယ်။ ” အခုက ကိုယ်တွေ ခရီးသွားစီစဉ်သူတွေလည်း ပြီးခဲ့တဲ့လက မုန်တိုင်းရေကြီးတာတွေနဲ့ အပန်းဖြေခရီးတွေ အပျော်ခရီးစဉ်တွေအတွက် လက်မှတ်ရောင်းဖို့ အဆင်ပြေပါ့မလားစဉ်းစားပြီး package tourတွေ ကြေငြာတာနောက်ကျတယ်။ အခုလအစမှ ခရီးစဉ်နဲ့ဈေးနှုန်းတွေ ကြော်ငြာကြရတယ်။ လက်ရှိတော့ ခရီးစဉ်တွေကို စိတ်ဝင်စားပြီးလာမေးသူနည်းနေပါတယ်”လို့ travel me ပြည်တွင်းပခရီးသွား ဝန်ဆောင်မှုမှ တာဝန်ရှိသူကပြောပါတယ်။ ပွင့်လင်းရာသီခရီးသွားလာသူတွေအနေနဲ့ ပုဂံ၊ ချောင်းသာ၊ငွေဆောင်၊ ကလော၊အင်းလေး၊ ပင်းတယ၊တောင်ကြီး ခရီးစဉ်တွေကို အများဆုံးသွားလာတတ်ကြပေမယ့် ယခုနှစ်မှာ ရှမ်းပြည်နယ်ကခရီးသွားဒေသတွေ ရေကြီးနစ်မြုပ်မှု ဖြစ်နေသလို ပုဂံဒေသမှာလည်း ရေကြီးမှုတွေဖြစ်ပေါ်ခဲ့လို့…
Read Moreမြန်မာအပါအဝင် ငါးနိုင်ငံက တရားမဝင် ရွှေ့ပြောင်းလာသူတွေကို ထိုင်းအစိုးရက ပန်းရောင်ကတ် ထုတ်ပေးမယ်
အောက်တိုဘာ ၄၊ ၂၀၂၄ZY(VOM)မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်း ငါးနိုင်ငံက တရားမဝင် ရွှေ့ပြောင်းလာသူတွေကို ထိုင်းနိုင်ငံအစိုးရက ပန်းရောင်ကတ် ထုတ်ပေးမှာဖြစ်တာကြောင့် အောက်တိုဘာလ (၃၁)ရက် မတိုင်ခင် နောက်ဆုံးထားပြီး လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့ အလုပ်သမားအရေးကူညီနေသူတွေထံကနေ သိရပါတယ်။ထိုင်းအစိုးရအဖွဲ့ရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံသားတွေကို အလုပ်သမားလူသစ်မှတ်ပုံတင်ခွင့် ပြုထားတဲ့ အပြင် အတူနေ ၁၈ နှစ်အောက် ကလေးငယ်တွေကိုလည်း တရားဝင်နေထိုင်ဖို့ သဘောတူမှာ ဖြစ်တယ်လို့ သိရပါတယ်။“အဲဒီကြေညာချက်ထွက်ပြီးနောက်ပိုင်း မဲဆောက်နဲ့ ချင်းမိုင်မှာတော့ ဘတ်ရိုက်အကျိုးဆောင်တွေ လူသစ်စတင် လက်ခံနေပြီ။ လုပ်မယ့်သူတွေအနေနဲ့ ပွဲစားတွေကို အလုပ်မအပ်ခင် သေချာလေ့လာပြင်ဆင်ဖို့ အကြံပေးချင်တယ်။ ဒီမှာက ပွဲစားတွေထဲမှာ လူလိမ်တွေ အများကြီးရှိတယ်။ ရှိစုမဲ့စုနဲ့ လုပ်ပြီးတော့ လိမ်ခံရတဲ့ မြန်မာတွေလည်း အများကြီးပဲ။ အခုကတော့ ဘတ်…
Read Moreစစ်ကိုင်းတိုင်း အထက်ပိုင်းမှာ ၄၈ နာရီအတွင်း မိုးကြီးမြေပြိုမှု သတိပြုဖို့လို
အောက်တိုဘာ ၂ – ၂၀၂၄ GG (VOM) စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ လာမယ့်အောက်တိုဘာလ ၅ ရက်နေ့အတွင်း မိုးကြီးပြီး လေပြင်းတိုက်ခြင်းနဲ့အတူမြေပြိုနိုင်တာတွေနဲ့ ပတ်သက်ပြီး မိုး/ဇလနဲ့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။ “၄၈ နာရီအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်းမှာမိုးကြီးနိုင်တယ်။ ဒေသအလိုက်နဲ့နေရာကွက်ပြီး မိုးကြီးနိုင်မယ့်အခြေအနေရှိနိုင်တဲ့အနေအထားဆိုတော့ အရမ်းကြီးစိုးရိမ်ရလောက်တဲ့အနေထားမဟုတ်သလို အရမ်းကြီးပေါ့လို့ရတဲ့ အနေအထားလည်းမဟုတ်ဘူး။ သဘာဝဘေးဆိုတာက မမျှော်လင့်တဲ့အချိန်မှာဖြစ်နိုင်တယ်။ ဒါပေမယ့် တချို့ခန့်မှန်း ပြောဆိုထားတဲ့ မိုးရေချိန်ကတော့ အရမ်းများလွန်းနေကြတယ်။ အဲဒီလောက်သာရွာရင် ဒါမှန်တယ် အရေးပေါ်ရွှေ့ပြောင်းရမယ့်အနေအထားမျိုးပါ။ အများကြီးရွာရင်တော့ မြေပြိုတောင်ပြိုတာကတော့ ဖြစ်တတ်တယ် ” လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းပြည်နယ်မှာ ဒီနေ့အောက်တိုဘာလ ၂ရက်နေ့လယ်ကစပြီး ၄၈ နာရီအတွင်း မိုးအလွန်များနိုင်တာကြောင့် အဆိုပါဒေသနေထိုင်သူတွေအနေနဲ့ သတိထားပြုဖို့ သတိပေးပြောဆိုထားပါတယ်။ ” နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးနဲ့ လဟယ်ကြား၊ စစ်ကိုင်းတိုင်းအထက်ပိုင်းက ခန္တီး…
Read Moreကျောက်ဆည်မှာ တောင်ကျရေနဲ့ မျောပါသွားတဲ့ကား ပြန်တွေ့ပြီး ယာဉ်မောင်း သေဆုံးနေ
အောက်တိုဘာ ၂ – ၂၀၂၄ SN (VOM) မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှာ တောင်ကျချောင်းရေနဲ့အတူ မျောပါသွားသွားတဲ့ ကားကို သေဆုံးနေတဲ့ ယာဉ်မောင်းနဲ့အတူ ဒီကနေ့ အောက်တိုဘာ ၂ ရက်၊ မနက် အစောပိုင်းမှာ ပြန်လည် တွေ့ရှိခဲ့ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း ဦးစီးမှူးရုံး) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ အဲဒီဖြစ်စဉ်ဟာ ကျောက်ဆည်မြို့နယ်၊ ဘိလပ်မြေစက်ရုံအနီးမှာ မနေ့ အောက်တိုဘာ ၁ ရက်၊ ည ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး တောင်ကျရေအရှိန်ကြောင့် probox အမျိုးအစားယဉ်တစီးနဲ့ ယာဉ်မောင်း အမျိုးသားတယောက် မျောပါသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ဘိလပ်မြေစက်ရုံ အနီးတဝိုက်မှာပဲ ကားကို မနက် ၈ နာရီဝန်းကျင်လောက်မှာ ပြန်တွေ့ခဲ့တာပါ။ ယာဉ်မောင်းကိုလည်း ကားပေါ်မှာပဲ သေဆုံးလျက် ပြန်တွေ့တယ်။ တွေ့တာကတော့ နယ်ခံတယောက်က ပြန်တွေ့တာပါ။…
Read Moreမြောက်ကိုရီးယားဘက်ကို ဘတ်စ်ကားခိုးပြီး ဝင်ရောက်ဖို့ကြိုးစားတဲ့အမျိုးသား ဖမ်းဆီးခံရ
ဆိုးလ်၊ အောက်တိုဘာ-၂-၂၀၂၄ရတီ(VOM)တောင်ကိုရီးယား ဘက်ပြောင်းခိုလှုံလာတဲ့ အမျိုးသားတယောက်ဟာ ဘတ်စ်ကားတစီးကို ခိုးယူပြီး မြောက်ကိုရီးယားနိုင်ငံထဲကို ပြန်ဝင်ဖို့ကြိုးစားခဲ့တာကြောင့် တောင်ကိုရီးယား ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။အဲဒီမြောက်ကိုရီးယားအမျိုးသားကို ကိုရီးယားနှစ်နိုင်ငံပိုင်းခြားထားတဲ့ ပေါင်းစည်းရေး တံတားပေါ်မှာ ဘတ်စ်ကားနဲ့ ထွက်ပြေးခဲ့တာဖြစ်ပြီး ကားဟာ အရံအတားတွေနဲ့တိုက်မိပြီး တိမ်းမှောက်ခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်က ကိုရီးယားနိုင်ငံ နှစ်ခြမ်းကွဲသွားပြီးနောက် တောင်ကိုရီးယားဘက်ကို လူပေါင်း ၃၄၀၀၀ ကျော်ဘက်ပြောင်းခှိုလှုံလာခဲ့ပေမယ့် မြောက်ကိုရီးယားဘက်ကို ပြန်လိုသူကတော့ ခပ်ရှားရှားဖြစ်ပါတယ်။လက်ရှိ ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၃၀ အရွယ် အမျိုးသားဟာ ပြီးခဲ့တဲ့ ၁၀ နှစ်ခန့်က မြောက်ကိုရီးယားကနေ ထွက်ပြေးလာခဲ့သူဖြစ်ပြီး တောင်ကိုရီးယားမှာ အခက်အခဲတွေရှိနေလို့ မြောက်ကိုရီးယား ပြန်လိုတာလို့ ရဲတပ်ဖွဲ့က စစ်ဆေးရာမှာ သူကပြောပါတယ်။ မပေးဆောင်ရသေးတဲ့ ဒဏ်ကြေးတွေလည်း များနေတယ်လို့ ဆိုပါတယ်။သူဟာ နိုင်ငံမြောက်ပိုင်း ပါဂျူမြို့ ကားဂိုထောင်ကနေ ဘတ်စ်ကားတစီး ခိုးယူပြီး ဖြတ်သန်းဖို့ကြိုးစားခဲ့ရာ နာရီဝက်အတွင်း ဖမ်းဆီးခံခဲ့ရဖြစ်ပြီး ဖမ်းမိချိန်မှာ…
Read Moreအဲယားကွန်းပါ ဒီဇယ်လျှပ်စစ်ရထားနဲ့ ရန်ကုန်-ပဲခူး နေ့စဉ်ပြေးဆွဲမယ်
အောက်တိုဘာ ၂-၂၀၂၄ GG (VOM) ရန်ကုန် ကနေပဲခူး ရထား ခရီးစဥ်ကို စပိန်နိုင်ငံကနေဝယ်ယူထားတဲ့ အဲယားကွန်းပါ Diesel Electric Multiple Units(DEMU) ခေတ်မှီ ဒီဇယ်လျှပ်စစ်ရထားတွဲဆိုင်းအသစ်တွေ နဲ့ ဒီနေ့အောက်တိုဘာလ ၂ ရက်မှာ စတင်ပြေးဆွဲနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားကသိရပါတယ်။ အဆိုပါ DEMU ရထားက ရန်ကုန်ကနေပဲခူးကိုပြေးဆွဲစဥ် ခရီးစဥ်တလျှောက်က ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူ ဘူတာတွေမှာရပ်တန့်ပေးမှာဖြစ်ပြီး ခရီးစဥ်အစအဆုံးကို၂၅၀၀ ကျပ်ကျသင့်ကာ ခရီးတဝက်ကိုတော့၁၃၀၀ ကျပ်ကျသင့်မှာဖြစ်တယ်လို့သိရပါတယ်။ ” ထုံးကြီး၊ကျောက်တန်း၊တာဝ၊ဘုရားသုံးဆူဘူတာတွေဆိုရင် ၂၅၀၀ ကျမယ်။ကျန်တဲ့ဘူတာတွေက ခရီးတဝက်သတ်မှတ်တယ်။ဒီနေ့စပြေးဆွဲနေပါပြီ။အဲယားကွန်းရထားဖြစ်လို့ ရထားစီးတဲ့သူတွေအနေနဲ့လည်း စည်းကမ်းတကျလိုက်ပါစီးနင်းဖို့လိုပါတယ်။ပဲခူးကနေမနက်ထွက်ပါတယ်။” လို့ ပဲခူးဘူတာကြီးမှ တာဝန်ရှိသူတယောက်ကပြောပါတယ်။ DEMU ရထားတွဲဆိုင်းသစ်မှာ မတ်တပ်ရပ်စီးသူနဲ့ထိုင်ခုံစီးနင်းနိုင်မှုအနေနဲ့ လူပေါင်း ၈၃၂ ယောက်လိုက်ပါစီးနင်းနိုင်ပြီး…
Read Moreဆော့လော် ဗျူဟာ စခန်းကို KIA နဲ့ ပူပေါင်း တပ်ဖွဲ့သိမ်းပိုက်တဲ့သတင်းထွက်ပေါ်နေ
အောက်တိုဘာ ၂၊ ၂၀၂၄ Sh2(VOM) ကချင်ပြည်နယ် ချီဖွေခရိုင်၊ ဆော့လော်မြို့ရှိ နစက ဗျူဟာ စခန်းကို အောက်တိုဘာလ ၂ ရက်နေ့ မနက်ပိုင်းက KIA နဲ့ ပူပေါင်း တပ်ဖွဲ့သိမ်းပိုက် လိုက်ေကြာင်း ဒေသခံတွေဆီက သိရပါတယ်။ “ဆော့လော် ဗျူဟာကို ဒီမနက် ၇ နာရီ ၂၀ လောက်က KIA နဲ့ ပူးပါင်း အဖွဲ့တွေ သိမ်းလိုက်တယ်လို့သိရတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ဆော့လော် ဗျူဟာ စခန်း သိမ်းလိုက်တယ်လို့ သိရပြီးနောက် နေ့ခင်းပိုင်းကစ နစက ဘက်က လေကြောင်း နဲ့ ဗုံးကြဲ တိုက်ခိုက် နေတယ်လို့ သူက ပြောပါတယ်။ “ဆော့လော်ကို ဒီနေ့ မနက်ပိုင်းက အပြီးသတ် သိမ်းလိုက်တာလို့ ပြောတယ်။ KIA တပ်မဟာ…
Read More