သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးမှုနဲ့ထောင်ငါးနှစ်ချလိုက်ပြီ ရန်ကုန် နိုဝင်ဘာ-၂၇-၂၀၁၈ လင်းလက်အောင်(VOM) ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်တရားရုံး မြို့နယ်တရားသူကြီး တရားခွင်ကနေ မူးယစ်ဆေးဝါးမှုနဲ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာထောင်ငါးနှစ်ချမှတ်လိုက်ပါတယ်။ မိုးအောင်ရင်ကိုစစ်​​ဆေးရာမှာ စစ်ဆေး​ပေါ်​ပေါက်​ချက်​အရ ပြစ်​မှုကျူးလွန်​​တယ်ဆိုတာ ထင်ရှားလို့ မြို့နယ်တရားသူကြီးက မိုးအောင်ရင်​ကို မူးယစ်​​ဆေးဝါးနှင့်​စိတ်​ကို​ပြောင်းလဲ​စေသော​ဆေးဝါးများဆိုင်​ရာဥပ​ဒေပုဒ်​မ-၁၅ အရ ထောင်​ဒဏ်​(၃)နှစ်​၊ မူးယစ်​​ဆေးဝါးနှင့်​စိတ်​ကို​ပြောင်းလဲ​စေ​သော​ဆေးဝါးများဆိုင်​ရာဥပ​ဒေပုဒ်​မ-၁၆(ဂ) အရ ​ထောင်​ဒဏ်​(၅)နှစ်​ အဲဒီပြစ်​ဒဏ်​နှစ်​ရပ်​ကို တစ်​​ပေါင်းတည်းကျခံ​စေရန်​ အမိန့်​ချ မှတ်ခဲ့ပါတယ်။ မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ် အမှတ်(၂)ရပ်ကွက် နေကြာ/သာယာကုန်းလမ်းမှာရှိတဲ့ ခြောက်လွှာတိုက်ခန်းတစ်ခုပေါ်မှာ သူလွယ်ထားတဲ့အိတ်ထဲကနေ မူးယစ်ဆေးဝါးတွေနဲ့အတူ ပုဇွန်တောင်မြို့မရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေရယ် တာမွေမြို့မရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေရယ်က ပူးပေါင်းပြီး ဖမ်းဆီးရမိခဲ့တာပါ။ အဲဒီမတိုင်ခင် ၂၀၁၆ ခုနှစ် သြဂုတ် ၂၉ ရက် မနက် ၃ နာရီလောက်မှာ တာမွေမြို့မရဲစခန်းကတပ်ဖွဲ့ဝင်တွေက တာမွေမြို့နယ် တာမွေလေးရပ်ကွက် မင်းရဲကျော်စွာအိမ်ရာမှာ အိမ်ငှားနေတဲ့ မိုးအောင်ရင် အိမ်ကိုဝင်ရောက်ရှာဖွေခဲ့ကြတယ်လို့သိရပါတယ်။ ဒီလိုဝင်ရှာတော့ မိုးအောင်ရင်ကိုမတွေ့ရပေမဲ့…

Read More

မူလွန်ကျောင်းအုပ်ဆရာမတဦးနဲ့အတူ စိတ်ကြွဆေးပြား သိန်း ၂၀၀ ကျော်ဖိုးဖမ်းမိ

နိုဝင်ဘာ ၂၇ -၂၀၁၈ ဗျဂ္ဃ (Voice Of Myanmar) စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်မှာ  မူလွန်ကျောင်းအုပ်၁ဦးထံကနေ 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၉၈ ပြားစီပါ အထုပ် ၂၇ ထုပ် စုစုပေါင်း ၅၃၄၆ ပြား၊ ကာလပေါက်ဈေး ကျပ်သိန်းပေါင်း ၂၆၇ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့အတူ ကျောင်းအုပ်ဆရာမ ဒေါ်နုနုလွင်နှင့် မူးယစ်ဆေးဝါး လာရောက်ပို့ဆောင်သူ ဒေါ်နာဘို တို့ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အခုဖမ်းဆီးရမိမှုက မုံရွာမြို့မရဲစခန်း မူးယစ်ပုဒ်မ ၁၇/၂၀၁၈အမှုက ကွင်းဆက်ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့သတင်းတွေအရသိရပါတယ်။ ကျောင်းအုပ်ဆရာမက ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်ကနေ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာ၊ မူလွန်ကျောင်းမှာ ကျောင်းအုပ်အဖြစ် ၂၀၁၄ ခုနှစ်က အပြောင်းကျခဲ့ပြီး ဒေါ်နာဘိုကတော့ ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်၊ မိုင်းကောင်းကျေးရွာနေသူဖြစ်ကာ မူးယစ်ဆေးဝါး အရောင်းအဝယ်အတွက် ချိန်းဆိုတာကနေ မူးယစ်တပ်ဖွဲ့၊…

Read More

ပြင်သစ်ဖွံ့ဖြိုးရေး အေဂျင်စီဆီက ချေးယူမယ့် ယူရိုသန်း(၇၀)ကိစ္စ ပြည်ထောင်စုလွှတ်တော် ဆိုင်ငံ့ထားဖို့ ဆုံးဖြတ်

နေပြည်တော်၊နိုဝင်ဘာ ၂၆-၂၀၁၈ ဒီပ -နေပြည်တော် (VOM) နိုဝင်ဘာ(၁၉)ရက်က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်(၉)ဦးက ရန်ကုန်တိုင်းဒေသကြီးအတွက် ပြင်သစ်နိုင်ငံ ဖွံ့ဖြိုးရေးအေဂျင်စီထံက ယူရိုသန်း(၇၀)ချေးမည့်ကိစ္စ ဝေဖန်ထောက်ပြ ဆွေးနွေးခဲ့ကြပြီးနောက် ဒီကနေ့ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်နာယကမှ ခေတ္တဆိုင်းငံ့ထားလိုက်ပါတယ်။ “လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ အထက်ပါ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံမှ ချေးငွေယူရို သန်း(၇၀)ရယူရန် ကိစ္စနှင့်စပ်လျဉ်းပြီး မိမိတို့ လွှတ်တော်အပိုင်းအနေနဲ့ ထပ်မံစိစစ်လေ့လာဖို့ လိုမယ်လို့ သုံးသပ်ရရှိပါတယ် ဒါကြောင့် လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူခြင်းအစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် နာယကမှ လွှတ်တော်သို့ ပြောကြားခဲ့သည်။ “ ကားလမ်းရယ် ရထားလမ်းရယ် ရေကြောင်းလမ်းရယ်ပေါ့ အဲ့ဒါကိုလုပ်ဖို့ ကြိုးစားနေတာ လုပ်တဲ့အခါမှာလည်း မြန်မာငွေနဲ့ လုပ်လို့ရတဲ့ဟာပဲ ဒီကိစ္စကို ကြွေးမြီတင်ခံမယ်ဆိုလို့ရှိရင် ဦးတို့နိုင်ငံက အကြွေးလည်းပိနေတယ် အတိုးလည်းပေးနေရတဲ့ အခြေနေမှာရှိနေပြီး ကိုယ့်ပိုက်ဆံကိုယ်…

Read More

ခန္ဓာကိုယ် အရမ်းပြောင်းလဲချင်နေတဲ့ ရွှေသမီး

ရန်ကုန် နိုဝင်ဘာ ၂၆ – ၂၀၁၈ သင်းသဒ္ဒါ အနုပညာပျိုးခင်း ၂ ရဲ့ စင်တင်မင်းသမီးလေး ရွှေသမီးကတော့ “ကိုယ်ရဲ့ ခန္ဓာကိုယ်ကို အရမ်း ပြောင်းလဲ ချင်ပါတယ်။ ကိုယ့်က ကျစ်ကျစ်လစ်လစ်လေးနဲ့ ခန္ဓာကိုယ်ပြောင်းလဲဖို့ကိုလည်း စဉ်းစားမိပါ တယ်။ ဒါပေမဲ့ ပြောင်းလဲလို့က မရပါဘူး “လို့ ဆိုပါတယ်။ ခန္ဓာကိုယ်ပြောင်းချင်တာနဲ့ ပတ်သက်ပြီးတော့ ” ဘာလိုပြောရမလဲ ခန္ဓာကိုယ့်က ငယ်ငယ်က လေး ကတည်း ကမဖွံဖြိုးဘူး။ အဲတော့ ကြီးလာတော့လည်း အခုအခြေအနေမှာ ကိုယ်ခန္ဓာဖွံဖြိုးလာဖို့က လမ်းစ မမြင်ပါဘူး။ အသက်က ၂၅နှစ်ပြည့်လာတော့မယ် ။ ခန္ဓာကိုယ်ဖွံဖြိုးဖို့ လမ်းစကတော့ မရှိပါဘူး။ ဒါကြောင့်လည် လက်ရှိမှာ ကြိုးစားတော့ ကြိုးစားနေပါတယ်။ ခန္ဓာကိုယ် ကျစ်ကျစ်လစ်လစ်လေးနဲ့ မိန်းကလေးဆိုတာ သူနေရာနှင့်သူ တင်ဆိုလည်းတင် ရင်ဆိုလည်းရင် ရှိစေချင်ပါတယ်။ လေ့ကျင့်ခန်းကို အ…

Read More

ယူကရိန်းစစ်သင်္ဘော သုံးစင်းကို ရုရှားရေတပ် ဖမ်းဆီးထား၊ ကုလလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူမည်

  ကိယက်ဗ်၊ နိုဝင်ဘာ-၂၆-၂၀၁၈ မျိုးဆက် (VOM) ရုရှားက သိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားဒေသအနီးရှိ ရေလက်ကြားကို ဖြတ်သန်းလာတဲ့ ယူကရိန်းရေတပ်သင်္ဘော သုံးစင်းကို နိုဝင်ဘာ ၂၅ ရက်က ရုရှားရေတပ်က ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။ ကရိုင်းမီးယားကျွန်းဆွယ်အနီးမှာရှိတဲ့ အဆိုပါ ရေလက်ကြားဟာ ရုရှးနဲ့ ယူကရိန်းနှစ်နိုင်ငံ အတွက် အေဇော့ဗ်ပင်လယ်ကို သွားရာထွက်ပေါက်လည်းဖြစ်ပြီး ယခုဖြစ်စဉ်ကြောင့် နှစ်နိုင်ငံတင်းမာမှုတွေ မြင့်တက်နေပါတယ်။ ယူကရိန်းနိုင်ငံ ကိယက်ဗ်မှာရှိတဲ့  ရုရှားသံရုံးပြင်ပမှာလည်း ဆန္ဒပြတာတွေ ဖြစ်ပေါ်နေပြီး ရုရှားနှင့် ယူကရိန်းတို့အကြား ယခုကဲ့သို့ တင်းမာမှုတွေဖြစ်ပေါ်လာတာနဲ့  ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အရေးပေါ်အစည်းအဝေး တစ်ရပ်ကို ပြုလုပ်ဖို့ရှိနေပါတယ်။ ဒီဖြစ်စဉ်ကြောင့်  ယူကရိန်းရဲ့  အနောက်မဟာမိတ်များအကြားမှာ သတိပေးတပ်လှန့်သကဲ့ဖြစ်စေပြီး ရုရှားနဲ့ စစ်ရေးတင်းမာမှုတွေမြင့်တက်လာမှာကို စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ ကရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်မှာ ရုရှားတို့က တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။ ကရိုင်းမီးယားကျွန်းဆွယ်အနီးက ကာ့ခ်ျရေလက်ကြားမှာ ယူကရိန်းစစ်သင်္ဘောတွေကို ပစ်ခတ်ခြင်းများအပါအ၀င်…

Read More

”မိန်းကလေးချင်းချစ်တာနဲ့ ပတ်သက်ပြီး အချစ်ကို အချစ်လို့ဘဲမြင်တယ်ဆိုတဲ့ ထက်ထက်ထွန်း”

ရန်ကုန် နိုဝင်ဘာ ၂၆-၂၀၁၈ သင်းသဒ္ဒါ အလှမယ်လောကနေတဆင့် သရုပ်ဆောင်လောကထဲကို ရောက်ရှိလာတဲ့ Miss ထက်ထက်ထွန်းကတော့ ” မိန်းကလေးချင်းချစ်တာနဲ့ ပတ်သက်ပြီး အချစ်ကို အချစ်လို့ဘဲမြင်တယ်”လို့ ဆိုပါတယ်။ မိန်းကလေးချင်းလိင်တူချစ်တဲ့ အချစ်နဲ့ပါတ်သက်ပြီး ”  ထက်က ယောက်င်္ကျားလေးလည်းချစ်တယ်၊မိန်းခလေးလည်းချစ်တယ်၊တဏှာစိတ်နဲ့ချစ်တာမဟုတ်ဘူး။ သူငယ်ချင်းမိတ်ဆွေမှာလည်း ချစ်ခြင်းဆိုတာရှိတာဘဲ။ ထက်က တိရိစ္ဆာန်လေးတွေကိုလည်းချစ်တယ်။ ချစ်တတ်တယ်လို့လည်းပြောလို့ရတာပေါ့။အဓိကထက်တဏှာစိတ်မျိုးနဲ့ချစ်တာမဟုတ်ဘူး” လို့ဆိုပါတယ်။ ထက်ထက်ထွန်းက လက်ရှိမှာတော့  နိုဝင်ဘာ (၁၄) ရက်နေ့ကတော့ ဒါရိုက်တာ သားညီ ရိုက်ကူးနေတဲ့ “အကြင်နာ မြစ်ဖျား” ဇာတ်လမ်းတွဲကို သရုပ်ဆောင်တွေဖြစ်တဲ့ မိုးယံဇွန်၊ ဝေလျှံ၊ခင်ဝင့်ဝါ တို့နဲ့အတူသန်လျင်မှာ ရိုက်ကူးခဲ့ပါတယ်။ “မိန်းကလေးချစ်သူဆိုတာက ချစ်သူချစ်သူလို့ခေါ်ရတဲ့ ချစ်စရာကောင်းတဲ့မိန်းကလေးတွေကိုပြောတာပါ၊ ဒါပေမဲ့အဲဒါကိုဘယ်လောက်ထိ နယ်ကျွံပြီးတော့တဆုံးတွေးပြီးတော့ ဘာတွေပုံဖော်လိုက်လို့လဲမသိဘူး ထက်ထက်ထွန်းသည်အရမ်းရွံစရာကောင်းတဲ့မိန်းမကြီးတစ်ယောက်တောင်ဖြစ်သွားတယ်ပေါ့နော်” လို့ဆိုပါတယ်။ photo- ထက်ထက်ထွန်း facebook #voiceofmyanmar #ထက်ထက်ထွန်း  

Read More

ကောလင်းမြို့နယ်က တရားဝင်ကျွဲနွားရောင်းဝယ်မှု အခွန်ငွေ ကျပ်သိန်း ၄၅၀၀ ကျော်ရရှိ

ကောလင်း နိုဝင်ဘာ ၂၆-၂၀၁၈ ဗျဂ္ဃ (Voice of Myanmar) ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စည်ပင်သာယာရေးကနေ ခွင့်ပြုထားတဲ့ တရားဝင် ကျွဲနွားပွဲဈေးတွေကနေ အခွန်ငွေကျပ်သန်းပေါင်း ၁၁၀၀ ကျော်ရရှိခဲ့ပါတယ်။ တိုင်းစည်ပင်သာယာကနေ တိုင်းအတွင်းမြို့နယ် ၂၅ မြို့နယ်မှာ ကျွဲနွားပွဲဈေးတွေဖွင့်ထားပြီး လေလံစနစ်နဲ့ လုပ်ကိုင်ခွင့်ပြုထားတာပါ။ အဲဒီ ၂၅ မြို့နယ်ကနေ ရရှိတဲ့ အခွန်ငွေ ကျပ်သန်းပေါင်း ၁၁၆၇.၇၂ သန်းမှာ ကောလင်းမြို့နယ်တစ်မြို့နယ်ထဲက ကျပ်သိန်းပေါင်း ၄၅၀၀ ကျော်ရရှိခဲ့ပြီး အများဆုံးဖြစ်ကာ ဆားလင်းကြီးမြို့နယ်ကတော့ ၁သန်းကျော်နဲ့ အနည်းဆုံးဖြစ်ပါတယ်။ ကျွဲနွားပွဲဈေးတွေကို တရားမဝင်ရောင်းဝယ်တာတွေ ပပျောက်ရေး၊ အခွန်ငွေရရှိစေရေးကို ရည်ရွယ်ပြီး လုပ်ဆောင်နေတာပါ။ “စည်ပင်သာယာရေး ဥပဒေမှာလည်း အဆက်ဆက် ကျွဲနွားပွဲဈေး တည်းထောင်ပြီးတော့မှ ကောက်ရမယ်ဆိုတဲ့ ဥပဒေ၊ နည်းဥပဒေတွေမှာ ပြဌာန်းပြီးသားဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အတွက် အခွန်လည်းရသလို တရားမဝင် မှောင်ခိုရောင်းနေတာကိုလည်း ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။”လို့…

Read More

ရန်ကုန်တိုင်းဖွံ့ဖြိုးရေးအတွက် ပြင်သစ်ဆီကချေးမယ့်အစီအစဉ် ပြည်ထောင်စုလွှတ်တော်ဆိုင်းငံ့

နေပြည်တော် နိုဝင်ဘာ ၂၆-၂၀၁၈ မြတ်မင်းခန့် (VOM) ရန်ကုန်တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင် စီကနေ ယူရိုသန်း ၇၀ ချေးယူမယ့်ကိစ္စကို အဆုံးအဖြတ်ပေးဖို့အတွက် ပြည်ထောင်စုလွှတ်တော်က ရွှေ့ဆိုင်းထားမယ့်အကြောင်း  ပြည်ထောင်စုလွှတ်တော်နာယက ဆုံးဖြတ်လိုက်ပါတယ်။ အခုချေးငွေရယူနိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်အတွင်းဆွေးနွေးစဉ်ကတည်းက လွှတ်တော်ကိုယ်စား လှယ်အချို့ကကန့်ကွက်မှု တွေရှိခဲ့ပီး ဒီကနေ့အဆုံးအဖြတ်ပေးရမယ့်အချိန်မှာ ပြည်ထောင်စုလွှတ်တော်နာယက က ပြန်လည်စိစစ်ဖို့အတွက်ဆုံးဖြတ်ပေးခဲ့တာပဲဖြစ်ပါတယ်။ #voiceofmyanmar #ရန်ကုန်ချေးငွေ

Read More

အင်းတော်မြို့နယ်က ရှေးဟောင်းသေတ္တာကြီးကို အမျိုးသားပြတိုက်အပ်တော့မယ်

အင်းတော် နိုဝင်ဘာ ၂၅ -၂၀၁၈ နိုင်ကြီး(ကသာ) စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ပင်ဝဲကျေးရွာအုပ်စု ဖားပန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်မှာ ရှိနေတဲ့ ရှေးဟောင်းသေတ္တာကြီး တစ်လုံးကို မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန သို့ အပ်နှံရန် စီစဉ်လျှက်ရှိကြောင်း သိရပါတယ် ။ “လွန်ခဲ့တဲ့ (၂)နှစ်က ဦးစိုင်းခင်မောင်က ကျောင်းမှာ လာရောက် လှူဒါန်းခဲ့တာ  ဖြစ်ပါတယ် ။  ဦးစိုင်းခင်မောင် က ယခု အသက်(၈၃)နှစ် ရှိပါပြီ ။ ဒီ သေတ္တာကြီးက သူ့ဖခင်လက်ထက်က ကျန်ရစ်ခဲ့တဲ့  ရှေးဟောင်းပစ္စည်းဖြစ်တာမို့  ဘုန်းကြီးရဲ့ ကျောင်းကို လာရောက်လှူဒါန်းထားတာ ဖြစ်ပါတယ် ´´ ဟု ဖားပန်ကျောင်းတိုက် ဆရာတော် ဦးဇနိန္ဒ က မိန့်ပါတယ်။   အဲဒီ ရှေးဟောင်းလက်ရာတွေပါတဲ့ သေတ္တာကြီးဟာ အလျား သုံးဆယ့်တစ်လက်မ ၊…

Read More

ဗြိတိန်နိုင်ငံမှာ  အိမ်ရာမဲ့ဦးရေ စံချိန်တင်မြင့်တက်နေ

လန်ဒန်၊ နိုဝင်ဘာ-၂၅-၂၀၁၈ မျိုးဆက် (VOM) ဗြိတိန်နိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း အိမ်ရာမဲ့ဦးရေ သုံးသိန်း၂သောင်း ကျော်ရှိပြီး ယင်းပမာဏဟာ  စံချိန်တင်အရေအတွက်ဖြစ်တယ်လို့ အိမ်ရာဆိုင်ရာ ပရဟိတအဖွဲ့အစည်းတစ်ခုရဲ့ လေ့လာမှုစစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဗြိတိန်အစိုးရအနေနဲ့ အဆိုပါအကြပ်အတည်းကိုကိုင်တွယ်ဖြေရှင်းဖို့ ကတိပြုထားပေမယ့်လည်း အိမ်ရာမဲ့ပမာဏမှာ နှစ်စဉ် ၁၃၀၀၀ အထိတိုးမြင့်လာပြီး နိုင်ငံသား ၂၀၀ တွင် တစ်ဦးမှာ အိမ်ရာမဲ့ဖြစ်တယ်လို့ ခန့်မှန်သုံးသပ်ထားပါတယ်။ အိမ်ရာမဲ့ဦးရေမှာ မြင့်တက်လျှက်ရှိပြီး တစ်နှစ်ကို လူဦးရေတစ်ထောင်ကျော်နှုန်း ပိုများလာတယ်လို့ အဆိုပါစစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒီလိုပြသနာဖြစ်ပေါ်နေတာဟာ အိမ်ငှားရမ်းခမတတ်နိုင်တာတွေ၊ အိမ်ယာဆိုင်ရာ အကျိုးဖြစ်ထွန်းမှု ရပ်တန့်နေတာတွေနဲ့ အိမ်ယာရှားပါးတာတွေ စတဲ့ ပြသနာတွေကြောင့် ဖြစ်တယ်လို့ အဆိုပါအဖွဲ့က ထောက်ပြပြောဆိုပါတယ်။ ဒီလို အိမ်ရာမဲ့ ပြသနာဟာ အင်္ဂလန်အနောက်မြောက်ပိုင်း ၊ မစ်လန်းစ်၊ ယော့ရှိုင်းယားနဲ့ ဟမ်းဘားတို့မှာ အလျှင်အမြန်မြင့်တက်လာနေတယ်လို့ လေ့လာမှုစစ်တမ်းတွင် ဖော်ပြထားပါတယ်။ Ref: Metro…

Read More
VOM News

FREE
VIEW