ရန်ကုန် ဇန်နဝါရီ ၃၁-၂၀၁၉ လမင်း (VOM) ကမ္ဘာ့ နိုင်ငံအများစုတွင် ကျင်းပပြုလုပ်တဲ့ တရုတ်ရုတ်လူမျိုးတို့ရဲ့ နှစ်သစ်ကူးပွဲတော်တစ်ခုကို လာမယ့်ဖေဖော်ဝါရီလ ၅ ရက်နေ့ တစ်ရက်တည်းသာ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း ပွဲတော်စီစဉ်တဲ့ အဖွဲ့တာဝန်ခံကပြောပါတယ်။ ” ၅ ရက်နေ့တစ်ရက်တည်းလုပ်မှာ ၊ စတုဒီသာကျွေးပွဲတွေ ဖျော်ဖြေရေးပွဲတွေပါမယ် မနက်စောစောမှာတော့ သံဃာအပါး ၁၅၀၀ ကိုဆွမ်းကပ်လှူဒါန်းကြမှာပါ ” လို့ ပွဲတော်စီစဉ်ရေးအဖွဲ့တာဝန်ခံ ဦးသက်ဝေက ပြောပါတယ်။ အဲဒီပွဲတော်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက် ၆ နာရီခွဲခန့််မှာ ရန်ကုန်တိုင်း ၊ လသာမြို့နယ် ၊ တရုတ်တန်းလမ်းမှာ ဖွင့်ပွဲအခမ်းအနားဖြင့် စတင်ဖွင့်လှစ်မှာပါ ။ သံဃာတော်အပါး ၁၅၀၀ ကျော်ကို ဆွမ်းကပ်လောင်းလှူသွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီစဉ်တွေ ၊ စတုဒီသာကျွေးပွဲတွေ ၊ ပရိုမိုးရှင်းဆိုင်ခန်းတွေ ၊ တရုတ်ရိုးရာပြဇာတ်တွေ…
Read MoreMonth: January 2019
ကမ္ဘာ့အကြီးဆုံးစည်တော်ကြီးထားဖို့အတွက် ညောင်ရမ်းခေတ်ပုံစံ အဆောက်အဦး စတင်ဆောက်လုပ်
စစ်ကိုင်း၊ ဇန်နဝါရီ ၃၁-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမူတော်စေတီကြီးမှာ ကမ္ဘာ့အကြီးဆုံးစည်တော်ကြီးထားဖို့အတွက် ညောင်ရမ်းခေတ်ပုံစံ အဆောက်အဦး စတင်ဆောက်လုပ်နေပါတယ်။ ကမ္ဘာ့အကြီးဆုံးစည်တော်ကြီး ထားဖို့အတွက် ညောင်ရမ်းခေတ်ပုံစံ အဆောက်အဦးကိုတော့ ကောင်းမှုတော်စေတီတော်ကြီးရင်ပြင်တော်အရှေ့တောင်ထောင့် ကြေးစည်းတော် ၊မောင်းတော် အနီးမှာ ယခုလ ၂၇ ရက်နေ့က စတင်ဆောက်လုပ်တယ်လို့ကောင်းမှုတော်စေတီ ဂေါပကအဖွဲ့ဒုတိယဥက္ကဌ ဦးနီတင်က ‘ဒီ စည်တော်ကြီးထားဖို့ မြန်မာမှု ဗိသုကာပညာရှင် တမ္ပဝတီဦးဝင်းမောင်က ညောင်ရမ်းခေတ်က စည်တော်တွေထားတဲ့ ပုံစံ အဆောက်အဦး ဒီဇိုင်းဆွဲပေးတယ်။ အပေါ်က ဘုံပြဿဒ်ငါးဆောင်နဲ့ အောက်က လှေကားနဲ့နှစ်ဆင့်တက်ပေါ့၊ နှစ်ဆင့်တက်အပေါ်မှာ စည်တော်ကြီးထားမယ့်နေရာရှိမယ်။ အဲအပေါ်မှာ ဘုံပြဿဒ် ငါးဆောင်တင်ပြီး ညောင်ရမ်းခေတ်ပုံစံအတိုင်း တည်ထားမှာ ဖြစ်တယ်’ လို့ ပြောပါတယ်။ ညောင်ရမ်းခေတ်ပုံစံ အဆောက်အဦးကို တပေါင်းလပြည့် မတိုင်မီ အပြီးဆောက်လုပ်သွားမှာဖြစ်ပြီး ကုန်ကျငွေ အနေနဲ့ ကျပ်သိန်း ၅၀၀ ခန့် ကုန်ကျမှာပါ။ အဆောက်အဦးရဲ့…
Read Moreအလုပ်ထုတ်ခံရတဲ့ မန္တလေးတောင်ဂေါက်ကွင်း ကယ်ရီအလုပ်သမားများ မြို့တော်ဝန်နဲ့လာတွေ့
မန္တလေး၊ ဇန်နဝါရီ ၃၁-၂၀၁၉ ဟိန်းကို(VOM) မန္တလေးတောင်ဂေါက်ကွင်းက အလုပ်ထုတ်ခံရတဲ့ ကယ်ရီအလုပ်သမား(၆၉)ဦးဟာ သူတို့ လုပ်အားခထဲကနေ ကုမ္ပဏီက အဓမ္မဖြတ်တောက်တဲ့အတွက် မြို့တော်ဝန်ကိုလာရောက်တွေ့ဆုံ တိုင်ကြားခဲ့ပါတယ်။ အဓမ္မဖြတ်တောက်ကောက်ခံခဲ့တဲ့ငွေဟာ (၉)နှစ် (၃)လ (၁၂)ရက်အထိ ငွေကျပ် သိန်းသုံးရာကိုးဆယ့်ကိုးသိန်းသုံးသောင်း ဖြစ်ပြီး အဲဒီငွေတွေပြန်ရဖို့ ဒီကနေ့မနက်ပိုင်းမှာ အလုပ်သမားခေါင်းဆောင် (၈)ဦးဟာ မြို့တော်ဝန်နဲ့လာပြီးတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ #voiceofmyanmar#မန္တလေး#ဂေါက်ကွင်းအလုပ်သမားများမြို့တော်ဝန်နဲ့လာတွေ့#
Read Moreပိုးထည်နဲ့ အော်ဂန်းနစ်ချည်ထည် ကဏ္ဍအတွက် ဒေါ်လာ ၁.၄ မီလီယံ ရင်းနှီးမြှုပ်နှံမယ်
ရန်ကုန် ဇန်န၀ါရီ ၃၁-၂၀၁၉ TGH (VOM) မြန်မာနိုင်ငံရဲ့ ပိုးထည်နဲ့ အော်ဂန်းနစ်ချည်ထည် ထုပ်လုပ်တဲ့ကဏ္ဍအတွက် ယူကေအစိုးရကနေ ကန်ဒေါ်လာ ၁.၄ မီလီယံကို ၂၀၂၀ မှာ စတင်ရင်းနှီးမြုပ်နှံမှုပြုလုပ်သွားမှာဖြစ်တယ်လို့ ယူကေနိုင်ငံတကာဖွံ့ဖြိုးရေးဌာန DFID ရဲ့ အကြီးအကဲ ဖြစ်သူ Dr Gail Marzetti က ပြောပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို ယူကေ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန DFID ရဲ့ လုပ်ငန်းအစီအစဉ်တစ်ခုဖြစ်တဲ့ DaNa Facility နဲ့ Pragma Ventures Myanmar၊ Pure Sense Organics Ltd တို့ကပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Pragma Ventures စီမံကိန်းဟာဆိုရင် ချင်းပြည်နယ်ရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကအစ ပိုးထည်ထုတ်လုပ် မှုအပိုင်း အချောသတ်အထိ ဒီဇိုင်းပိုင်း ၊ ကုန်အမှတ်တံဆိပ် ဖော်ဆောင်မှုအပိုင်း ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်မယ့် စီမံကိန်းဖြစ်ပါတယ်။ဒါ့အပြင်…
Read Moreရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက မဖြစ်မနေလက်ခံသွားရမယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဆို
ဒါကာ၊ ဇန်န၀ါရီ-၃၁ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ(မူရင်းသတင်းအသုံး)တွေ ပြန်ပို့ရေးမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဖိအားပေးဖို့အတွက် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက ထပ်မံတိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေကို မဖြစ်မနေ ပြန်လည်လက်ခံသွားရမှာဖြစ်ကြောင်းနဲ့ ရိုဟင်ဂျာတွေပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ကူညီသင့်တယ်လို့ ၎င်းကပြောပါတယ်။ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ငုယင်ကွာဒေါင်နဲ့ ရှိတ်ဟာစီနာတို့ ၀န်ကြီးချုပ်နေအိမ်မှာ ဇန်န၀ါရီ ၃၀ ရက်က တွေ့ဆုံရာမှာ ဒီလိုမှတ်ချက်ပြုပြောဆိုလိုက်တာဖြစ်ပါတယ်။ ရိုဟင်ဂျာတွေပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပေမယ့် ပြန်လည်လက်ခံရေးအစ်ီအစဉ်ကတော့ ရိုဟင်ဂျာတွေက ပြန်လိုတဲ့ ဆန္ဒမရှိတာကြောင့် နှောင့်နှေးနေပါတယ်။ လက်ရှိ ကော့ဘဇားမှာနေထိုင်နေတဲ့ ရိုဟင်ဂျာတွေကို ဘာရှန်ချာသို့ ယာယီရွှေ့ပြောင်းသွားမယ်လို့လည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာဆီနာက ဆိုပါတယ်။ ဒုက္ခသည်တွေနေထိုင်ဖို့ လူသားချင်းစာနာမှုဆိုင်ရာတွေမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ အားထုတ်မှုတွေကို ဗီယက်နမ်နိုင်ငံခြားရေးဒုဝန်ကြီးချီးကျူးပြောဆိုပြီး ဘင်္ဂလားဒေ့ရှ်အတွက် ကြီးမားတဲ့…
Read Moreစိတ်ကြွဆေးပြားလက်ဝယ်တွေ့လို့ တရားရင်ဆိုင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းဆရာမအမှု စွဲချက်တင်
ဂန့်ဂေါ ဇန်န၀ါရီ ၂၉-၂၀၁၉ မိုင်ချယ်ရီ (VOM) မကွေးတိုင်း ဂန့်ဂေါမြို့နယ် တရားရုံးမှာ စိတ်ကြွဆေးပြားတွေ့ရှိမှု နဲ့ တရားရင်ဆိုင်နေရတဲ့ စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာ ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်း ဆရာမ ဒေါ်သန်းသန်းမြင့်အမှုကို ဂန့်ဂေါမြို့နယ် တရားရုံးကနေ စွဲချက်တင်ဖို့အမိန့်ချလိုက်ပါတယ်။ ဇန်န၀ါရီ ၃၁ ရက်နေ့ ရုံးချိန်းမှာ အမိန့်ချမှတ်ခဲ့တဲ့အကြောင်း ဆရာမရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အထက်တန်းရှေ့နေ ဒေါ်ဗန်နီဒင်း က “တရာလိုပိုင်း စစ်ပြီးသမျှကို စွဲချက်တင်တဲ့ နေ့မှာ ကိုယ်က ဘယ်သူကို ခေါ်ချင်လဲ ဆိုတာကို တရားရုံးက ခေါ်ခွင့်ရှိတယ်။ကျွန်မတို့က ၁၀ ယောက် စစ်ထားတယ်။ စစ်ပြီးသားထဲက ဘယ်သူ့ကို ခေါ်ချင်လဲမေးတယ်။ အဲ့တာဆိုတော့ ပြန်စစ်ဖို့ ၃ယောက် တင်ပြထားတယ်” လို့ ပြောပါတယ်။ ဒေါ်သန်းသန်းမြင့် (၄၃) နှစ် ဟာဆိုရင် သူစီးနင်းလာတဲ့…
Read Moreကဗျာလွတ်အကကို ပွဲတိုင်းကျော်အောင် ဆောင်ရွက်မည်
မန္တလေး၊ ဇန်နဝါရီ ၃၀-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ နှစ်စဉ်ပြုလုပ်နေတဲ့ မြန်မာရိုးရာယဉ်ကျေးမှုပွဲတော် အခမ်းအနားများ ကျင်းပရာမှာ ထည့်သွင်းကပြနေတဲ့ အေရိုးဗစ်အက၊ ပန်းပွားအက ကပြတဲ့နေရာအစား မြန်မာရိုးရာ ကဗျာလွတ်အကကို အစားထိုးကပြနိုင်ဖို့အတွက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မန္တလေး ကံတက်ကုန်း(မစိုးရိမ်)ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အကျိုးတော်ဆောင်ဥက္ကဌ ဦးဝင်းလှိုင်ဦး က ပြောပါတယ်။ #voiceofmyanmar#မန္တလေး#ကဗျာလွတ်အကများပါဝင်ကပြနိုင်ရန်ဆောင်ရွက်မည်#
Read Moreနျူလက်နက်ကို မြောက်ကိုရီးယားက စွန့်ဖွယ်မရှိဘူးလို့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ဆို
ဝါရှင်တန်၊ ဇန်န၀ါရီ-၃၀-၂၀၁၉ မျိုးဆက် ( VOM) အမေရိကန်အစိုးရက မျှော်လင့်နေပေမယ့် မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့ နျူကလီယားလက်နက်ကို အပြည့်အ၀ စွန့်လွှတ်ဖွယ်မရှိဘူးလို့ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ရဲ့ အစီရင်ခံတစ်ရပ်မှာ ဖော်ပြထားပါတယ်။ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုအစီရင်ခံစာကို အမျိုးသား ထောက်လှမ်းရေးအကြီးအကဲ ဒန်ကုတ်နဲ့ အခြားထောက်လှမ်းရေး တာဝန်ရှိသူတွေက ဇန်န၀ါရီ ၂၉ ရက်မှာ လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်တစ်စိတ်တစ်ပိုင်း စွန့်လွှတ်ဖို့အတွက် အမေရိကန်အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ညှိနှို်င်းဆွေးနွေးဖို့ ကြိုးစားနေစဉ်အတွင်းမှာ ၎င်းရဲ့ အရန်လက်နက်နဲ့ ထုတ်လုပ်မှု စွမ်းအားတွေကို စွန့်လွှတ်ဖွယ်အနေအထားမရှိဘူးလို့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အမေရိကန်အနေနဲ့ ၎င်းပိုင်ဆိုင်ထားတဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေ မဖယ်ရှားသေးသရွေ့ မြောက်ကိုရီးယားကလည်း တစ်ဖက်သတ်နျူကလီးယား မစွန့်လွှတ်ဘူးလို့ မြောက်ကိုရီးယားက အခိုင်အမာပြောဆိုထားပါတယ်။ အီရန်ဟာ နျူကလီယားလက်နက်တွေထုတ်လုပ်နေခြင်းမရှိကြောင်း၊ သို့သော် တရုတ်နှင့် ရုရှားတို့ရဲ့ ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး…
Read Moreချင်းတွင်းမြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းအတွက် ငွေကျပ်သန်းပေါင်း ၆၃၀ သုံးစွဲမည်
မုံရွာ – ဇန်နဝါရီ ၃၀၊ ၂၀၁၉ ဗျဂ္ဃ (VOM) စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရေမြေဖြိုး) အနေနဲ့ ချင်းတွင်းမြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ထိန်းသိမ်းရေးလုပ်ငန်းတွေအတွက် ငွေကျပ်သန်းပေါင်း ၆၃၀ အကုန်အကျခံကာ သုံးစွဲသွားမယ်လို့ တိုင်း ရေမြေဖြိုးက သတင်းတွေအရ သိရပါတယ်။ ချင်းတွင်းမြစ်အတွင်း ရိုးလွှာရေလမ်းကောင်းမွန်ရေးလုပ်ငန်း၊ မော်လိုက် ရေလမ်းကောင်းမွန်ရေးလုပ်ငန်း၊ မင်းကင်းရေလမ်းကောင်းမွန်ရေးလုပ်ငန်း၊ အလုံရေလမ်းကောင်းမွန်ရေးလုပ်ငန်းနဲ့ ရွှေတချောင်းရေလမ်းကောင်းမွန်ရေးလုပ်ငန်းတွေအတွက် ငွေကျပ်သန်း ၆၃၀ သုံးမှာဖြစ်ပြီး ကမ်းထိန်းနံရံတည်ဆောက်ဖို့အတွက်လည်း တတိုင်းလုံးမှာ လုပ်ငန်း ၄၅ ခုကို ဖေဖော်ဝါရီလဆန်းကစပြီး ငွေကျပ် ၉ ဘီလီယံထိ သုံးစွဲသွားမယ်လို့ သိရပါတယ်။ “နှစ်စဉ်ဆောက်ရွက်ပေးနေတာကတော့ ရေလမ်းညွှန်အမှတ်အသားတွေပြသပေးတဲ့ လုပ်ငန်းတွေကို လအလိုက်၊ ရေလမ်းပိုင်းအလိုက် ရေနည်းကာလတွေမှာ ဆောင်ရွက်ပေးနေပါတယ်။ မနှစ်ကဆို ဒီဇင်ဘာကနေ မတ်လအထိ ရေပေါ်အမှတ်အသား ၁၅၉၀၊…
Read Moreဟိုတယ်တိုင်းရဲ့ မနက်စာအစီအစဉ်မှာ မုန့်ဟင်းခါးကို မြန်မာအစားအစာအဖြစ် ထည့်သွင်းပေးစေလို
ရန်ကုန်- ဇန်ဝါရီ ၃၀၊ ၂၀၁၉ ပြည်တွင်းမှာဖွင့်လှစ်ထားတဲ့ ဟိုတယ်၊ မိုတယ်တွေ အနေနဲ့ မနက်စာ ကျွေးမွေးတဲ့ အစီအစဉ်တွေထဲမှာ မုန့်ဟင်းခါးကို ထည့်သွင်းပေးစေချင်တယ်လို့ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဌဦးနေလင်းက အကြံပြုပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ကြတဲ့ခရီးသွား ဧည့်သည် ၊ နိုင်ငံတကာက ခရီးသွားဧည့်သည်တွေအနေနဲ့ မုန့်ဟင်းခါးကို မြန်မာ့အစားအစားအစာအဖြစ် သိရှိစေဖို့ စတင်လုပ်ဆောင်နေတာကြောင့် နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့လည်း ပူးပေါင်းပါဝင်ပြီး လုပ်ဆောင်ပေးစေလိုခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ “မနက်စာကျွေးတဲ့အခါ မုန့်ဟင်းခါးကိုထည့်ကျွေးစေချင်တယ်။ အဲ့လိုထည့်ခြင်းအားဖြင့် နိုင်ငံတကာက ဧည့်သည်တွေ ဟိုတယ်မှာ တည်းတဲ့အခါ မြန်မာအစားအစာ ဘယ်ဟာလည်းလို့မေးရင် ဒီဟာက မုန့်ဟင်းခါး၊ မြန်မာအစားအစာဖြစ်တယ်ဆိုတာသိမယ်။ သူတို့မြည်းစမ်းကြည့်မယ်၊ ကြိုက်တာမကြိုက်တာထက် မုန့်ဟင်းခါးဆိုတာ မြန်မာအစားအစာမှန်း သူတို့သိသွားတာပေါ့။ ဒါမျိုးလေးတွေလုပ်စေချင်တယ်။”လို့ ဦးနေ လင်းကပြောပါတယ်။ ဒါ့အပြင် နိုင်ငံတော်အစိုးရအနေနဲ့လည်း ပံ့ပိုးမှုတွေရှိလာခဲ့မယ်ဆိုရင် ထိရောက်မှုပိုပြီးရှိစေမယ်လို့လဲဆိုပါ တယ်။ ဒါကြောင့် နိုင်ငံခြားသားခရီးသွားတွေ မြန်မာနိုင်ငံကို လာရောက်တဲ့…
Read More