ကိုဗစ်ကာလ ချေးငွေအခက်အခဲ ရန်ကုန်၊ သြဂုတ် ၁၆-၂၀၂၀ ယဉ်ပပထွန်း(VOM) မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လကုန်ကနေစတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ် ၁၉ရောဂါကြောင့် အသေးစား ချေးငွေယူထားသူအချို့ဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒဂုံမြို့သစ် ( တောင်ပိုင်း) နေထိုင်သူ ကုမ္ပဏီဝန်ထမ်းတစ်ဦးကတော့ “ကုမ္ပဏီက ယူထားတာက ၇သိန်း ။ကိုဗစ်ကာလမှာဖြေလျော့မလားဆိုတာကို ပထမ တစ်လမှာ ဘာမှမပြောဘူး အတိအလင်းမကြေငြာဘူး။ နောက်တစ်လမှာ ထုတ်ပြန်ချက်ထုတ်တယ်။ ရက်အတိအကျမပေးလဲ ဘာမှမဖြစ်ဘူးပေါ့ ။ ကုမ္ပဏီကဝန်ထမ်းတွေ ကိုဗစ်ကာလမှာ အလုပ်မဆင်းတဲ့အတွက်ကြောင့်လို့ပြောပါတယ် ။ ချေးငွေကိုသွင်းရမှာလား မသွင်းရဘူးလား ဖြေလျော့ပေးမှာလား မပေးဘူးလားဆိုတာသေသေချာချာမပြောဘူး ပုံမှန်အတိုင်းပဲဆက်သွင်းနေရတယ်။ အဒေါ်တွေ အစ်မတွေကတော့ယူထားပေမဲ့ သူတို့က မေ လမှာမသွင်းဘဲနဲ့နောက်လမှ သွင်းရတယ်ပြောတယ် ။ဖုန်းဆက်သွယ်တော့ သူတို့ဘက်ကပြန်ပြောပေးတယ်လို့တော့ သိရပါတယ်။”လို့ ပြောပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူ ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုထင်ကျော်ကတော့ “ကိုဗစ်ကာလမှာ ချေးငွေယူထားတဲ့သူတွေအတွက် ဘဏ်အနေနဲ့က ချေးငွေကာလကို…
Read MoreMonth: August 2020
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအသုတ် ရုရှားနိုင်ငံစတင်ထုတ်လုပ်နေ
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအသုတ် ရုရှားနိုင်ငံစတင်ထုတ်လုပ်နေ မော်စကို၊ သြဂုတ်-၁၆-၂၀၂၀ မျိုးဆက် (VOM) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို သြဂုတ် ၁၅ ရက်မှာ စတင်ထုတ်လုပ်သွားမယ်လို့ ရုရှားကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီး နာရီအနည်းငယ်အကြာမှာ ကာကွယ်ဆေးပထမအသုတ်ကို ရုရှားနိုင်ငံမှာ စတင်ထုတ်လုပ်နေပြီဖြစ်ပါတယ်။ သမ္မတပူတင်က သြဂုတ် ၁၁ ရက်မှာကြေညာခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ ဘေးကင်းစိတ်ချရမှုအပေါ်ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ သိပ္ပံပညာရှင်တွေက သတိပေးမှုတွေထွက်ပေါ်နေပါတယ်။ ဂါမာလီယာသုတေသနဌာနကနေ ထုတ်လုပ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပထမအသုတ်ကို ထုတ်လုပ်နေပြီဖြစ်တယ်လို့ ရုရှားကျန်းမာရေးဝန်ကြီးဌာနကအတည်ပြုထုတ်ပြန်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ပထမဆုံးအကြိမ်ထုတ်လုပ်လိုက်တဲ့ အဲ့ဒီ ကာကွယ်ဆေးဟာ ယခုလကုန်မှာ အသုံးပြုဖို့အတွက် ပထမအသုတ် ထွက်ရှိလာမယ်လို့ ဆိုပါတယ်။ စမ်းသပ်မှုအဆင့်သုံးလို့ လူသိများတဲ့ လူထောင်ပေါင်းမျာစွာပါဝင်တဲ့ စမ်းသပ်မှုများမပြုမီ အဲဒီကာကွယ်ဆေးကို ရုရှားနိုင်ငံက ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဒီလိုစမ်းသပ်မှုအဆင့်သုံးဟာ ကာကွယ်ဆေးတစ်မျိုးအတွက် စည်းမျဉ်းစည်းကမ်းတွေကို အတည်ပြုဖို့ မရှိမဖြစ်လိုအပ်တဲ့ ရှေ့ပြေးစမ်းသပ်မှုအဖြစ်…
Read Moreရွှေကြောတွေ့တယ်ဆိုတဲ့နေရာကို ဒေသခံတွေ တူးဖော်နေမှု ယာယီတားမြစ်ထား
ရွှေကြောတွေ့တယ်ဆိုတဲ့နေရာကို ဒေသခံတွေ တူးဖော်နေမှု ယာယီတားမြစ်ထား မန္တလေး၊ သြဂုတ် ၁၆-၂၀၂၀ ဖြူဖြူ(VOM) မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာအနီး သုံးထပ်ကွေ့မှာ မန္တလေး -မိုးကုတ်လမ်း တိုးချဲ့ဖို့ မြေသားတောင်ဖြိုစဉ် ရွှေကြောတွေ့တယ်ဆိုပြီး ဒေသခံတွေ လာရောက်တူးဖော်မှုရှိခဲ့တဲ့အတွက် သက်ဆိုင်ရာကတော့ မလိုလားအပ်တဲ့ အန္တရယ်တွေမဖြစ်ဖို့ တားမြစ်ထားပြီလို့ ချောင်းကြီးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးစန်းက ပြောပါတယ်။ “လမ်းအန္တရာယ်၊ ယာဉ်အန္တရယ်၊ တုတ်၊ ဓား၊ လက်နက် ပြသနာတွေ မဖြစ်အောင် ညွှန်ကြားထားတာပေါ့။ မေတ္တာရပ်ခံထားရတာပေါ့။ လမ်းလုပ်ငန်းလုပ်တဲ့ အချိန်ပါဆိုပြီး၊ လုပ်ငန်းသိမ်းရင်တော့ သင့်သလို စီမံပေးပါ့မယ်ဆိုပြီးပေါ့။ ” လို့ ပြောပါတယ်။ သြဂုတ် ၁၅ ရက် ညနေပိုင်းမှာ သတင်းတွေ ထွက်ပေါ်လာပြီး အဲဒီနေ့ ညပိုင်းမှာတော့ လူပေါင်း ရာနဲ့ချီလာရောက်တူးဖော်မှုရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ သြဂုတ် ၁၆ ရက်မှာတော့ တားမြစ်ထားတဲ့…
Read Moreချင်းတွင်းမြစ်ကြောင်းမှာ ပိုက်ဆံကောက်ခံသူတွေများလို့ ဝါးဖောင်လုပ်ငန်းတွေရပ်နားထားရ
ချင်းတွင်းမြစ်ကြောင်းမှာ ပိုက်ဆံကောက်ခံသူတွေများလို့ ဝါးဖောင်လုပ်ငန်းတွေရပ်နားထားရ မုံရွာ ၊ သြဂုတ် ၁၆- ၂၀၂၀ ကိုတိုးကြီး (VOM) ဟုမ္မလင်းမြို့ အထက်ဘက် တဇုံးရွာကနေ ရေစကြို – ပခုက္ကူ – မြင်းခြံကို ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ ဝါးဖောင်လုပ်ငန်းရှင်တွေဟာ မြစ်ကြောင်းတလျောက် ပိုက်ဆံပေးရတဲ့နေရာတွေ အလွန်များတာကြောင့် အရှုံးပေါ်ပြီး လုပ်ငန်းတွေ ဆက်မလုပ်နိုင်တော့ဘဲ ရပ်နားထားရတယ်လို့ ဝါးဖောင်လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။ ရေစကြိုမြို့နယ်၊ ရွှေချောင်းကျေးရွာက ဝါးဖောင်လုပ်ငန်းရှင် ဦးအေးပြောပြတာက “ ဒီဝါးတွေက ကြိုး (သစ်တောကြိုးဝိုင်း) လွတ်ဝါးတွေဖြစ်တယ် ၊ ငွေကြိုပေးစနစ်နဲ့ ဝါးစိုက်တောင်သူတွေဆီက ဝယ်ယူထားတာပါ ၊ ဟုမ္မလင်းကနေ ရေစကြို ရောက်တဲ့အထိ ပိုက်ဆံပေးရတဲ့နေရာပေါင်း တစ်ရာကျော်ရှိတယ် ၊ အဖွဲ့စုံလို့ခေါ်တဲ့ စက်လှေတွေက ဖောင်ကိုလာပြီးစစ်ဆေးတယ် ၊ ဖောင်အောက်မှာ သစ်ပါသလား ၊ ဥပဒေနဲ့ မလွတ်ကင်းတာ ပါသလားဆိုပြီး…
Read MoreAAအဖွဲ့ကဖမ်းထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အမြန်ဆုံးကယ်တင်ပေးရေး မိသားစုဝင်တွေက နိုင်ငံတော်အကြီးအကဲတွေကို အသနားခံစာတင်မယ်
AAအဖွဲ့ကဖမ်းထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အမြန်ဆုံးကယ်တင်ပေးရေး မိသားစုဝင်တွေက နိုင်ငံတော်အကြီးအကဲတွေကို အသနားခံစာတင်မယ် မန္တလေး၊ ဩဂုတ် ၁၆-၂၀၂၀ မှူးသခင် (VOM) AAတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းခံရတဲ့ ရဲတပ်ဖွဲ့ဝင်မိသားစုတွေဟာ ဖမ်းဆီးခြင်းခံရတဲ့နေ့ကနေစပြီး ဒီနေ့အချိန်ထိ မိသားစုဝင်တွေဆီကို အကြောင်းကြားခြင်းမရှိတဲ့အတွက် မိသားစုဝင်တွေအနေနဲ့ စိတ်ပူပန်နေရတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ ဖမ်းဆီးခံရတဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့မိသားစုတွေဟာ ဖမ်းဆီးခံရတဲ့နေ့ကနေစတင်ပြီး လစာရပ်နားတာတွေခံရခြင်း၊ မိခင်တပ်ရင်းကနေ ထောက်ပံ့ပေးမှုမရှိခြင်း၊ ဘူး ဆန် 1အိတ်နဲ့ ဆီ5ပိဿာ ကို မန္တလေးတိုင်းအစိုးရအဖွဲ့ကနေထောက်ပံ့တာတော့ ရဘူးတယ်လို့ မိသားစုဝင်တွေက ဒီကနေ့မနက်ပိုင်း မန္တလေးမီဒီယာစင်တာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာဖြစ်ပါတယ်။ သဇင်မြိုင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် ဖမ်းဆီးခံခဲ့ရတဲ့ ရဲတပ်သားအောင်သူမင်းရဲ့ဇနီးဖြစ်သူပြောပြတာက “ကျွန်မတို့ကို ၂၀၂၀ခုနှစ်မေလ၂၉မှာတော့ ည ၂ နာရီလောက်မှာတိုက်ပွဲဖြစ်တယ်၊ အဲ့ဒီနောက်မှာ တိုက်ပွဲမှာအကျများတယ်၊ သူ့ဘက်လဲအကျများတယ် ကျွန်မတို့ဘက်လဲအကျများတယ်၊ ဒါပေမယ့်ကျွန်မတို့အဲ့ဒီမှာ အဖမ်းခံရတယ် ကျွန်မတို့ကိုမျက်လုံးမှိတ်ခေါ်သွားတယ်၊ ကျွန်မတို့ကိုမေးမြန်းစရာလေးတွေမေးမြန်းတယ် ပြီးတော့ပြန်လွှတ်ပေးပါတယ်၊ ကျွန်မယောက်ျားနဲ့အတူ တပ်သား ၆ယောက်ဖမ်းဆီးခံရပါတယ်၊ ကျွန်မတို့ကိုမျက်လုံးစီးပြီးတော့ ခေါ်သွားပါတယ်၊ အောင်ချမ်းသာကျေးရွာမှာ…
Read Moreဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်က ကိုယ်ဝန်ဆောင်တွေနဲ့ သူတို့မွေးဖွားလိုက်တဲ့ ကလေးကိုပါ ငွေကြေးထောက်ပံ့မယ့်အစီအစဉ်ကို လာမယ့် စက်တင်ဘာမှာ စတင်မယ်
ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်က ကိုယ်ဝန်ဆောင်တွေနဲ့ သူတို့မွေးဖွားလိုက်တဲ့ ကလေးကိုပါ ငွေကြေးထောက်ပံ့မယ့်အစီအစဉ်ကို လာမယ့် စက်တင်ဘာမှာ စတင်မယ် ရန်ကုန်၊ သြဂုတ် ၁၆-၂၀၂၀ သိင်္ဂီ (VOM) ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်ကနေ ကလေးမွေးဖွားအပြီး ကလေးအသက်(၂)နှစ်ရောက်တဲ့အထိ ငွေကြေးထောက်ပံ့မယ့် MCCT အစီအစဉ်ကို ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်မှာ လာမယ့် စက်တင်ဘာလကနေ စတင်ပေးအပ်သွားမယ်လို့ သိရပါတယ်။ ဒီအစီအစဉ်ဟာ ဒေသရဲ့ နေရာအားလုံးကိုရောက်ရှိပါက ခန့်မှန်းခြေအားဖြင့် ဧရာဝတီတိုင်းက အကျိုးခံစားခွင့်ရှိတဲ့ အိမ်ထောင်စု ၄၈၃,၀၀၀ ခန့်၊ ရှမ်းပြည်နယ်က အကျိုးခံစားခွင့်ရှိတဲ့အိမ်ထောင်စု ၄၈၇,၀၀၀ ခန့်ဟာ စီမံကိန်းအကောင်အထည်ဖော်မှုရဲ့ ပထမလေးနှစ်တာကာလအတွင်း အနည်းဆုံး ငွေသားလွှဲပြောင်းခြင်း တစ်ကြိမ်ကိုလက်ခံရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ “MCCT အစီအစဉ်က ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေ၊ မွေးကင်းစကလေးငယ်တွေနဲ့ ကလေးအသက်(၂)နှစ်အထိကို သူတို့ရဲ့မိသားစု၊ လူမှုအသိုင်းအဝိုင်းအတွက် အကျိုးရှိစေမှာဖြစ်ပါတယ် ၊ဒါကြောင့် အာဟာရဆိုင်ရာ အခြေအနေအရ ထိခိုက်လွယ်တဲ့ဒေသတွေကို ဦးစားပေးသတ်မှတ်ပြီး…
Read Moreရွှေကွန်းကွန်ဒို ရတနာကုန်သည်လင်မယားကို လုယက်ခဲ့သူ ၆ဦးကို ဖမ်းမိ
ရွှေကွန်းကွန်ဒို ရတနာကုန်သည်လင်မယားကို လုယက်ခဲ့သူ ၆ဦးကို ဖမ်းမိ ရန်ကုန်၊သြဂုတ် ၁၆၊၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ်မှတ်တိုင်အနီး ရတနာမြိုင်လမ်းရှိ ရွှေကွန်းကွန်ဒို အိမ်ယာနေ ရတနာကုန်သည် လင်မယားနှစ်ဦးကို လုယက်မှုကျူးလွန်ခဲ့သူ ၆ဦးကို ဖမ်းဆီးရမိထားပြီး အဲ့ဒီလုယက်မှုကို အမျိုးသမီးတစ်ဦးက ငွေကျပ်၂၅သိန်းပေးကာ စေခိုင်းခဲ့တယ်လို့ ပြစ်မှုကျူးလွန်သူတွေက ရဲစခန်းမှာ ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။ သြဂုတ်လ ၁၀ရက်နေ့ ညပိုင်းကရွှေဂွန်းကွန်ဒိုမှာနေထိုင်တဲ့ ဦကျော်မိုးဆီကို သူနဲ့ခင်မင်ရင်းနှီးသူ မနီနီဝင်းဆိုသူ ရောက်ရှိလာပြီး အသက်(၂၅)နှစ်အရွယ်အမျိုးသား(၃)ဦးထပ်မံရောက်ရှိလာကာ ဦးကျော်မိုးကို လက်ထိပ်ခတ်၊ ပေါင်ကိုဓားနဲ့မွန်း၊ ပါးစပ်ကိုတိပ်နဲ့ပတ်ကာ IPhone(၁)လုံးIPad(၁)လုံးတို့ကို ယူဆောင်ထွက်ပြေးသွားခဲ့တဲ့အတွက် ကမာရွတ်ရဲစခန်းမှာ ကာယကံရှင်ကိုယ်တိုင် အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်များဟာ အခင်းဖြစ်နေရာနဲ့ ပတ်ဝန်းကျင်ကို စုံစမ်းစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူများဟာ မနီနီဝင်း၊ ဝင်းမင်းထွန်း(ခ)စွမ်းထက်(ခ)ဖန်သီ၊ ကျော်ငြိမ်း(ခ) ကျောက်ကျားကျော်၊ နိုင်းနိုင်း(ခ)နဂါး(ခ)မင်းဟိန်း၊ သျှားလေး(ခ)သျှား၊ စနေမောင်(ခ) ထက်အာကာဇော် တို့ကို…
Read Moreလိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး မိသားစုသုံးဦး သေဆုံး
လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး မိသားစုသုံးဦး သေဆုံး နေပြည်တော်၊ဩဂုတ် ၁၅-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦး -အုတ်သျှစ်ကုန်း လမ်းမပေါ်မှာ ဩဂုတ်လ ၁၅ ရက်နေ့လယ်ပိုင်းက တိုယိုတာ ခရောင်းအမျိုးအစား လိုင်စင်မဲ့မော်တော်ကားနဲ့ ဆိုင်ကယ်တစ်စီးတိုက်မိရာကနေ ကလေးငယ် တစ်ဦးအပါအဝင် မိသားစုဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ “လိုင်စင်မဲ့ကားကိုလမ်းကြောင်းသယ်ပေးတဲ့ အမျိုးသားတွေမောင်းလာတဲ့ကားနဲ့ တိုက်မိတာပါ။ရှေ့ကဆိုင်ကယ်ကိုဝင်တိုက်တာဖြစ်ပြီး အတိုက်ခံရတဲ့ ဆိုင်ကယ်က မိသားစုဝင်သုံးဦးလုံး သေဆုံးသွားတယ်” လို့ ဒိုက်ဦးမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဟိန်းက ပြောပါတယ်။ ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦး-အုတ်သျှစ်ကုန်းလမ်းအတိုင်း အသက် ၃၀နှစ်အရွယ် အမျိုးသားမောင်းနှင်လာတဲ့ TOYOTA CROWNအမျိုးအစား ခဲရောင်ယာဉ်(ယာဉ်/မောင်းလိုင်စင်မရှိ)ကားတစ်စီးဟာ အသက် ၆ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် မိသားစုသုံးဦးမောင်းလာတဲ့ ဆိုင်ကယ်ကိုအရှိန်နဲ့ ဝင်တိုက်မိခဲ့တာဖြစ်ပြီး ယာဉ်တိုက်မှုကြောင့်ဆိုင်ကယ်မောင်းသူနဲ့ မိသားစုဝင်အားလုံး သေဆုံးခဲ့ရတာလည်း ဖြစ်တယ်လို့ သိရပါတယ်။ ယာဉ်တိုက်မှုနဲ့ပတ်သက်လို့…
Read Moreကိုယ်ထူကိုယ်ထ လျှပ်စစ်ဓာတ်အားလိုင်းကို တစ်ဖက်ရွာက ဓာတ်အားချိတ်ဆွဲတဲ့ကိစ္စကြောင့် ရွာလုံးကျွတ်ကန့်ကွက်ဆန္ဒပြ
ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓာတ်အားလိုင်းကို တစ်ဖက်ရွာက ဓာတ်အားချိတ်ဆွဲတဲ့ကိစ္စကြောင့် ရွာလုံးကျွတ်ကန့်ကွက်ဆန္ဒပြ မြောင်၊ သြဂုတ် – ၁၅ – ၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ငါးမြောင်တောင်ကျေးရွာက ကိုယ်ထူကိုယ်ထ စိုက်ထူထားတဲ့ ဓာတ်အားလိုင်းပေါ်ကနေ ချောင်းဦးမြို့နယ်၊ မန်ကျည်းတန်းကျေးရွာက ဓာတ်အားလိုင်း ဖြတ်ဖောက်ဆွဲတာကို ငါးမြောင်ကျေးရွာခံတွေက ကျေနပ်မှုမရှိတာကြောင့် ရွာလုံးကျွတ်ထွက်ပြီး ဒီမနက် ၁၁ နာရီက ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ ငါးမြောင်ကျေးရွာ မီးလိုင်းဖြစ်မြောက်ရေး နာယကဆရာတော် ဥူးသောဘဏ က” ငါးမြောင်တောင်ကျေးရွာက မီးလိုင်းဟာ နိုင်ငံ တော်အထောက်အပံ့မပါပဲ ကိုယ်ထူကိုယ်ထ လုပ်ခဲ့တယ် လာရောက်ညှိနှိုင်းတာမရှိပဲ မန်းကျည်းတန်းရွာ မီးလင်းရေး NEP က သူ့သဘောနဲ့သူ ဥူးဇင်းတို့ မီးလိုင်းပေါ်က ဖောက်ဆွဲဖို့လုပ်တယ် ဒါကို ဥူးဇင်းတို့ဘက်က လက်မခံတော့ ရွာကို မီးဖြတ်ထားတယ် မီးပျက်တာ ၇ ရက်ရှိသွားပြီ ရွာမှာရေခက်ခဲတော့ အင်ဂျင်စက်တွေ…
Read Moreအမုန်းစကားနဲ့ လူမှုသဟဇာတ
အမုန်းစကားနဲ့ လူမှုသဟဇာတ မြန်မာနိုင်ငံဟာ ဘာသာပေါင်းစုံ အတူချစ်ကြည်ရင်းနီးစွာ နေထိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ တံခါးဖွင့်ဝါဒ ကျင့်သုံးလာတဲ့အချိန် ပွင့်လင်းလာတဲ့ လူ့အသိုင်းအဝိုင်းမှာ အကောင်းနဲ့ အဆိုးဟာ ယှဉ်တွဲပါလာပါတယ်။ ဖုန်းတစ်လုံးရှိရင် ကမ္ဘာကြီးအကြောင်းကို သိနိုင်လာသလို အွန်လိုင်းပေါ်က အမုန်းစကားတခွန်းကြောင့် အစုလိုက်အပြုံလိုက် သေကြေပျက်စီးတာတွေ ဖြစ်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ အမုန်းစကားမီးစ တစ်စကြောင့် တောက်လောင်ခဲ့တဲ့မီးတွေ အဆုံးသတ်အပြီးတိုင်ငြိမ်းစေဖို့ ဘယ်လိုအဖြေရှာကြမလဲဆိုပြီး ဘာသာကြီး ၃ ခုက လမ်းမှန်ညွန်ပြနေတဲ့ ဆရာတော်တွေနဲ့ ဗီအိုအမ်ကနေ ကမကထပြုပြီး စကားဝိုင်းတခုကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ခဲ့ပါတယ်။ အဲဒီစကားဝိုင်းမှာ မန္တလေးက ဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဦးအရိယာဝံသဘိဝံသ၊ ခရစ်ယာန် သိက္ခာတော်ရ ဆရာဦးဇော်ဝင်းအောင်၊ အစ္စလာမ်ဘာသာရေး ဂရာနာမိသားစုဂိုဏ်းချုပ်ဆရာတော် ခလီဖွာဦးသိန်းဝင်းအောင်တို့ ဆွေးနွေးပြီး အဖြေရှာခဲ့ကြပါတယ်။ ခရစ်ယာန် သိက္ခာတော်ရ ဆရာဦးဇော်ဝင်းအောင်က “ အွန်လိုင်းဟာ အများအကျိုးအတွက်၊ လူထုအကျိုးအတွက်၊ နိုင်ငံအကျိုးအတွက်၊ ကောင်းကောင်းလေး…
Read More