Omni Focus ယာဉ်မောင်း ၆၄ ဦးကို တစ်လအတွင်း သိန်းလေးရာနီးပါး လျော်ကြေးပေးဖို့ ခုံသမာဓိကောင်စီက ဆုံးဖြတ်ချက်ချ ရန်ကုန်၊သြဂုတ်၊၃၊၂၀၂၀ အေးချမ်းသူ(VOM) Omni Focus ကုမ္ပဏီက အလုပ်ရှင်၊ အလုပ်သမားပြသာနာအတွက်ယာဉ်မောင်း ၆၄ ယောက်ကို တစ်လအတွင်းမှာ သိန်းလေးရာနီးပါး လျှော် ကြေးပေးရန် ခုံသမာဓိကောင်စီက ဆုံးဖြတ်ချက်ချခဲ့တယ်လို့ အဲ့ဒီယာဉ်မောင်းတွေဆီကနေ သိရပါတယ်။ “အခုကိစ္စက သုံးလပိုင်းကတည်းကဖြစ်နေတာ ဌာနဆိုင်ရာမှာဖြေရှင်းရင် အလုပ်ရှင်က အဆင့်ဆင့်တက်တယ်၊ အစ်ကိုတို့ကလည်း လိုက်တယ်၊ နောက်ဆုံး ခုံကောင်စီကျမှ ယာဉ်မောင်း ၆၄ ဦးကို တစ်လအတွင်းလျော် ပေးဖို့ ဆုံးဖြတ်ခဲ့တာ”တိုင်ကြားရာမှာ ဦးဆောင်တဲ့ အမှတ် ၈၂ယာဉ်လိုင်းက ယာဉ်မောင်းဖြစ်သူ ဦးငြိမ်းချမ်းဝင်းက ပြောပါတယ်။ Omni Focus ယာဉ်လိုင်းကုမ္မဏီနဲ့ ယာဉ်မောင်း ၆၄ ယောက်တို့က ပြီးခဲ့တဲ့မတ်လ က ယာဉ်မောင်းတွေကို လခစားအဖြစ်ကနေ ရပ်နားပြီး စနစ်သစ်နဲ့…
Read MoreMonth: August 2020
ရန်ကုန်-မန္တလေး လမ်းဟောင်း ရေကျော်လို့ ကားစီးရေ ရာနဲ့ချီပိတ်မိနေ
ရန်ကုန်-မန္တလေး လမ်းဟောင်း ရေကျော်လို့ ကားစီးရေ ရာနဲ့ချီပိတ်မိနေ နေပြည်တော်၊ဩဂုတ် ၃-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်မြို့နယ်တွေမှာ ဩဂုတ် ၃ ရက်နေ့မနက် ကစတင်ပြီးမိုး အဆက်မပြတ်ရွာသွန်းနေတာကြောင့် အုတ်တွင်းမြို့နယ်ထဲက ရန်ကုန်-မန္တလေး ကားလမ်းဟောင်း ပေါ်မှာ ရေကျော်ပြီး ကားစီးရေ ရာနှင့်ချီပြီး ပိတ်မိနေတယ်လို့ အုတ်တွင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်က ပြောပြပါတယ်။ “နှစ်နေရာလောက်ရေကျော်နေတယ်။ တောင်ကျရေက များတော့ အခုဆိုနှစ်ဖက်ပိတ်မိနေတဲ့ ကားတွေ အတော်များနေပြီ မီးသတ်ရယ်တပ်မတော်သားတွေရယ် ရှင်းလင်းကူညီဖို့သွားနေတယ်” လို့ ဦးဌေးလွင်ကပြောပါတယ်။ အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ်ရှိဆွဲလွဲချောင်းကျေးရွာနှင့် ဂွေးတောက်ခင်ကျေးရွာကြားမှာတစ်နေရာ၊ အုတ်ဖိုကျေးရွာနဲ့ ညောင်ခြေထောက်ကျေးရွာကြားမှာ တစ်နေရာ စုစုပေါင်းနှစ်နေရာမှာ ရေကျော်နေတာ ဖြစ်ပြီးမိုးရေနှင့် တောင်ကျရေများကြောင့် အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း ဗောဓိကုန်းကျေးရွာနားမှာလည်း ရေကျော်မှုဖြစ်ပွားနေရတယ်လို့ သိရပါတယ်။ တောင်ငူမြို့နယ် အနောက်ဘက် အမြန်လမ်းနံဘေး ရှေးဟောင်း သမိုင်းဝင်စေတီပုထိုးများကို ဝါဆိုလပြည့်နေ့ သွားရောက်ဖူးမျှော်နေသူများရဲ့…
Read Moreအမြန်လမ်းမှာ ဒီနေ့မနက်အတွင်း ယာဉ်မတော်တဆမှု ၄ ကြိမ်ဖြစ် ၆ ဦးသေဆုံး
အမြန်လမ်းမှာ ဒီနေ့မနက်အတွင်း ယာဉ်မတော်တဆမှု ၄ ကြိမ်ဖြစ် ၆ ဦးသေဆုံး နေပြည်တော်၊ဩဂုတ် ၃-၂၀၂ ကောင်းလက်ျာ( VOM) ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင်ဝါဆိုလပြည့်နေ့ (ဩဂုတ် ၃ ) တစ်မနက်ထဲမှာပင် ယာဉ်မတော်တစ်ဆမှု ၄ ကြိမ်ဖြစ်ပွားခဲ့ရာမှ အမျိုးသား၊ အမျိုးသမီး ၆ ဦး သေဆုံးခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ ကွပ်ကဲမှုစခန်းက သိရပါတယ်။ မနက် ၈ နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၃၃ အနီးတွင်အိမ်စီးယာဉ်တစ်စီး လမ်းချော်၍ ဘယ်ရီယာတုံးများကိုဝင်တိုက်မိပြီးတစ်ဖက်ယာဉ်ကျော ပေါ်ရောက်ရှိတိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး၊အမျိုးသမီး လေးဦးအနက် အမျိုးသားတစ်ဦး၊အ မျိုးသမီး နှစ်ဦး စုစုပေါင်း ၃ ဦး သေ ဆုံးကာ သုံးယောက်ထိခိုက်ဒဏ်ရာရ ရှိခဲ့ပါတယ်။ “မိုးက တောက်လျောက်ရွာနေတာ။ခုမနက် ၃၃၃ မိုင်မှာဖြစ်စဉ်ကလူသုံးဦးသေဆုံးတယ်။သုံးဦး တံတားဦးဆေး ရုံမှာပါ။ဘောဓိကုန်းနားမှာလည်းအမြန်လမ်းရေကျော်နေတယ်” လို့စကားအင်းအမြန်လမ်းရဲတပ်ဖွဲ့စခန်းမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီနေ့မနက်၂ နာရီခွဲက…
Read Moreတိုင်းရင်းသားလက်နက်ကိုင်အဖွဲ ၈ ဖွဲ့ကို အစိုးရက ကိုဗစ်ထောက်ပံ့ကြေးငွေ ပေးအပ်ထား
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ ၈ ဖွဲ့ကို အစိုးရက ကိုဗစ်ထောက်ပံ့ကြေးငွေ ပေးအပ်ထား နေပြည်တော်၊ သြဂုတ် ၂-၂၀၂၀ စွမ်းရဲထွဋ် (VOM) NRPC ကို တင်ပြလာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ကို ထောက်ပံ့ငွေကြေး ပေးအပ်ထားတယ်လို့ အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။ နေပြည်တော်မှာလုပ်တဲ့ အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ တွေ့ဆုံတဲ့ ဆွေးနွေးပွဲအပြီး ဒီကနေ့ ညနေမှာ ပြောလိုက်တာပါ။ အဲ့ဒီ ကိုဗစ်ထောက်ပံ့ကြေးပေးအပ်ခဲ့တဲ့ အဖွဲ့ ၈ ခုထဲမှာ KNU နဲ့ RCSS တို့ မပါဘူးလို့လည်းဆိုပါတယ်။ #voiceofmyanamr #VOM #NRPC တိုင်းရင်းသားလက်နက်ကိုင်အဖွဲ ၈ ဖွဲ့ကို အစိုးရက ကိုဗစ်ထောက်ပံ့ကြေးငွေ ပေးအပ်ထား နေပြည်တော်၊ သြဂုတ် ၂-၂၀၂၀ စွမ်းရဲထွဋ် (VOM) NRPC…
Read Moreမန္တလေးလူငယ်ထိမ်းသိမ်းရေးစခန်းကိုရောက်တာ ၅ရက်ပဲရှိသေးတဲ့လူငယ်တဦး ရိုက်နှက်ခံရလို့သေဆုံးကြောင်း မိဘစွပ်စွဲ
မန္တလေးလူငယ်ထိမ်းသိမ်းရေးစခန်းကိုရောက်တာ ၅ရက်ပဲရှိသေးတဲ့လူငယ်တဦး ရိုက်နှက်ခံရလို့သေဆုံးကြောင်း မိဘစွပ်စွဲ မန္တလေး- ဩဂုတ် ၂ ၊ ၂၀၂၀ မှူးသခင်(VOM) တည်းဖြတ် – ရှိုင်းအောင် (VOM) Video Crd- ကိုဝေဟင်-ရောင်ခြည်သစ်ဖြူစင်နှလုံးသားအဖွဲ့ ဇူလိုင် ၃၀ရက်နေ့က မန္တလေး လူငယ်ထိမ်းသိမ်းရေးစခန်းကနေ ထွက်ပြေးသွားတဲ့ ကလေး၅ယောက်ထဲက တစ်ဦးဖြစ်သူ ပြည့်ဖြိုးမောင် (ခ) ဒွေးပေါက်စ အသက် ၁၇နှစ် ဟာ ကျောင်းကရိုက်နှက်လို့ သေဆုံးကြောင်း မိသားစုကပြောပါတယ်။ သေဆုံးသွားတဲ့ ပြည့်ဖြိုးမောင် (ခ) ဒွေးပေါက်စရဲ့ မိခင် ဒေါ်မျိုးမျိုးထွေးက လူငယ်သင်တန်းကျောင်းက အကြောင်းကြားလို့ လိုက်သွားခဲ့တဲ့ အခြေအနေကိုပြောပြတာက “ကလေးကို၁၂နာရီလောက်မှာပို့တယ်ပြောလို့ ကျမတို့၃နာရီလောက်မှာရင်ခွဲရုံရောက်သွားတယ် ရောက်တော့လည်း ကျွန်မသားကိုတွေ့ခွင့်မရဘူး ကျွန်မကလေးကို ရွာမှာပြန်သဂြိုလ်ချင်ပါတယ်ဆိုတာကိုလဲ သူတို့ကခွင့်မပေးပါဘူး ဘုန်းကြီးတွေ သရဏဂုံတင်မှ ကျွန်မသားလေးအလောင်းကိုတွေ့ရတာပါ မျက်နှာမှာလဲညိုမဲလို့ ထိုးထားတာတွေကျွန်မသားလေးနှိပ်စက်ခံရတယ်လို့ကျွန်မတော့ထင်တယ် ကျွန်မသားထွက်ပြေးလို့မဖြစ်နိုင်ပါဘူး”ဟု မိခင်က ပြောပါတယ်။ “ကလေးက ၂၀၁၉ဒီဇင်ဘာမှာ…
Read Moreရုံးချိန်းမလာတဲ့ ဂျာမဏီနိုင်ငံသား အလုပ်ရှင်ကို ဖမ်းဝရမ်းထုတ်ပေးရန် အလုပ်သမားတွေတောင်းဆို
ရုံးချိန်းမလာတဲ့ ဂျာမဏီနိုင်ငံသား အလုပ်ရှင်ကို ဖမ်းဝရမ်းထုတ်ပေးရန် အလုပ်သမားတွေတောင်းဆို ရန်ကုန်၊ သြဂူတ်- ၂ – ၂၀၂၀ အေးချမ်းသူ(VOM) အလုပ်သမားခုနှစ်ရာကျော်အတွက် လုပ်ခလစာရှင်းမပေးတဲ့ဂျာမနီနိူင်ငံသားကို တရားစွဲဆိုထားတဲ့ အမှုရုံးချိန်းကို လေးကြိမ်တိုင်လာရောက်ခြင်းမရှိတဲ့အတွက် ဖမ်းဝရမ်းထုတ်ပေးဖို့ တရားရုံးကိုတောင်းဆိုသွားမှာဖြစ်တယ်လို့အလုပ်သမားတွေက ပြောပါတယ်။ တောင်ဒဂုံစက်မှုဇုန်မှာရှိတဲ့ EURO Gate အထည်ချုပ်စက်ရုံပိုင်ရှင်ဂျာမနီနိင်ငံသား Mr Fronz Koller က အလုပ်သမား ခုနှစ်ရာကျော်ကို မတ်လနဲ့ ဧပြီလ အတွက် လစာရှင်းမပေးတာကြောင့် အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးမှုး ကိုယ်တိုင် မေလ က စတင်တရားစွဲဆိုခဲ့တယ်လို့ တရားလိုပြသက်သေ အလုပ်သမားခေါင်းဆောင် မခိုင်ဝေသင်း ကပြောပါတယ်။ “အလုပ်သမားတွေကတော့ မအားတဲ့ကြားထဲက ရုံးချိန်းခဏခဏသွားတယ်၊ အလုပ်ရှင်နိူင်ငံခြားသားက တစ်ခါမှ မလာဘူး အခုလာ မဲ့ရုံးချိန်းမှာ ဖမ်းဝရမ်းထုတ်ပေးဖို့တောင်းဆိုသွားမယ်”လို့ မခိုင်ဝေသင်း က ပြောပါတယ်။ တောင်ဒဂုံမြို့နယ်တရားရုံးမှာ EURO Gate…
Read Moreမုံရွာမူးယစ်ဆေးဖမ်းတာမှာ အလွတ်တန်းသတင်းထောက်တစ်ယောက်နဲ့ ရှေ့နေတယောက်ပါဖမ်းမိ
မုံရွာမူးယစ်ဆေးဖမ်းတာမှာ အလွတ်တန်းသတင်းထောက်တစ်ယောက်နဲ့ ရှေ့နေတယောက်ပါဖမ်းမိ မုံရွာ၊ သြဂုတ် ၂-၂၀၂၀ ကိုတိုးကြီး( မုံရွာ) မူးယစ်တပ်ဖွဲ့စု အမှတ်(၈) မုံရွာက မူးယစ်ရဲတပ်ဖွဲ့၀င်တွေနဲ့ မုံရွာနယ်မြေ ရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်သက်နဲ့ အဖွဲ့ဟာ ယခုလ ၁ ရက်နေ့ ညပိုင်းက မုံရွာမြို့ သလ္လာရပ်ကွက်နဲ့ နန္ဒ၀န်ရပ်ကွက်ထဲမှာ မူး ယစ်ဆေးဝါးသတင်းများအရ ၀င်ရောက်ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။ သလ္လာရပ်ကွက်မှာနေတဲ့ မောင်စိုင်းကျော်ထက်ဆိုသူဟာ Wave 110 နီ/နက်ကြား ဆိုင်ကယ်ကို စီးနင်းပြီး ချမ်းမြသာစည်ရပ်ကွက်ဘက်သို့အလာမှာ ရဲတပ်ဖွဲ့၀င်များက အဲ့ဒီဆိုင်ကယ်ကို ရပ်တန့်ခိုင်းပြီး စစ်ဆေးခဲ့ရာ ပုဆိုးခါပုံစထဲက ဘိန်းဖြူမှုန့်ထည့်ထားတဲ့ ပင်နယ်စ လင် ပုလင်း (၅) ပုလင်း စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ရဲတပ်ဖွဲ့၀င်များဟာ စိုင်းကျော်ထက် နေထိုင်တဲ့ သလ္လာရပ်ကွက်ထဲက နေအိမ်ကို သွားရောက်ပြီး မူးယစ်ဆေးဝါးများကို ဆက်လက်ပြီး ရှာဖွေတဲ့အခါ အိမ်အခန်းတွင်းမှာ…
Read Moreပုသိမ်မုံရွာကားလမ်းပေါ်မှာ ရဲအရာရှိတဦး ဒဏ်ရာနဲ့ သေဆုံး
ပုသိမ်မုံရွာကားလမ်းပေါ်မှာ ရဲအရာရှိတဦး ဒဏ်ရာနဲ့ သေဆုံး ကံမ-ဩဂုတ်-၂-၂၀၂၀ ဂျန်ကိုးလ်(VOM) မကွေးတိုင်း ၊ကံမမြို့နယ် အလယ်ချောင်းကျေးရွာအနီး ပုသိမ်-မုံရွာ ကားလမ်း မိုင်တိုင်အမှတ် ၁၄၇/၆နှင့်၁၄၇/၇အကြား ရပ်ထားတဲ့အိမ်စီးကားပေါ်မှာ ရဲအရာရှိတဦး ဒဏ်ရာနဲ့ သေဆုံးနေတာကို ဇူလိုင်၁ရက်ည၇နာရီခန့်မှာတွေ့ရှိရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သေဆုံးသူဟာ ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်ပေါင်းတလည်နယ်မြေ ရဲစခန်းမှူး ရဲအုပ်ကျော်ကျော်လင်းဖြစ်ပြီးယာဘက်နားသွေးယိုစီးဒဏ်ရာရထားပါတယ်။ သူနဲ့အတူ ဝက်ဘလေအမျိုးအစားခြောက်လုံးပြူးတလက် ကျည်၄တောင့်အခွံ၂တောင့်တွေ့ရှိရတယ်လို့မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။ အမှု့နဲ့ပတ်သက်ပြီး အလယ်ချောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးပြောတာက “ကျနော်နွားကျောင်းအပြန်လမ်းပေါ်မှာ ဆိုင်ကယ်နဲ့သွားတဲ့ကလေးချင်းပြောသွားတာ အဲဒီကားက မနက်ကတည်းကရပ်ထားတာ အခုလည်းရပ်ထား တုန်းဘဲလို့ ပြောတာကြားလို့ အုပ်ချုပ်ရေးမှူးတာဝန်ရှိနေတော့ ရာအိမ်မှူးနဲ့အတူသွားကြည့်တာ ကားနားမကပ်ရဲဘဲ ဗိုလ်ကြီးကိုအကြောင်းကြားလိုက်တာ ရဲရောက်လာတော့ သူတို့က ခရိုင်ကိုအကြောင်းကြား ပြီးမှန်ခွဲပြီးကြည့်တော့သေနေတယ် ဆေးရုံပို့လို့ရောက်မှသေနတ်ဒဏ်ရာတွေ့ရတာ”လို့ပြောပါတယ်။ ကြို့ပင်တိုက်နယ်ကားလမ်းမရွာတချို့ကတော့ ကိုယ့်ကိုကိုယ်သတ်သေတာလား လုပ်ကြံခံရတာလား အမျိုးဝေဖန်ပြောဆိုနေမှု့တွေနဲ့ပတ်သက်လို့ကြို့ပင်နယ်မြေရဲစခန်းကိုသွားရောက်စုံစမ်းရာမှာတော့” အထက်လူကြီးအမိန့်မရှိရင်ပေးလို့မရဘူးပြောလို့မရဘူးလို့တာဝန်ကျရဲအရာရှိဟုယူဆရသူတဦးကပြောပါတယ်။ ”ကားကလော့ချထားတယ်သော့ကတန်းလန်း သော့မပါဘဲအပြင်ကလော့ချမရဘူးလို့သိရတယ်ကျည်ခွံ၂တောင့်က တတောင့်ကစမ်းတယ်နဲ့တူတယ် ကားနောက်ခန်းထဲမှာအဖူးတခုတွေ့တယ်ခေါင်းပေါက်ထွက်ပြီးမှန်ကိုမပေါက်နိုင်လို့နောက်ခန်းကိုကျတယ်နဲ့တူတယ်”လို့အုပ်ချုပ်ရေးမှူးကသုံးသပ်ပါတယ်။ သေဆုံးသူကို ကြို့ပင်တိုက်နယ်ဆေးရုံတွင် စစ်ဆေးပြီး ပေါင်းတလည်မြို့က နာရေးယာဥ်တစီး…
Read Moreရသေ့တောင်မြို့နယ်မှာ ပေါက်ကွဲမှုကြောင့် ကလေး (၂) ဦးသေပြီး (၄) ဦးဒဏ်ရာပြင်းထန်
ရသေ့တောင်မြို့နယ်မှာ ပေါက်ကွဲမှုကြောင့် ကလေး (၂) ဦးသေပြီး (၄) ဦးဒဏ်ရာပြင်းထန် ရသေ့တောင်၊ သြဂုဏ် ၁- ၂၀၂၀ ထက်အောင်စိုင်း (VOM) သြဂုဏ်လ ၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်လောက်က ရသေ့တောင်မြို့နယ် မိုးစဲကျွန်း ကပ်ချောင်းကျေးရွာအနီးမှာ မိုင်းပေါက်ကွဲမှု ဖြစ်ပြီး ကပ်ချောင်းကျေးရွာက ဒေသခံ ၂ ဦးသေဆုံးပြီး ၄ ယောက် ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရပါတယ်။ သေဆုံး ဒဏ်ရာရရှိသူတွေဟာ အသက် ၉ နှစ်အရွယ်နဲ့ ၁၂ နှစ်အရွယ် ကလေးတွေဖြစ်ပါတယ်။ လူငယ် (၆) ယောက်ဟာ ကျေးရွာအနီးက သစ်ပင်အောက်မှာ ကျနေတဲ့ လက်နက်ကြီးကျည်ကို ရိုက်ခွဲကြည့်တဲ့အခါမှာ နေပူပြင်းတဲ့အတွက် ပေါက်ကွဲသွားတာဖြစ်ကြောင်း ကပ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက VOM ကို ပြောပါတယ်။ အဲဒီ ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူတွေမှာ…
Read Moreဖားကန့်မှာ မိုးတွင်းကြီး မီးလောင်
ဖားကန့်မှာ မိုးတွင်းကြီး မီးလောင် ဖားကန့် -ဩဂုတ်-၁ -၂၀၂၀ ဇော်မိုးထက် (ဖားကန့် ) ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု တောင်ပြိုကျေးရွာမှာ ဒီနေ့နံက် ၉:၃၀လောက်က မီးလောင်မှုတခု ဖြစ်ပွားခဲ့ပါတယ် ။ တောင်ပြိုကျေးရွာရှိ ဦးထွန်အေး (၄၃)နှစ် ရဲ့ အိမ်အမှတ် ( ၁၄၇) နေအိမ်မီးကြွင်းမီးကျန်ကနေ စတင်လောင်ကျွမ်းခဲ့တာလို့ သက်ဆိုင်ရာက ထုတ်ပြန်ထားပြီး စတင်လောင်ကျွမ်းတဲ့အိမ်ကနေ အနီး ပတ်ဝန်းကျင်က လူနေအိမ် သုံးလုံးကို ကူးစက်လောင်ကျွမ်းခဲ့တယ်လို့လည်း ဖားကန့်မြို့မ ရဲစခန်းရဲ့ ကြေးနန်းစာအရ သိရပါတယ် ။ မီးစတင်လောင်ကျွမ်းခဲ့တဲ့အိမ်ရှင် ဘယ်လိုအရေးယူဆောင်ရွက်ထားသလဲဆိုသိရှိနိုင်ဖို့ ဖားကန့် မြို့မ ရဲစခန်းကို VOM က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုခဲ့ခြင်းမရှိပါဘူး။ #voiceofmyanmar #VOM #ဖားကန့် #မီးလောင် Zawgyi ဖားကန့်မှာ မိုးတွင်းကြီး မီးလောင် ဖားကန့် -ဩဂုတ်-၁ -၂၀၂၀…
Read More