တောင်သမန်အင်းစောင်းက တပင်တိုင်မင်းသား ကိုရန်အောင်

မတ် ၁၅- ၂၀၂၂ (VOM) မန္တလေးမြို့၊ အမရပူရရှိ တောင်သမာန်အင်းစောင်း တဝိုက်မှာ ဇာတ်မင်းသားဝတ်စုံကို ကျော့နေအောင်ဝတ်ဆင်ပြီး ဆိုင်ကယ်ပေါ်မှာ တနိုင်တပိုင် အသံချဲ့စက်လေးတင်ကာ ဇာတ်မင်းသားအက ကပြဖျော်ဖြေနေတဲ့ တပင်တိုင်မင်းသားတဦး ရှိနေပါတယ်။ အဲ့ဒီတပင်တိုင်မင်းသားကတော့ သဘင်ပညာကို ငယ်စဥ်ကတည်းက ဝါသနာပါလာခဲ့တဲ့ စစ်ကိုင်းမြို့နယ်၊ မအူပင်ကျေးရွာသား ကိုရန်အောင်ဆိုသူပဲ ဖြစ်ပါတယ်။ သူစိတ်ကူးထားတဲ့ ဇာတ်သဘင်စင်မြင့်ပေါ်က နာမည်ကြီး မင်းသားတစ်‌ယောက် မဖြစ်ခဲ့ပေမယ့် အခုချိန်ထိ ဇွဲမလျှော့သေးဘဲ အသံချဲ့စက်တစ်လုံးနဲ့ သူနှစ်သက်တဲ့ အကပညာကို ဖျော်ဖြေနေတဲ့အကြောင်း VOM သတင်းဌာနက ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #တပင်တိုင်မင်းသား #ကိုရန်အောင် YouTube Link – https://youtu.be/IZe3vbxQEAE

Read More

လျှပ်စစ်မီးမမှန်တာနဲ့စက်သုံးဆီ အဆမတန်မြင့်တက်မှုကြောင့် စက်မှုလက်မှုလုပ်ငန်းတချို့ ရပ်နားရဖွယ်ရှိနေ

မတ် ၁၂-၂၀၂၂ TT(VOM)   မုံရွာမြို့ စက်မှုဇုံအတွင်းမှာ လျှပ်စစ်မီးကိုအသုံးပြုလည်ပတ်နေရတဲ့လုပ်ငန်း အများအပြားဟာ နိုင်ငံရေးအပြောင်းအလဲမဖြစ်မှီ COVID ကာလအတွင်း အခက်အခဲတချို့ကြုံတွေ့ခဲ့ကြပေမယ့် လုပ်ငန်းတွေရပ်တန့်ရတဲ့အခြေအထိ မဖြစ်ပေါ်ခဲ့ဘူးလို့ စက်မှုလက်မှုလုပ်ငန်းရှင်တဦးကပြောပါတယ်။   လက်ရှိနိုင်ငံရေးအပြောင်းအလဲကာလနောက်ပိုင်းမှာတော့ လမ်းပန်းဆက်ငွယ်ရေးအခက်အခဲတွေ၊ ကုန်ကြမ်းဝယ်ယူမှုအခက်အခဲတွေ၊ကုန်ချောပြန်လည်ရောင်းချရမှုအခက်အခဲတွေကြောင့် လုပ်ငန်းလည်ပတ်မှု သုံးပုံနှစ်ပုံအထိ ကျဆင်းသွားတယ်လို့ ပြောပါတယ်။   အခုလိုအခြေအနေမှာ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ စက်သုံးဆီဈေး အဆမတန်မြင့်တက်လာမှုတွေကြောင့် လုပ်ငန်းတွေရပ်တန့်ရမယ့် အခြေအနေအထိ ကြုံတွေ့နေကြပါတယ်။   လုပ်ငန်းတွေရပ်တန့်ခဲ့ရင် လုပ်ငန်းရှင်တွေအပြင် ဒီလုပ်ငန်းကို အမှီပြုလုပ်ကိုင်နေရတဲ့ အလုပ်သမားတွေလည်း အခက်အခဲတွေ ကြုံတွေ့လာနိုင်တာကြောင့် နိုင်ငံရေးကာလအမြန်ဆုံးတည်ငြိမ်အေးချမ်းဖို့ လုပ်ငန်းရှင်တွေရော အလုပ်သမားတွေပါ မျှော်လင့်နေကြပါတယ်။   #voiceofmyanmar #VOM #မုံရွာ #မီးပြတ် #ဆီစျေးတက် #စက်မှုလက်မှု #ရပ်နားရဖွယ်ရှိ Youtube Link – https://youtu.be/dnYc5wF-blo

Read More

ပုလဲမြို့နယ်ထဲက မီးဘေးသင့်ပြည်သူတွေမှာ စားဝတ်နေရေးနဲ့ဆေးဝါးစောင့်ရှောက်မှုတွေ လိုအပ်နေ

မတ် ၁၄-၂၀၂၂ Voice Of Myanmar စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက စလို့ မကြာခဏဆိုသလို မီးဘေးသင့်တဲ့ဒဏ်ကို ခံစားနေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ (၁၁)ရက်နေ့က အိမ်ခြေ (၄၃) အိမ်သာရှိတဲ့ သပြေအေးကျေးရွာလည်း မီးဘေးသင့်ခဲ့ရပြီး လူနေအိမ် (၃၅)လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။ အဲ့ဒီမီးလောင်မှုကြောင့် လက်ရှိမှာ မီးဘေးသင့်ပြည်သူတွေအနေနဲ့ နီးစပ်ရာတောတွေထဲမှာ တိမ်းရှောင်နေကြရပြီး စားဝတ်နေရေးအခက်အခဲတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေတယ်လို့ မီးဘေးသင့်ပြည်သူတွေကပြောပါတယ်။ မီးလောင်မှုတွေဟာ ဒေသခံတွေရဲ့ပြောပြချက်အရ မီးရှို့ခံရတာဖြစ်တယ်လို့ သိရပေမယ့် VOMအနေနဲ့ သီခြားအတည်မပြုနိုင်ပါဘူး။ ပုလဲမြို့နယ်ထဲမှာ အခုလိုမီးဘေးသင့်မှုတွေဟာ ဇန်နဝါရီလကုန်ပိုင်းကစလို့ ဒီနေ့အချိန်အထိ သပြေအေးရွာအပါအဝင် မွေ့တုံ၊ ပန်းရွာ၊ လှော်ကား၊ ချောင်းဦး၊ ဇီးဖြူကုန်း၊ အင်မထီး၊ နှောရိုး၊ တုံးကန် ကျေးရွာတွေမှာထောင်နဲ့ချီတဲ့ လူနေအိမ်တွေ မီးဘေးသင့်ခဲ့ရတာလည်း ဖြစ်ပါတယ်။ #voiceofmyanmar #VOM #ပုလဲ #မီးဘးသင့်ပြည်သူ…

Read More

ယူကရိန်းစစ်ပွဲ နောက်ဆုံးအခြေအနေ

– ပိုလန်နိုင်ငံနယ်စပ်အနီး ယူကရိန်း ရာဗိုရစ်ဗ် Yavoriv ငြိမ်းချမ်းမှုထိန်းသိမ်းရေး နှင့် လုံခြုံရေးဗဟို ကို ရုရှားက မစ်ဇိုင်း ဒုံးကျည် အလုံး၃၀ ပစ်ခတ်လို့ အနည်းဆုံး ၃၅ ဦးသေဆုံးပြီး ၁၃၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်။   – ယူကရိန်းနဲ့ ပိုလန်နယ်စပ်၊ ပိုလန်နဲ့ ၁၀ ကီလိုမီတာ ( ၆.၂ မိုင်) အကွာမှာရှိတဲ့ ရာဗိုရစ်ဗ် စစ်စခန်းမှာ နေတိုး အဖွဲ့ဝင်နိုင်ငံတွေနဲ့ ယူကရိန်းစစ်တပ်တို့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေ နဲ့ သင်တန်းတွေ ပို့ချပါတယ်။   – ရုရှားတို့က ယူကရိန်း အနောက်ဖက်ခြမ်းက Ivano-Frankivsk မြို့ အနီးက လေဆိပ်ကိုလည်း ပစ်ခတ်တိုက်ခိုက်ပါတယ်။   – ကီယက်ဗ် မြို့ အနီး အယ်ရ်ပင်မြို့မှာ အမေရိကန်နိုင်ငံသား သတင်းထောက် Brent Renaud…

Read More

အမေရိကန်သမ္မတဟောင်း အိုဘားမား ကိုဗစ်-၁၉ ကူးစက်ခံနေရ

ဝါရှင်တန်၊ မတ်-၁၄-၂၀၂၂ မျိုးဆက်(VOM)   အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရပြီး အပျော့စား ရောဂါလက္ခဏာတွေ ခံစားနေရတယ်လို့ မတ် ၁၃ ရက်မှာ သူ့ရဲ့တွစ်တာမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။   သူဟာ လည်ချောင်းနာတာကို နှစ်ရက်ကြာခံစားခဲ့ရပေမယ့် အခြေအနေကောင်းမွန်နေပြီး ဇနီးဖြစ်သူ မီရှဲအိုဘားမားကတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်မှု မခံရသေးဘူးလို့ ဆိုပါတယ်။   လူအများအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံကြဖို့ကို သူကတိုက်တွန်းပြောဆိုခဲ့ပြီး သူ့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကိုတွေ့ရှိခဲ့တာဟာ ကာကွယ်ဆေးထိုးနှံကြဖို့ သတိပေးချက်ဖြစ်ကြောင်း သမ္မတဟောင်း အိုဘားမားကပြောပါတယ်။   အမေရိကန်မှာ အသက်ငါးနှစ်အထက် လူအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ် အနည်းဆုံးထိုးနှံပြီးစီးထားပြီလို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာနက ပြောပါတယ်။   အမေရိကန်နိုင်ငံတ၀န်းမှာ ဇန်နဝါရီလအတွင်းက နေ့စဉ်ကူးစက်မှု ၈၁၀၀၀၀ ထိရောက်ရှိခဲ့ပေမယ့် အထွတ်အထိပ်ကာလနဲ့နှိုင်းယှုဉ်ပါက…

Read More

ယူကရိန်းအရေး ရုရှားက တရုတ်ကိုအကူအညီတောင်း၊ ကူညီရင်ဆိုးကျိုးနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန်သတိပေး

ဝါရှင်တန်၊ မတ်-၁၄-၂၀၂၂ မျိုးဆက်(VOM)   ယူကရိန်းအရေးမှာ တရုတ်နိုင်ငံအနေဖြင့် ရုရှားကိုကူညီပေးမယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန်က သတိပေးလိုက်ကြောင်း အမေရိကန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။   ရုရှားက ယူကရိန်းကို ကျူးကျော်၀င်ရောက်ပြီးနောက် စစ်ရေးအကူအညီပေးဖို့အတွက် တရုတ်ကို ရုရှားကတောင်းဆိုခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်တာ၀န်ရှိသူတွေက အမေရိကန်သတင်းဌာနအချို့ကို ထုတ်ဖော်ပြောဆိုထားပါတယ်။   ဒါပေမယ့် ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးကတော့ ရုရှားရဲ့ဒီလိုတောင်းဆိုမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အမေရိကန်နဲ့ တရုတ်တာ၀န်ရှိသူတွေအကြား ရောမမှာ ဒီနေ့မဆွေးနွေးမီ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အမေရိကန်ဘက်က သတိပေးချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။   ယူကရိန်းအရေးစတင်ချိန်မှစပြီး တရုတ်ဟာကာလရှည်မဟာမိတ်ဖြစ်တဲ့ ရုရှားကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုမှုတွေပြုခဲ့ပေမယ့် စစ်ရေး သို့မဟုတ် စီးပွားရေးဆိုင်ရာ ထောက်ပံ့မှုတစုံတရာပေးခဲ့ကြောင်း လူသိရှင်ကြား မတွေ့ရသေးပါဘူး။   ဒါပေမယ့် ရုရှားဟာ မောင်းသူမဲ့လေယာဉ်တွေ၊ စစ်ဘက်ဆိုင်ရာ ကိရိယာတွေ ကူညီဖို့ မကြာသေးမီရက်အတွင်းက တရုတ်နိုင်ငံကိုအထူးတောင်းဆိုခဲ့တယ်လို့…

Read More

တရုတ်မှာ ကိုဗစ်-၁၉ ကူးစက်မှု နှစ်နှစ်အတွင်း အဆိုးရွားဆုံးအခြေအနေ ဖြစ်ပေါ်နေ

ပေကျင်း၊ မတ်-၁၃-၂၀၂၂ မျိုးဆက်(VOM)   တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုဟာ မတ် ၁၃ ရက်မှာတော့ ၃၄၀၀ နီးပါးထိရှိတယ်လို့ တရုတ်အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုထားပြီး ဒီအရေအတွက်ဟာ ကပ်ရောဂါစတင်ပြီး ၂နှစ်တာကာလအတွင်း အမြင့်ဆုံးအရေအတွက်ဖြစ်ပါတယ်။   နိုင်ငံတွင်းရှိ ပြည်နယ် ၁၉ ခုနီးပါးမှာ အိုမီခရွန်နဲ့ ဒယ်လ်တာဗိုင်းရပ်စ် အစုလိုက်အပြုံလိုက် ကူးစက်မှုတွေရှိနေစဉ်မှာ မြို့တော်ရှန်ဟိုင်းရှိ စာသင်ကျောင်တွေကို အာဏာပိုင်တွေက ပိတ်ထားပြီး အရှေ့မြောက်ပိုင်းက မြို့အချို့ကိုလည်း လော့ခ်ဒေါင်းချထားပါတယ်။   တရုတ်အာဏာပိုင်တွေဟာ မြောက်ကိုရီးယားနဲ့ ထိစပ်နေတဲ့ ယန်ဂျီမြို့ကို အပြည့်အ၀ပိတ်ချထားပြီး ဂျီလင်မြို့ကိုတော့ တစိတ်တပိုင်း လော့ခ်ဒေါင်းချတာကို မတ် ၁၃ ရက်မှာ ကြေညာလိုက်ပါတယ်။   ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကို စတင်တွေ့ရှိပြီးနောက် တရုတ်နိုင်ငံဟာ လော့ခ်ဒေါင်းချတာ၊ ခရီးသွားကန့်သတ်တာနဲ့ စစ်ဆေးမှုအကြီးအကျယ်ပြုလုပ်တာအပါအ၀င် ဗိုင်းရပ်စ် လုံး၀မကူးစက်စေရေး မူဝါဒကို ကျင့်သုံးခဲ့ပါတယ်။…

Read More

အွန်လိုင်းက ရက်ချိန်းယူပြီး ပတ်စပို့စ် လျှောက်ထားရမယ့်စနစ် လက်တွေ့မှာ အဆင်မပြေနိုင်ဘူးလို့ သိရ

မတ် ၁၃-၂၀၂၂ GG (VOM)   နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို လူကိုယ်တိုင်လာရာက်တန်းစီစောင့်ဆိုင်းခြင်းအစား အွန်လိုင်းကနေ ရက်ချိန်ပြီး လျှောက်ထားရမယ့်စနစ်ကို အခုလထဲမှာပဲ စတင်လုပ်ဆောင်မယ်လို့ ရန်ကုန်ပတ်စပို့စ်ရုံးက အသိပေးထားပါတယ် ။   အခုလို ပြောင်းလဲမယ့် အွန်လိုင်းစနစ်က ပတ်စပို့ကို ကိုယ်တိုင်လျှောက်ထားမယ့်သူတွေအတွက် အဆင်မပြေကြောင်း၊ ဝက်ဘ်ဆိုက်ကိုဝင်ရောက်ဖို့အဆင်မပြေခြင်း၊အသုံးမပြုတတ်ခြင်း စတဲ့အခက်အခဲတွေရှိတယ်လို့ ပတ်စ်ပို့လျှောက်ထားသူတွေဆီက သိရပါတယ်။   ” အခုဝင်ကြည့်နေတာ သူတို့ဝက်ဘ်ဆိုက်က ဝင်မရဘူး။ ဝင်ရရင်လည်း ဖောင်ဖြည့်တာတွေက မရင်းနှီးဘူး၊လုပ်တတ်မှာမဟုတ်ဘူး။ဒီကြားထဲ အင်တာနက်က အဆင်မပြေတာ ရှိအုံးမယ်။ကျနော်တို့လို နယ်ကလူတွေအတွက် အဆင်မပြေပါဘူး။လူကိုယ်တိုင်ဆိုရင်မှ ကိုယ့်ဘာသာ ရုံးကိုသွားစောင့်လုပ်ရင် လုပ်တတ်သေးတယ် ၊ အခုကတော့ ပွဲစားတွေနဲ့ ကုမ္ပဏီတွေက ပိုအလုပ်ဖြစ်မယ်၊သူတို့တောင်းသလောက်ပေးနေရတော့မှာပေါ့ “လို့ မလေးရှားကိုသွားဖို့စောင့်ဆိုင်းနေသူ တဦးကပြောပါတယ်။   မတ်လ ၂၁ ရက်နေ့ကစပြီး ပတ်စ်ပို့စ်ရုံးကို လူကိုယ်တိုင်လာရောက်တန်းစီစောင့်ဆိုင်းစရာမလိုတော့ဘဲ အွန်လိုင်းကနေသာ ရက်ချိန်းရယူပြီး သတ်မှတ်ရက်မှာ ရုံးကိုသွားကာ…

Read More

ရုရှားက ဓါတုလက်နက်တွေ သုံးလာနိုင်ဖွယ်ရှိ၊ အမေရိကန်က ယူကရိန်းကို လက်နက် ဒေါ်လာသန်း ၂၀၀ ဖိုးထပ်ပို့မည်

ဝါရှင်တန်၊ မတ်-၁၃-၂၀၂၂ မျိုးဆက်(VOM)   ရုရှားဟာ ယူကရိန်းကိုကျူးကျော်ပြီးနောက် ဓါတုလက်နက်တွေအသုံးပြုလာနိုင်တယ်လို့ နေတိုးအတွင်းရေးမှူးချုပ် ယန်စတိုတင်ဘာ့ဂ်က သတိပေးပြောဆိုလိုက်ပါတယ်။   မကြာသေးမီအချိန်အတွင်းက ယူကရိန်းမှာ ဓါတုပစ္စည်းနဲ့ ဇီ၀လက်နက် ဓါတ်ခွဲခန်းတွေရှိတယ်ဆိုတဲ့ ရုရှားရဲ့ စိတ်ပျက်ဖွယ်ပြောဆိုမှုတွေကို ကြားသိခဲ့ရကြောင်း၊ ဒီလိုလုပ်ကြံပြောဆိုမှုတွေအောက်မှာ ရုရှားဟာ ဓါတုလက်နက်တွေ သုံးနိုင်တဲ့ အစီအစဉ်ရှိလာနိုင်တာကြောင့် မိမိတို့ နိုးနိုးကြားကြားရှိနေရမယ်လို့ နေတိုးအကြီးအကဲက ဂျာမန်သတင်းဌာနတစ်ခုနဲ့ အင်တာဗျူးမှာ ပြောဆိုပါတယ်။   ရုရှားဟာ ယူကရိန်းမှာ ဓါတု သို့မဟုတ် ဇီ၀လက်နက်အသုံးပြုတာ သို့မဟုတ် ဒါတွေကိုအသုံးပြုပြီး ယူကရိန်းကို စွပ်စွဲတိုက်ခိုက်မှုပြုနိုင်ခြေနဲ့ပတ်သက်ပြီး စောင့်ကြည့်ရမယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျန်ပက်စကီကလည်း ပြောဆိုထားပါတယ်။   အမေရိကန်ကတော့ ရုရှားရဲ့ခြိမ်ခြောက်မှုခံနေရတဲ့ ယူကရိန်းအတွက် ဒေါ်လာသန်း ၂၀၀ ဖိုးရှိတဲ့ လက်နက်တွေ ထပ်မံထောက်ပံ့ပေးမယ်လို့ နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က မတ် ၁၂ ရက်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။…

Read More

ဒါရိုက်တာမိုက်တီး နေအိမ်မှာ ဖမ်းဆီးခံရ

မတ် ၁၃-၂၀၂၂ KK(VOM)   ဒါရိုက်တာမိုက်တီးကို ရန်ကင်းမြို့နယ်၊ ၁၆ရပ်ကွက်၊ ဘောက်ထောက်က နေအိမ်မှာ မနေ့ မတ်လ ၁၂ရက် ညပိုင်းက လာရောက်ဖမ်းဆီးသွားတယ်လို့ အနုပညာအသိုင်းအဝိုင်းက သိရပါတယ်။   ဒါရိုက်တာမိုက်တီးကို ရန်ကင်းမြို့နယ်၊ ဘောက်ထော်က နေအိမ်မှာ တာမွေမြို့နယ်ရဲစခန်းမှ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ညီမဖြစ်သူ သရုပ်ဆောင်လင်းဇာနည်ဇော်က VOMကိုပြောပါတယ်။   “သတင်းက မှန်ပါတယ် ညကလာဖမ်းတာ၊ တာမွေ ရဲစခန်းက လာဖမ်းတာ၊ အခုတာမွေရဲစခန်းမှာပါ”လို့ သူကပြောပါတယ်။   လက်တလောမှာ တာမွေမြို့နယ်ရဲစခန်းက ဒါရိုက်တာမိုက်တီး(ခ)ဦးသန်းထွန်းဇော်ကို ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိတဦးက ပြောပါတယ်။   တာမွေမြို့နယ်ရဲစခန်းက ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၆ရက်နေ့ညကလည်း ဒါရိုက်တာမိုက်တီးကို မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးခဲ့ပြီး တရားရင်ဆိုင်ရကာ အမှုပိတ်သိမ်းပြီး ပြန်လွှတ်မြောက်လာသူတဦးလည်းဖြစ်ပါတယ်။   ဒါရိုက်တာမိုက်တီးဟာ ယခင်…

Read More
VOM News

FREE
VIEW