ထိုင်းကုမ္ပဏီ PTTEP က ရတနာဓါတ်ငွေ့စီမံကိန်း ရှယ်ယာတွေ လွှဲပြောင်းရယူမည်

ဘန်ကောက်၊ မတ်-၁၅-၂၀၂၂ မျိုးဆက်(VOM)   မြန်မာနိုင်ငံမှာရှိတဲ့ ရတနာဓါတ်ငွေ့စီမံကိန်းကနေ ပြင်သစ်ကုမ္ပဏီ TotalEnergies ထွက်ခွာပြီးနောက် အဲဒီစီမံကိန်းရဲ့ လုပ်ငန်းဆောင်တာတွေကို ဇူလိုင်လကစပြီး လွှဲပြောင်းရယူတော့မှာဖြစ်ကြောင်း ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလမှ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ်ပွားပြီးနောက် အဓိကရေနံကုမ္ပဏီကြီးတွေဖြစ်တဲ့ Chevron နဲ့ TotalEnergies ကုမ္ပဏီတို့ဟာ မြန်မာနိုင်ငံကနေ ဇန်နဝါရီလမှာ ထွက်ခွာခဲ့ကြပါတယ်။   စွမ်းအင်ကို သာတူညီမျှရရှိရေးဟာ လူသားအားလုံးရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတစ်ရပ်ဆိုတာကို အသိအမှတ်ပြုကြောင်း PTTEP ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။   ရတနာဓါတ်ငွေ့စီမံကိန်းကနေ ထွက်ခွာဖို့ TotalEnergies ကုမ္ပဏီဆုံးဖြတ်ပြီးနောက်ပိုင်း သဘာ၀ဓါတ်ငွေ့ရရှိမှု ပုံမှန်ဖြစ်စေဖို့ လုပ်ငန်းဆက်ခံတဲ့ အော်ပရေတာအဖြစ် ဆောင်ရွက်ဖို့ကို သေချာစဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။   ရတနာ သဘာ၀ဓါတ်ငွေ့စီမံကိန်းဟာ မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံစလုံးက ပြည်သူတွေရဲ့ အသက်မွေး၀မ်းကြောင်းအတွက် အဓိကကျတဲ့ သဘာ၀ဓါတ်ငွေ့အရင်းအမြစ်ဖြစ်တာကြောင့် စွမ်းအင်လိုအပ်ချက် အနှောက်အယှက်မဖြစ်စေဖို့…

Read More

ကိယက်ဗ်မြို့ကို ရုရှားက လေကြောင်းနဲ့အပြင်းအထန်တိုက်ခိုက်၊ နျူကလီးယားစစ်ဖြစ်လာမှာကို ကုလစိုးရိမ်နေ

ကိယက်ဗ်၊ မတ်-၁၅-၂၀၂၂ မျိုးဆက်(VOM)   ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ရုရှားက မတ် ၁၄ ရက် ညပိုင်းမှာ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး လူနေအဆောက်အအုံတွေပါ တိုက်ခိုက်ခံခဲ့ရပါတယ်။   ကိယက်ဗ်မြို့ပေါ်က လူနေအဆောက်အအုံတခုကို လေကြောင်းတိုက်ခိုက်ခဲ့ရာမှာတော့ လူနှစ်ဦးသေဆုံးပြီး ၃၅ ဦးကိုတော့ ကယ်တင်နိုင်ခဲ့တယ်လို့ ယူကရိန်းအရေးပေါ်ဌာနကပြောပါတယ်။   အဲဒီလို လေကြောင်းတိုက်ခိုက်မှုတွေမှာ ထိမှန်ပျက်စီးခဲ့တဲ့နေရာနဲ့ အဆောက်အအုံတွေက Sviatoshynskyi ခရိုင်မှာရှိတဲ့ ကိုးထပ်နဲ့ ၁၆ ထပ်အမြင့်ရှိ အဆောက်အအုံနှစ်ခု၊ Podilskyi ခရိုင်ရှိ၁၀ ထပ်လူနေ အဆောက်အအုံ၊ Darnytskyi ခရိုင်မှာရှိတဲ့ အိမ်ယာတခု၊ Lukyanivska မြေအောက်ရထားဘူတာရဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး ဘူတာကတော့ လုပ်ငန်းလည်ပတ်နိုင်ဆဲဖြစ်တယ်လို့ ကိယက်ဗ်မြို့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။   ယူကရိန်းအပေါ် ရုရှားရဲ့ အခုလိုတိုက်ခိုက်မှုတွေကြောင့် နျူကလီးယားစစ်ပွဲဖြစ်ပွားလာနိုင်တဲ့ အလားအလာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အန်တိုနီယို…

Read More

တရုတ်မှာ ကိုဗစ်ကူးသူမြင့်တက်လာလို့ လူ ၂၄ သန်းနေထိုင်တဲ့ ဂျီလင်ပြည်နယ်ကို လော့ခ်ဒေါင်းချ

ပေကျင်း၊ မတ်-၁၅-၂၀၂၂ မျိုးဆက်(VOM)   တရုတ်နိုင်ငံမှာ မတ် ၁၅ ရက်နေ့က ရောဂါကူးစက်ခံရသူ ငါးထောင်ကျော်ထိ စံချိန်တင်မြင့်တက်ခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပြီး အများစုမှာ ဂျီလင်ပြည်နယ်မှဖြစ်တဲ့အတွက် ပြည်နယ်တွင်းနေထိုင်သူ ၂၄ သန်းကို မတ် ၁၄ ရက်မှာ လော့ခ်ဒေါင်းချလိုက်ပါတယ်။   ဂျီလင်ပြည်နယ်တစ်ခုလုံးနဲ့ နည်းပညာအချက်အခြာနေရာဖြစ်တဲ့ ရှန်ကျန်းဒေသရှိ ဒေသခံတွေအပါအ၀င် နိုင်ငံတ၀န်းရှိ ပြည်သူသန်းပေါင်းများစွာဟာ ကိုဗစ်ကန့်သတ်ချက်တွေနဲ့ လက်ရှိမှာရင်ဆိုင်နေရပါတယ်။   ဒီလို ကိုဗစ်-၁၉ဆိုင်ရာ ကန့်သတ်မှုတွေ ပိုမိုလုပ်ဆောင်လာမှုကြောင့် တရုတ်နိုင်ငံရှိ နိုင်ငံတကာကုမ္ပဏီတွေဟာလည်း သူတို့ရဲ့လုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းလိုက်ရတဲ့ အခြေအနေတွေကြုံတွေ့နေရပါတယ်။   လုပ်ငန်းများရပ်ဆိုင်းထားရတဲ့ နိုင်ငံတကာ ကုမ္ပဏီများထဲမှာ တိုယိုတာ၊ ဗောက်၀က်စ်ဂွန် နဲ့ အက်ပဲအတွက် စမတ်ဖုန်းအစိတ်အပိုင်းတွေထုတ်လုပ်ပေးတဲ့ ဖော့စ်ကွန်း ကုမ္ပဏီတို့လည်း ပါ၀င်နေပါတယ်။   ကိုဗစ်-၁၉ ဆိုင်ရာလော့ခ်ဒေါင်းချမှတ်ခြင်းတွေကြောင့် အရေးပါသောထောက်ပံ့ရေး ကွင်းဆက်တွေပြတ်တောက်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုများလည်း လက်ရှိမှာတိုးပွားလာနေပါတယ်။…

Read More

ပလက်ဝမှာ စက်သုံးဆီစျေး မြင့်တက်မှုကြောင့် ကုန်စည်ပြတ်လပ်မှုနဲ့ စျေးနူန်းသုံးဆနီးပါး ပေးနေရ

မတ် ၁၅ -၂၀၂၂ SP(VOM)   ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း အစပ်က ပလက်ဝမြို့မှာ အခုရက်ပိုင်း စက်သုံးဆီစျေးနူန်း အဆမတန် မြင့်တက်နေပြီး စားသောက်ကုန်စည် တချို့ အဝင်နည်းသွားတဲ့အတွက် ပြတ်တောက်မှုတွေဖြစ်ပေါ်နေပြီး စျေးကွက်မှာရှိနေတဲ့ လက်ကျန်ကုန်ပစ္စည်းတွေကလည်း အရင်ကစျေးထက် သုံးဆနီးပါး ပေးဝယ်နေရတယ်လို့ ပလက်ဝနယ်ခံတွေဆီက သိရပါတယ်။   ” ဓာတ်ဆီက တစ်လီတာဆို ၄ ထောင် ၊ ဂါလံလိုက်ယူရင် ၁ သောင်းခွဲ ၊ အရင်က ကြက်ဥ တစ်ထောင်ဖိုး ၅ လုံးကနေ အခုဆို ၃ လုံးပဲရတယ် ၊ ဆန်ကတော့ အမျိုးအစားအလိုက် အရင်စျေးထက် တစ်သောင်းပိုတယ် ၊ ပေါ်ဆန်း တစ်အိတ်ကို ၇ သောင်းဝန်းကျင်ရှိတယ် ” လို့ ပလက်ဝနယ်ခံတယောက်က ပြောပါတယ်။   အဲ့ဒီလို…

Read More

ရုရှားနိုင်ငံပိုင်သတင်းဌာနက အယ်ဒီတာတဦး သတင်းတိုက်ရိုက်လွှင့်စဉ် ဆန္ဒပြ

မော်စကို၊ မတ်-၁၅ မျိုးဆက်(VOM)   ရုရှားနိုင်ငံပိုင်သတင်းဌာနဖြစ်တဲ့ ချန်နယ်၀မ်းရုပ်သံဌာနမှာ မတ် ၁၄ ရက်ညနေပိုင်းက သတင်းကြေညာတဲ့ အစီအစဉ်တစ်ခုပြုလုပ်ချိန် ၀န်ထမ်းအမျိုးသမီးတဦးက ယူကရိန်းစစ်ပွဲဆန့်ကျင်ရေး ဆိုင်းဘုတ်ကိုင်ဆောင်ကာ ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။   သတင်းတင်ဆက်သူရဲ့နောက်မှာတော့ ဆန္ဒပြအမျိုးသမီး၀န်ထမ်းဟာ စစ်ပွဲအလိုမရှိ၊ စစ်ပွဲရပ်၊ ဝါဒဖြန့်တာတွေကို မယုံကြည်နဲ့ ၊ ဒီနေရာက မုသားတွေသုံးလိမ်ညာနေတယ်ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့မြင်ရပါတယ်။   စစ်ပွဲဆန့်ကျင်ရေးဆိုင်းဘုတ်ကိုင်ဆောင်ပြီး ဆန္ဒပြသူဟာ အဲဒီသတင်းဌာနက အယ်ဒီတာတစ်ဦးဖြစ်သူ မာရီနာအိုဗ်ဆေရာနီကိုဗာ ဆိုသူဖြစ်ပြီး လက်ရှိမှာတော့ ရဲစခန်းမှာ ထိန်းသိမ်းထားခံရတယ်လို့ ယူဆရပါတယ်။   ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ ဖြစ်ရပ်တွေဟာ ရာဇ၀တ်မှုဖြစ်ပြီး ရုရှားအစိုးရရဲ့ ဝါဒဖြန့်သတင်းဌာနအတွက် အလုပ်လုပ်ကိုင်ခဲ့ရလို့ ရှက်ရွံ့မိကြောင်း ဆန္ဒပြမှုမတိုင်မီ ကိုယ်တိုင်ရိုက်ရုပ်သံမှတ်တမ်းတစ်ခုမှာ သူမကပြောပါတယ်။   ချန်နယ်၀မ်းရုပ်သံဌာနကို ရုရှားအစိုးရက တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပြီး ယူကရိန်းမှာဖြစ်ပွားနေတဲ့ ဖြစ်ရပ်တွေကို ရုရှားအစိုးရအာဘော်တစ်ခုအတိုင်းသာ ထုတ်လွှင့်တင်ဆက်နေတဲ့ သတင်းဌာနတခုလည်း ဖြစ်ပါတယ်။…

Read More

တောင်သမန်အင်းစောင်းက တပင်တိုင်မင်းသား ကိုရန်အောင်

မတ် ၁၅- ၂၀၂၂ (VOM) မန္တလေးမြို့၊ အမရပူရရှိ တောင်သမာန်အင်းစောင်း တဝိုက်မှာ ဇာတ်မင်းသားဝတ်စုံကို ကျော့နေအောင်ဝတ်ဆင်ပြီး ဆိုင်ကယ်ပေါ်မှာ တနိုင်တပိုင် အသံချဲ့စက်လေးတင်ကာ ဇာတ်မင်းသားအက ကပြဖျော်ဖြေနေတဲ့ တပင်တိုင်မင်းသားတဦး ရှိနေပါတယ်။ အဲ့ဒီတပင်တိုင်မင်းသားကတော့ သဘင်ပညာကို ငယ်စဥ်ကတည်းက ဝါသနာပါလာခဲ့တဲ့ စစ်ကိုင်းမြို့နယ်၊ မအူပင်ကျေးရွာသား ကိုရန်အောင်ဆိုသူပဲ ဖြစ်ပါတယ်။ သူစိတ်ကူးထားတဲ့ ဇာတ်သဘင်စင်မြင့်ပေါ်က နာမည်ကြီး မင်းသားတစ်‌ယောက် မဖြစ်ခဲ့ပေမယ့် အခုချိန်ထိ ဇွဲမလျှော့သေးဘဲ အသံချဲ့စက်တစ်လုံးနဲ့ သူနှစ်သက်တဲ့ အကပညာကို ဖျော်ဖြေနေတဲ့အကြောင်း VOM သတင်းဌာနက ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #တပင်တိုင်မင်းသား #ကိုရန်အောင် YouTube Link – https://youtu.be/IZe3vbxQEAE

Read More

လျှပ်စစ်မီးမမှန်တာနဲ့စက်သုံးဆီ အဆမတန်မြင့်တက်မှုကြောင့် စက်မှုလက်မှုလုပ်ငန်းတချို့ ရပ်နားရဖွယ်ရှိနေ

မတ် ၁၂-၂၀၂၂ TT(VOM)   မုံရွာမြို့ စက်မှုဇုံအတွင်းမှာ လျှပ်စစ်မီးကိုအသုံးပြုလည်ပတ်နေရတဲ့လုပ်ငန်း အများအပြားဟာ နိုင်ငံရေးအပြောင်းအလဲမဖြစ်မှီ COVID ကာလအတွင်း အခက်အခဲတချို့ကြုံတွေ့ခဲ့ကြပေမယ့် လုပ်ငန်းတွေရပ်တန့်ရတဲ့အခြေအထိ မဖြစ်ပေါ်ခဲ့ဘူးလို့ စက်မှုလက်မှုလုပ်ငန်းရှင်တဦးကပြောပါတယ်။   လက်ရှိနိုင်ငံရေးအပြောင်းအလဲကာလနောက်ပိုင်းမှာတော့ လမ်းပန်းဆက်ငွယ်ရေးအခက်အခဲတွေ၊ ကုန်ကြမ်းဝယ်ယူမှုအခက်အခဲတွေ၊ကုန်ချောပြန်လည်ရောင်းချရမှုအခက်အခဲတွေကြောင့် လုပ်ငန်းလည်ပတ်မှု သုံးပုံနှစ်ပုံအထိ ကျဆင်းသွားတယ်လို့ ပြောပါတယ်။   အခုလိုအခြေအနေမှာ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ စက်သုံးဆီဈေး အဆမတန်မြင့်တက်လာမှုတွေကြောင့် လုပ်ငန်းတွေရပ်တန့်ရမယ့် အခြေအနေအထိ ကြုံတွေ့နေကြပါတယ်။   လုပ်ငန်းတွေရပ်တန့်ခဲ့ရင် လုပ်ငန်းရှင်တွေအပြင် ဒီလုပ်ငန်းကို အမှီပြုလုပ်ကိုင်နေရတဲ့ အလုပ်သမားတွေလည်း အခက်အခဲတွေ ကြုံတွေ့လာနိုင်တာကြောင့် နိုင်ငံရေးကာလအမြန်ဆုံးတည်ငြိမ်အေးချမ်းဖို့ လုပ်ငန်းရှင်တွေရော အလုပ်သမားတွေပါ မျှော်လင့်နေကြပါတယ်။   #voiceofmyanmar #VOM #မုံရွာ #မီးပြတ် #ဆီစျေးတက် #စက်မှုလက်မှု #ရပ်နားရဖွယ်ရှိ Youtube Link – https://youtu.be/dnYc5wF-blo

Read More

ပုလဲမြို့နယ်ထဲက မီးဘေးသင့်ပြည်သူတွေမှာ စားဝတ်နေရေးနဲ့ဆေးဝါးစောင့်ရှောက်မှုတွေ လိုအပ်နေ

မတ် ၁၄-၂၀၂၂ Voice Of Myanmar စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက စလို့ မကြာခဏဆိုသလို မီးဘေးသင့်တဲ့ဒဏ်ကို ခံစားနေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ (၁၁)ရက်နေ့က အိမ်ခြေ (၄၃) အိမ်သာရှိတဲ့ သပြေအေးကျေးရွာလည်း မီးဘေးသင့်ခဲ့ရပြီး လူနေအိမ် (၃၅)လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။ အဲ့ဒီမီးလောင်မှုကြောင့် လက်ရှိမှာ မီးဘေးသင့်ပြည်သူတွေအနေနဲ့ နီးစပ်ရာတောတွေထဲမှာ တိမ်းရှောင်နေကြရပြီး စားဝတ်နေရေးအခက်အခဲတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေတယ်လို့ မီးဘေးသင့်ပြည်သူတွေကပြောပါတယ်။ မီးလောင်မှုတွေဟာ ဒေသခံတွေရဲ့ပြောပြချက်အရ မီးရှို့ခံရတာဖြစ်တယ်လို့ သိရပေမယ့် VOMအနေနဲ့ သီခြားအတည်မပြုနိုင်ပါဘူး။ ပုလဲမြို့နယ်ထဲမှာ အခုလိုမီးဘေးသင့်မှုတွေဟာ ဇန်နဝါရီလကုန်ပိုင်းကစလို့ ဒီနေ့အချိန်အထိ သပြေအေးရွာအပါအဝင် မွေ့တုံ၊ ပန်းရွာ၊ လှော်ကား၊ ချောင်းဦး၊ ဇီးဖြူကုန်း၊ အင်မထီး၊ နှောရိုး၊ တုံးကန် ကျေးရွာတွေမှာထောင်နဲ့ချီတဲ့ လူနေအိမ်တွေ မီးဘေးသင့်ခဲ့ရတာလည်း ဖြစ်ပါတယ်။ #voiceofmyanmar #VOM #ပုလဲ #မီးဘးသင့်ပြည်သူ…

Read More

ယူကရိန်းစစ်ပွဲ နောက်ဆုံးအခြေအနေ

– ပိုလန်နိုင်ငံနယ်စပ်အနီး ယူကရိန်း ရာဗိုရစ်ဗ် Yavoriv ငြိမ်းချမ်းမှုထိန်းသိမ်းရေး နှင့် လုံခြုံရေးဗဟို ကို ရုရှားက မစ်ဇိုင်း ဒုံးကျည် အလုံး၃၀ ပစ်ခတ်လို့ အနည်းဆုံး ၃၅ ဦးသေဆုံးပြီး ၁၃၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်။   – ယူကရိန်းနဲ့ ပိုလန်နယ်စပ်၊ ပိုလန်နဲ့ ၁၀ ကီလိုမီတာ ( ၆.၂ မိုင်) အကွာမှာရှိတဲ့ ရာဗိုရစ်ဗ် စစ်စခန်းမှာ နေတိုး အဖွဲ့ဝင်နိုင်ငံတွေနဲ့ ယူကရိန်းစစ်တပ်တို့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေ နဲ့ သင်တန်းတွေ ပို့ချပါတယ်။   – ရုရှားတို့က ယူကရိန်း အနောက်ဖက်ခြမ်းက Ivano-Frankivsk မြို့ အနီးက လေဆိပ်ကိုလည်း ပစ်ခတ်တိုက်ခိုက်ပါတယ်။   – ကီယက်ဗ် မြို့ အနီး အယ်ရ်ပင်မြို့မှာ အမေရိကန်နိုင်ငံသား သတင်းထောက် Brent Renaud…

Read More

အမေရိကန်သမ္မတဟောင်း အိုဘားမား ကိုဗစ်-၁၉ ကူးစက်ခံနေရ

ဝါရှင်တန်၊ မတ်-၁၄-၂၀၂၂ မျိုးဆက်(VOM)   အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရပြီး အပျော့စား ရောဂါလက္ခဏာတွေ ခံစားနေရတယ်လို့ မတ် ၁၃ ရက်မှာ သူ့ရဲ့တွစ်တာမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။   သူဟာ လည်ချောင်းနာတာကို နှစ်ရက်ကြာခံစားခဲ့ရပေမယ့် အခြေအနေကောင်းမွန်နေပြီး ဇနီးဖြစ်သူ မီရှဲအိုဘားမားကတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်မှု မခံရသေးဘူးလို့ ဆိုပါတယ်။   လူအများအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံကြဖို့ကို သူကတိုက်တွန်းပြောဆိုခဲ့ပြီး သူ့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကိုတွေ့ရှိခဲ့တာဟာ ကာကွယ်ဆေးထိုးနှံကြဖို့ သတိပေးချက်ဖြစ်ကြောင်း သမ္မတဟောင်း အိုဘားမားကပြောပါတယ်။   အမေရိကန်မှာ အသက်ငါးနှစ်အထက် လူအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ် အနည်းဆုံးထိုးနှံပြီးစီးထားပြီလို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာနက ပြောပါတယ်။   အမေရိကန်နိုင်ငံတ၀န်းမှာ ဇန်နဝါရီလအတွင်းက နေ့စဉ်ကူးစက်မှု ၈၁၀၀၀၀ ထိရောက်ရှိခဲ့ပေမယ့် အထွတ်အထိပ်ကာလနဲ့နှိုင်းယှုဉ်ပါက…

Read More
VOM News

FREE
VIEW