နီပေါနိုင်ငံမှာ လူ၂၂ဦး လိုက်ပါသွားတဲ့ လေယာဉ်တစင်း ပျောက်ဆုံး

ခတ္တမန္ဒူ၊မေ-၂၉-၂၀၂၂ မျိုးဆက်(VOM) နီပေါနိုင်ငံ ပုဂ္ဂလိက လေကြောင်းလိုင်းတစ်ခုမှာ ပြေးဆွဲနေတဲ့ လေယာဉ်တစ်စင်းဟာ မေ၂၉ရက်မှာ လိုက်ပါသွားသူ၂၂ဉီးနဲ့ အတူပျောက်ဆုံးသွားခဲ့တယ်လို့ လေကြောင်းလိုင်းနဲ့ အစိုးရတာဝန်ရှိသူတွေက ရိုက်တာသတင်းဋ္ဌာနကို ပြောကြားခဲ့ပါတယ်။ အဲဒီလေယာဉ်ငယ်ဟာ မြို့တော်ခတ္တမန္ဒူရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ၂၀၀ခန့်ရှိ ခရီးသွားမြို့ Pokhara မှ အနောက်မြောက်ဘက် ကီလိုမီတာ၈၀ခန့်ရှိ Jomsomကို ပျံသန်းခဲ့တယ်လို့ သူတို့ကပြောပါတယ်။လေယာဉ်ကို ကနေဒါနိုင်ငံထုတ် Twim Otter ဖြင့်အဓိကပျံသန်းပြီး Tara Airမှ ပိုင်ဆိုင်ပါတယ်။ လိုက်ပါသွားသူ၂၂ဉီးထဲမှာ အိန္ဒိယနိုင်ငံသားလေးဦးနဲ့ အခြားနိုင်ငံခြားသားနှစ်ဦးတို့ ပါဝင်တယ်လို့ လေကြောင်းလိုင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ကမ္ဘာအမြင့်ဆုံး ဧဝရက်တောင်တည်ရှိရာ နီပေါနိုင်ငံမှာ ကျယ်ပြန့်သော ပြည်တွင်းလေကြောင်း ကွန်ရက်များတည်ရှိပြီး ရာသီဥတုပြောင်းလဲမှုနဲ့ တောင်ထူထပ်သောဒေသတွေမှာ တည်ဆောက်ထားတာမို့ မတော်တဆမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ Ref:REUTERS Photo:REUTERS #voiceofmyanmar #VOM #နီပေါမှာလေယာဉ်ပျောက် #ကမ္ဘာ့သတင်း

Read More

ရေကြည်မြို့နယ်မှာ နိုင်ငံသားအထောက်ထားမဲ့သူ တရာကျော်ဖမ်းဆီးခံရ

ရန်ကုန်၊မေ ၂၉၊၂၀၂၂ KK(VOM) ရေကြည်မြို့နယ်က ရေနံ့သာပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မနေ့ မေလ ၂၇ရက် ညနေပိုင်းကနိုင်ငံသားအထောက်ထားမဲ့သူ တရာကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ နိုင်ငံသားအထောက်ထားမဲ့သူတရာကျော်ဟာ ရခိုင်ပြည်နယ် ဂွမြို့ဘက်ကနေ ရန်ကုန်မြို့ကို အခကြေးငွေနဲ့ ယာဥ်မောင်းသုံးဦးက လိုက်ပို့ခဲ့တာမှာ ရေကြည်မြို့နယ် ရေနံ့သာ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မြို့ခံ တဦးက ပြောပါတယ်။ “ကားထဲမှာ ထိုင်ပြီးလိုက်လာတာ အများကြီးကလေးတွေရော လူကြီးတွေရော အကုန်မိတာ”လို့ ပြောပါတယ်။ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးပြောတာက “သတင်းကမှန်ပါတယ် မနေ့ကမဟုတ်ဘူး ၂၇ ရက်နေ့ ညနေ ကားသုံးစီးက မိတာ”လို့ ပြောပါတယ်။ ဖမ်းဆီးရမိသူတွေထဲမှာ ကျား ၅၇ ဦး မ ၄၂ ဦး ကျားကလေး ၁ ဦး မ ကလေး ၄ ဦး စုစုပေါင်း ၁၀၄ဦးတို့ဖြစ်တယ်လို့ သူကရှင်းပြပါ…

Read More

ပဲမျိုးစုံ၊ ဆီထွက်သီးနှံနဲ့ စားဆီ၊ကြက်သွန်နီတွေ ပြည်ပကို တင်ပို့ရောင်းချမယ်ဆိုရင် ပို့ကုန်လိုင်စင် လျှောက်ပြီးမှ ပို့ခွင့်ပြုမယ်

မေ ၂၉ VOM (GG) ပြည်ပနိုင်ငံတွေကို ပဲမျိုးစုံ၊ ဆီထွက်သီးနှံနဲ့ စားဆီအမျိုး ၊ကြက်သွန်နီ တွေကို တင်ပို့မယ်ဆိုရင် သြဂုတ်လ ၁ ရက်နေ့ကစပြီး ပို့ကုန်လိုင်စင် လျှောက်ထားရမယ် လို့ စီးပွားရေး နှင့်ကူးသန်းရေးဝန်ကြီးဌာနကပြောဆိုလိုက်ပါ တယ်။ ပို့ကုန်လိုင်စင် ပြန်လည်လျှောက်ထားရမယ့် ကုန်စည်တွေကတော့ ပဲမျိုးစုံ နဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မိ တ်၊မြေပဲ ၊နှမ်းပဲပုတ်စေ့၊ နေကြာစေ့ ၊ မုန်ညင်း စေ့နဲ့ ဆီထွက်သီးနှံ အစေ့အဆံတွေ၊ဆီအမျိုးမျိုး ၊ သံလွင်ဆီ ဆီအုန်း၊မြေပဲဆီ၊ နှမ်းဆီနေကြာဆီ၊ မုန်ညင်းဆီနဲ့ ဟင်းသီးဟင်း ရွက်အဆီတွေ ဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့်ပို့ကုန်လိုင်စင်လျှောက်ထားဖို့လိုတဲ့ ကုန်စည်ထဲက ဘယ်ကုန်စည်ကိုမဆို ပြည်ပကို ပင်လယ်ရေကြောင်း၊ လေကြောင်းဖြစ်စေ၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကဖြစ်စေ တင်ပို့မယ်ဆိုရင် ဩဂုတ်လ ၁ ရက်နေ့ကစပြီး လုပ်ထုံးလုပ်နည်း နဲ့အညီ ပို့ကုန်လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်ပို့ခွင့်ပြုတော့မယ်လို့ဆိုပါတယ်။ ”…

Read More

ကလေးမြို့က အထက်တန်းကျောင်း ၁ ကျောင်း မီးလောင်

မေ ၊ ၂၉ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ၊ စမ်းမြို့ရပ်ကွက် ၊ မြို့ပတ်လမ်းမှာရှိတဲ့ အခြေခံပညာ အထက်တန်းကျောင်းဟာ ၊ မေ ၂၉ ရက် ဒီကနေ့ မနက်အစောပိုင်းက မီးလောင်ခဲ့တယ်လို့ ကလေးမြို့ခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ကျန်စစ်သားလမ်းမှာနေတဲ့ ကျောင်းသားမိဘ တစ်ဦး ပြောတာက ” မနက်ပိုင်း ၁ နာရီဝန်းကျင်မှာ မီးလောင်တယ် ၊ မီးလောင်တဲ့ ကျောင်းက အမှတ် ၈ အခြေခံပညာ အထက်တန်းကျောင်းဖြစ်တယ် ၊ ပျဥ်ထောင် ကျောင်းဆောင်ကတော့ ပြာကျသွားတယ် ၊ RC ၂ ထပ် ခရေ စာသင်ဆောင်ကတော့ အပေါ်ထပ်တခုလုံး မီးလောင်ပျက်စီးသွားတယ် ၊ ကျောင်အပ်လက္ခံနေတဲ့ ကာလမှာ အခုလို စာသင်ဆောင်တွေ…

Read More

ကလေးမြို့မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ လူ ၃ ဦးသေဆုံး ၊ ၁ ဦး ဒဏ်ရာရ

မေ ၊ ၂၉ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ၊ တာဟန်းရပ်ကွက်ထဲကို မေ ၂၈ ရက် ၊ မနေ့က ညပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ထိမှန်တဲ့အတွက် လူ ၃ ဦး သေဆုံးခဲ့တယ်လို့ တာဟန်း ဇိုမီးလူငယ်ရေးရာအဖွဲ့ဆီက သိရပါတယ်။ ” မင်းကင်းမြို့နယ်ဘက်ကနေ ကလေး တာဟန်းမှာ အိမ်ငှားနေပြီး စစ်ဘေးရှောင်နေတဲ့ အိမ်ပေါ်ကျရောက် ပေါက်ကွဲတဲ့အတွက် ပထမ လူ ၂ ယောက်သေတယ် ၊ သေဆုံးသူတွေကတော့ ဒေါ်နီနှီအေး အသက် ၄၇ နှစ်နဲ့ သူ့ရဲ့သား ကိုဘုန်းမြတ်ဦး အသက် ၂၆ နှစ်တို့ဖြစ်တယ် ” လို့ တာဟန်းလူမှုကူညီရေး ပရဟိတသမား တစ်ယောက်က ပြောပါတယ် ။ ဒါ့အပြင် တာဟန်း အာဂပေ…

Read More

ယူကရိန်းသမ္မတနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ရုရှားသမ္မပူတင်ကို ပြင်သစ်နဲ့ဂျာမနီခေါင်းဆောင်တွေ တိုက်တွန်း

မော်စကို၊မေ-၂၉-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းသမ္မတနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ရုရှားသမ္မတပူတင်ကို ပြင်သစ်နဲ့ ဂျာမနီခေါင်းဆောင်တွေ တိုက်တွန်းခဲ့တယ်လို့ ဂျာမန်ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။ ပြင်သစ်သမ္မတ မက်ခရွန်နဲ့ ဂျာမနီဝန်ကြီးချုပ် အိုလပ်ရှုတို့ဟာ ရုရှားသမ္မတပူတင်နဲ့ မိနစ်၈၀ကြာဖုန်း ပြောခဲ့ပါတယ်။ သူတို့နှစ်ဉီးဟာ ချက်ချင်းအပစ်အခတ်ရပ်စဲရေးနဲ့ရုရှားတပ်တွေ ရုပ်သိမ်းပေးရေးကို အခိုင်အမာတိုက်တွန်းခဲ့တယ်လို့ ဂျာမန်ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။ ရုရှားသမ္မတဟာ မော်စကိုနဲ့ ကိယက်ဗ်တွေ့ဆုံဆွေးနွေးမှု ပြန်လည်စတင်ဖို့ လမ်းဖွင့်ထားကြောင်း ရုရှားသမ္မတအိမ်တော်ရဲ့ ပြောကြားချက်အရသိရပါတယ်။ ရုရှားသမ္မတပူတင်နဲ့ ယူကရိန်းသမ္မဇီလန်ဇကီးတို့ကြား တိုက်ရိုက်ဆွေးနွေးနိုင်ခြေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ ယူကရိန်းသမ္မတဟာ ဆွေးနွေးပွဲတွေအတွက် စိတ်အားထက်သန်ခြင်းမရှိကြောင်း အစောပိုင်းကတည်းကပြောကြားခဲ့ပေမဲ့လည်း ပဋိပက္ခတွေကိုအဆုံးသတ်ဖို့ လိုအပ်လာနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ရုရှားနဲ့ ယူကရိန်းကိုယ်စားလှယ်အဖွဲ့တွေဟာ ဖေဖော်ဝါရီ၂၄ရက် ရုရှားကျူးကျော်လာချိန်မှစ၍ အွန်လိုင်းကရော လူကိုယ်တိုင်ရော အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ကြပေမဲ့လည်း နောက်ပိုင်းမှာတော့ ရပ်တန့်သွားပြီဖြစ်ပါတယ်။ Ref:BBC Photo:GETTY IMAGES #voiceofmyanmar #VOM #ရုရှား #ယူကရိန်း #နိုင်ငံတကာသတင်း

Read More

မျောက်ကျောက် ရောဂါ ဆိုတာ

၂၉ မေ၊ ၂၀၂၂ VOM Monkeypox မန်းကီးပေါက်စ် မျောက်ကျောက်ရောဂါ ဆိုတာဘာလဲ၊ ဘယ်လို ကူးစက်တတ်သလဲ၊ ဒီရောဂါ ကူးစက်မခံရအောင် ဘယ်လို ကာကွယ်နိုင်သလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေး ဆောင်းပါးတွေကို တစိုက်မတ်မတ် ရေးသားဖြန့်ဝေပေးနေတဲ့ ဒေါက်တာတင့်ဆွေ က VOM ပရိတ်သတ်တွေအတွက် အခုလို မျှဝေပေးထားပါတယ်။ ……………………………… အမေရိကန် CDC ခေါ် ကူးစက်ရောဂါများ ထိန်းချုပ်ရေးဌာနက အခုစာရေးချိန် (၂၈ မေ၊ ၂၀၂၂) အထိ တင်ထားတဲ့ အချက်အလက်တွေ အရ၊ မန်းကီးပေါက်စ် Monkeypox ဆိုတာ၊ ရှားတဲ့ရောဂါဖြစ်တယ်။ monkeypox virus ဗိုင်းရပ်စ်ကနေ ဖြစ်စေတယ်။ Orthopoxvirus genus အုပ်စုထဲကဖြစ်တယ်။ အဲဒီအုပ်စုထဲမှာ variola virus ဗိုင်းရပ်စ်လည်း ပါတယ်။ အဲဒါက smallpox ခေါ် ကျောက်ကြီးရောဂါကို…

Read More

မုံရွာမြို့က နာမည်ကြီး ဟိုတယ်ပိုင်ရှင်နဲ့ ဝန်ထမ်းအမျိုးသမီး ၅ ဦးဖမ်းဆီးခံရ

မေ ၊ ၂၉ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ နတ်လူထိပ်ပန်ရပ်ကွက် ၊ ဘိုးဘွားရိပ်သာ အဝိုင်းပတ်အနီး ဟိုတယ်တခုက အမျိုးသမီး ၅ ဦးကို မေ ၂၈ ရက် ၊ မနေ့ မနက်ပိုင်းက စစ်သားနဲ့ ရဲတွေက လာရောက် ဖမ်းဆီးသွားတယ်လို့ နတ်လူထိပ်ပန် ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ ” တော်ဝင်ကျောက်စိမ်း ဟိုတယ်က လူတွေ ဖမ်းသွားတာပါ ၊ ဟိုတယ်ပိုင်ရှင် ဒေါ်အေးအေးခိုင် အပါအဝင် အမျိုးသမီး ၅ ဦးကို လာဖမ်းသွားတာ ” လို့ အဲ့ဒီ ဟိုတယ်ရဲ့ ဝန်ထမ်း အသိုင်းအဝိုင်းက ပြောပါတယ်။ အဲ့ဒီကိစ္စ ပတ်သက်ပြီး ၊ မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ၊ တာဝန်ရှိသူတစ်ဦး ပြောတာက ”…

Read More

တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေ ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်မယ်

မေ ၂၈-၂၀၂၂ VOM (GG) ပြီးခဲ့တဲ့ ၂ဝ၂၁-၂ဝ၂၂ ခုနှစ် က ဖြေဆိုထားတဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်ပြန် ကြေငြာမှာဖြစ်တယ်လို့ သိရပါတယ်။ ဆယ်တန်းအောင် စာရင်းတွေကို သက်ဆိုင်ရာကျောင်းတွေမှာ ကြေညာထားမယ့်အပြင် မြန်မာနိုင်ငံစာစစ် ဦးစီးဌာနရဲ့ ဝက်ဆိုဒ်ဖြစ်တဲ့ https://www.myanmarexam.org/index.html မှာဝင်ရောက်ကြည့်ရှူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ” ရှေ့လ ၁၂ ရက်နေ့ မှာအောင်စာရင်းတွေထုတ်ပြန်ပေးမယ်လို့သိရတယ်။ အောင်ချက်ကောင်းတယ်လို့တော့ကြားနေရတယ်ဆိုပေမယ့် တကယ့်စာရင်းထွက်လာမှပဲ သေချာသိရမှာပါ။ မနှစ်ကတော့ကျောင်းတက်သူက ရာနူန်းပြည့်တော့မရှိခဲ့ဘူး ” လို့ အထက်တန်းပြဆရာမတစ်ဦးက ပြောပါတယ်။ ၂ဝ၂၁-၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ စာမေးပွဲလာရောက်ဖြေဆိုဖို့ စာရင်းပေးတာက ၃၁၂၄၂၄ ဦးရှိပြီး အမှန်တကယ်လာရောက် ဖြေဆိုခဲ့တဲ့ကျောင်းသားကျောင်းသူ ဦးရေက ၂၈၁၇၄၁ ဦးရှိသာရှိခဲ့တယ်လို့ သိရပါတယ် ။ စာမေးပွဲ ပထမရက်ဖြစ်တဲ့ မြန်မာဘာသာဖေဆိုသူ ၂၈၁၇၄၁ ဦး၊ အင်္ဂလိပ်ဘာသာဖေဆိုသူ…

Read More

ရွှေပြည်သာမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရ တစ်ဦးသေ နှစ်ဦး ဒဏ်ရာရ

ရန်ကုန်၊မေ ၂၈၊၂၀၂၂ KK(VOM) ရွှေပြည်သာမြို့နယ် ၁၄ ရပ်ကွက်၊ ဗန္ဓုလလမ်းနဲ့ ဧည့်မထလမ်းထောင့်မှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲ သေနတ်ကိုင်ဆောင်ထားသူတွေက ဝင်ရောက်ပစ်ခဲ့ရာ အုပ်ချုပ်ရေးမှုး ဦးဝင်းအောင်သေဆုံးပြီး ဆယ်အိမ်မှုးတစ်ဦးနဲ့ ရာအိမ်မှုးတစ်ဦးသေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီကသိရပါတယ်။ ၁၄ ရပ်ကွက်နေသူတဦး VOM ကို ပြောပြတာကတော့ “အကုန်လုံးက ရုံးရှေမှာထိုင်နေတာ Maskတပ်ထားတဲ့ လူလေးယောက်ဝင်လာပြီး ပစ်တာ အုပ်ကြီးသေတယ် ဆယ်အိမ်မှုးတဦးက စိုးရိမ်ရတယ် ရာအိမ်မှုးတဦးက မစိုးရိမ်ရဘူး”လို့ ပြောပါတယ်။ ပစ်ခတ်မှုဖြစ်စဥ်မှာမှန်ကန်ပြီး အုပ်ချုပ်ရေးမှုးဦးဝင်းအောင်မှာ ကျည်ထိမှန်ဒဏ်ရာသုံးချက်နဲ့သေဆုံးကာ ဆယ်အိမ်မှုး ဦးဦးသန်းထွန်းမှာ ရင်ဘတ်ကျည်ထိဒဏ်ရာရရှိကာ စိုးရိမ်ရပြီး ရာအိမ်မှူးဦးဝင်းညွန့်ကတော့ ခြေထောက်ကျည်ထိဒဏ်ရာသာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက VOM ကို ပြောပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့နေရာကနေ ကျည်ခွံ ၁၅ တောင့်တွေ့ရှိပြီး ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ထားတယ်လို့လည်း ပြောပါတယ်။ လက်တလောမှာ စစ်တပ်နဲ့ရဲတွေက ရွှေပြည်သာမြို့နယ်က လမ်းဆုံလမ်းခွတွေမှာ…

Read More
VOM News

FREE
VIEW