မုံရွာက ကားရေဆေးဆီလိုက် ဆိုင်ထဲမှာ လူ ၃ ဦး ပစ်သတ်ခံရ

အောက်တိုဘာ ၊ ၃၀ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက် ၊ နယ်မြေအမှတ် ၁ ၊ အေးရိပ်သာလမ်းမှာရှိတဲ့ ရေဆေးဆီလိုက် ဆိုင်တခုထဲကို မနေ့ အောက်တိုဘာ ၂၉ ရက် ညနေပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့က ဗုံးနဲ့ထုပြီး သေနတ်နဲ့ ပစ်ခတ်ထာကြောင့် လူသေဆုံးတာတွေဖြစ်ပွားခဲ့တယ်လို့ နန္ဒဝန်ရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။ ” အေးရိပ်သာလမ်းပေါ်က စန်းမင်းကို ကားရေဆေးဆီလိုက် ဆိုင်ထဲမှာ ဖြစ်တာပါ ၊ မိန်းကလေးတွေပါတဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့က ပထမ ဗုံးနဲ့ပစ်ပေါက်တယ် ၊ ဗုံးကွဲသွားတဲ့အချိန် သေနတ်နဲ့ ဝင်ပစ်တာ ဆိုင်ရှင်အပါအဝင် လူ ၃ ယောက် နေရာမှာတင် ပွဲချင်းပြီးသေတယ် ” လို့ နန္ဒဝန်ရပ်ကွက်နေ ဒေသခံ တယောက်က ပြောပါတယ်။…

Read More

ငါ့သရောက် နယ်မြေရဲစခန်း ပစ်ခတ် တိုက်ခိုက်ခံရပြီး ရဲစခန်းမှူး အပါအဝင် ၁၁ ဦးသေဆုံး

အောက်တိုဘာ ၊ ၃၀ ၊ ၂၀၂၂ SP (VOM) မန္တလေးတိုင်း ၊ ညောင်ဦးခရိုင် ၊ ညောင်ဦးမြို့နယ် ၊ငါ့သရောက်မြို့ ၊ ငါ့သရောက် နယ်မြေရဲစခန်းဟာ မနေ့ အောက်တိုဘာ ၂၉ ရက် ညနေပိုင်း ၄ နာရီဝန်းကျင် က ပစ်ခတ်တိုက်ခိုက်ခံရပြီး လူသေဆုံးမှုတွေရှိခဲ့တယ်လို့ ငါးသရောက်ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်းမှာ ရဲမိသားစုတွေနဲ့ ရဲတွေက ရဲစခန်းဝန်း သန့်ရှင်းရေး (ဖက်ထရိတ်) လုပ်နေတဲ့အချိန် အမည်မသိလက်နက်ကိုင်အဖွဲ့ပ ရဲစခန်းကိုဝိုင်းပြီး သေနတ်တွေပစ်တာဖြစ်တယ် ၊ ရဲတွေနဲ့ ရဲမိသားစုတွေ သေဆုံးတာ ၁၀ ယောက်လောက်ရှိမယ် “လို့ ငါးသရောက်ဒေသခံ တယောက်က ပြောပါတယ်။ အဲ့ဒီလို ပစ်ခတ် တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ညောင်ဦးခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က” ညနေ…

Read More

မြောင်မြို့နယ်က ပရိမ္မ ထိတွေ့တိုက်ပွဲမှာ သေဆုံး၊ဒဏ်ရာရတာတွေရှိ

အောက်တိုဘာ ၊ ၂၉ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြောင်မြို့နယ် ၊ ပရိမ္မကျေးရွာနားမှာ မနေ့ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဒဏ်ရာရတာနဲ့ လူသေဆုံးတာတွေရှိတယ်လို့ ပရိမ္မရွာခံတွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ စစ်ကြောင်းက ရွာထဲကိုဝင်လာတယ် ၊ အဲ့ဒီမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရွာထဲက လူ ၂ ထောင်ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးရတယ် ၊ ၈ နာရီခွဲလောက်မှာ ရဟတ်ယာဥ် ၂ စီးရောက်လာပြီး ဝေဟင်ပစ်ခတ်တာတွေဖြစ်တယ် ၊ လူ ၂ ယောက်ထိမှန်သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရတယ် ၊ သေဆုံးတာတွေလည်း ရှိတယ် ” လို့ ပရိမ္မရွာခံ…

Read More

ချောက်-ကျောက်ပန်းတောင်းကားလမ်းမှာ ရပ်ထားတဲ့ကားကို ဝင်တိုက်မိရာ ၈ယောက်သေ၊ ၁၁ ယောက်ဒဏ်ရာရ

အောက်တိုဘာ ၂၉-၂၀၂၂ VOM (GG) မကွေးတိုင်း ၊ ချောက်မြို့နယ် ၊ ချောင်း-ကျောက်ပန်းတောင်းသွားကားလမ်း၊ ဩဇာတောကျေးရွာအနီးမှာ ရပ်ထားတဲ့ ၁၂ ဘီးကားကို နောက်ကနေဝင်တိုက်မိရာကနေ လူ ၈ ယောက်သေဆုံးပြီး ၁၁ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဒီနေ့အောက်တိုဘာလ ၂၉ရက်နေ့ မနက် ၆ နာရီလောက်မှာ ယာဥ်တိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ဝင်တိုက်ခဲ့တဲ့ကားပေါ် မှာ လိုက်ပါလာသူ ၁၉ ယောက်ရှိပြီး ၈ ယောက်သေကာ ၁၁ ယောက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ ” ယာဥ်မောင်းဆိုရင် မနည်းဆွဲထုတ်ရတယ်။သေသူတွေထဲမှာ ၅ယောက်က နေရာမှာ ပွဲချင်းပြီးသေတယ်၊နောက်၃ယောက်က ဆေးကုသမှုခံယူနေရင်းဆုံးတာပါ။ ချောက်ကနေ မကွေးဆေးရုံကိုလွှဲတဲ့လူနာလည်းရှိတယ် “လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ အသင်းဝင်တဦးကပြောပါတယ်။ သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ချောက်ဆေးရုံနဲ့ မကွေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြောင်း ၊ ယာဥ်ပေါ်ပါသူတွေဟာ ချောက်မြို့နယ်၊ စမ်းရိုးကျေးရွာကဖြစ်တယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားပြီးနောက် ရရှိခဲ့တဲ့ သေဆုံးသူတွေရဲ့…

Read More

တရားမ၀င်မြန်မာလုပ်သား ၁၈၉ ဦးကို ထိုင်းနိုင်ငံ ရနောင်းကနေ မြန်မာဘက်ကို ပြန်ပို့

ဘန်ကောက်၊ အောက်တိုဘာ-၂၉-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံထဲကို တရားမ၀င်လာရောက်တဲ့ မြန်မာလုပ်သား ၁၈၉ ဦးကို ထိုင်းနိုင်ငံ ရနောင်းကနေ မြန်မာနိုင်ငံဘက်ကို ထိုင်းအာဏာပိုင်တွေက အောက်တိုဘာ ၂၈ ရက်မှာ ပြန်ပို့လိုက်ပါတယ်။ အမျိုးသား ၁၄၃ ဦးနဲ့ အမျိုးသမီး ၄၆ ဦးတို့ဟာ ထိုင်းနိုင်ငံကို တရားမ၀င်လာရောက်မှုကြောင့် တရားဥပဒေအရ အရေးယူခံရပြီးနောက် နေရပ်ပြန်ပို့ရေးအစီအစဉ်မှာ ဆန္ဒအလျောက်ပါ၀င်ခဲ့တယ်လို့ ထိုင်းတာ၀န်ရှိသူတွေက ပြောပါတယ်။ မြန်မာလုပ်သားတွေကို ရနောင်းမှာရှိတဲ့ ခေါင်နန်းဟောင်ကျေးရွာမှာရှိတဲ့ အကောက်ခွန်ဆိပ်ကမ်းတံတားကနေ စက်လှေ ၁၁ စင်းနဲ့ မြန်မာနိုင်ငံ ကော့သောင်းဘက်ကို အောက်တိုဘာ ၂၈ ရက် မွန်းလွဲပိုင်းမှာ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာလုပ်သားတွေကို ပြန်ပို့ရာမှာ ရနောင်းရှိထိုင်းရေကြောင်းလုံခြုံရေးဆိုင်ရာ တာ၀န်ရှိသူတွေ၊ ထိုင်းရဲနဲ့စစ်တပ်တာ၀န်ရှိသူတွေနဲ့ မြန်မာစစ်သံမှူး ဦးတင်အောင်တို့ လိုက်ပါဆောင်ရွက်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ Ref: Bangkok Post #voiceofmyanmar…

Read More

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ တရားဝင်ငွေလွှဲရင် ၁ဒေါ်လာ ၃၀ ကျပ် အပို ပေးမယ်လို့ ဗဟိုဘဏ်ကြေညာထား

အောက်တိုဘာ ၂၉ – ၂၀၂၂ SN (VOM) မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြည်တွင်းကို တရားဝင်ငွေလွှဲရင် တစ်ဒေါ်လာ ၃၀ ကျပ် အပိုဆောင်းငွေ ချက်ချင်းပေးမယ်လို့ မနေ့ အောက်တိုဘာ ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ နိုင်ငံတော်အတွက် နိုင်ငံခြားငွေတွေကို တဖက်တလမ်းက ရှာဖွေပေးနေတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို နိုင်ငံတော်က ချီးမြှောက်တဲ့အနေနဲ့ ‌အခုလို ထောက်ပံ့ပေးတာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ “သူတို့ထုတ်ပြန်တာတွေ တစ်ခုမှ လူတွေက စိတ်မဝင်စားကြတော့ စိတ်ဝင်စားမှုရှိလာအောင် ဆွဲဆောင်တဲ့ သဘောပေါ့။ တစ်ဒေါ်လာ ၃၀ ကျပ် ချက်ချင်းပေးမယ်တို့ဘာတို့ ပြောနေပေမယ့် ဘယ်ဈေးနဲ့ ပေးမယ်ဆိုတာ ထုတ်ပြန်ချက်မှာ မပါသေးဘူး။ သူတို့ တရားဝင်သတ်မှတ်ဈေးက ၂၁၀၀ ၊ အပြင်‌မှာပေါက်နေတာက ၃၀၀၀ ဝန်းကျင်။…

Read More

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ခင်ပွန်း သံတူနဲ့တိုက်ခိုက်ခံရ

ဝါရှင်တန်၊ အောက်တိုဘာ-၂၉-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ ခင်ပွန်းဖြစ်သူ ပေါလ်ပလိုစီဟာ သူရဲ့နေအိမ်ကို ဖောက်ထွင်း၀င်ရောက်လာတဲ့ တူကိုင်ထားသူတရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာတွေရရှိခဲ့ပြီး လက်ရှိမှာ ခွဲစိတ်ကုသမှုပြုပြီးနောက် အခြေအနေကောင်းမွန်ကြောင်း တာ၀န်ရှိသူတွေက အောက်တိုဘာ ၂၈ ရက်မှာ ပြောပါတယ်။ အသက် ၈၂ နှစ်အရွယ်ရှိပြီဖြစ် ပေါလ်ပလိုစီဟာ အခုလိုတိုက်ခိုက်ခံရမှုကြောင့် ဘယ်ဘက်ဦးခေါင်းခွံရိုးကျိုးသွားကာ ညာဘက်လက်မောင်းနဲ့ လက်ချောင်းတွေမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိခဲ့ပါတယ်။ ဆန်ဖရန်စစ္စကိုရှိ သူတို့ဇနီးမောင်နှံရဲ့နေအိမ်ကို တူကိုင်ထားတဲ့ လူတဦးက ဖောက်ထွင်း၀င်ရောက်ခဲ့ပြီးနောက် သံသယရှိသူဟာ မစ္စပလိုစီကို တွေ့ဆုံခွင့်ရဖို့ တောင်းဆိုခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ နိုင်ငံရေးရည်ရွယ်ချက်ရှိကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုထားပြီး စက်ဆုပ်ဖွယ်လုပ်ရပ်ဖြစ်တယ်လို့ ၎င်းကပြောပါတယ်။ လူသတ်မှုကျူးလွန်ရန်အားထုတ်မှုအပါအ၀င် အခြားစွဲချက်တွေနဲ့ အသက် ၄၂ နှစ်အရွယ် သံသယတရားခံအမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး တိုက်ခိုက်ရတဲ့ အကြောင်းရင်းကိုတော့ လက်ရှိအချိန်ထိ ရှင်းလင်းစွာမသိရသေးပါဘူး။ Ref: BBC…

Read More

ပုလဲမြို့နယ်ထဲက ကျေးရွာ ၂ ရွာနားမှာ မီးရှို့ထားတဲ့ ရုပ်အလောင်း ၁၇ လောင်းတွေ့

အောက်တိုဘာ ၊ ၂၉ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် ၊ သဲပြင်ကျယ်ကျေးရွာနဲ့ ဖလန်ပင်ကျေးရွာနားဝန်းကျင်မှာ မနေ့ အောက်တိုဘာ ၂၈ ရက်က လူသေရုပ်အလောင်း ၁၇ လောင်း မီးရှို့ဖျက်ဆီးထားတာကို ဒေသခံတွေက တွေ့ရတယ်လို့ အဲ့ဒီရွာခံတွေဆီက သိရပါတယ်။ ” ဖလန်ပင်ရွာနားက မီးလောင်ပြင်ထဲမှာ အဲ့ဒီ ရုပ်အလောင်းတွေကို တွေ့ရတာပါ ၊ မီးရှို့ဖျက်ဆီးထားတဲ့အတွက် သေဆုံးသူတွေဟာ ဘယ်သူ ဘယ်ဝါဆိုတာ အခုထိတော့ မပြောနိုင်သေးဘူး ၊ ဖလန်ပင်ရွာထဲက လူပျောက်နေတာ ၃ ယောက်ရှိတယ် ၊ သူတို့ပါသလားဆိုတာ အသေခြာ မပြောနိုင်သေးဘူး ” လို့ ဖလန်ပင်ရွာခံတယောက်က ပြောပါတယ်။ သဲပြင်ကျယ်ကျေးရွာထဲက လူနေအိမ် ၄ လုံးနဲ့ ဖလန်ပင်ကျေးရွာထဲက လူနေအိမ် ၆…

Read More

ဖိလစ်ပိုင်တောင်ပိုင်းမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၄၅ ဦးထက်မနည်းသေဆုံး

မနီလာ၊ အောက်တိုဘာ-၂၉-၂၀၂၂ မျိုးဆက်(VOM) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ ပြည်နယ်တွေမှာ ပြင်းထန်တဲ့ အပူပိုင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုနဲ့မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး လူ ၄၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက အောက်တိုဘာ ၂၉ ရက်မှာပြောပါတယ်။ မုန်တိုင်း နာလ်ဂေးဟာ မင်ဒါနာအိုကျွန်းပေါ်ရှိ မက်ဂွင်ဒါနာအို ပြည်နယ်မှာ အဆိုးရွားဆုံးတိုက်ခတ်ခဲ့ပြီး အပျက်အစီးအဆုံးအရှုံးများခဲ့ကာ ကိုတာဘာတိုမြို့မှာလည်း ရေလွှမ်းမိုးမှုတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။ မုန်တိုင်းဟာ တနာရီလေတိုက်နှုန်း ၅၉ မိုင်နှုန်းနဲ့တိုက်ခတ်နေပါတယ်။ ရေကြီးရေလျှံပြီး မြေပြိုမှုတွေဖြစ်ပွားပြိးနောက်မှာ ကယ်ဆယ်ရေးသမားတွေက အလောင်းတွေကို ရွှံ့နွံ့တွေထဲကနေ ဆွဲထုတ်ခဲ့ရပါတယ်။ အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့တဲ့ အဲဒီမုန်တိုင်းဟာ ယခုသီတင်းပတ်ကုန်မှာ အထွတ်အထိပ်ကို ရောက်ရှိမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မုန်တိုင်းကြောင့် မြို့တော်မနီလာမှာ မိုးသည်းထန်စွာရွာသွန်းမယ်လို့ ခန့်မှန်းထားပြီး မုန်တိုင်း နာလ်ဂေးဟာ လက်ရှိမှာတော့ မြောက်ဘက်ကို ဦးတည်ရွေ့လျားနေပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း တိုင်ဖွန်းမုန်တိုင်း ၂၀ သို့မဟုတ် အပူပိုင်းမုန်တိုင်းတွေ…

Read More

လျှပ်စစ်ကားတင်သွင်းမှု ပြည်တွင်းကားဈေးကွက်အပေါ် ရိုက်ခတ်မှုမရှိနိုင်

အောက်တိုဘာ ၂၉ – ၂၀၂၂ SN (VOM) Dongfeng Motor Myanmar က တရုတ်နိုင်ငံထုတ် BYD အမှတ်တံဆိပ် လျှပ်စစ်ကား (EV)တွေကို အခုနှစ်မကုန်ခင် တင်သွင်းမယ့်ကိစ္စဟာ ပြည်တွင်း ကားဈေးကွက်အပေါ် ရိုက်ခတ်မှုမရှိနိုင်ဘူးလို့ သိရပါတယ်။ BYD အမှတ်တံဆိပ် လျှပ်စစ်ကား (EV)တွေကို တင်သွင်းနိုင်ဖို့ လက်ရှိမှာ ခွင့်ပြုချက် ရရှိထားပြီးဖြစ်တဲ့အတွက် အခု ၂၀၂၂ ခုနှစ်ကုန်အမီ တင်သွင်းသွားဖို့ စီစဉ်နေပြီး လာမယ့် ၂၀၂၃ ခုနှစ် နှစ်အစပိုင်းမှာ ပြည်တွင်းဈေးကွက်အတွင်း ဖြန့်ချိနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ “မြန်မာပြည်အနေအထားနဲ့ ယှဉ်ရင်တော့ ဈေးကွက်ထဲမှာ EV က ချက်ချင်းကြီးပေါက်သွားမလား ဆိုတာတော့ အဲ့ဒီလိုလည်း မဖြစ်နိုင်သေးဘူး၊ လိုအပ်ချက်တွေအများကြီး ရှိသေးတယ်။ EV ကြောင့်မို့လို့ တခြားရောက်ပြီးသား၊ ဈေးကွက်ထဲ ရှိပြီးသားကားတွေက ဘာမှကြီးကြီးမားမား သက်ရောက်မှု မရှိနိုင်ဘူး။…

Read More
VOM News

FREE
VIEW