ရုရှားရဲ့ ဘယ်ဂိုရော့ဒေသကို ယူကရိန်းဘက်က နယ်စပ်ဖြတ်ကျော်တိုက်ခိုက်ခဲ့ကြောင်း ရုရှားစွပ်စွဲ

မော်စကို ၊ ဇွန်-၂-၂၀၂၃ မျိုးဆက်(VOM) ရုရှားနိုင်ငံ ဘယ်ဂိုရော့ဒေသကို ယူကရိန်းဘက်က နယ်စပ်ဖြတ်ကျော်ပြီး တိုက်ခိုက်ခဲ့မှုကြောင့် လူရှစ်ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ရုရှားတာ၀န်ရှိသူတွေက ပြောပါတယ်။ ရုရှားနိုင်ငံထဲကို ယူကရိန်းရဲ့ကျူးကျော်တိုက်ခိုက်ဖို့ ကြိုးစားမှုကို ဟန့်တားနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေး၀န်ကြီးဌာနက အခိုင်အမာပြောဆိုပါတယ်။ ယူကရိန်းဘက်ကတော့ ဒီဖြစ်စဉ်အပေါ် မှတ်ချက်ပြုပြောဆိုခြင်းမရှိပေမယ့် နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုမှာ ပါ၀င်ပတ်သက်မှုမရှိဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ယူကရိန်းစစ်ပွဲစတင်ပြီးနောက်ပိုင်း ရုရှားနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတခုဖြစ်ပွားပြီးနောက် တပတ်အကြာမှာ အခုလိုက်တိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ခရိုင်အများအပြားကို ဇွန် ၁ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆောက်အအုံတွေ ပျက်စီးခဲ့ကြောင်း ဘယ်ဂိုရော့အုပ်ချုပ်ရေးမှူး ဗယာချီစလပ်ဗ်က ပြောပါတယ်။ ရုရှားနယ်မြေတွေထဲကို ယူကရိန်းမြောက်ပိုင်းကနေ တိုက်ခိုက်မှုတွေ ပြင်းထန်လာကြောင်း ရုရှားကာကွယ်ရေး၀န်ကြီးဌာနက မကြာသေးခင်က ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: Reuters Photo:Reuters #voiceofmyanmar #VOM #မော်စကို

Read More

ကြာအင်းဆိပ်ကြီးမြို့မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ဘုန်းကြီး ၂ ပါးနဲ့ ကလေးငယ် ၁ ဦး သေဆုံး

ဇွန် ၂ -၂၀၂၃ SP (VOM) ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာ ဒီကနေ့ မနက်အစောပိုင်းက လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲတာကြောင့် သေဆုံးဒဏ်ရာရသူတွေ ရှိတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ကန္နားလမ်း ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် သံဃာ ၂ ပါး ပျံလွန်တော်မူတယ် ၊ အဲ့ဒီအပြင် အမှတ် ၃ ရပ်ကွက်ထဲမှာလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတယ် ၊ အသက် ၁၅ နှစ်အရွယ် ကလေးတယောက် မိုင်းစထိမှန် သေဆုံးတယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ကရင်ပြည်နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ဒီမနက် ၁ နာရီဝန်းကျင်က စပြီး ၊…

Read More

မက္ကဆီကိုမှာ လူသေအလောင်းတွေထည့်ထားတဲ့ အိတ်(၄၅)လုံးကို လျှိုတခုထဲကနေ တွေ့ရှိ

မက္ကဆီကိုစီးတီး၊ ဇွန်-၂-၂၀၂၃ မျိုးဆက်(VOM) မက္ကဆီကိုနိုင်ငံအနောက်ပိုင်း ဂွါဒါလာဂျာရာမြို့ပြင်မှာရှိတဲ့ လျှိုတခုအတွင်းကနေ လူသေအလောင်းတွေ ထည့်ထားတဲ့ အိတ် ၄၅ လုံးကို အာဏာပိုင်တွေက ဇွန် ၁ ရက်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အာဏာပိုင်တွေဟာ လွန်ခဲ့တဲ့ သီတင်းပတ်က ပျောက်ဆုံးသွားတဲ့ တယ်လီဖုန်းပြန်လည် ဖြေကြားတဲ့ ၀န်ထမ်းခုနှစ်ဦးကို ရှာဖွေမှုတွေပြုလုပ်ခဲ့ရာ အလောင်းထည့်ထားတဲ့ အိတ်တွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အိတ်တွေထဲမှာ အမျိုးသမီးနဲ့ အမျိုးသားအလောင်းတွေပါ၀င်နေပြီး အလောင်းအရေအတွက် အတိအကျကိုတော့ မသိရှိရသေးပါဘူး။ ခက်ခဲတဲ့ မြေပြင်အနေအထားနဲ့ အလင်းရောင်အားနည်းမှုကြောင့် ရှာဖွေမှုတွေကို ရက်အတန်ကြာ လုပ်ဆောင်ရဖွယ်ရှိပါတယ်။ မီးသတ်တပ်ဖွဲ့၀င်တွေနဲ့ ရဲတပ်ဖွဲ့တို့ဟာ ရဟတ်ယာဉ်တွေနဲ့အတူ အလောင်းတွေကို သယ်ထုတ်ဖို့ လုပ်ဆောင်လျှက်ရှိပြီး အလောင်းအရေအတွက် အတိအကျ၊ ဘယ်သူဘယ်ဝါနဲ့ သေဆုံးရတဲ့ အကြောင်းအရင်းကို ဖော်ထုတ်သွားမှာဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ မက္ကဆီကိုမှာ လူပျောက်ဆုံးတဲ့ ရာဇ၀တ်မှုတွေမြင့်တက်နေပြီး ၂၀၀၇ ခုနှစ်မှာ မူးယစ်တိုက်ဖျက်ရေးစစ်ပွဲ စတင်ပြီးနောက်ပိုင်း လူတသိန်းကျော်ပျောက်ဆုံးခဲ့ကာ…

Read More

မြန်မာ -တရုတ် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ပြုလုပ်ဖို့ မှောင်ခိုဈေးရှိနေတယ်လို့ သိရ

ဇန် ၂-၂၀၂၃ Shy V(VOM) မြန်မာ – တရုတ် နယ်စပ် ဖြတ်ကျော်ခွင့်စာအုပ်တွေပြုလုပ်တဲ့ ကံပိုင်တည်၊ မူဆယ်၊ ချင်းရွှေဟော် နယ်စပ်တွေမှာ မှောင်ခိုဈေး သုံး၊ လေးသိန်းကနေ သိန်း လေးဆယ်ကျော်အထိ ဈေးပေါက်နေတယ်လို့ စာအုပ်လုပ်ခဲ့သူတွေဆီက သိရပါတယ်။ တရုတ်ဘက် ပေါက်ရှန်းခရိုင်၊ ထိန်ချုန်းမြို့နယ်နဲ့ ထိစပ်နေတဲ့ ကံပိုင်တည် နယ်စပ်ဂိတ်မှာတော့ ၁၃/ ကလွဲရင် ကျန်တဲ့ဟာတွေ အကုန်လုပ်လို့ရတယ်လို့ ကံပိုင်တည် နယ်စပ်ဒေသခံ ၁ ဦး ကပြောပါတယ်။ “စာအုပ်အနီ ပေါက်ဈေးက ၄ သိန်းခွဲအထိ ပေါက်နေပါတယ်။ ကံပိုင်တည် ဘက်ကနေ ဝင်ရင် တရုတ်ဘက် ထိန်ချုံးထိပဲ ရတယ်။”လို့ သူက ပြောပါတယ်။ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ရဖို့ ကြိုးစားနေတဲ့ အမျိုးသား ၁ ဦးကလည်း “မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်မှာတော့ ပေါက်ဈေး အမျိုးမျိုးရှိပြီး…

Read More

ဆူဒန်နိုင်ငံ မြို့တော်ခါတွမ်ရှိစျေးကို ဒုံးကျည်ထိမှန်မှု ၁၈ ယောက်သေဆုံး၊ ၁၀၀ ကျော်ဒဏ်ရာရ

ခါတွမ်၊ ဇွန်-၂-၂၀၂၃ မျိုးဆက်(VOM) ဆူဒန်နိုင်ငံ မြို့တော်ခါတွမ်ရှိ စျေးတစျေးကို ဒုံးကျည်ထိမှန်မှုကြောင့် လူ ၁၈ ဦးထက်မနည်းသေဆုံးသွားပြီး ၁၀၀ ကျော်ဒဏ်ရာရရှိသွားကြောင်း ဆရာ၀န်တွေနဲ့ ဒေသခံတွေက ဇွန် ၁ ရက်မှာ ပြောပါတယ်။ အမေရိကန်နဲ့ ဆော်ဒီအာရေဗျတို့ရဲ့ ကြား၀င်စေ့စပ်ပေးထားတဲ့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေကို ဆူဒန်စစ်တပ်က ဆိုင်းငံ့လိုက်ချိန်မှာ စစ်တပ်နဲ့့ ပြည်သူ့စစ်တို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ မြို့တော်ခါတွမ်တောင်ဘက် မာယိုရှိစျေးတဝိုက်မှာ ဇွန် ၁ ရက်ကတိုက်ခိုက်မှုအတွင်း အမြောက်ပစ်ခတ်မှုနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေပါ၀င်ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဧပြီလကစတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၈၈၃ ဦးသေဆုံးခဲ့ပြီး အမှန်တကယ်သေဆုံးမှုမှာ အဲဒီအရေအတွက်ထက် ပိုမိုများပြားဖွယ်ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ဖော်ပြောဆိုထားပါတယ်။ ပဋိပက္ခတွေကြောင့် ပြည်သူ ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး လူသန်းပေါင်းများစွာဟာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီတွေလိုအပ်နေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ Ref: BBC Photo:Reuters…

Read More

ပုလောမြို့နယ်က မင်းထိန်ရွာမှာ နေအိမ်ပေါ် လက်နက်ကြီးကျလို့ သားအမိနှစ်ဦး သေဆုံး

xဇွန် ၂ – ၂၀၂၃ SN (VOM) တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်က မင်းထိန်ရွာနေအိမ်ပေါ် လက်နက်ကြီးကျည်ကျလို့ သားအမိနှစ်ဦး သေဆုံးပြီး မိသားစုဝင်သုံးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့ ဇွန် ၁ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်က ပုလောမြို့ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် (၄) လုံး မင်းထိန်ရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ၉၀ အရွယ် မိခင်ဖြစ်သူနဲ့ အသက် ၅၀ ကျော်အရွယ် သမီးဖြစ်သူတို့ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲဖြစ်သံမကြားဘဲနဲ့ လက်နက်ကြီးကျလာတာ။ သားအမိနှစ်ယောက် သေသွားတယ်။ ကျန်တဲ့ သုံးယောက်က ဒဏ်ရာရတယ်။ အခုလိုမျိုး ရွာတွေကို ခဏခဏ လက်နက်ကြီးတွေ ပစ်နေလို့ တချို့ရွာတွေမှာ လူတွေ မရှိကြတော့ဘူး၊ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်”လို့ ဒေသခံတစ်ဦးက…

Read More

အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ဗိုလ်လောင်းတွေကို ဘွဲ့ပေးစဉ် စင်ပေါ်မှာလဲကျမှုဖြစ်ပွား

၀ါရှင်တန်၊ ဇွန်-၂-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ ကော်လိုရာဒိုမှာပြုလုပ်တဲ့ အမေရိကန်လေတပ်သင်တန်းကျောင်း ဘွဲ့နှင်းသဘင်မှာ ဇွန် ၁ ရက်က ဘွဲ့ပေးအပ်စဉ် ခလုတ်တိုက်ပြီး စင်ပေါ်မှာလဲကျမှုဖြစ်ပွားခဲ့ပါတယ်။ အမေရိကန်ရဲ့ အသက်အကြီးဆုံးသမ္မတဖြစ်သူ အသက် ၈၀ နှစ်အရွယ် သမ္မတဂျိုးဘိုင်ဒင်ဟာ ဘွဲ့ရဗိုလ်လောင်း ၉၂၁ ဦးကို ဆုပေးပြီးလက်ဆွဲနှုတ်ဆက်ဖို့ စင်မြင့်ပေါ်မှာ နာရီ၀က်ကြာ ရပ်နေခဲ့ရပါတယ်။ သမ္မတဟာ လက်ဆွဲနှုတ်ဆက်ရင်း စင်ပေါ်မှာရှိတဲ့ သဲအိတ်ကို ခလုတ်တိုက်ပြီး လဲကျသွားတာဖြစ်ပေမယ့် သူ့ရဲ့ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်း အိမ်ဖြူတော်တာ၀န်ရှိသူတွေကပြောပါတယ်။ မတော်တဆမှုအပြီး မကြာမီအခမ်းအနားပြီးဆုံးချိန်မှာတော့ သမ္မတဟာ အကူအညီမပါဘဲ သူ့ထိုင်ခုံကို ပြန်လာခဲ့ပြီး လက်ဆွဲနှုတ်ဆက်ရင်း သဲအိတ်ကြောင့် လဲကျခဲ့ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်သို့ပြန်ရောက်ချိန်မှာ ဂျိုးဘိုင်ဒင်က သတင်းထောက်တွေကိုပြောပါတယ်။ အသက်အရွယ်ကြီးပေမယ့် တာ၀န်ထမ်းဆောင်ဆဲသမ္မတဖြစ်သူ ဂျိုးဘိုင်ဒင်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးအပေါ် အများပြည်သူစိုးရိမ်မှုတွေရှိနေပြီး သူဟာယမန်နှစ်ကလည်း စက်ဘီးစီးရင်း လဲကျမှုဖြစ်ပွာခဲ့ပါသေးတယ်။ Ref: BBC #voiceofmyanmar…

Read More

ဧရာဝတီတိုင်းမှာ (၁)လအတွင်း ခရီးသည်တွေလုယက်ဓားပြတိုက်ခံရတဲ့ဖြစ်စဉ် အကြိမ် ၂၀ ထက်မနည်းဖြစ်ပွားခဲ့ပြီး တရားခံမမိဖြစ်နေ

ဇွန်၊၂-၂၀၂၃ MM(VOM) ဧရာဝတီတိုင်းက ခရီးသွားဒေသတွေမှာ ပြီးခဲ့တဲ့ (၁)လအတွင်း ခရီးသည်တွေဆီကနေ လုယက်ဓားပြတိုက်တဲ့ဖြစ်စဉ်တွေ အကြိမ် ၂၀ ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ ခရီးသွားလုပ်ငန်းအသင်းတွေဆီကနေ သိရပါတယ်။ အခုနှစ် မေလ (၁)လအတွင်း ဧရာဝတီတိုင်းက ပုသိမ် ၊ ငွေဆောင် ၊ ချောင်းသာ ၊ ရွှေသောင်ယံ ၊ ဂေါ်ရင်ဂျီ ၊ နတ်တောင် ၊ လိပ်ကျွန်း ၊ သမီး လှကျွန်း ၊ပုသိမ် ရွှေမုဌောစေတီ ၊ငပုတော မြတ်မော် တင်စွန်စေတီ ၊ ငွေတောင် ၊ ညောင်ချောင်းသာ၊ ဘိုကလေး ၊ကျောင်းကုန်း၊ကံ့ကော်တစ်ထောင် ၊ ဟင်္သာတ၊ ပန်းတနော်၊ ဓနုဖြူ စတဲ့ ဒေသတွေကို လာတဲ့ ခရီးသွားဧည့်သည်တွေလုယက် ဓားပြ တိုက်ခံခဲ့ရတာလို့ ခရီးသွားလုပ်ငန်းအသင်းတာဝန် ရှိသူတွေဆီကနေ သိရပါတယ်။ ”ဝတ်ဆင်လာတဲ့ လက်ဝတ်ရတနာတွေ လုယက်ခံရတာ၊…

Read More

ဒုံသမိ တံတားရဲကင်းစခန်းတိုက်ခိုက်ခံရ ၊ ဒုရဲမှူး ၁ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး

ဇွန် ၂ – ၂၀၂၃ SP (VOM) မွန်ပြည်နယ် ၊ သထုံမြို့နယ် ၊ ဒူးရင်းဆိပ်ကျေးရွာအနားက ဒုံသမိတံတားဂိတ်မှာ မနေ့ ဇွန် ၁ ရက် မနက် ၅ နာရီဝန်းကျင်က တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ” ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အစပ်က ဒုံသမိတံတား ဂိတ်မှာ ပစ်ခိုက်တိုက်ခံရတာဖြစ်တယ် ၊ မနေ့က မနက် အစောပိုင်း ၅ နာရီဝန်းကျင်မှာ ဖြစ်တတယ် ၊ အဲ့ဒီ တိုက်ခိုက်မှုမှာ အမှတ် ၂၂ လုံခြုံရေး ရဲတပ်ရင်းက ဒုရဲမှူး တစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၆ ယောက်ကျတယ် ၊ အဲ့ဒီ အပြင် သုံးယောက်လည်း ဒဏ်ရာရထားတယ် “လို့ မွန်းပြည်နယ် ရဲအသိုင်းအဝိုင်းနဲ့…

Read More

အမေရိကန် ဒုသမ္မတဟောင်းမိုက်ပင့်စ် သမ္မတရွေးကောက်ပွဲ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေ

၀ါရှင်တန်၊ ဇွန်-၁-၂၀၂၃ မျိုးဆက်(VOM) ၂၀၂၄ ခုနှစ်အမေရိကန်သမ္မတလောင်းရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်သမ္မတလောင်းအဖြစ် ဒုတိယသမ္မတဟောင်းမိုက်ပင့်စ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ ရီပတ်ဘလီကန်သမ္မတလောင်းအဖြစ် ဒုတိယသမ္မတဟောင်း မိုက်ပင့်စ်အပြင် နယူးဂျာစီပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ခရစ်တင်းတို့လည်းပါ၀င်လာပါတယ်။ သမ္မတဟောင်း ဒေါ်နယ်ထရန့်လည်း ၀င်ရောက်အရွေးချယ်ခံမှာဖြစ်တာကြောင့် ပါတီ၏ သမ္မတလောင်း ရွေးချယ်မှုမှာ ပိုမိုပြင်းထန်လာပြီး နောက်ဆုံးအနိုင်ရရှိသူဟာ လာမယ့်နို၀င်ဘာလရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်ကို စိန်ခေါ်နိုင်မှာဖြစ်ပါတယ်။ ဒုတိယသမ္မတဟောင်း မိုက်ပင့်စ်ဟာ အိုင်အိုဝါမှာ ဇွန် ၇ ရက်ကစပြီး မဲဆွယ်စည်းရုံးရေး စတင်မှာဖြစ်ကာ သူဟာ် မစ္စတာထရန့်အပေါ် သစ္စာစောင့်သိသူတစ်ဦးအဖြစ် လူသိများပြီး ၂၀၂၁ ခုနှစ်အမေရိကန်လွှတ်တော် အဆောက်အအုံ၀င်ရောက်စီးနှင်းခံရမှုမှာတော့ နှစ်ဦးသား သဘောထားကွဲလွဲခဲ့ပါတယ်။ မိုက်ပင့်စ်ဟာ ၂၀၀၀ ခုနှစ်က အောက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြောက်ခံရပြီး ၂၀၁၃ ခုနှစ်အထိ တာ၀န်ထမ်းဆောင်ခဲ့ကာ ရှေးရိုစွဲနိုင်ငံရေးသမားတဦးဖြစ်ပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ဝါရှင်တန်

Read More
VOM News

FREE
VIEW