ပဲခူးရေကြီးရေလျှံမှု နှစ်ပေါင်း ၆၀ အတွင်း အဆိုးဝါးဆုံးအခြေအနေ ရောက်ရှိနေ

အောက်တိုဘာ ၉ – ၂၀၂၃ SP + GG + SN (VOM) ပဲခူးရေကြီးရေလျှံမှုဟာ ဒီနေ့ အောက်တိုဘာလ ၉ ရက်နေ့မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကထက် အဆိုးဝါးဆုံးစံချိန်တင် အခြေအနေ ရောက်ရှိနေပြီး တမြို့လုံး နီးပါးရေကြီးရေလျှံ ၊ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ပဲခူးမြို့လယ်ခေါင် အပါအဝင် အမြင့်ပိုင်းနေရာတွေဖြစ်တဲ့ ပြည်သူ့ဆေးရုံကြီး ၊ စျေးတွေ နဲ့ ကားလမ်းတွေ စတဲ့ မြို့ထဲ နေရာအားလုံးလိုလိုမှာ ရေတွေဝင်ရောက်နေလို့ ကားတွေ လုံးဝဖြတ်သန်းသွားလာလို့မရတော့ဘူးလို့သိရပါတယ်။ “ဆေးရုံက ရေဝင်ပေမယ့် အဆင်ပြေသေးတယ်၊ရွှေ့ပြောင်းတာတော့မရှိသေးဘူး။စျေးတွေကတော့ပိတ်ထားတယ်၊ရေတွေကမြို့လယ်ခေါင်နာရီစင်အထိကိုရောက်နေပြီ၊ မြို့လယ်မှာတောင် ရေက ခါးလောက်ရှိတယ်။အခုက အမြင့်ပိုင်းတွေအပါရေအကုန်တက်နေပြီ၊ ခုတော့ရေတက်တာနည်းနည်းတန့်နေတယ် ” လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက လက်ရှိအခြေအနေကိုပြောပြပါတယ်။ ရေကြီးတာဟာ အဲ့ဒီ့မြို့ထဲကို ၈၅ ရာခိုင်နှုန်းဝန်းကျင်အထိ ရေလွှမ်းသွားတာဖြစ်ပြီး ပဲခူးမြို့ရဲ့ အနောက်ဘက်…

Read More

ဟားမတ်စ်တို့ရဲ့တိုက်ခိုက်မှုအပြီး အစ္စရေးအနီးကို အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု စေလွှတ်

ဝါရှင်တန်၊ အောက်တိုဘာ-၉-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်ဟာ သူ့ရဲ့လေယာဉ်တင်သင်္ဘောတစင်း၊ စစ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေကို မြေထဲပင်လယ်အရှေ့ပိုင်း အစ္စရေးနိုင်ငံအနီးသို့ ရွှေ့ပြောင်း စေလွှတ်နေပြီး အစ္စရေးအတွက် လက်နက်ခဲယမ်းမီးကျောက်တွေ ပေးအပ်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျရယ်အာဖို့ဒ် တိုက်ခိုက်ရေးအုပ်စုကို အစ္စရေးနဲ့ ပိုမိုနီးကပ်တဲ့ မြေထဲပင်လယ်အရှေ့ပိုင်းသို့ ပြောင်းရွှေ့ရန် အမိန့်ပေးခဲ့ပြီး အဲဒီအုပ်စုမှာ လေယာဉ်တင်သင်္ဘော၊ ပဲ့ထိန်းဒုံးကျည် တိုက်သင်္ဘောတစင်းနဲ့ ဖျက်သင်္ဘောလေးစင်းတို့ပါဝင်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။ အစ္စရေးကို ဟားမတ်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုမှာ အီရန်တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ အထောက်အထားတွေ မတွေ့ရပေမယ့် အီရန်ဟာ ဂါဇာအခြေစိုက်စစ်သွေးကြွအဖွဲ့တွေကို နှစ်ပေါင်းများစွာ ကူညီပေးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောပါတယ်။ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေဟာ အစ္စရေးမြို့တွေကို ဆယ်စုနှစ်အတွင်းအဆိုးရွားဆံုံးတိုက်ခိုက်မှုကို ပြီးခဲ့တဲ့ စနေနေ့က စတင်ခဲ့ပြီး ယင်းကိစ္စကို လက်တုံ့ပြန်သည့်အနေဖြင့် ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးကလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့သည်။ ပြင်းထန်သော ပဋိပက္ခတွေကြောင့်…

Read More

This Day in History

အမျိုးသမီးများ ပညာသင်ကြားခွင့်ပိတ်ပင်ထားခြင်းများအပေါ် ဆန့်ကျင်သည့် ပါကစ္စတန်တက်ကြွလှုပ်ရှားသူ မာလာလာကို တာလီဘန်သေနတ်သမားတဦးက ၂၀၁၂ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ပြီး ဦးခေါင်းကို ထိမှန်ခဲ့သော်လည်း မာလာလာသည် အသက်ဘေးမှ လက်မတင် လွတ်မြောက်ခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #October9th Telegram Link: https://t.me/VOMNEWS2023/2864

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၉ ရက်)

-အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၃၅၀ ကျပ် ဝယ်ဈေး – ၃၂၉၅ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၄၃၀ ကျပ် ဝယ်ဈေး – ၂၃၇၅ ကျပ် -ယူရို ရောင်းဈေး – ၃၅၁၂ ကျပ် ဝယ်ဈေး – ၃၄၄၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၁.၃၂ ကျပ် ဝယ်ဈေး – ၈၉.၆၈ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၂၄ ကျပ် ဝယ်ဈေး – ၇၀၈ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၆၁ ကျပ် ဝယ်ဈေး – ၄၅၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး – ၂၂.၇၁ ကျပ်…

Read More

ရွှေ၊ ငွေနဲ့ စက်သုံးဆီ တပတ်တာဈေးကွက်

အောက်တိုဘာ ၉ – ၂၀၂၃ SN (VOM) ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်ကနေ ဒီနေ့ ၉ ရက်နေ့အထိ တပတ်တာကာလအတွင်း ပြည်တွင်းက ရွှေ၊ ငွေ၊ စက်သုံးဆီဈေးကွက် အခြေအနေမှာ ရွှေဈေးကတော့ အကျဈေးမှာ အလှုပ်အခတ် နည်းနေပြီး အမေရိကန်ဒေါ်လာဈေးကတော့ ကျပ် ၃၀၀၀ ကျော်ဝန်းကျင် ဈေးတန်းမှာပဲ အတက်အကျ ငြိမ်နေကာ စက်သုံးဆီဈေးကတော့ ကျပ် ၂၀၀၀ အောက်ဝန်းကျင်ကို ရောက်ရှိလာပါတယ်။ လက်ရှိမှာ နစကတာဝန်ရှိသူေတွဟာ အခြေခံစားသောက်ကုန်ဈေးနှုန်း ကျဆင်းစေဖို့အတွက် နိုင်ငံခြားငွေ ရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာ၊ လုပ်ငန်းလိုင်စင် ပိတ်သိမ်းတာတွေ လုပ်ဆောင်ခဲ့သလို ရွှေရောင်းချသူတွေနဲ့ ရွှေကုန်သည်တချို့ကိုလည်း ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။ ဒါ့ကြောင့် မြန်မာ့ကုန်သွယ်မှုမှာ အဓိက အသုံးပြုနေတဲ့ ငွေလဲနှုန်းဈေးတွေ အတက်အကျ ငြိမ်နေသလို၊ စက်သုံးဆီဈေးဟာလည်း တောက်လျှောက် ကျရိပ်ပြနေကာ ပြည်တွင်း…

Read More

ယနေ့ ရွှေဈေးအဖွင့် (အောက်တိုဘာ- ၉ ရက်၊ နံနက် ၁၀ နာရီ)

-ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၃၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၁၇၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #ရွှေစျေး Telegram Link: https://t.me/VOMNEWS2023/2861

Read More

ရာသီဥတုပြောင်းလဲမှုကို သတိပြုပါ

သွေး (စစ်ကိုင်း) ရာသီဥတုပြောင်းလဲမှုရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကို ကမ္ဘာတဝှမ်း တွေ့ကြုံခံစားလာနေရ တာ တွေ့ရပါတယ်။ အစွန်းရောက် ရာသီဥတုဖြစ်တဲ့ ရေကြီးမှု မိုးခေါင်ရေရှားမှုတို့ကို ခံစားနေကြရုံသာမက တောမီးလောင်မှု အပူချိန်အလွန်အမင်း မြင့်တက်မှု မုန်တိုင်းတိုက်ခတ်မှုတွေလည်း ပိုများလာနေတာပါ။ မြန်မာနိုင်ငံမှာလည်း ၂၀၂၃ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်မှု အများအပြား ရှိခဲ့ပါတယ်။ Global Warming လို့ ခေါ်တဲ့ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတု ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုဟာလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ တိုက်ရိုက်ပတ်သက်နေပြီး ကမ္ဘာ့အင်အားကြီး စက်မှုနိုင်ငံတွေအနေနဲ့ ထိထိရောက်ရောက် လုပ်ဆောင်မှု အားနည်းနေလို့ပါပဲ။ ရုပ်ကြွင်းလောင်စာတွေ အသုံးပြုမှု ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်လည်ပတ်မှု သစ်တောပြုန်းတီးမှု တရားမဝင် သစ်တောခုတ်လှဲမှု အပါအဝင် လူသားတွေရဲ့ အဆင်ခြင်မဲ့ လုပ်ဆောင်ချက် တွေကြောင့် ကမ္ဘာကြီး ပူနွေးလာရတာ…

Read More
VOM News

FREE
VIEW