ဖေဖော်ဝါရီ ၂၁ ၊ ၂၀၂၆ CC (VOM) ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI စာအုပ်ထုတ်ပေးရာမှာ CDM ပြုလုပ်ထားသူတွေကို စာအုပ်ထုတ်မပေးတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ ထိုင်းရောက် မြန်မာလုပ်သားတွေဆီက သိရပါတယ်။ CI စာအုပ် ပြုလုပ်သူတွေထဲကမှ CDM တွေကို မေးမြန်းစစ်ဆေးမှုတွေ ပြုလုပ်တာမျိုးရှိပြီး စာအုပ်ကိုတော့ ထုတ်ပေးခြင်း မရှိဘူးလို့ သိရပါတယ် ။ ” အခု CDM တွေကို စာအုပ်ထုတ်မပေးပါဘူး ။ စာအုပ်သက်တမ်းကုန်မှာမို့လို့ စာအုပ်သွားလဲတာကို သူတို့မှာ CDM စာရင်းရှိနေပြီးသား ။ လာခေါ်ပြီးတော့ မြန်မာသံရုံးက လူကြီးကမေးတယ် ။ ဘယ်ဌာန ရုံးမှာလုပ်လဲမေးတယ် ။ပြီးတော့ CDM စာရင်းဝင်နေတယ် လုပ်လို့မရဘူး ။မလုပ်ပေးဘူး ပြောတယ်။မေးမြန်းတာပဲလုပ်ပြီး စာအုပ်မလုပ်ပေးဘူး ။ အရင်က…
Read MoreMonth: February 2026
သူတို့အိမ် အခန်း – ၆၁
ဆူးငှက် ဈေးသစ် ဘုန်းကြီးလမ်း ————————- ကျွန်တော် မုံရွာရောက်လို့ ဆူးလေကုန်းက မမခင်ရီတို့တိုက်သို့ နေလျှင် မနက်မမတို့ ဈေးထွက်ရာသို့ လိုက်သွား တတ်သည်။ သူတို့ဆိုင်က ဈေးသစ် ဘုန်းကြီးလမ်းမှာရှိသော ရွှေရတနာဆိုင်ဖြစ်သည်။ များသောအားဖြင့် မမခင်ရီက နေ့လယ်ပိုင်း ဈေးသို့ ထမင်းချိုင့်နှင့် အတူလာလေ့ရှိသည်။ မနက်စောစော ဆိုင်ဖွင့်တာက ကိုမောင်ဝင်း ဖြစ်သည်။ ကိုမောင်ဝင်းနှင့် ကျွန်တော်လည်း တစ်ခါတည်း လိုက်သွားသည်။ နောက်ပိုင်း ဈေးသစ် မျက်နှာစာတန်း မှာလည်း တစ်ဆိုင် ထပ်ဖွင့်တော့ ထ်ုဆိုင်မှာ ကိုမောင်ဝင်း ထိုင်လို့ သူနှင့်ပဲ လိုက်သွားသည်။ ဘုန်းကြီးလမ်းဆိုင်မှာ မမခင်ရီနှင့်အးလမ်းတူ ရှိနေလျှင် မမက ရွှေချိန်တာ သင်ပေးသည်။ ကျွန်တော့်ကို ကောင်တာထဲက ရွှေထည် ပစ္စည်းတွေကို တစ်ထည်ချင်း ချိန်ခိုင်းသည်။ ဘုန်းကြီးလမ်းဆိုင်သို့ လိုက်ဖြစ်လျှင် များသောအားဖြင့်…
Read Moreရွှေပြည်သာမြို့နယ် အထည်ချုပ်စက်ရုံ မီးလောင်မှု လူသေဆုံးခြင်းမရှိလို့ မီးသတ်တပ်ဖွဲ့ ပြော
ဖေဖော်ဝါရီ ၁၉ – ၂၀၂၆ SN (VOM) မနေ့ ဖေဖော်ဝါရီ ၁၈ ရက်က ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်စဉ်မှာ လူသေဆုံးခြင်း မရှိခဲ့ဘူးလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ “ရုပ်အလောင်းတွေ့တယ် ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီမနက်ထိ ကြည့်တာတော့ မရှိပါဘူး။ ဒဏ်ရာရသူတွေလည်း မရှိခဲ့ဘူး” လို့ သူက ပြောပါတယ်။ အဲဒီ အထည်ချုပ်စက်ရုံ မီးလောင်မှုကို အချိန် စုစုပေါင်း ၁၃ နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပြီး မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်း၊ ဆုံးရှုံးခဲ့တဲ့ ပစ္စည်းအရေအတွက်နဲ့ တန်ဖိုးတွေကိုတော့ စာရင်းမရရှိသေးဘူးလို့ သူက ပြောပါတယ်။ အဲဒီ မီးလောင်မှုဖြစ်စဉ်ဟာ ဝါးတရာစက်မှုဇုန်၊ ငှက်ပျောတောလမ်းရှိ Straightex Co.,ltd (M-Brother)…
Read Moreအောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ကို အရေးယူနိုင်ဖို့ ဆောင်ရွက်မယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဋ္ဌ ပြော
ဖေဖော်ဝါရီ ၁၉ – ၂၀၂၆ SS (VOM) အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ရဲ့ ကပြဖျော်ဖြေ သရုပ်ဖော်မှုတွေမှာ မသန်စွမ်းမှုကို သရော်ထားတဲ့ လုပ်ဆောင်ချက်တွေကို တွေ့ရှိရတဲ့အတွက် ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောပါတယ်။ လက်ရှိ လူမှုကွန်ရက် Tiktok ပေါ်မှာ ပျံ့နှံ့နေတဲ့ အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ရဲ့ ဖျော်ဖြေမှုတွေဟာ မသန်စွမ်းသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ၎င်းတို့ရဲ့ ဂုဏ်သိက္ခာကို များစွာ ထိခိုက်ရတဲ့အတွက် ပြင်းထန်စွာ ရှုတ်ချတယ်လို့ ဦးမြတ်သူဝင်းက ပြောပါတယ်။ “ဒါနဲ့ပတ်သက်လို့ အရေးယူ ဆောင်ရွက်နိုင်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို တင်ပြသွားမှာပါ။ အရေးယူ ဆောင်ရွက်သင့်တာနဲ့ သူတို့တကယ် ဆောင်ရွက်မှာနဲ့ တူချင်မှလည်းတူမှာပေါ့။ အဲဒါတော့ လူကြီးတွေ စဉ်းစား ဆုံးဖြတ်ပါလိမ့်မယ်။ ကျွန်တော်တို့ ဒီဘက်မှာတော့ မသန်စွမ်းတွေကတော့ ဒီကိစ္စကို…
Read Moreစစ်ရေးတင်းမာမှုတွေ ရှိနေတဲ့ မုံရွာမြို့မှာ ညဈေး ဖွင့်လှစ်မယ်
ဖေဖော်ဝါရီ ၁၉ – ၂၀၂၆ SN (VOM) စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဈေးဆိုင်ခန်းပေါင်း ၁၀၀ ကျော် ပါဝင်တဲ့ ညဈေး (Night Market) ကို ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေးထားပါတယ်။ အပန်းဖြေလိုသူတွေ၊ ညဘက် စျေးဝယ်လိုသူတွေအတွက် ကန်သာယာညစျေးကို မြို့အရှေ့ဘက် ကန်သာယာ တောင်ဘက်ကွင်းထဲမှာ ၁၂ ပေပတ်လည်ရှိ စျေးဆိုင်ခန်းပေါင်း ၁၁၀ ခန်း တည်ဆောက်ကာ ဖွင့်လှစ်ပေးမှာဖြစ်ပြီး ဖျော်ဖြေရေး အစီအစဥ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ “နေ့ပိုင်း မအားလပ်သူတွေ၊ ဝန်ထမ်းတွေ၊ ညပိုင်း အပန်းဖြေလိုသူတွေအတွက် တေးသံသာတွေနဲ့အတူ ကန်သာယာရဲ့ ညရှုခင်းကို ခံစားရင်း လိုအပ်တဲ့ စားသောက်ကုန်တွေကို ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်” လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အသိပေးချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိ…
Read Moreသူတို့အိမ် အခန်း – ၆၀
ဆူးငှက် အစ်မပေးမုံရွာသား ————————- ကျွန်တော့်ကို အတော်များများက အခုထိ မုံရွာသားပဲ ထင်ကြသည်။ လွန်ခဲ့သော နှစ်၂၀ကျော် ကာလက မန္တလေးသီချင်းတစ်ပုဒ်နှင့် ပတ်သက်၍ ငြင်းကြခုန်ကြရာတွင် ကျွန်တော်နှင့် ဆန့်ကျင်ဘက် ငြင်းခုန်သူတို့က ကျွန်တော်သည် မန္တလေးသားလည်း မဟုတ်ကြောင်း၊ ကြီးမှ မန္တလေးရောက်လာပြီး မန္တလေးအကြောင်း ပြောနေခြင်း ဖြစ်ကြောင်း စသည်ဖြင့် စွပ်စဲကာ မဂ္ဂဇင်းစာမျက်နှာပေါ်မှာထိ ရေးသားကြသည်။ ကျွန်တော် ရေးခဲ့သလိုပါပဲ၊ ကျွန်တော့် ဖခင် ဦးပေါလူ နှင့် မိခင် ဒေါ်ချောရင်တို့မှာ မုံရွာခရိုင် ဘုတလင်မြို့နယ် သဖန်းကျေးရွာမှာ မွေးဖွားသည်။ သူတို့ ၁၆နှစ်ကျော်အရွယ် အိမ်ထောင်ကျပြီးနောက် မန္တလေးသို့ ပြောင်းရွှေ့နေထိုင်ကြသည်။ သားသမီး ၅ယောက် ထွန်းကားခဲ့ရာ အကြီးဆုံးအစ်မ နှင့် နံပတ် ၃ အစ်မက ကမ္ဘာစစ်နှင့် ပြည်တွင်းစစ်ကာလမို့ သဖန်းရွာသို့ ပြန်၍…
Read Moreခင်ဦးမြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးယောက် သေဆုံးပြီး ခြောက်ယောက် ဒဏ်ရာရ
ဖေဖော်ဝါရီ ၁၈ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မနေ့ ဖေဖော်ဝါရီ ၁၇ ရက်၊ ညပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သုံးယောက် သေဆုံးကာ ခြောက်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာမှာ မနေ့ ည ၁၀ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး စာသင်ကျောင်း အဆောက်အအုံတွေနဲ့ နေအိမ် ငါးလုံးလည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “တိုက်ခိုက်မှုက ည ၁၀ နာရီ ၂ မိနစ်လောက်ကနေစပြီး ၈ မိနစ်လောက်အထိ သုံးကြိမ်ဆက်တိုက်ဖြစ်တာ။ စာသင်ကျောင်း အဟောင်းပေါ် ကျတာပါ။ ကျောင်းထဲမှာ လူတော့ မရှိဘူး။ လမ်းပေါ်ကိုကျမှ လူထိသွားတာ။ သေဆုံး သုံးယောက်က နေရာမှာတင် ပွဲချင်းပြီးတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။…
Read Moreဝါးတရာစက်မှုဇုန် အထည်ချုပ်စက်ရုံ မီးလောင် ရုပ်အလောင်း နှစ်လောင်း တွေ့ထားပြီး ငြိမ်းသတ်နေရဆဲ
ဖေဖော်ဝါရီ ၁၈ – ၂၀၂၆ SS (VOM) ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ မီးလောင်နေမှုဖြစ်စဉ်မှ ရုပ်အလောင်း နှစ်လောင်း တွေ့ရှိထားတယ်လို့ ရွှေပြည်သာမြို့နယ် အထည်ချုပ် အလုပ်သမားသမဂ္ဂ (SPTTGU ) က ကနဦး အသိပေးချက် ထုတ်ပြန်ထားပါတယ်။ ဝါးတရာစက်မှုဇုန်ထဲက M-Brother အထည်ချုပ်စက်ရုံမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၈ ရက်၊ နေ့လယ် ၁၂ နာရီ မိနစ် ၂၀ ဝန်းကျင်မှ စတင်ကာ Level 2 အဆင့် မီးလောင်မှု ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်အတွင်း လတ်တလော တွေ့ရှိထားတဲ့ ရုပ်အလောင်းတွေဟာ စက်ရုံ အလုပ်သမားတွေ ဖြစ်တယ်လို့ သိရပြီး စက်ရုံ တရုံလုံးလည်း လောင်ကျွမ်းသွားပြီ ဖြစ်တယ်လို့ SPTTGU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီ…
Read Moreစစ်ကိုင်းမှာ စက်သုံးဆီ တရားမဝင် သိုလှောင်တဲ့ နေရာတခု မီးလောင်
စစ်ကိုင်း၊ ဖေဖော်ဝါရီ – ၁၈- ၂၀၂၆ SA(VOM) စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်မှာရှိတဲ့ တောတောင်ဘီလူးချောင် အတွင်းက ဆီသိုလှောင်တဲ့နေရာမှာ ဆိုင်ကယ်က နေ ဆီထုတ်ရင်း ဒီကနေ့ ညနေ ၅ နာရီ ၂၅ မိနစ်မှာ မီးလောင်ခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုဖြစ်စဥ်ကြောင့် စက်သုံးဆီ ထည့်ထားတဲ့ ၅ ဂါလံ ပုံး ၄၀ ဝန်းကျင် လိုက်ထရပ်ကားတစီး နဲ့ ဆိုင်ကယ်ငါးစီး မီးလောင်ကျွမ်းခဲ့ပြီး ၆ နာရီ ၁၆ မိနစ်အချိန်မှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးလောင်ပြင်ကို ရောက်ရှိခဲ့သူကနေ သိရပါတယ်။ ” တောတောင်ဘီလူးချောင် ဆိုတာ စစ်ကိုင်းနဲ့ မင်းကွန်းကို သွားတဲ့ လမ်း စစ်ကိုင်းတောင်ခြေမှာရှိတာပါ လမ်းဘေးမှာ ဓာတ်ဆီရောင်းတဲ့ဆိုင်ရှိတယ်၊ လိုင်စင်ရ အရောင်းဆိုင်တော့မဟုတ်ဘူးအခုလောင်တာက ချောင်ထဲက စက်သုံးဆီ သို လှောင်တဲ့ နေရာမှာ ဖြစ်သွားတာ ”…
Read Moreသူတို့အိမ် အခန်း – ၅၉
ဆူးငှက် မီးတစ်လုံး ၁၀ တဲ့၊ ဒါပေမယ့် ——————————– ကျွန်တော့် အဘက လူကြည့်တော့သာ ခပ်ပျော့ပျော့ပေမယ့် အတော်ခေါင်းမာသည့် သဘောရှိသည်။ ဝင်းထဲမှာ အိမ်တိုင်းလိုလိုက ရွှေဘိုဘုန်းကြီးကျောင်းက မီးလုံးတစ်လုံး ငွေ၁၀ကျပ်နှင့် သွယ်ကာ လင်းလင်းချင်းချင်း ဖြစ်နေကြပြီ။ ကျွန်တော်က စာမေးပွဲနားနီးလို့ မီးလုံး၂လုံး ငွေ ၂၀ဖိုးလောက် သွယ်ချင်သည်။ ကြိုးကလည်း သိပ်မကုန်တော့။ ကိုကိုစိန်လှိုင် အိမ်အထိ မီးကရောက်နေတော့ ၅ကိုက်လောက်ဆို အဆင်ပြေသည်။ ပလပ်ခေါင်းဖိုး၊ ခလုတ်ဖိုး၊ မီးသီးဖိုးနှင့် ဆို ငွေ ၂၀၀ လောက်နှင့် ရသည်။ ဒါပေမယ့် အဘက မီးသီးမီးချောင်းတွေနဲ့ အန္တရာယ်များပါတယ်ကွာ ဟု ဆိုကာ ငြင်းမြဲငြင်းသည်။ စာမေးပွဲအတွက် မင်းစာကြည့်နိုင်အောင် စီစဉ်ပေးပါ့မယ်ဟု ဆိုကာ ပါပါကြီး(ဦးလေးဦးဉာဏ်သိန်း) ဆီက ငွေ ၃၀၀ ကျပ်တန် အောက်လင်းဓာတ်မီး တစ်လုံးကို တစ်လ…
Read More