စက်တင်ဘာ ၁၄ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း၊ စမ်ချောင်းမြောက်ရပ်ကွက်မှာရှိတဲ့ Bar4U ဘီယာဆိုင်မှာ စက်တင်ဘာ ၁၃ ရက်နေ့ ည ၈ နာရီ ၁၉ မိနစ်က မီးလောင်မှုဖြစ်ပြီး နှစ်ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုအတွင်းသေဆုံးသူတွေက အသက် ၃၀ နှစ် နဲ့ အသက် ၂၀ နှစ်အရွယ် အမျိုးသားတွေဖြစ်ပြီး နောက်ထပ် အမျိုးသမီးတယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “မွေးနေ့ပွဲလုပ်နေရင်း ညှော်နံ့ရလို့ရှာတာမှာ ရှာမတွေ့တော့ မီးတွေအကုန်ပိတ်ပြီး ရှာတော့ lighting မီးကနေ ဝါယာရှော့ဖြစ်ပြီး မီး ထလောင်တာပါ။ သေဆုံး ၂ဦးက အပေါ်ထပ်မှာ တယောက်၊ အောက်ထပ်မှာ တယောက်တွေ့တာပါ ။ “လို့ပရဟိတအဖွဲ့ဝင် ခွန်းက ပြောပါတယ်။ မီးလောင်မှုအတွင်း သေဆုံးတဲ့အမျိုးသားတွေဟာ Bar4Uဘားရဲ့ ဘေး…
Read MoreYear: 2026
မြစ်ကြီးနား – မန္တလေးလမ်းကို ကွင်းလမ်း၊ ဇက်ကူးပြီး ခက်ခဲစွာသွားနေရချိန် ဂိတ်ကြေးကောက်တဲ့နေရာထပ်တိုးလာလို့ ကားသမားတွေအခက်ကြုံ
စက်တင်ဘာ ၁၄ ၊ ၂၀၂၆ CC (VOM) မြစ်ကြီးနား – မန္တလေးလမ်းပိုင်းကို ဗျူဟာလမ်းမကြီးကနေ အပြည့်အဝသွားလာခွင့်မရလို့ ကွင်းလမ်းနဲ့ ဇက်ဆိပ်တွေကနေ ကူးပြီး ခက်ခက်ခဲခဲ သွားလာနေရချိန်မှာ ဂိတ်ကြေးကောက်ခံတဲ့ နေရာတခုထပ်တိုးလာလို့ ကားသမားတွေ အခက်တွေ့နေတယ် လို့သိရပါတယ်။ စစ်ကိုင်းတိုင်းထဲက အင်းတော်၊ မဲဇာအကျော်မှာရှိတဲ့ ကျောက်တန်းကွင်းလမ်းပိုင်းကနေ ကားဖြတ်သန်းသွားလာမှုအတွက်ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဒီနေ့ စက်တင်ဘာ ၁၃ ရက်ကစပြီး ဂိတ်ကြေး ကောက်ခံနေတယ်လို့သိရ ပါတယ်။ ကားအမျိုးအစားအလိုက် တစီးကို အနိမ့်ဆုံး ၁၀၀၀၀ ကျပ်မှစပြီး အမြင့်ဆုံး ခုနှစ်သိန်းကျပ်အထိ ကောက်ခံနေတယ်လို့ သိရပါတယ်။ ” လမ်းမှာ ဂိတ်တွေကမရေမတွက်နိုင်အောင်ရှိတယ် ။ ဂိတ်တိုင်း အကုန်ပေးရတယ်။လမ်းမကောင်းရင် မကောင်းသလိုကွင်းလမ်းကနေသွားနေရတာ။ အခုကျောက်တန်းက ဂိတ်ကြေးစကောက်ပြီ။တွဲကားဆိုရင်ကုန်ပါရင် ၇ သိန်း ၊ကုန်မပါရင် ၂ သိန်း ။ကုန်ကားတွေ ကုန်ပါရင်ပိုတောင်းတယ်။ခရီးသည်ကားပဲ စျေးတခုတည်းသတ်မှတ်တောင်းတယ်။အိမ်စီးကားဆိုရင်ခု…
Read Moreကိုယ်တွင်းအင်္ဂါတွေ ကျန်းမာစေဖို့ ဘာတွေစားသင့်သလဲ
မန္တလာ ဆရာမျိုး လူ့ခန္ဓာကိုယ်ဟာ အလွန်စနစ်ကျပြီး ရှုပ်ထွေးတဲ့ သဘာဝယန္တရားတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ စားသောက်လိုက်တဲ့ အစားအစာတွေကို အစာချေဖျက်ခြင်း၊ လိုအပ်တဲ့အာဟာရဓာတ်တွေကို စုပ်ယူခြင်း၊ ခန္ဓာကိုယ်အတွက် မလိုအပ်တော့တဲ့ အရာတွေကို ပြန်လည်စွန့်ထုတ်ခြင်းတွေကို အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ အူလမ်းကြောင်း စတဲ့ ကိုယ်တွင်းအင်္ဂါတွေက အချင်းချင်းချိတ်ဆက်ပြီး အမြဲလုပ်ဆောင်ပေးနေကြပါတယ်။ ဒါကြောင့် ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာနေဖို့ဆိုတာ ရောဂါဖြစ်မှ ဆေးသောက်ကုသခြင်းတစ်ခုတည်းနဲ့ မလုံလောက်ဘဲ နေ့စဉ်စားသောက်နေထိုင်မှုပုံစံကလည်း အရေးကြီးပါတယ်။ ယနေ့ခေတ်မှာ “Detox” ဆိုတဲ့စကားကို မကြာခဏ ကြားလာရပါတယ်။ အသည်းကို သန့်စင်ပေးတဲ့ဖျော်ရည်၊ ကျောက်ကပ်ကို ဆေးကြောပေးတဲ့အစားအစာ၊ သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အစားအစာ စသဖြင့် ပြောဆိုကြပါတယ်။ တကယ်တော့ ကျန်းမာတဲ့လူ့ခန္ဓာကိုယ်မှာ အညစ်အကြေးနဲ့ မလိုအပ်တော့တဲ့…
Read Moreသူတို့အိမ် ၁၂၁
ဆူးငှက် ကွင်းထဲက အစုလေးတွေ —————————– တကယ်တော့ ကျွန်တော်တို့ ရပ်ကွက်လေးက ရွာနေပြည်ထိုင်က နည်းနည်း၊ ပြောင်းရွှေ့လာကြသူတွေက ပိုများတာမို့ အချင်းချင်း မသိရှိကြပါ။ ထို့ပြင် ၂၅ဧကကျော် ၂၆ဧကနီးပါးရှိ ကွင်းအတွင်း ကိုယ့်အစုလေးနှင့်ကိုယ်ပဲ နေကြတော့ ၄အိမ် ၅အိမ်စုလေးတွေပဲ အချင်းချင်းသိကြသည်။ ကျွန်တော့်အိမ် အနီးအနားဆိုပါစို့။ မြောက်ဘက်က ကိုအောင်ခင် မဥမ္မာတို့ရှိမည်။ ထို့နောက် အန်တီစံတို့ မိသားစုရှိမည်။ သူတို့အရှေ့ဘက်က ကိုအောင်သန်းတို့ရှိမည်။ ကျွန်တော်ရှိမည်။ အရှေ့ဘက်ကပ်ရက်က အန်တီဒေါ်တင်ကြည် မမဝင်းတို့ရှိမည်။ တောင်ဘက်မှာ ဦးမျိုးခင်ခြံရှိမည်။ အရှေ့ဘက်မှာ ခင်ခင်အောင်တို့ရှိမည်။ ဒါပဲရှိသည်။ သည်လို အစုမျိုးလေးတွေက ၂၆ဘီလမ်းဘက်က ဆင်လမ်းမ အဝင်စမှာရှိသည်။ သူတို့က ရွာနေပြည်ထိုင် အများစု ဖြစ်သည်။ သူ့အရှေ့မြောက်ဘက်မှာ တစ်စုရှိမည်။ သူတို့ကလည်း အစောဆုံး ရောက်သူတွေဖြစ်ကာ မောင်နှမတတွေ ဖြစ်သည်။ သူ့အရှေ့ဘက်မှာ…
Read Moreသူတို့အိမ် အခန်း (၂၂၀)
ဆူးငှက် တယ်လီဖုန်းဆိုတာ သူဌေးပစ္စည်းပါ ————————————— ထိုခေတ် ထိုအချိန်အခါက လျှပ်စစ်မီတာထက် ရှားပါးတာက တယ်လီဖုန်း ဖြစ်သည်။ ဒါတောင် ၁၉၈၀ကျော် ကာလတွင် ဒီဂျစ်တယ် တယ်လီဖုန်းစံနစ် ပြောင်းလဲပြီးနောက် တယ်လီဖုန်းတွေ ချထားပေးသည်။ သို့သော် ထိုတယ်လီဖုန်းတပ်ဆင်ခွင့် ရဖို့ဆိုတာ ဒုလ္လဘ တရားကြီးဖြစ်သည်။ ဦးစားပေးအနေနှင့် ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများ၊ သမဝါယမ အသင်းအဖွဲ့များ အငြိမ်းစား အရာရှိကြီးများပဲ ရရှိသည်။ အပြင် ပုဂ္ဂလိက များကို ချထားရန် လျှောက်လွှာများခေါ်ယူသောအခါ စီလမ်းစာတိုက်ကြီးမှာ အနောက်တောင် ကျုံးထောင့်က ကြေးနန်းရုံးမှာ ညအိပ်ပင် တန်းစီ၍ တယ်လီဖုန်းလျှောက်လွှာတင်ကြရသည်။ ထောင်ချီ၍ တန်းစီကြသူများထဲက တယ်လီေုန်းရသူဆိုသည်မှာလည်း ရှာမှရှား ဖြစ်သည်။ ချပေးသည့် တယ်လီဖုန်းအများစုက ဦးစားပေးအနေနှင့် ကြိုတင ်ရရှိထားကြသည်။ ထိုစဉ်ကာလ တယ်လီဖုန်းဟူသည် တကယ့် လူချမ်းသာ အသုံးအဆောင်…
Read Moreရန်ကုန် လေပြင်းတိုက် မိုးသည်းထန်စွာရွာသွန်းပြီး ကလေးတယောက် ရေမြောင်းထဲမျောပါသွား ၊ ကားတစီးသစ်ပင်ပိလို့ ယာဥ်မောင်း ဒဏ်ရာရ
စက်တင်ဘာ ၁၃၊ ၂၀၂၆ GG (VOM) ရန်ကုန်မှာ လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်ငါးခုထက်မနည်းမှာ သစ်ပင်တွေလဲကျပြီး ထိခိုက်ဒဏ်ရာရသူရှိသလို ကလေးတယောက်လည်း ရေမြောင်းထဲမျောပါ ပျောက်ဆုံး သွားတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၂ ရက်နေ့ ၊ ညနေ ၅ နာရီကျော်လောက်မှာ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ ဖို့မြေရပ်ကွက်မှာ ရေမြောင်းထဲကို ဘောလုံးဆင်းကောက်ရာကနေ အသက် ၁၄ နှစ်အရွယ် ကလေးတယောက် ရေစီးနဲ့မျောပါ ပျောက်သွားတာလို့ သိရပါတယ်။ “ရေမြောင်းထဲ ဘောလုံးကျသွားတာကို လိုက်ယူရင်း ပျောက်သွားတာလို့ သိရတယ်။ မတွေ့သေးဘူး ။ခုထိ မီးတွေထွန်းပြီး ရှာနေကြတယ်။ ” လို့ ဒေသခံက ပြောပါတယ်။ လက်ရှိမှာ အဖြူရောင်ကမ်းလက် လူမှုကူညီရေး အသင်း၊ မီးသတ်တပ်ဖွဲ့နဲ့အတူ လူမှုကူညီရေး အသင်းတွေ ပူးပေါင်းရှာဖွေနေတယ်လို့ သိရပါတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်မှုကြောင့် အလုံမြို့နယ်…
Read Moreထိုင်းကို တရားမဝင် သွားတဲ့ မြန်မာ ၄၂ ယောက် ဖမ်းဆီးခံရ
စက်တင်ဘာ ၁၂ – ၂၀၂၆ SN (VOM) ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ နောင်လူကျေးရွာအုပ်စု၊ နယ်မြေ (၈) မှာ စက်တင်ဘာ ၁၂ ရက်၊ မနက် ၁၂ နာရီ မိနစ် ၂၀ ဝန်းကျင်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၄၂ ယောက် ဖမ်းဆီးခံရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ နောင်လူကျေးရွာအုပ်စု၊ နယ်မြေ (၈) ရပ်ကွက်ရှိ ကျွဲကောသီးခြံ အနောက်ဘက်မှာ သံသယဖြစ်ဖွယ် လူအုပ်စုကို တွေ့မြင်ရတာကြောင့် ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့တွေက စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီလို စစ်ဆေးရာမှာ တရားဝင်အထောက်အထား တစုံတစ်ရာ ပြသနိုင်ခြင်းမရှိတဲ့ မြန်မာအမျိုးသား ၂၁ ယောက်နဲ့ အမျိုးသမီး ၂၁…
Read Moreသူတို့အိမ် အခန်း (၂၁၉)
ဆူးငှက် သရက်ကုန်းရောက် မိသားစု ၅ယောက်မှာ —————————————— သရက်ကုန်းကွက်သစ် လယ်တောအိမ်လေးသို့ ကျွန်တော်နေထိုင်သောအခါ မိသားစု ၅ယောက်ဖြစ်သည်။ အသက်၉၀ကျော် မိခင်ကြီးနှင့်အတူ ကျွန်တော်တို့က မိသားစု ၄ယောက်ဖြစ်သည်။ ထို ၅ယောက်တွင် ကျွန်တော် တစ်ဦးတည်းသာ ဝင်ငွေရှိပါသည်။ စာအုပ်အငှားဆိုင်လေးမှာ ဟေမာဇလအိမ်က ရဲသိပ္ပံတိုက်ခန်းပြောင်းကတည်းက ဖြုတ်လိုက်ရပါပြီ။ စာအုပ်များကိုတော့ ကျွန်တော်မူလကတည်းက ဝယ်ယူစုဆောင်းထားသည့် စာအုပ်များကိုပဲ ချန်ကာ ကျန်သည့် သိုင်းဝတ္ထုများ အပျော်ဖတ်ဝတ္ထုများကို ပိဿာချိန်ဈေးသာသာဖြင့် ရောင်းလိုက်သည်။ ကျွန်တော်က လူထုကြီးပွားရေးစာအုပ်တိုက် စာပြင်စာတည်းအနေနှင့် လစာရသည်။ မြန်မာ့ဓနမဂ္ဂဇင်း၏ အညာစာလွှာ ကဏ္ဍနှင့် မန္တလေးမျဉ်းဖြောင့်များ ကဏ္ဍ အတွက် လစဉ်ပုံမှန် စာမူခရသည်။ ထို၂ရပ်ပေါင်းက (၂၀၀၀ပြည့်နှစ်ကာလ) ၅သောင်းအထက်ရှိမှာပေါ့။ သည့်မတိုင်မီ ၁၉၉၇ဝန်းကျင်က ရတနာပူံသတင်းစာတွင် အပတ်စဉ်ထည့်သွင်းရသော ကြော်ငြာ အချပ်ပိုကို မိတ်ဆွေစာရေးဆရာများနှင့်…
Read Moreသူတို့အိမ် အခန်း (၂၁၈)
ဆူးငှက် လယ်ကွင်းထဲက တစ်ထပ်တိုက်နီလေး ————————————— နန်းဦးလွင် မိသားစု ကဖေး က မမ၏ ဖခင်က ဦးပြုံးမောင်တဲ့။ သူက ရွှေဘိုဆိတ်ခွန်သားဖြစ်ကာ စီးပွားရေး ဘွဲ့ရ ဖြစ်သည်။ ဦးပြုံးမောင်က အင်္ဂလိပ်စာ ကျူရှင်လည်း ပြခဲ့သတဲ့။ မမ ၏ မိခင်က ဒေါ်လဲ့လဲ့တဲ့။ သူ့ဖခင်က ဓားတန်း ဦးသန့်နှင့် ညီအစ်ကို ဝမ်းကွဲတော်သူ ဘကြီးစိန်၏ သမီးဖြစ်ကာ ဒေါ်လဲ့လဲ့ ကိုယ်တိုင်ကလည်း ငယ်စဉ်က အတော်ချောသူ ဖြစ်လိမ့်မည်။ ဘကြီးစိန်၏ အိမ်က ဘူးကုန်းရွာ အရှေ့ဘက် ရန်ကင်းတောင်သွား ကားလမ်း၏ မြောက်ဘက် အောင်ပင်လယ်ကွင်း ကန်လယ်အနီးမှာ ရှိသည်။ ကျယ်ဝန်းသော ခြံကြီးထဲတွင် ကိုလိုနီခေတ်ဗိသုကာပုံစံ တစ်ထပ် အုတ်တိုက်နီလေး ဖြစ်သည်။ ကျွန်တော်သည် ရှေးယခင်ကတည်းက ရန်ကင်းတောင်သို့သွားတိုင်း အောင်ပင်လယ်…
Read Moreအသီးဆိုတိုင်း ကျန်းမာရေးအတွက် ကောင်းတာလား
မန္တလာ ဆရာမျိုး အသီးအနှံတွေဟာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ လူတိုင်းနီးပါး သိကြပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်နဲ့ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အပင်အခြေပြုဓာတ်ပေါင်းတွေ ပါဝင်တာကြောင့် နေ့စဉ်အစားအစာထဲမှာ အသီးအနှံတွေ ထည့်စားဖို့ အကြံပြုကြတာပါ။ ဒါပေမယ့် “ဘယ်အသီးက ကျန်းမာရေးအတွက် အဆိုးဆုံးလဲ” လို့ မေးလာရင် အဖြေက ထင်ထားသလို ရိုးရိုးရှင်းရှင်း မဟုတ်ပါဘူး။ တကယ်တော့ လူတိုင်းအတွက် “အဆိုးဆုံးအသီး” လို့ သတ်မှတ်နိုင်တဲ့ အသီးတစ်မျိုး မရှိပါဘူး။ အသီးတစ်မျိုးဟာ လူတစ်ယောက်အတွက် အာဟာရကောင်းကောင်းပေးနိုင်ပေမယ့် နောက်လူတစ်ယောက်ရဲ့ ကျန်းမာရေးအခြေအနေအရ ပမာဏကန့်သတ်စားသင့်တာမျိုး ရှိနိုင်ပါတယ်။ အရေးကြီးတာက ဘယ်အသီးစားသလဲဆိုတာတင် မဟုတ်ဘဲ ဘယ်လောက်စားသလဲ၊ ဘယ်လိုပုံစံနဲ့စားသလဲ၊ မိမိမှာ ဘာကျန်းမာရေးပြဿနာရှိသလဲဆိုတာတွေပါ။ ဥပမာ စပျစ်သီး၊ သရက်သီးမှည့်၊ ငှက်ပျောသီးမှည့်၊ ဒူးရင်းသီး၊ ပိန္နဲသီး၊ လိုင်ချီးလို ချိုတဲ့အသီးတွေမှာ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့…
Read More