မတ်၂၂-၂၀၂၃ SW(VOM) မေး VOM : လတ်တလော ALP ပါတီတွင်းမှာ ဆရာမကို ထုတ်ပယ်လိုက်တယ်ဆိုတဲ့ သတင်းတွေကိုလည်း ကြားရတာပေါ့။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီတွင်းမှာ ဖြစ်နေတဲ့ အခြေအနေကို သိလိုပါတယ်။ ဖြေ – စောမြရာဇာလင်း (ALP) : ကျွန်မကို ထုတ်ပယ်လို့မရပါဘူး။ ကျွန်မကို ထုတ်ပယ်စရာလည်း မလိုပါဘူး။ ကျွန်မက သူတို့ကို ထားခဲ့ပြီးပြီ။ လမ်းစဉ်မတူဘူး။ မတူတဲ့အတွက် ကျွန်မကိုယ့်လမ်းစဉ်ကိုယ် သေချာလျှောက်ဖို့လိုတယ်။ ကျွန်မနဲ့ ဝါသနာတူတဲ့လူ၊ သဘောထားတိုက်ဆိုင်တဲ့လူတွေနဲ့ သွားဖို့ရာအတွက် ကျွန်မတို့ ပါတီတွင်းမှာ (၄) ကြိမ်တိုင်တိုင် တိုင်ပင်ပြီးတော့မှ ပါတီအသစ်ကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ပါတီကနေ (၆) လနဲ့အထက် ကင်းကွာနေတဲ့လူတွေကို ကျွန်မတို့ထားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ခိုင်ပေါ်လင်း အဖမ်းခံရပြီး နောက်ပိုင်းမှာ ဒီပုဂ္ဂိုလ်တွေဟာ ပါတီတည်နေရာ၊ တပ်တည်နေရာ၊ ထဲက ထွက်ပြေးသွားကြတဲ့လူတွေဖြစ်တယ်။ ဒီလူတွေက…
Read MoreCategory: အင်တာဗျူး
ရခိုင်က ANPပါတီ ရွေး/ကော်မှာ မှတ်ပုံတင်ဖို့ ဘာကြောင့်ဆုံးဖြတ်လိုက်တာလဲ
မတ် ၂၁- ၂၀၂၃ SW(VOM) ရခိုင်ပြည်နယ်အတွင်း အင်အားကြီးပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ပါတီဟာ နစက ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှာ ပါတီမှတ်ပုံတင်ရေး ဆုံးဖြတ်လိုက်တယ်လို့ ပါတီဥက္ကဋ္ဌက VOM ကို အတည်ပြုပြောပါတယ်။ ဒီကနေ့ မတ်လ ၂၁ ရက်ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာလည်း ရခိုင်အမျိုးသားပါတီ (ANP) ပါတီအပါအဝင် အမျိုးသားဒီမိုကရက်တစ်ပါတီ(DNP)နဲ့ ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC)တို့က ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ နစကရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှာ ဆက်လက်ရပ်တည်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ကို မတ်လ ၂၀ ရက်နေ့က လာရောက်လျှောက်ထားကြောင်း သိရပါတယ်။ အဲဒီလို ရွေးကောက်ပွဲဝင်နိုင်ရေးကို ဒီရက်ပိုင်းအတွင်း ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ပါတီတွင်း သဘောထားကွဲလွဲမှုတချို့ရှိကြောင်း ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။ “မှတ်ပုံတင်ဖို့ လျှောက်ထားတာမဟုတ်ဘူး။ မှတ်ပုံတင်ဖို့အတွက် ပါတီမှာ ဆုံးဖြတ်လိုက်တာပဲရှိသေးတယ်။ ပါတီဗဟိုကော်မတီအစည်းအဝေးက ဆုံးဖြတ်ချက်ချတယ်။…
Read Moreနစက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ(ANP) ဝင်ပြိုင်မယ်
ဇန်နဝါရီ ၁၉-၂၀၂၃ KT(VOM) ရခိုင်အမျိုးသားပါတီဟာ ရွေးကောက်ပွဲဝင်ဖို့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် နစက ကကျင်းပပြုလုပ်မယ့်ရွေးကောက်ပွဲကိုဝင်မှာဖြစ်တယ် ရခိုင်အမျိုးသားပါတီ (ANP)ပါတီမူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် ဦးဘရှိန်ကပြောပါတယ်။ ရခိုင်အမျိုးသားပါတီ မှ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လွှက်တော်သက်တမ်း နှစ်ဆက်ပါဝင်ခဲ့သူ ဦးဘရှိန်ကို Voice Of Myanmar(VOM)က ဆက်သွယ်ကာ လာမယ့်ရွေးကောက်ပွဲမှာ ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်မှာလားဆိုတာတွေကို မေးမြန်းထားတာဖြစ်ပါတယ်။ VOM-မေး။ ။ရခိုင်အမျိုးသားပါတီအနေနဲ့(နစက )ကကျင်းပမယ့်ရွေးကောက်ပွဲမှာအရွေးခံမှာပါလား.. ဦးဘရှိန်က-ဖြေ။ ။ရခိုင်အမျိုးသားပါတီအနေနဲ့ရွေးကောက်ပွဲဝင်မှာပေါ့၊ရွေးကောက်ပွဲဝင်ဖို့ဖွဲ့စည်းထားတဲ့ပါတီပဲ၊ ရွေးကောက်ပွဲကိုပြည်သူတွေက စိတ်ဝင်စားတာ/စိတ်မဝင်စားတာကတော သူတို့ကဏ္ဍ/သူတို့အမြင်ရှိကြပါလိမ့်မယ်၊ စိတ်ဝင်စားသူတွေက ရွေးကောက်ပွဲကို အားပေးထောက်ခံကြလိမ့်မယ်၊စိတ်မဝင်စားသူက စိတ်မဝင်စားကြောင်းပြကြလိမ့်မယ်၊ဒါကတပိုင်း၊လက်ရှိအာဏာရယူထားတဲ့ပုဂ္ဂိုလ်တွေကလည်းပဲ ရွေးကောက်ပွဲမလုပ်မချင်း အာဏာကိုဘယ်လိုပုံစံနဲ့မှ အပြောင်းအလဲလုပ်လို့မရဘူး၊ ရွေးကောက်ပွဲတွေလုပ်ပြီးရင် အာဏာတွေကိုဘယ်ပုံစံနဲ့အပြောင်းအလဲလုပ်မလဲဆိုတဲ့ပုံစံ ပေါ်လာမယ်၊ဗိုလ်ချုပ်မှူးကြီးသန်းရွှေတုန်းက သူယူထားတဲ့အာဏာကို ရွေးကောက်ပွဲအပြီးမှာ အာဏာကိုခွဲပေးလိုက်တယ်လေ၊ အခု အဲဒီလိုပုံစံမျိုးနဲ့ပြန်ပြီးတော့လုပ်ပေးချင်နေတယ်ဆိုတာမျိုး ဦးလေးတို့နားလည်ထားတယ်၊ဦးသန်းရွှေက အုပ်ချုပ်မယ့်သူကိုသမ္မတ ဦးဆောင်တဲ့အစိုးရအဖွဲ့ကို ပေးလိုက်တယ်၊ဥပဒေပြုမယ့် လွှတ်တော် ဖွဲ့ပေးတယ်၊တရားစီရင်ရေးအပိုင်း သပ်သပ်လုပ်ပေးခဲ့တယ်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာအတွက် လက်ရှိကာကွယ်ရေးဦးစီးချုပ်ကို တာဝန်အသီးသီးခွဲဝေပေးခဲ့တယ်။…
Read Moreနိုင်သူရေးတဲ့ သမိုင်းနဲ့ အနာဂါတ်ပျောက်နေတဲ့ မြန်မာပြည်
မန္တလေး၊ ဇန်နဝါရီ – ၁၁- ၂၀၂၃ (Voice Of Myanmar) လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေဟာ ခေါင်းဆောင်အားကိုးတဲ့ နိုင်ငံရေးအခြေအနေဖြစ်နေဆဲပဲလား၊ တပ်မတော်ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံရေးအမျှော်အမြင် ဘယ်လောက်ရှိသလဲ၊ ဖြစ်ပေါ်နေတဲ့ လက်ရှိ နိုင်ငံရေးအခြေအနေဟာ ဘယ်ကို ဦးတည်နေသလဲ၊ ခေတ်အဆက်ဆက်က နိုင်ငံရေးမျိုးဆက်ပြတ်အောင်လုပ်ခဲ့တဲ့ အာဏာရှင်တွေရဲ့လုပ်ရပ်က လက်ရှိပစ္စုပ္ပန်မှာ ဘယ်လောက်ရိုက်ခတ်ခံခဲ့ရသလဲ ဆိုတာတွေကို ပြည်သူ့ပါတီဥက္ကဌလည်းဖြစ် ၈၈ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ဦးကိုကိုကြီးကို VOM အယ်ဒီတာချုပ် ကိုနေမျိုးလင်းက တွေ့ဆုံဆွေးနွေးထားပါတယ်။ ပထမဆုံးအနေနဲ့ ၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းပြီးကတည်းက နိုင်ငံရေးမျိုးဆက်ပြတ်အောင်လုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာ လက်ရှိအခြေအနေမှာ ဘယ်လိုရင်ဆိုင်နေရသလဲဆိုတာကို စမေးကြည့်တော့ ဦးကိုကိုကြီးက အခုလိုဖြေကြားခဲ့ပါတယ် ……. #Voiceofmyanmar #vom #ဦးကိုကိုကြီး #ပြည်သူ့ပါတီ #၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ #ဦးကိုကိုကြီးအင်တာဗျူး #အင်တာဗျူး Youtube Link – https://www.youtube.com/watch?v=twUiZVP4a_8
Read Moreမျောက်ကျောက် ရောဂါ ဆိုတာ
၂၉ မေ၊ ၂၀၂၂ VOM Monkeypox မန်းကီးပေါက်စ် မျောက်ကျောက်ရောဂါ ဆိုတာဘာလဲ၊ ဘယ်လို ကူးစက်တတ်သလဲ၊ ဒီရောဂါ ကူးစက်မခံရအောင် ဘယ်လို ကာကွယ်နိုင်သလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေး ဆောင်းပါးတွေကို တစိုက်မတ်မတ် ရေးသားဖြန့်ဝေပေးနေတဲ့ ဒေါက်တာတင့်ဆွေ က VOM ပရိတ်သတ်တွေအတွက် အခုလို မျှဝေပေးထားပါတယ်။ ……………………………… အမေရိကန် CDC ခေါ် ကူးစက်ရောဂါများ ထိန်းချုပ်ရေးဌာနက အခုစာရေးချိန် (၂၈ မေ၊ ၂၀၂၂) အထိ တင်ထားတဲ့ အချက်အလက်တွေ အရ၊ မန်းကီးပေါက်စ် Monkeypox ဆိုတာ၊ ရှားတဲ့ရောဂါဖြစ်တယ်။ monkeypox virus ဗိုင်းရပ်စ်ကနေ ဖြစ်စေတယ်။ Orthopoxvirus genus အုပ်စုထဲကဖြစ်တယ်။ အဲဒီအုပ်စုထဲမှာ variola virus ဗိုင်းရပ်စ်လည်း ပါတယ်။ အဲဒါက smallpox ခေါ် ကျောက်ကြီးရောဂါကို…
Read MoreCOVID-19 ရောဂါ ကာကွယ်ဆေးတွေ အကြောင်း သိကောင်းစရာ
၂၇၊ မေ၊ ၂၀၂၂ VOM ကမ္ဘာ့ ကပ်ရောဂါ ဆိုးကြီးတခု ဖြစ်တဲ့ COVID-19 ရောဂါဟာ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကူးစက်ပြန့်ပွားနှုန်းက တဖြည်းဖြည်း လျော့နည်းလာနေပေမယ့် တဖက်မှာလည်း မျိုးကွဲမျိုးစုံ ဆင့်ကဲပြောင်းလဲ ကူးစက်မှုတွေကလည်း ရှိနေဆဲ ဖြစ်ပါတယ်။ COVID-19 ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ ကာကွယ်ဆေးတွေကို နိုင်ငံအသီးသီး၊ ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီ အသီးသီးက ထုတ်လုပ်လာကြပြီး၊ နိုင်ငံအတော်များများကို လွှမ်းခြုံဖြန့်ဝေလာနေတာလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း COVID-19 ရောဂါ ကာကွယ်ဆေးထိုးတာတွေ အများအပြားလုပ်လာနေတာလည်း ရှိနေပါတယ်။ ဒီတော့၊ ဒီကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး ဘာတွေ သိထားသင့်သလဲ၊ ကာကွယ်ဆေးထိုးသင့် မသင့် ဆိုတာတွေနဲ့ ပတ်သက်လို့၊ အမေရိကန်နိုင်ငံမှာ နေထိုင်ပြီး ကျန်းမာရေးဆိုင်ရာ စာပေ၊ ဆောင်းပါးတွေ ရေးသားပညာပေးနေတဲ့ ဒေါက်တာတင့်ဆွေကို VOM က ဆက်သွယ်မေးမြန်းထားပါတယ်။ VOM ။…
Read Moreသတင်းလွတ်လပ်ခွင့် = ဒီမိုကရေစီ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် VOM တွေ့ဆုံမေးမြန်းခန်း နောက်ဆုံးအပိုင်း နစကလက်ထက်မှာ ဖမ်းထားတဲ့သတင်းသမားတွေဘယ်လောက်ရှိနေလဲ၊ သတင်းစာလွတ်လပ်ခွင့်အဆင့်နိမ့်နေတာကို ဘယ်လိုရှင်းမလဲ ၊ သတင်းမီဒီယာဖွံ့ဖြိုးရေး ဘာတွေလုပ်ပေးနိုင်မလဲ စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ #voiceofmyanmar #VOM #ဗိုလ်ချုပ်ဇော်မင်းထွန်း Web Link – https://youtu.be/VwsP5kpi_sM
Read Moreဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုထားသလဲ ၊ ရွေးကောက်ပွဲ တကယ်လုပ်နိုင်မလား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် VOM တွေ့ဆုံမေးမြန်းခန်း အပိုင်း(၂) NCA ထိုးပြီးသားအဖွဲ့တွေ ကရော စာချုပ်ပါသဘောတူညီမှုတွေ လိုက်နာသလား၊ NCA မထိုးရသေးတဲ့အဖွဲ့တွေ ထိုးလာအောင် နစကအနေနဲ့ စွမ်းနိုင်မလား၊ ဒီနှစ်ပညာသင်နှစ်မှာ ကျောင်းပေါင်းစုံဖွင့်နိုင်ပါ့မလား၊ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးနဲ့ နေထိုင်ရေးအတွက် ဘယ်လိုစောင့်ရှောက်ထားသလဲ၊ ရွေးကောက်ပွဲဆိုတာလုပ်နိုင်မှာလား ၊ ရွေးကောက်ပွဲပြီးရင် တပ်မတော်က အာဏာပြန်လွှဲပြီး စစ်တန်းလျားပြန်မှာလားဆိုတာတွေ အပါအဝင် နိုင်ငံတကာ ဆက်ဆံရေးနဲ့ စီးပွားရေး အခြေနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ ရိုက်ကူး – ရှိုင်းအောင် #voiceofmyanmar #VOM #ဗိုလ်ချုပ်ဇော်မင်းထွန်း #နစက YouTube Link – https://youtu.be/xGDZZ3hsObg
Read Moreနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာ ငြိမ်းချမ်းရေးက တကယ်ရမှာလား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ VOM တွေ့ဆုံမေးမြန်းခန်း အပိုင်း (၁) မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေကို ငြိမ်းချမ်းအောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လာရောက်ဆွေးနွေးဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်ချက်ဟာ တကယ်အရာထင် ပါ့မလား၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆိုတာဘယ်လိုဟာလဲ ၊ မန္တလေးမှာ ဖမ်းဆီးထားသူတွေ အသတ်ခံရကိစ္စတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOM ရဲ့ အယ်ဒီတာချုပ် ကိုနေလင်းက နေပြည်တော်မှာ တွေ့ဆုံမေမြန်းထားပါတယ်။ ရိုက်ကူး – ရှိုင်းအောင် #voiceofmyanmar #VOM #နစက #ဗိုလ်ချုပ်ဇော်မင်းထွန်း YouTube Link – https://youtu.be/UAJAHZRhz-0
Read Moreကိုဗစ်၁၉ ကပ်ရောဂါ လက်ရှိအခြေအနေ
ဧပြီ ၂၅-၂၀၂၂ Voice Of Myanmar ကိုဗစ် ၁၉ ကပ်ရောဂါဟာ ကူးစက်မှုနှုန်းတွေ လျော့လာနေတယ်လို့ ထင်မှတ်နေကြပေမယ့်လည်း ကိုဗစ်ကပ်ရောဂါရဲ့ မူလဇစ်မြစ်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ တကျော့ပြန် ကူးစက်ပြန့်နှံ့နှုန်း မြင့်တက်လာနေတာတွေ၊ ကိုဗစ်ရောဂါ မူလဗီဇတွေ အမျိုးမျိုးပြောင်းပြီး ကူးစက်မှုနှုန်းတွေ တရိပ်ရိပ် တက်လာနေဆဲဖြစ်ပါတယ်။ ဒီကပ်ရောဂါဘေးနဲ့ ပတ်သက်တာတွေကို တစိုက်မတ်မတ် လေ့လာနေပြီး အများပြည်သူ သိရှိရအောင် ကျန်းမာရေးစာပေတွေ ရေးသားဖြန့်ဝေပေးနေတဲ့ အမေရိကန် နိုင်ငံမှာ နေထိုင်သူ ဒေါက်တာတင့်ဆွေကို လက်ရှိ ကပ်ရောဂါဘေး အခြေအနေတွေနဲ့ ပတ်သက်ပြီး VOM က ဆက်သွယ်မေးမြန်းထားပါတယ်။ VOM ။ ။ Covid 19 က ဗီဇကွဲတွေ ပုံစံအမျိုးမျိုးနဲ့ ဖြစ်နေတာမှာ အခု လက်ရှိ နောက်ဆုံးပေါ် Omicron BA-2 နဲ့ ပတ်သက်ပြီးတော့၊ ကူးစက်ခံရသူတွေမှာ ခံစားရတဲ့…
Read More