ဇန်နဝါရီ ၂၇၊ ၂၀၂၅ Voice Of Myanmar မန္တလေး နန်းမြို့ကျုံးနဲ့ တမိုင်ပတ်လည်မှာရှိတဲ့ အောင်မြေသာစံနဲ့ ချမ်းအေးသာစံ မြို့နယ်ထဲက နေရာတချို့မှာ အထပ်မြင့်ဆောက်လုပ်ခွင့်ကို သက်ဆိုင်ရာက ယာယီဆိုင်းငံ့ထားတာကြောင့် ဆောက်လုပ်ခွင့်တင်သူတွေ ခွင့်ပြုမိန့်မကျဘူးလို့ လျှောက်ထားသူတွေဆီက သိရပါတယ်။ ” ကျနော်မြေဝယ်တာ တသောင်းခွဲ တိုက်ဆောက်ဖို့ သိန်းတသောင်းခွဲတန်မြေဝယ်ထားတာဗျာ ၊ပါတဲ့အိမ်က နေမဖြစ်လို့ အသစ်ဆောက်မလို့ဟာ ဒီတားမြစ်ချက်ကြောင့် အခက်တွေ့နေတယ်။ တထပ်ပဲ ဆောက်ခွင့် ပေးတယ်တဲ့။ အိမ်ခြံေမြ အရောင်းအဝယ်ပါ အလုပ်မဖြစ်တော့ဘူး” လို့ အိမ်ဆောက်မယ့်သူ တယောက်က ပြောပါတယ်။ ဘာ့ကြောင့် ခုလိုတားမြစ်သလဲ ဆိုတာ သက်ဆိုင်ရာကိုပြန်မေးတော့လည်း လုံခြုံရေးကြောင့်ဖြစ်နိုင်တယ်လို့ မတင်မကျပြောတယ်လို့ဆိုပါတယ်။ ဒီတားမြစ်ချက်ကြောင့် အိမ်ဆောက်မယ့်သူနဲ့ ဆောက်လုပ်ရေး ကန်ထရိုက်တာတွေကြားလည်း ပြဿနာတချို့ရှိပြီး ဆောက်လုပ်ရေးပစ္စည်းတွေ ဆက်ဝယ်ရမလား ရပ်ထားရမလား ဝေခွဲမရဖြစ်နေတဲ့သူရှိသလို တချို့ရပ်ထားကြရတယ်လို့ သိရပါတယ်။ ဆောက်လုပ်ခွင့်ပေးတဲ့ သက်ဆိုင်ရာဌာနတွေကို VOM…
Read MoreCategory: အိမ်ခြံမြေဈေး
ဝါကျွတ်အကြို ရန်ကုန် အိမ်ခြံမြေဈေးကွက် ယမန်နှစ် အလားတူကာလကထက် အငှားပိုသွက်
အောက်တိုဘာ ၉ ၊၂၀၂၄Ms(VOM)ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးကွက်ထဲ လတ်တလော ဝါကျွတ်ကာလ မရောက်ခင် မှာပဲ မနှစ်က ကာလ အလားတူအချိန်ကထက် အိမ်အငှား ဈေးကွက်များပိုသွက်နေတယ်လို့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။မြန်မာလူမျိုးတွေရဲ့ဓလေ့ထုံးစံအရ ဝါကျွတ်ကာလ အိမ်အပြောင်းအရွေ့ ပြုကြသူများတာ အပါအဝင် နယ်မြို့တွေက စစ်ဘေး၊ရေဘေးစတဲ့ အခက်ခဲတွေကြောင့်ရန်ကုန်ကို ရွှေ့ပြောင်းလာသူများလာတဲ့အတွက် အိမ်ငှားလိုသူများနေရာ အိမ်အငှားဈေးနှုန်းများလည် ဆတိုးမြင့်တက်လာနေတယ်လို့ဆိုပါတယ်။” အခုက အငှားအရမ်းလိုက်နေတာ။ နယ်တွေဘက်ကနေ စစ်ရှောင်တွေ ရန်ကုန်ဘက်ဆင်းလာပြီး အိမ်ငှားတာလည်းများတယ်။ အငှားများတော့ အိမ်က ရှာရတာခက်နေကြတာ။မနှစ်က အဲဒီလောက်မများဘူး။ အိမ်ငှားများတော့ ဈေးကလည်းတက်တယ်။အရင်ဆိုနှစ်သိန်း နဲ့နှစ်သိန်းခွဲလောက်ရတဲ့အိမ်က သုံးသိန်း အထက် က ဈေးအောက်ထစ်ဖြစ်ပြီ အငှားများတော့ ဒီလူမငှားလည်း နောက်လူငှားမှာပဲ ဆိုတာတော့ရှိလာတာပေါ့။ လချုပ်ရယ် လချင်းပေးရယ် သတ်မှတ်ထားတယ်။အစားစားပါပဲ။ တချို့လည်း စပေါ်များများ လခနည်းနည်းပေးပေါ့ ။ အခုကာလကတော့ မိုးပါးလာတာကြောင့် အိမ်ခြံမြေ အရောင်း၊အဝယ် ၊အငှားအကုန်မေးလာကြပြီ ဆိုတော့…
Read Moreရန်ကုန် ဆင်ခြေဖုံးမြို့နယ်တွေက တိုက်ခန်းတွေ အရောင်းအဝယ်သွက်ပြီး စျေးမြင့်နေ
သြဂုတ် ၂၁ – ၂၀၂၄KG(VOM)ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်၊ ရပ်ကွက်တွေမှာရှိတဲ့ တိုက်ခန်းတွေဟာ လက်ရှိကာလမှာ အရောင်းအဝယ် သွက်နေပြီး စျေးမြင့်လာနေတယ်လို့ အိမ်ခြံမြေစျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။“အခုက နယ်ဘက်ကစစ်ရှောင်လာတဲ့သူတွေပေါ့။ သူတို့ ကလာဝယ်ကြတာများတယ်။ မြို့စွန်မြို့နယ်တွေဖြစ်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့လိုနေရာတွေက တန်ဖိုးသင့်၊တန်ဖိုးနည်းတိုက်ခန်းတွေဘက်ကို အဝယ်တွေဆင်းလာကြတာများတယ်” လို့ အိမ်ခြံမြေအကျိုးဆောင်တယောက်က ပြောပါတယ်။လတ်တလောကာလတွင် ရန်ကုန်မြို့ စွန် မြို့နယ်များ မှာရှိတဲ့ တန်ဖိုးသင့်၊တန်ဖိုးနည်းအိမ်ရာတိုက်ခန်းတွေရဲ့ အလွှာအလိုက်စျေးနှုန်းတွေဟာလည်း ကျပ် ၁၀ သိန်း ကနေ ကျပ်သိန်း ၃၀ ၊ ၄၀ ထိ မြင့်တက်လာတာတွေ ရှိတယ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ဆိုပါတယ်။တော်တော်များများတော့အဝယ်ရှိကြတယ်။ ပုံမှန်အားဖြင့်အိမ်ခြံမြေတိုက်ခန်းစျေးကွက်ဆိုတာက မိုးတွင်းကာလဆိုပါးတယ်လေ။ အခုတော့မိုးတွင်းလည်းအရောင်း၊အဝယ်တွေရော တောက်လျှောက်တော့အလုပ်ဖြစ်နေတယ်လို့ပြောရင်ရပါတယ်။ နောက်တခုမြို့ထဲကနေဝိတ်လျော့ပြီးဒီဘက်ကိုဆင်းလာတဲ့သူပေါ့။ပြောင်းပြီးလာနေကြတဲ့သူတွေ ? တချို့ကလည်းလက်ထဲငွေမကိုင်ချင်လို့တိုက်ခန်းဝယ်ထားကြတာတွေလည်းရှိပါတယ်။”လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။ဒါအပြင် ယခုနှစ်ပိုင်းများအတွင်းရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ခြံမြေစျေးနှုန်းတွေဟာ အဆမတန်မြင့်တက်လာခဲ့သလို တိုက်ခန်းများအပြင် ကွန်ဒိုများလည်းအရောင်းအဝယ်ကောင်းခဲ့သည်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊…
Read Moreဝါတွင်းကာလဖြစ်ပေမယ့် ရန်ကုန်မြို့ အိမ်ခြံမြေဈေး မြင့်တက်လာ
ဩဂုတ် ၉ – ၂၀၂၄ SS (VOM) ဝါတွင်းကာလဖြစ်ပေမယ့် စစ်ရှောင်တွေ ရှိလာတဲ့အတွက် ရန်ကုန်မြို့မှာ အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား လုပ်ငန်းတွေ အလုပ်ဖြစ်လာနေပြီး ဈေးနှုန်းတွေလည်း ထပ်မံ မြင့်တက်လာနေတယ်လို့ ရန်ကုန်မြို့အခြေစိုက် အိမ်ခြံမြေ ရောင်းဝယ်သူတွေဆီက သိရပါတယ်။ အိမ်ခြံမြေကို အရင်က နေထိုင်ဖို့ထက် ငွေကြေး ရင်းနှီးမြှုပ်နှံလိုတဲ့အတွက်သာ ဝယ်ယူကြတာများပေမယ့် လက်ရှိအချိန်မှာတော့ နယ်မြို့တွေကနေ အိမ်ခြံမြေ၊ တိုက်ခန်း လာရောက် ဝယ်ယူသူ၊ ငှားရမ်းသူတွေ များပြားနေတယ်လို့ သိရပါတယ်။ “နယ်က အဝယ်များတယ်ဆိုတာက ဈေးနှုန်းအဆင်ပြေတာမျိုးကို အဝယ်များတယ်။ အဆင်မပြေရင်တော့ ငှားဖို့သင့်တော်တာမျိုးကို ရှာဖွေကြတယ်။ စစ်ရှောင်ကြလာကြတာဆိုတော့ နေဖို့ထိုင်ဖို့ အရေးတကြီး စုံစမ်းတာမျိုးတွေ ရှိလာတယ်။ အရောင်းအဝယ်တွေလည်း ပိုဖြစ်လာတာပေါ့။ အရင်အချိန် ဝါတွင်းဆိုရင် လုံးဝနီးပါးကို ဝယ်ရောင်းသိပ်မရှိတာ။ အခုက ရောင်းချင်တဲ့သူတွေကလည်း ဈေးတွေဖွင့်ထားတယ်။ ဝယ်ချင်တဲ့သူတွေကလည်း နေ့တိုင်းနီးပါးကို…
Read Moreရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း အငှားဈေးကွက် ပိုဖြစ်နေ
မေ ၁၀ – ၂၀၂၄SN (VOM)လက်ရှိ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်ထက် အငှားဈေးကွက် ပိုဖြစ်နေတယ်လို့ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။ရခိုင်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) အပါအဝင် ဒေသတည်ငြိမ်မှုမရှိတဲ့ နယ်မြေတွေက ငွေကြေးတတ်နိုင် တဲ့ လူတန်းစားတရပ်ဟာ တိုက်ပွဲရှောင်တဲ့အနေနဲ့ မြို့ကြီးတွေဆီ လာရောက်ပြီး တိုက်ခန်း၊ ကွန်ဒို၊ လုံချင်းအိမ်တွေ ငှားရမ်း နေထိုင်လာကြတဲ့အတွက် လက်ရှိမှာ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း အငှားများနေတာ ဖြစ်တယ်လို့ သိရပါတယ်။“အိမ်ခြံမြေဈေးကွက်ထဲ လက်ရှိကာလမှာကတော့ အရောင်းအဝယ်ဖြစ်တာထက် အငှားကတော့ ပိုဖြစ်လာတယ်။ အခု ကာလက အိမ်ခြံမြေစျေးကလည်း အမြင့်ပိုင်းရောက်နေတာဆိုတော့ ဝယ်ဖို့မလိုက်နိုင်တော့တာကြောင့် အငှားပိုဖြစ်လာတဲ့ သဘောမျိုးလည်း ပါတယ်။ ပြီးတော့ ဒေါ်လာဈေးနှုန်း အပြောင်းအလဲနဲ့ အိမ်ဆောက်ပစ္စည်းဈေးနှုန်း ကွာဟချက်တွေကြောင့်လည်း အရောင်းထက် အငှားဈေးကွက်က ပိုဖြစ်နေတာပေါ့။ နောက်တချက်က နယ်ကနေ စစ်ရှောင်ရင်းနဲ့မှ ရောက်လာတဲ့သူတွေကလည်း ရှိနေတော့…
Read Moreသန်လျင်တံတား စီမံကိန်း ပြီးစီးတော့မှာကြောင့် သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော် မြင့်တက်နေ
မေ ၉ – ၂၀၂၄SN (VOM)သန်လျင်တံတား အမှတ် (၃) ပြီးစီးတော့မယ့် သတင်းတွေကြောင့် သန်လျင်မြို့နယ်ထဲက အိမ်ခြံမြေဈေးတွေ နှစ်ဆကျော် မြင့်တက်နေ တယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက်နေတဲ့ ရန်ကုန်မြို့တွင်း သာကေတမြို့နယ်နဲ့ သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) စီမံကိန်းဟာ လက်ရှိမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်တာကြောင့် သန်လျင်အိမ်ခြံမြေဈေးနှုန်းဟာလည်း နှစ်ဆကျော် မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။“သန်လျင်တံတားပြီးရင်တော့ သန်လျင်မှာ အခုထက်ပိုပြီး အိမ်ခြံမြေဈေး ကောင်းလာနိုင်တယ်။ မြို့ထဲနဲ့လည်းနီးတော့ အခု တံတားဖွင့်လာရင် သန်လျင်က ပိုပြီးတော့တောင် စည်ကားလာနိုင်တယ်။ အဲဒါကြောင့် အခုထက်ပိုပြီး ဈေးမတက်ခင်မှာ ကိုယ်နေဖို့ အစီအစဉ်မရှိဘူး ဆိုရင်တောင် ရင်းနှီးမြှုပ်နှံမှုတခုအနေနဲ့ သန်လျင်က အိမ်ခြံမြေတွေကို ဝယ်ယူထားသင့်တယ်” လို့ သန်လျင် အိမ်ခြံမြေ အကျိုးဆောင်တယောက်က…
Read Moreရာပြတ်တန်ဖိုးကြောင့် အိမ်ခြံမြေဈေးကွက် အေးပြီး ဈေးနှုန်းကျဆင်းနိုင်
ဧပြီ ၆ – ၂၀၂၄ SN (VOM) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းအတွင်း အိမ်ခြံမြေ အရောင်းအ၀ယ် တန်ဖိုးဖြတ် (ရာပြတ်) သတ်မှတ်ချက်မှာ နှုန်းထားတွေ မြှင့်တင်သတ်မှတ်ထားတဲ့အတွက် အိမ်ခြံမြေဈေးကွက် အေးပြီး ဈေးနှုန်းကျဆင်းနိုင်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက သုံးသပ် ပြောဆိုပါတယ်။ ရာပြတ်တန်ဖိုး နှုန်းထားတွေကို တကျပ်ကနေ ကျပ် သိန်း ၃၀၀၀ အထိ ၃ ရာခိုင်နှုန်း၊ သိန်း ၃၀၀၀ ကနေ သိန်း ၆၀၀၀ အထိ ၅ ရာခိုင်နှုန်း၊ သိန်း ၆၀၀၀ က သိန်း တသောင်းအထိ ၁၀ ရာခိုင်နှုန်း၊ သိန်း တသောင်းကနေ သိန်း သုံးသောင်းအထိ ၁၅ ရာခိုင်နှုန်းနဲ့ ကျပ် သိန်း သုံးသောင်းနဲ့ အထက်ကို ၃၀…
Read Moreရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း အငှားဈေးကွက် ပိုဖြစ်နေ
ဖေဖော်ဝါရီ ၁၈ – ၂၀၂၄ SN (VOM) လက်ရှိ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေပြီး ငှားရမ်းမှုသာ ပိုများနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။ ဒေါ်လာဈေးနှုန်း အပြောင်းအလဲနဲ့ ဈေးနှုန်း ကွာဟချက်တွေကြောင့် အရောင်းထက် အငှားဈေးကွက် ပိုသွက်နေခြင်းဖြစ်သလို လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တိုက်ပွဲရှောင်လိုသူတွေဟာ များသောအားဖြင့် ရန်ကုန်ဘက်ကို လာရောက် နေထိုင်ကြတဲ့အတွက် အငှားဈေးကွက် ပိုဖြစ်နေတာလို့ သိရပါတယ်။ “အခုက နယ်တွေကနေ ဒီဘက်ကို တိုက်ပွဲရှောင်လာတဲ့ သူတွေများလာတယ်။ ဒါ့ကြောင့် လုံးချင်းအိမ်တွေ၊ တိုက်ခန်းနဲ့ ကွန်ဒိုတွေ အငှားများနေတယ်။ အရောင်းကတော့ မရှိသလောက်ပဲ။ ဒီအချိန်မှာ အရောင်းဖြစ်နေတာက မြေကွက်တွေပဲရှိတယ်” လို့ အိမ်ခြံမြေ အကျိုးဆောင်တယောက်က ပြောပါတယ်။ လက်ရှိ အိမ်ခြံမြေ ဈေးကွက်အတွင်း မြေကွက် အရောင်းအဝယ်တွေ ပိုဖြစ်နေတာမှာ…
Read Moreဒလ အိမ်ခြံမြေဈေးကွက် သိန်းသောင်းချီ ပေါက်ဈေးရှိနေ
ဇန်နဝါရီ ၁၆ – ၂၀၂၄ SN (VOM) ကိုရီးယား – မြန်မာ ချစ်ကြည်ရေးတံတား စီမံကိန်းကြောင့် ဒလ အိမ်ခြံမြေဈေးတွေ မြင့်တက်လာပြီး သိန်းသောင်းချီ ပေါက်ဈေးရှိနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။ ဒလတံတား တည်ဆောက်နေမှုဟာ လက်ရှိမှာ ရာခိုင်နှုန်း ၅၀ ကျော် ပြီးစီးနေပြီဖြစ်တဲ့အတွက် ဒလဘက်က မြေကွက်တွေ တလထက်တလ ဈေးနှုန်းအဆမတန် မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ “ဒလံတံတား စီမံကိန်းကြောင့် ဒလမြေဈေးတွေ ဆက်တိုက် တက်လာတယ်။ သူနဲ့ တဆက်တည်း တွံတေးနဲ့ ဆိပ်ကြီးခနောင်တိုဘက်မှာလည်း မြေဈေးတွေတက်လာတာကို တွေ့ရတယ်။ တံတားပြီးသွားရင် လမ်းပန်းဆက်သွယ်ရေးက ကောင်းသွားပြီလေ။ အခုကတော့ နေဖို့ထက် ရင်းနှီးမြှုပ်နှံမှုတခုအနေနဲ့ ဝယ်ကြတာများတယ်။ ဈေးနှုန်းတွေကလည်း ပါးစပ်ခေါ်ဈေး၊ ညှိနှိုင်းဈေးနဲ့ အရောင်းအဝယ် လုပ်ကြတာများတော့ ဈေးတွေ အဆမတန် ခုန်တက်ကုန်တာ” လို့ အိမ်ခြံမြေအကျိုးဆောင်တယောက်က…
Read Moreဝါကျွတ်အပြီး ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေး
ဒီဇင်ဘာ ၂၀ – ၂၀၂၃ SN (VOM) ဝါကျွတ်ကာလဖြစ်ပေမယ့် လက်ရှိ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံလိုသူတချို့လောက်သာ အဝယ်ရှိနေပြီး ဈေးကွက်အေးနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။ ပုံမှန်အရောင်းဝယ်ရှိနေတဲ့ ဒဂုံမြို့သစ် လေးမြို့နယ်က အိမ်ခြံမြေဈေးတွေဟာလည်း ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းမှ စတင်ကာ အရောင်းအဝယ်အေးလာပြီး အထွေထွေကုန်ဈေးနှုန်း မြင့်တက်နေတာကြောင့်လည်း အိမ်ခြံမြေ ဝယ်ယူနေထိုင်ခြင်းထက် အငှားနေထိုင်သူတွေသာ များပြားလျက်ရှိနေတယ်လို့ သိရပါတယ်။ “လက်ရှိကာလမှာကတော့ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်ဖြစ်တာထက် အငှားပဲရှိတယ်။ အရောင်းအဝယ်သာ မကောင်းတာ။ ဈေးကတော့ နှစ်ဆတက်နေတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကတော့ ငွေစက္ကူသစ်ထုတ်မယ့် သတင်းကြောင့် အရောင်းအဝယ်က သိသိသာသာ ကောင်းခဲ့တာပေါ့။ ဒါပေမယ့် အဲ့ဒီ့နောက်ပိုင်းကတော့ အစစအရာရာ ကုန်ဈေးနှုန်းတွေကလည်း တက်နေတော့ အရောင်းအဝယ်တွေ ပြန်အေးနေတယ်။ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေတောင် အဝယ်သိပ်မရှိတော့ဘူး။ တခြားလုပ်ငန်းတွေမှာ ပြောင်းပြီး ရင်းနှီးမြှုပ်နှံမှုကုန်ကြပြီ။ အိမ်ဆောက်မယ့်သူတွေတောင်…
Read More