ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၂၄ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၉၀၀ ကျပ်ဝယ်ဈေး – ၃၈၄၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၃၀ ကျပ်ဝယ်ဈေး – ၂၇၈၀ ကျပ်-ယူရိုရောင်းဈေး – ၄၂၃၂ ကျပ်ဝယ်ဈေး – ၄၁၄၄ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၅.၈၂ ကျပ်ဝယ်ဈေး – ၁၀၃.၆၂ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၀၉ ကျပ်ဝယ်ဈေး – ၇၉၉ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၂၄ ကျပ်ဝယ်ဈေး – ၅၁၄ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၁၈ ကျပ်ဝယ်ဈေး – ၂၄.၆၆ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၆.၇၈ ကျပ်ဝယ်ဈေး – ၄၅.၈၂ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၈၃ ကျပ်ဝယ်ဈေး – ၂.၇၇ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၇၈၄ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၂၄ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၂၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၆၉၅၀၀၀ ကျပ် ဝယ်ဈေး ၄၆၅၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၄၉၅၀၀၀ ကျပ် ဝယ်ဈေး ၄၄၅၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

လျှပ်စစ်မီးနဲ့ နွေအပူ

ရန်ကုန်၊ ဧပြီ-၂၄-၂၀၂၄SN (VOM)မြန်မာနိုင်ငံတဝန်းမှာ ရာသီဥတုပူပြင်းလာသလို လျှပ်စစ်မီးပျက်ချိန်တွေလည်း ပိုတိုးလာတဲ့အတွက် ပြည်သူလူထုအနေနဲ့ လူမှုဒုက္ခတွေကို အကြီးအကျယ် ရင်ဆိုင်နေကြရပါတယ်။ဒီရက်ပိုင်းအတွင်းမှာပဲ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိတဲ့ မြို့ကြီးတွေအပါအဝင် နိုင်ငံတဝန်းမှာ လျှပ်စစ်မီးပြတ်တောက်မှု အခြေအနေ အလွန်ကို ဆိုးရွားလာနေတာ ဖြစ်ပါတယ်။ ၄ နာရီခြား မီးပေး၊ မီးဖြတ်စနစ်နဲ့ အလှည့်ကျ မီးပေးနေတာဖြစ်ပေမယ့် မီးလာရမယ့်အချိန်မှာ အချိန်ပြည့် မီးမပေးနိုင်တာက အစဉ်အလာတခုလို ဖြစ်နေပါပြီ။အလှည့်ကျမီးပေးစနစ်လို့ ဆိုပေမယ့် မီးပြတ်တောက်ချိန် များနေတာကြောင့် နေအိမ် တော်တော် များများမှာ ဘက်ထရီနဲ့ အင်ဗာတာနဲ့ ဆိုလာပြားတွေကို အသုံးပြုကြရပါတယ်။ တချို့က အိမ်သုံး မီးစက်တွေကို ဝယ်ယူအသုံးပြုကြပါတယ်။ ဝပ်တထောင်ကနေ သုံးထောင်အထိ အသုံးပြုနိုင်တဲ့ ဓာတ်ဆီသုံး မီးစက်တွေကို အများဆုံးအသုံးပြုကြတာပါ။ ဓာတ်ဆီသုံးမီးစက်တွေကလည်း တနာရီကို ပျမ်းမျှ စက်သုံးဆီ တလီတာလောက် ကုန်ကျတာကြောင့် လက်ရှိ မြင့်တက်နေတဲ့ဆီဈေးနဲ့…

Read More

မြဝတီတိုက်ပွဲ ငြိမ်သွားလို့ နေရပ်ပြန်လာသူတွေ တပတ်ကဒ် သက်တမ်းကျော်ပါက ဒဏ်ကြေးဆောင်ရသလို ရွှေထည်သယ်လာရင် ဘတ်နှစ်သောင်း ဒဏ်ရိုက်ခံရ

မြဝတီ ၊ ဧပြီ ၂၃ – ၂၀၂၄ GG (VOM ) မြဝတီ မြို့မှာ တိုက်ပွဲတွေ ရပ်သွားတာကြောင့်ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ကို စစ်ရှောင်သွားသူအများစု နေရပ်ပြန်လာရာမှာ တပတ်ကဒ်ကိုင်ဆောင်သူတွေ ရက်ကျော်ကြေးအဖြစ် တရက်ကို ဘတ်၁၀၀ မှ၅၀၀ ဒဏ်ကြေး ပေးဆောင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ တပတ်ကဒ်သက်တမ်းရက်ကျော်ကြေးအပြင် ရွှေထည်ပစ္စည်းကို ထုတ်ပိုးယူဆောင် လာမှုကိုပါ စစ်ဆေးတွေ့ရှိပါက ဒဏ်ကြေးအဖြစ် ထိုင်းဘတ်ငွေ ၂၀၀၀၀ အထိ ဒဏ်ရိုက်မှုတွေရှိနေတယ်လို့သိရပါတယ်။ ” တံတားထိပ် ထိုင်းကာစတန်တွေက ရွှေထုပ်တွေ့ရင် ဘတ်နှစ်သောင်း ဒဏ်ဆောင်ဖို့ဆိုပြီး တောင်းတယ်၊ ထိုင်းစကားတတ်လို့ ပြောဆိုဖြေရှင်းနိုင်ရင် ဘတ်နှစ်ထောင်ကနေ ဘတ် ငါးထောင်လောက်နဲ့ ဖြေရှင်းလို့ရကြတယ်၊ ထိုင်းစကားမတတ် ဖြေရှင်းမတတ်ရင်တော့ ဘတ် တသောင်းခွဲကနေ ဘတ် နှစ်သောင်း အထိ ပေးရတယ်၊ တံတားဖြတ်စာရွက် သက်တမ်းကျော်ရင်လည်း လူကတရက်ကို ဘတ် ၁၀၀…

Read More

မိုးမောက်မှာ လက်နက်ကြီးကျည် ထိမှန်လို့ အရပ်သား သုံးယောက်သေဆုံးပြီး သုံးယောက်ဒဏ်ရာရ

ဧပြီ ၂၃၊ ၂၀၂၄ Shy V (VOM) ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့မှာ လက်နက်ကြီးကျည်စထိမှန်လို့ အရပ်သား သုံးယောက်သေဆုံးပြီး သုံးယောက်ဒဏ်ရာရရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “အကုန်လုံး ဟိုပြေးဒီပြေးနဲ့ ဆိုတော့။ မနေ့က သုံး ယောက်လောက်ပဲ သိတယ်။ အတိအကျက ဘယ်သူမှ မသိနိုင်ဘူး။ အဲဘက်ကနေ တိုက်ပွဲ ဖြစ်နေတော့ ပြန်လာတဲ့လူတို့၊ လာခိုလှုံတဲ့ လူလောက်ပဲ သိနိုင်တယ်။” လို့ ပရဟိတအသင်း တခုရဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ ဆေးရုံရောက်လာတဲ့ လူနာတွေရဲ့ ပြောပြချက်အရ မိုးမောက်မြို့ ဇောတိချောင်မှာ အမျိုးသမီး တယောက် အလင်းကောင် အောက်ချိုင့်မှာ အမျိုးသား နျစ်ယောက် စုစုပေါင်း သုံးယောက်သေဆုံးကြောင်း သိရတယ်လို ဆိုပါတယ်။ တိုက်ပွဲမှာ မိုးမောက် ခါနန်က ဘုရားကျောင်း နဲ့ လူနေအိမ် တချို့လည်း…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၂၃ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၈၉၀ ကျပ်ဝယ်ဈေး – ၃၈၃၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၁၀ ကျပ်ဝယ်ဈေး – ၂၇၆၀ ကျပ်-ယူရိုရောင်းဈေး – ၄၁၈၈ ကျပ်ဝယ်ဈေး – ၄၁၀၂ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၄.၇၁ ကျပ်ဝယ်ဈေး – ၁၀၂.၅၆ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၆၅ ကျပ်ဝယ်ဈေး – ၈၅၅ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၂၂ ကျပ်ဝယ်ဈေး – ၅၁၂ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၀၅ ကျပ်ဝယ်ဈေး – ၂၄.၅၄ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၆.၅၄ ကျပ်ဝယ်ဈေး – ၄၅.၅၈ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၈၁ ကျပ်ဝယ်ဈေး – ၂.၇၆ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၇၅၉ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၂၃ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၃၂၉ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၄၇၃၀၀၀၀ ကျပ်ဝယ်ဈေး ၄၆၉၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၄၅၃၀၀၀၀ ကျပ်ဝယ်ဈေး ၄၄၉၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မြန်မာ – အိန္ဒိယ မီဇိုရမ်နယ်စပ်ဂိတ်ကို လာမယ့် မေလကစလို့ ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်

ဧပြီ ၊ ၂၂ ၊ ၂၀၂၄SP (VOM)မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဂိတ်ဖြစ်တဲ့ ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ ရိဒ် – ဇိုခွာသာရ် ချစ်ကြည်ရေး တံတားကို လာမယ့် မေ ၁ ရက်ကစလို့ ရက်အကန့်မရှိ ပိတ်ထားတော့မယ်လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။” အခု ပိတ်မယ်ဆိုတဲ့ တံတားဟာ မီဇိုရမ်ပြည်နယ် ၊ ဇိုခွာသာရ်နဲ့ ချင်းပြည်နယ် ရိဒ် ဆက်သွယ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေး တံတားဂိတ်ဖြစ်တယ် ၊ အဲ့ဒီ ဂိတ်ကို ပြီးခဲ့တဲ့ ဧပြီ ၁၈ နဲ့ ၁၉ မှာ နှစ်ရက်ကြာပိတ်ထားခဲ့ပြီး ၊ ဧပြီ ၂၀ ရက် နေ့လယ်ပိုင်းမှာ အဲ့ဒီ အမှတ် ၂ ချစ်ကြည်ရေးတံတားကို အာသန်ရိုင်ဖယ်တပ်က…

Read More

ပလတ်စတစ်အမှိုက်နဲ့ မြေကမ္ဘာနေ့

ဧပြီ ၂၃-၂၀၂၄ SN (VOM) ဧပြီ ၂၂ ရက်နေ့ဟာ ကုလအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကိုယ်တိုင် လက်မှတ်ထိုးခွင့်ပြုပေးခဲ့တဲ့ မြေကမ္ဘာနေ့ပါ။ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရေး၊ ဂေဟစနစ်ကြီး ပျက်စီးနေတာကို ကုစားရေးနဲ့ ပိုပြီးတော့ ကြာရှည် ရှင်သန်နိုင်ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့အတူ မြေကမ္ဘာနေ့ကို ဦးသန့်လက်ထက် ၁၉၇၀ ခုနှစ်၊ ဧပြီ ၂၂ မှာ စတင်ကျင်းပခဲ့တာဟာ ခုဆိုရင် (၅၄) နှစ်မြောက် ရှိနေပါပြီ။ ၂၀၂၄ ခုနှစ်ရဲ့ မြေကမ္ဘာနေ့ ဆောင်ပုဒ်ကတော့ “မြေကမ္ဘာနဲ့ ပလတ်စတစ်ပြဿနာ” (Planet vs. Plastics) ဖြစ်ပါတယ်။ ဘာကြောင့် ဒီဆောင်ပုဒ်ကို သတ်မှတ်ရတာလဲဆိုရင် ပလတ်စတစ်တွေဟာ လူသားတွေရဲ့ ကျန်းမာရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတခု ဖြစ်လာတာကြောင့်လို့ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ဦးစည်သူလွင်က မှတ်ချက်ပြုပါတယ်။ ၁၉၅၀…

Read More

မုံရွာမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း လူပြန်ပေးဆွဲ အဖွဲ့ဝင်တွေ တိုက်ခိုက်ခံရလို့ ခုနှစ်ဦးသေဆုံး ၊ ၂၀ ကျော် ဖမ်းဆီးခံရ

ဧပြီ ၊ ၂၄ ၊ ၂၀၂၄SP ( VOM)စစ်ကိုင်းတိုင်းမှာ ဒီရက်ပိုင်းအတွင်း လူပြန်ပေးဆွဲ ဖမ်းဆီးသူတွေကို နစကတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူတွေရှိလာတဲ့ပြင် ဖမ်းဆီးခံထားရသူ လူ ၂၀ ကျော်ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။” ပြီးခဲ့တဲ့ ရက်ပိုင်းက မုံရွာမြို့ပေါ်မှာ လူပြန်ပေးဆွဲ ဖမ်းဆီးလာတဲ့ အဖွဲ့ကို နစကတပ်ဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးတယ် ၊ အဲ့ဒါကြောင့် ထိခိုက်သေဆုံးသူတွေကို သဂြိုလ်ပေးခဲ့ရတယ်” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းက မုံရွာပြည်သူ့ဆေးရုံ ဓာတ်မှန်ဌာနက လင်မယားနှစ်ယောက်ကို ဒေသတွင်း လက်နက် ကိုင် အဖွဲ့တခုက အိမ်စီးကား နှစ်စီးနဲ့ ပြန်ပေးဆွဲ ဖမ်းဆီးလာချိန် လမ်းမှာ နစကတပ်ဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးတာကြောင့် ပြန်ပေးဆွဲ ဖမ်းဆီးခံရတဲ့ လင်မယားနှစ်ယောက်ကို အထိခိုက်မရှိ ပြန်လည်ကယ်တင်ပေးနိုင်ခဲ့ပြီး ၊ ပြန်ပေးဆွဲသမား နှစ်ယောက်သေဆုံးကာ အိမ်စီးကား…

Read More
VOM News

FREE
VIEW