အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်လို့သတ်မှတ်ခံရပြီး ဖယ်ပေးရမယ့်ကိစ္စ စိစစ်နေတယ်လို့ ဝန်ကြီးချုပ်ပြော

မန္တလေး၊ မတ်- ၂၆- ၂၀၂၆ VOICE OF MYANMAR မန္တလေးတိုင်း၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် သံလျှက်မော်အနောက်ရပ်ကွက် အကွက် ၄၀၅ (A) အုတ်ကျင်းရပ်ကွက်က အိမ်ခြေ ၂၀၀ ကျော်ကို ကျူးကျော်လို့ သတ်မှတ်ပြီး ဖယ်ရှားပေးဖို့ သက်ဆိုင်ရာက အကြောင်းကြားတဲ့အပေါ် တိုင်းအစိုးရအဖွဲ့က ဝန်ကြီးတဦး ဦးဆောင်ကာ ဆောင်ရွက်နေတယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်က VOM ကိုပြောပါတယ်။ မန္တလေးတိုင်း မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ် သံလျှက်မော်အနောက်ရပ်ကွက် အကွက် ၄၀၅ (A) အုတ်ကျင်းရပ်မှာ လွန်ခဲ့သောနှစ်ပေါင်း ၈၀ ကတည်းက အုတ်စက်ပိုင်ရှင် ဦးညိုရောင်က သူ့အလုပ်သမားတွေကို မြေအပိုင်ပေးပြီး နေထိုင်စေခဲ့ပါတယ်။ ခုလက်ရှိမှာ နေထိုင်တဲ့ အိမ်ခြေ ၂၀၀ ကျော် မိသားစု ၂၅၀ကျော် လူဦးရေ ၁၂၀၀ ကျော်ကို မြေဂရန်ပိုင်ရှင်ပေါ်ပေါက်လို့ လက်ရှိနေထိုင်သူတွေကို…

Read More

မြန်မာ့မျက်နှာစာသစ်ဖိုရမ် အတွက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သုံးသပ်ချက်

နေပြည်တော်၊ မတ် – ၁၄ – ၂၀၂၆ KKL(VOM) မြန်မာ့မျက်နှာစာသစ် ဖိုရမ်နဲ့ပတ်သက်လို့ ရှမ်းနီ(တိုင်းလျှန်) သွေးစည်းညီညွတ်ရေးပါတီ ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်နိုင်ကျော်နဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ပါတီဥက္ကဌ ဦးစောမြတ်ထွဋ်ဝင်းတို့က ဖိုရမ်အပေါ်အားနည်းချက် အားသာချက်တွေကို သုံးသပ်ခဲ့ကြတာဖြစ်ပါတယ်။ နေပြည်တော်မှာ နှစ်ရက်တာ ကျင်းပခဲ့တဲ့ မြန်မာ့မျက်နှာစာသစ် ဖိုရမ်အပြီး မကြာခင်ရက်ပိုင်းမှာ စတင်တော့မယ့် လွှတ်တော်မှာ ဖိုရမ်ရဲ့ ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ မျှော်လင့်ထားလဲဆိုတဲ့ ဆွေးနွေးမှုအပါ အဝင် ဖိုရမ်ရဲ့အားနည်းချက်၊ အားသာချက်တွေကို လွှတ်တော်ကိုယ်စားလှယ် တချို့က အခုလိုသုံးသပ်ပြောဆိုပါတယ်။

Read More

ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ အပစ်အခတ်ရပ်စဲရေး တခုတည်းသာမက လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းနိုင်အောင် နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းကြရမယ်

နေပြည်တော်၊ မတ် ၁၃ – ၂၀၂၆ KKL(VOM) ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ဆိုတာ အပစ်ခတ်ရပ်စဲရေး တခုထဲကိုသာမက လက်နက်ကိုင် ပဋိပက္ခတွေရဲ့ ဇစ်မြစ်ကိုပါ ဖြေရှင်းနိုင်အောင် ကြိုးစားကြရမှာ ဖြစ်တဲ့အတွက် နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းကြရမှာဖြစ်တယ်လို့ နေပြည်တော်မှာ ကျင်းပပြုလုပ်နေတဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ် ဖွင့်ပွဲ အခမ်းအနားမှာ ယာယီသမ္မတ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။ မြန်မာ့မျက်နှာစာသစ်ဖိုရမ် ကို မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative)က ဦးဆောင်ပြီးနေပြည်တော်မှာ ဒီကနေ့ မတ်လ ၁၃ ရက်နေ့မှာ စတင်ကျင်းပပြုလုပ်တဲ့အခမ်း အနားကို နေပြည်တော်က MICC I မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်း ဗဟိုဌာနမှာ ကျင်းပခဲ့ပြီး နိုင်ငံတော် ယာယီသမတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက် ဖွင့်လှစ်ခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားမှာ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ” ပြည်တွင်းငြိမ်းချမ်းရေး…

Read More

စုံ မ စနစ် စတင်တဲ့ ဒီနေ့မှာ စက်သုံးဆီ တန်းစီတဲ့ မော်တော် ကားတွေ အရင်ကလောက် မများတော့ပဲ မြို့ထဲမှာလည်း အလှူလှည့်ယာဥ်တန်းတွေ စည်ကားနေ

မန္တလေး၊ မတ် – ၇ – ၂၀၂၆ SA(VOM) စက်သုံးဆီ ခြိုးခြံချွေတာဖို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့တဲ့ စုံ မ စနစ် စတင်တဲ့ ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ မန္တလေးမြို့က စက်သုံးဆီဆိုင် တော်တော်များများမှာ အရင်ကလောက် များပြားတဲ့ စက်သုံးဆီတန်းကြတဲ့ မော် တော်ကားတွေ မရှိသလောက်နည်းပါးသွားတာ တွေ့ရပါတယ်။ စက်သုံးဆီ ခြိုးခြံခြွေတာ သုံးစွဲရေးအတွက်ဆိုပြီး မတ်လ ၇ ရက်နေ့ကစလို့ ကိုယ်ပိုင် အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို စုံရက် ၊ မရက်ခွဲပြီး တရက်ခြားစီသာ လမ်းပေါ်တက်စီးနင်းဖို့ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကလည်း မတ်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန် အသိ ပေးထားပါတယ်။ ဒါအပြင် အတည်မပြုနိုင်သေးတဲ့ ညွှန်ကြားစာအရ ဒီကနေ့ မတ်လ ၇ ရက်နေ့ကနေ မတ်လ…

Read More

မသန်စွမ်းတွေကို လှောင်တာမျိုး ထပ်မဖြစ်စေချင်ဘူးလို့ ဦးမြတ်သူဝင်း သတင်းစာရှင်းလင်း

မတ် ၆ – ၂၀၂၆ SS (VOM) မသန်စွမ်းတွေကို လှောင်တာမျိုး ထပ်မဖြစ်စေချင်ဘူးလို့ ရွှေမင်းသား ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ထပ်မံ ပြောကြားလိုက်ပါတယ်။ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) အနေနဲ့ လတ်တလောဖြစ်ပွားခဲ့တဲ့ မသန်စွမ်းမှုနဲ့ ဆက်စပ်လျက်ရှိတဲ့ သဘင်အနုပညာ တင်ဆက်မှုတခုနဲ့ ပတ်သက်လို့ သတင်းမီဒီယာ တွေ့ဆုံပွဲတရပ်ကို ဒီကနေ့ မတ်လ ၆ ရက်၊ နေ့လယ် ၂ နာရီမှာ ရန်ကုန်မြို့ရှိ Summit ParkView ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ ဦးမြတ်သူဝင်းက “ဒီလို မသန်စွမ်းတွေကို လှောင်တယ်ဆိုတာမျိုးက လုံးဝ ပျောက်လိမ့်မယ်တော့ ကျွန်တော်မထင်ဘူး။ သို့သော် တော်တော်လျော့သွားလိမ့်မယ်။ မသန်စွမ်းသူတွေ သူတို့ right အတွက် သူတို့ ဒါတွေလုပ်ပါလား၊ ကိုယ့်ရဲ့…

Read More

အမရပူရက အစ္စလာမ်ဘာသာဝင်​​တွေရဲ့ ရာမ္မဇန် ဝါဖြေပွဲ

မန္တလေး၊ မတ်- ၁- ၂၀၂၆ SA(VOM) အီရန် နဲ့ အစ္စရေး စစ်ပွဲမှာ အီရန်ခေါင်းဆောင် ခါမေနာအီ တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တဲ့ အတွက် ဝမ်းနည်းကြောင်းကို အစ္စလာမ် ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဃရာနာ (K.A.F.T.G)မိသားစု ခလီဖွာဦးသိန်းဝင်းအောင် က မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စုမှာ ကျင်းပခဲ့တဲ့ ရာမ္မဇန် ဝါဖြေပွဲမှာ ပြောကြားခဲ့ပါတယ်။ ရာမ္မဇန် ဝါဖြေပွဲမှာ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုး သမီး စုစုပေါင်း တထောင်ဝန်းကျင် တက်ရောက်ခဲ့ပြီး ဝါဖြေအစားအစာတွေနဲ့ တည်ခင်းဧည့်ခံ ခဲ့ပါတယ်။ မြန်မာရှီအာဟ်မွတ်စလင်မ် သာသနာ့ပညာရှင်များ အဖွဲ့ချုပ် ကလည်း အီရန်ခေါင်းဆောင် သေဆုံးမှုအပေါ် ” ၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါလ(၂၈)ရက် ဟီဂျရီ၁၄၄၇ ရမဒွါန်လမြတ်(၉)ရက် နံနက်စောပိုင်းအချိန်တွင် အလွန်တရာမှပင် ရက်စက်ကြမ်းကြုတ်သူတို့၏ ဗုံးကျဲတိုက်ခိုက်မှု၌ ခေတ်ကာလ အေမာမ် (အ.ဂျ) ၏ကိုယ်စားလှယ်၊ ကမ္ဘာ့…

Read More

ယာဥ်အန္တရာယ်ကင်းဖို့ စစ်ကိုင်းမှာ ဆိုင်ကယ်စီး ဦးထုပ် အလုံး ၁၀၀၀ ပေးဝေ

စစ်ကိုင်း၊ ဖေဖော်ဝါရီ၊ ၂၇- ၂၀၂၆ SA(VOM) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မြို့မစျေးရှေ့မှာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အမှတ် ၁၇ ယာဥ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(စစ်ကိုင်း)၊ အမှတ် ၁၀၆ ယာဥ်ထိန်းရဲ တပ်ဖွဲ့စု(စစ်ကိုင်း) တို့က အလှူရှင်တွေ ပေးအပ်ထားတဲ့ ဆိုင်ကယ်စီး ဦးထုပ် အလုံး ၁၀၀၀ ကို ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းက ဆိုင်ကယ်​မောင်းနှင် သူတွေကို ပေးဝေခဲ့ပါတယ်။ အဲ့ဒီ အခမ်းအနားမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်နဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်က အစိုးရအဖွဲ့က တက်ရောက်ပေးဝေခဲ့ပြီး ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး စာစောင်နဲ့ ဆိုင်ကယ်စီး ဦးထုပ်တွေကို ကိုယ်တိုင်တပ်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ယာဥ်အန္တရာယ်ကြောင့် ၁ ရက်ကို လူ ၁၀ ယောက်ခန့် သေဆုံးလျှက်ရှိပြီး ၂၀၁၇ ခုနှစ်မှာ…

Read More

ဆိုင်ခန်း ပေါင်း၂၄၀ ဆုံးရှုံးခဲ့တဲ့ ပျဥ်းမနားအဟာရသုခစျေးမီးလောင်မှု ဘာ့​ကြောင့်​လောင်တယ်ဆိုတာ ခုချိန်ထိ အတည်မပြုနိုင်သေး

ဖေဖော်ဝါရီ ၂၆ – ၂၀၂၆ KKL(VOM) မနေ့ ​ဖေ​ဖော်ဝါရီ ၂၄ ညက အဟာရသုခစျေး မီးလောင်ကျွမ်းမှုမှာ ဆိုင်ခန်းပေါင်း ၂၄၀ မီးလောင်ကျွမ်းခဲ့ပြီး အဲ့ဒီမီးလောင်မှုဖြစ်စဥ်နဲ့ပတ်သက်လို့ ဘယ်ဆိုင်ခန်းကစပြီး ဘာ့ကြောင့် လောင်ကျွမ်းခဲ့တယ်ဆိုတာ ဒီနေ့မနက်ပိုင်းအထိ အတည်ပြုနိုင်ခြင်းမရှိ​သေးပါဘူး။ ဒီကနေ့မနက် ၉ နာရီမှာ ပျဥ်းမနား ​မြို့နယ်မီးသတ်နဲ့ နေပြည်တော် ဗဟိုမီးသတ်က တာဝန်ရှိသူတွေကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့လို့ အတည်မပြုနိုင်သေးတဲ့အကြောင်း သိရှိခဲ့ရတာဖြစ်ပါတယ်။ အဟာရသုခစျေးက (C)ရုံ .စျေးသူစျေးသားတွေအများသိရှိကြတဲ့ အခေါ်် သိန်းကမ္ဘာ ရုံကို လောင်ကျွမ်းခဲ့တာလို့သိရပြီး အဲ့ဒီရုံ တရုံလုံးမှာရှိတဲ့ ဆိုင်ခန်းအားလုံး လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆိုင်ခန်းတခန်းကို ၆ ပေပတ်လည် ရှိတယ်လို့သိရပြီး အဲ့ဒီရုံထဲမှာ သိန်းကမ္ဘာက ပိုင်ဆိုင်တဲ့ဆိုင်ခန်းက အများဆုံးဖြစ်ပြီး အားလုံး ၃၈ ခန်းလို့သိရပါတယ်။ မနေ့ညက ၈ နာရီ ၄၀ မိနစ်မှာ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီးတော့…

Read More

စစ်ကိုင်းတိုင်းမှာ G5နဲ့ G9 စာ​မေးပွဲ ​ဖြေခွင့်မရသူ ၂၀၀ ​ကျော်ရှိ

ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်းထဲမှာ G5 နဲ့ G9 စာမေးပွဲ ဖြေဆိုခွင့်ယာယီကတ်ပြား နဲ့ ခုံနံပါတ်ထွက်ထားပေမယ့် စာမေးပွဲဖြေခွင့်မရဘဲ ပြန်လွှတ်ခံခဲ့ရတဲ့ G5၊G9 ကျောင်းသား ကျောင်းသူ အရေအတွက် ၂၀၂ ယောက်အထိ ရှိနေတယ်လို့ သိရှိရပါတယ်။ စစ်ကိုင်းမြို့ #ထက် ကိုယ်ပိုင်ကျောင်းက G5 ကျောင်းသား ၇၇ ယောက်နဲ့ G9 ကျောင်းသား ၈၉ ယောက် ၊ Future Victory ကိုယ်ပိုင်ကျောင်းက G5 ကျောင်းသား သုံးယောက် နဲ့ G9 ကျောင်းသား ၁၃ ယောက် ၊ ဗန်းမောက်မြို့နယ်က G5 နှစ်ယောက်နဲ့ G9 တယောက် ၊ မုံရွာမြို့နယ် မဟာကန်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းက G5 ကျောင်းသား ၂၂ ယောက်တို့…

Read More

လားရှိုးမှာ အမျိုးသားသုံးယောက်က အမျိုးသမီးတယောက်ကို ပြန်ပေးဆွဲ ဖမ်းဆီးသွား

ဖေဖော်ဝါရီ၂၅၊ ၂၀၂၆။ NN(VOM) ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ ရပ်ကွက် (၅)မှာ ကုန်စုံရောင်းနေတဲ့ အသက် ၂၅နှစ်အရွယ် အမျိုးသမီးတယောက်ကို အမျိုးသား သုံးယောက်က နေအိမ်ထဲဝင်ပြီး ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီ လ ၂၄ ရက်နေ့ ညနေပိုင်း လေးနာရီလောက်မှာ နှာခေါင်းစည်းတပ်ထားတဲ့ အမျိုးသားသုံးယောက် အိမ်စီးကားနဲ့ ရောက်လာပြီး ဖမ်းဆီးသွားခဲ့တာလို့ မြို့ခံတွေကပြောပါတယ်။ “ ကလေးမက ဈေးရောင်းနေတုန်း လာဖမ်းသွားတာ။ သေနတ်နဲ့ချိန်ပြီး ကားပေါ်အတင်းခေါ်သွား တာ”လို့ လားရှိုးမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ အမျိုးသမီးဟာ မြန်မာပြည်ဖွား တရုတ်လူမျိုးဖြစ်တယ်လို့ သိရပါ တယ်။ “ သူတို့က တရုတ်လူမျိုး ။ ကလေးမ အမေက မြေပွဲစားလုပ်တယ်လို့ပြောတယ်။ ဘာလို့ လာဖမ်းတာလည်းတော့ မသိဘူး။ ပြန်ပေးဆွဲတာဖြစ်နိုင်တယ် ”လို့ ရပ်ကွက်(၅)မှာနေထိုင်တဲ့ အမျိုးသားတယောက်က ပြောပါတယ်။…

Read More
VOM News

FREE
VIEW