အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှု ဂါဇာမြို့တော်မှာ လူ ၈၀ ကျော်သေဆုံးပြန်

ဂါဇာစီးတီး၊ စက်တင်ဘာ-၂၅-၂၀၂၅ ရတီ (VOM) ဂါဇာကမ်းမြှောင် အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၈၀ ကျော် သေဆုံးခဲ့ပြီး အများစုကတော့ ဂါဇာမြို့ကဖြစ်တယ်လို့ ဆေးရုံဆရာဝန်တွေက ပြောပါတယ်။ ဂါဇာမြို့အလယ်ပိုင်း ဒါရက်ဂျ်ရပ်ကွက်ရှိ ဈေးအနီးရှိ ရွှေ့ပြောင်းဒုက္ခသည်မိသားစုတွေ ခိုလှုံနေတဲ့ အဆောက်အအုံတွေ ရွက်ဖျင်တဲတွေကို တိုက်ခိုက်မှုအတွင်း လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဂါဇာမြို့တော်ရှိ ဆေးရုံတွေဟာ အစ္စရေး၏ တိုက်ခိုက်မှုနဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ ၆၀ ကျော်ရဲ့ ရုပ်အလောင်းတွေကို ညသန်းခေါင်ကတည်းက လက်ခံရရှိခဲ့ကြောင်း ဆရာဝန်တွေက ပြောပါတယ်။ ဟားမတ်စ် အရပ်ဘက်ကာကွယ်ရေးအေဂျင်စီကတော့ သေဆုံးသူတွေရဲ့ သုံးပုံတပုံဟာ Firas ဈေးအနီးရှိ ရွှေ့ပြောင်းဒုက္ခသည်တွေ ခိုလှုံနေတဲ့ ဂိုဒေါင်တခုကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့်ဖြစ်ကာ သေဆုံးသူတွေထဲမှာ အမျိုးသမီး ခြောက်ယောက်နဲ့ ကလေးကိုးယောက်ပါဝင်တယ်လို့ ဆိုပါတယ်။…

Read More

MNDAA ထိန်းချုပ်နယ်မြေမှာ ယာဉ်လိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင်တွေ ပြုလုပ်ဖို့ အသိပေး ထုတ်ပြန်

စက်တင်ဘာ ၁၅၊ ၂၀၂၅ Shy V (VOM) MNDAA ထိန်းချုပ်နယ်မြေ မုံးကိုး၊ ကွတ်ခိုင်၊ သိန္နီ တွေမှာ ယာဉ်လိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင်တွေ ပြုလုပ်ဖို့ နဲ့ ကုန်ကျရမယ့် နှုန်းထားတွေကို စက်တင်ဘာလ ၂၄ ရက်နေ့က MNDAA လက်အောက်ခံ ရဲတပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။ “ယာဉ် တွေနဲ့ ပတ်သက်ပြီး လိုင်စင်လုပ်ခိုင်းတာပါ။ ဒေသခံတွေကိုလည်း အကုန် MNDAA မှတ်ပုံတင် လုပ်ခိုင်းပါတယ်။” လို့ ဒေသခံအမျိုးသား တယောက်က ပြောပါတယ်။ MNDAA ထိန်းချုပ်ဒေသတွေမှာ ဒေသတွင်း ယာဉ်မောင်းလိုင်စင်တွေကို သတ်မှတ် နှုန်းထားအတိုင်း ယွမ်ငွေနဲ့ ပေးချေ လျှောက်ထားနိုင်ကြောင်း MNDAA က တရုတ်ဘာသာ နဲ့ ကြေညာထားပါတယ်လို့ သူက ပြောပါတယ်။ “ယာဉ်လိုင်စင်တွေလုပ်ရတယ်။ ကား ပေါ်မူတည်ပြီး ကုန်ကျနှုန်းက မတူဘူး။…

Read More

တရုတ်အတွက် သူလျှိုလုပ်မှု ထိုင်ဝမ်သမ္မတရုံး ဝန်ထမ်းဟောင်းအပါအဝင် လေးယောက်ကို ထောင်ဒဏ်ချ

တိုင်ပေ၊ စက်တင်ဘာ-၂၅-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံအတွက် သူလျှိုလုပ်မှုကြောင့် ထိုင်ဝမ်သမ္မတရုံး ဝန်ထမ်းဟောင်းတယောက်အပါအဝင် လူလေးယောက်ကို ထိုင်ဝမ်တရားရုံးက ထောင်ဒဏ်လေးနှစ်မှ ၁၀ နှစ်အထိ ချမှတ်လိုက်ပါတယ်။ ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာကို ဖောက်ဖျက်ကာ တရုတ်သူလျှိုသံသယရှိသူ သမ္မတရုံးဝန်ထမ်းကို အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) မှ နှင်ထုတ်ခံရပြီးနောက် တလအကြာ ဇွန်လမှာ လူလေးယောက်ကို တရားစွဲဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်ရေးအင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ တရုတ်ဟာ ကျွန်မှာ သူလျှိုစိမ့်ဝင်မှုတွေကို လုပ်ဆောင်နေတယ်လို့ ထိုင်ဝမ်က စွပ်စွဲထားပါတယ်။ ထောင်ဒဏ်ချခံလိုက်ရသူလေးယောက်ဟာ တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ကာ နိုင်ငံတော်လျှို့ဝှက်ချက်တွေ ပေါက်ကြားမှု၊ ခွဲခြားသတ်မှတ်ထားတဲ့ အမျိုးသားလုံခြုံရေး သတင်းအချက်အလက်ကာကွယ်ရေးဥပဒေ ဖောက်ဖျက်ကျူးလွန်ကြောင်း တိုင်ပေခရိုင်တရားရုံးက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ “သူတို့က သူလျှိုလုပ်၊ စုဆောင်း၊ ပေါက်ကြားပြီး ပေးပို့တဲ့ အချက်အလက်တွေဟာ အရေးကြီးတဲ့…

Read More

မိုးသည်းထန်မှု၊ မြစ်ရေ မြင့်တက်မှုတွေကြောင့် မြို့နယ် လေးမြို့နယ်မှာ ရေဘေးကြုံနေ

စက်တင်ဘာ ၂၅ – ၂၀၂၅ SN (VOM) မိုးသည်းထန်စွာ ရွာသွန်းမှု၊ မြစ်ရေ မြင့်တက်မှု အခြေအနေတွေကြောင့် နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် ပဲခူးတိုင်း တောင်ငူမြို့နယ် မကွေးတိုင်း မင်းဘူးမြို့နယ်နဲ့ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်တို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး စစ်တောင်းမြစ်ရေ မြင့်တက်လာမှုနဲ့အတူ မနေ့ စက်တင်ဘာ ၂၄ ရက်၊ ညနေပိုင်းကစပြီး အဲဒီ မြို့နယ်အတွင်းက အနိမ့်ပိုင်းနေရာတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ မနေ့ ညနေ ၅ နာရီဝန်းကျင်မှ စတင်ကာ တောင်ငူမြို့စွန်ရှိ (၉) ရပ်ကွက်၊ (၁၀) ရပ်ကွက်နဲ့ မြစ်ရိုးတလျှောက်ရှိ သဖန်းပင်၊ အနောက်ဆင်၊ မြစ်ကြီးပေါက်‌၊ အလယ်ကျွန်း၊ ရွှေချိုင်းရွာတွေမှာ ရေဝင်ရောက်မှု ဖြစ်ပေါ်နေတယ်လို့…

Read More

ထိုင်းရောက် အထောက်အထားမဲ့ မြန်မာလုပ်သားတွေအနေနဲ့ CI ကနေ PJ ပြောင်းပြီးပါကလည်း ပြည်ပထွက်ခွာခွင့်မရှိတော့

စက်တင်ဘာ ၂၅၊ ၂၀၂၅ CC (VOM) ထိုင်းရောက် အထောက်အထားမဲ့မြန်မာလုပ်သားတွေကိုထုတ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ CI စာအုပ်ကနေ Passport for Job (PJ ) ပြောင်းလဲသူတွေကို စာအုပ်မှာ Passport for only Thailand ထိုင်းနိုင်ငံအတွက်သာ သွားလာခွင့်ပြုကြောင်း စာသားကို တုံးထုရိုက်နှိပ်ပြီး ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။ CI စာအုပ်အစိမ်းကနေ PJ စာအုပ်အနီ ပြောင်းလဲသူတွေကို ဒီနေ့စက်တင်ဘာ ၂၅ ရက်ကစပြီး ထိုင်းနိုင်ငံအတွင်းသာ သွားလာနိုင်တယ်ဆိုတဲ့စာသားကို ရိုက်နှိပ်ပေးနေတာဖြစ်ကြောင်း ၊ ခုလို နိုင်ငံကူးလက်မှတ်အပေါ် ကန့်သတ်လိုက်တာက နိုင်ငံသားတယောက်ရဲ့အခွင့်အရေးကို ပိတ်ဆို့ကန့်သတ်မှုဖြစ်တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူကပြောပါတယ်။ ” အခုက ထိုင်းနိုင်ငံဆိုင်မြန်မာသံရုံးက ထိုင်းနိုင်ငံအတွက်သာလို့ရေးပေးလိုက်တဲ့အတွက် အခြားနိုင်ငံတွေကိုသွားလို့လာလို့မရတော့ဘူးပေါ့။အဲဒီအခါကျ ကိုယ်ကထိုင်းကနေ မလေးရှားဖြစ်ဖြစ် စင်ကာပူဖြစ်ဖြစ်တခြားနိုင်ငံတွေကို ကူးသန်းသွားလာစရာရှိတယ်ထားအုံး။တချို့မရှိဘူးပဲထားအုံး ဘာပဲဖြစ်ဖြစ်နိုင်ငံသားတယောက်ရဲ့အခွင့်အရေးကိုပိတ်ဆို့ကန့်သတ်လိုက်တဲ့ စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုကြီးတခုဖြစ်တယ်လို့သုံးသပ်လို့ရပါတယ်။” လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ရဲ့ ဥက္ကဋ္ဌ…

Read More

အလုပ်သမားအခွင့်အရေးနှင့် စီးပွားရေးတိုးတက်မှု မျှတအောင်ထိန်းညှိခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများ၏ယုံကြည်မှု တိုးမြှင့်ပေးခြင်း

အလုပ်သမားသမဂ္ဂများ၏အခန်းကဏ္ဍသည် စီးပွားရေးမူဝါဒတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးငြင်းခုံနေရသည့် ကိစ္စရပ်တစ်ခုဖြစ်သည်။ အလုပ်သမားသမဂ္ဂများကို အလုပ်သမားများ၏ တရားဝင်အကျိုးစီးပွားများကို ကာကွယ်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားသော်လည်း ၎င်းတို့၏လုပ်ဆောင်ပုံပေါ် မူတည်၍ ၎င်းတို့၏အကျိုးသက်ရောက်မှုမှာ သိသိသာသာ ကွဲပြားကြောင်း အထောက်အထားများက ဖော်ပြနေသည်။ ကမ္ဘာတစ်ဝန်းတွင် သုတေသနများက သမဂ္ဂများသည် ၎င်းတို့၏အဖွဲ့ဝင်များအတွက် အကျိုးကျေးဇူးများ ရရှိနိုင်သော်လည်း သင့်လျော်စွာ ထိန်းချုပ်မထားပါက စီးပွားရေးစွမ်းဆောင်ရည်အတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဖော်ပြသည်။ လေ့လာမှုများအရ စုပေါင်းညှိနှိုင်းမှုများသည် လုပ်ခပိုမိုရရှိစေပြီး မညီမျှမှုများကို လျှော့ချနိုင်ကြောင်း ပြသနေသည်။ များစွာသောကိစ္စရပ်များတွင် တာဝန်ယူမှုရှိသော အလုပ်သမားသမဂ္ဂများသည် လုပ်ငန်းများနှင့် စက်ရုံများအတွင်း ဝန်ထမ်းပါဝင်မှုနှင့် ဆက်သွယ်ရေးကို မြှင့်တင်ပေးခြင်းဖြင့် ကုန်ထုတ်စွမ်းအားကို တိုးတက်စေရန် ကူညီပေးနိုင်ခဲ့သည်။ သို့သော် ဤအကျိုးကျေးဇူးများကို အလုပ်အကိုင်ဖန်တီးပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ခြင်းနှင့် ရေရှည်တည်တံ့သော တိုးတက်မှုကဲ့သို့သော ပိုမိုကျယ်ပြန့်သည့် စီးပွားရေး ရည်မှန်းချက်များနှင့် မျှတအောင် ထိန်းညှိရမည်ဖြစ်သည်။ ဥပမာအားဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင်…

Read More

သူတို့အိမ် အခန်း – ၁၂

    ဆူးငှက်   ဆီခွဲတမ်း ———— တကယ်တော့ ထိုအဖြစ်အပျက်တွေက တစ်နှစ်ကျော်ပင် ကြာခဲ့ပြီ။ အဘတို့ပင် အဲ့ဒီနောက်ပိုင်း ဦးလေးသောင်၏ ဆီစက်က ဆီ ဝယ်လို့မရတော့ဘူးတဲ့။ ဟို အနောက် ရတနာပုံဦးသိန်းဆီစက်တို့၊ ရွှေမန်းဆီစက်တို့မှာ ခွဲတမ်းနဲ့ ဝယ်ရတာတဲ့။ လိုသလောက်လည်း မရတော့ဘူးတဲ့ ဟု ပြောပြသည်။ ဟော တစ်နေ့မနေ့ကတော့ ဆီကိုပင် အစိုးရဆိုင်ကလွဲပြီး အပြင်လူ မရောင်းရဘူးတဲ့ ဟု ဆိုပြန်သည်။ အစိုးရဆိုင်ဆိုတာ နားမလည်တော့ ဝင်းပေါက်က ကိုထင်လှတို့ မရင်တို့ ဆိုင်က အစိုးရဆိုင်ဖြစ်သွားပြီ။ ဆန်တို့ ဆီတို့ ဆားတို့ ကို အဲ့ဒီဆိုင်က ကုန်ဝယ်စာအုပ်နှင့် ဝယ်ရမှာဟု အဘက ရှင်းပြသည်။ ဒါပေမယ့် အမေကတော့ မနက်တိုင် ဆီရောင်းထွက်သားပဲဟုသာ သိနေသည်။ တစ်ခုတော့ရှိသည်။ အမေက အရင်လို ဆီဗျပ်ကြီးနှင့်တော့ မဟုတ်။…

Read More

ပခုက္ကူ၊ မြိုင်နဲ့ ရေစကြိုမှာ ကျေးရွာ ၁၁ ရွာထက်မနည်း စစ်ဘေး တိမ်းရှောင်နေရ

စက်တင်ဘာ ၂၄ – ၂၀၂၅ SS (VOM) မကွေးတိုင်းအတွင်းက ပခုက္ကူ၊ မြိုင်နဲ့ ရေစကြိုမြို့နယ်တွေမှာ နလအတပ်တွေရဲ့ စစ်ကြောင်းထိုးတာကြောင့် ကျေးရွာ ၁၁ ရွာထက်မနည်း စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ ပခုက္ကူ တပ်မ (၁၀၁) ကတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့၊ မနက်ပိုင်းမှ စတင်ကာ အဲဒီ မြို့နယ်တွေအစပ်က ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ပခုက္ကူမြို့နယ်က မြောက်လူးကန်၊ မကြီးကန်၊ ကိုင်းရွာ၊ မြိုင်မြို့နယ်က ကျောက်ဖူး၊ ဝက်ကျ၊ နှောပင်၊ ကင်းရွာနဲ့ ရေစကြိုမြို့နယ်က ကွမ်းသီးကန်၊ ကျောက်ထပ်ရွာတွေ အပါအဝင် ကျေးရွာ ၁၁ ရွာထက်မနည်းက ဒေသခံ ၈၀၀၀ ဝန်းကျင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ “လက်နက်ကြီး…

Read More

ရေးမြို့က ရွှေဆိုင်ပိုင်ရှင်နေအိမ် ဖောက်ထွင်းခံရလို့ ရွှေနဲ့ငွေ တန်ဖိုး ကျပ်သိန်း ၅၀၀၀ ထက်မနည်း ပါသွား

စက်တင်ဘာ ၂၄ – ၂၀၂၅ SN (VOM) မွန်ပြည်နယ်၊ ရေးမြို့မှာ မနေ့ စက်တင်ဘာ ၂၃ ရက်၊ နက်အစောပိုင်းက ရွှေဆိုင်ပိုင်ရှင် တယောက်ရဲ့ နေအိမ် ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့ပြီး ရွှေနဲ့ငွေ တန်ဖိုး ကျပ်သိန်း ၅၀၀၀ ထက်မနည်း ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ မနက် ၂ နာရီဝန်းကျင်အချိန်က ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်အတွင်း နေထိုင်တဲ့ ရွှေလင်းယုန် ရွှေဆိုင်ပိုင်ရှင်ရဲ့ နေအိမ် ဖောက်ထွင်းခံခဲ့ရတာဖြစ်ပြီး ကျူးလွန်သူတွေဟာ နေအိမ်ရဲ့ ခေါင်မိုးကတဆင့် ဖောက်ဝင်ကာ အိပ်ခန်းအတွင်းရှိ ရွှေ ၅၀ ကျပ်သားဝန်းကျင်နဲ့ ငွေသားတချို့ကို ယူဆောင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “အဲဒီအချိန်က မိုးအရမ်းသည်းနေတဲ့ အချိန်ပေါ့။ ဖောက်ထွင်းခံရတဲ့အိမ်က နှစ်ထပ်တိုက်။ ခြံစည်းရိုး အခိုင်အမာလည်း ဆောက်ထားတယ်။ အဲဒီကြားကနေ ဖောက်ထွင်းခံလိုက်ရတာ။ ရွှေတွေကို…

Read More

မြန်မာနိုင်ငံရဲ့ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင် ရုရှားကို​ရောက်​နေပြီး ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်မှာ ရုရှားနိုင်ငံသမ္မတနဲ့ ဆွေးနွေးဖို့ရှိ

စက်တင်ဘာ ၂၄ – ၂ဝ၂၅ KKO(VOM) ရုရှားနိုင်ငံ၊မော်စကိုမြို့မှာကျင်းပပြုလုပ်မယ့်ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်(World Atomic Week 2025)ခရီးစဉ်အတွင်းမှာရုရှားနိုင်ငံသမ္မတမစ္စတာဗလာဒီမာပူတင်နဲ့ ယာယီသမ္မတ ဗိုလ််ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ထပ်မံတွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတရဲ့ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်(World Atomic Week 2025)ကိုတက်ရောက်ဖို့ဒီနေ့ (စက်တင်ဘာ၂၄ ရက်)၊နံနက်ပိုင်းကနေပြည် တော်လေဆိပ်ကနေအထူးလေယာဉ်နဲ့ရုရှားနိုင်ငံကိုထွက်ခွာသွားပြီး ​နေ့ခင်းပိုင်းမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗာစီဗစ်မြို့သို့ ရောက်ရှိ​နေပြီဖြစ်ပါတယ်။ “နူကလီးယားစွမ်းအင်ကိစ္စအတွက်ကိုပဲအဓိကထားတဲ့အထူးအစည်း အဝေးဖြစ်ဖို့များပါတယ်။မြန်မာပြည်အနေနဲ့ နူကလီးယားပါဝါကနေတဆင့်လျှပ်စစ်ဓါတ်အားရယူဖို့ကြိုးစားနေတာကြပါပြီ”လို့ ပြည် တွင်းကဝါရင့်သတင်းစာဆရာတယောက်ကသူရဲ့အမြင်ကိုသုံးသပ်ပြောပြပါတယ်။ ဒါအပြင်ယခုခရီးစဉ်အတွင်းယာယီသမ္မတဟာ ရုရှားနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင် အပါအဝင် ရုရှားနိုင်ငံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိနေတာပါ။ ဒါ့အပြင် နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူတွေအကြားချစ်ကြည်ရေး၊ စီးပွား ရေး၊ လုံခြုံရေးဆိုင်ရာတွေကိုကဏ္ဍပေါင်းစုံကနေမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေကိုပိုမိုတိုးတက်ခိုင်မာအောင်ဆောင် ရွက်သွားဖို့ရှိနေတယ်လို့လည်း နလအ သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ “Nuclearဘာသာရပ်နဲ့ပတ်သက်ပြီး ဟိုးယခင်ကတည်းကနိုင်ငံခြားကို မြန်မာကနေပညာတော်သင်တွေ စေလွှတ်ခဲ့တာရှိပါတယ်…

Read More